သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ႐ိုင္းမီးယားက ႐ုရွားေရတပ္ဌာနခ်ဳပ္ ယူကရိန္းအေျမာက္ထိ


In this handout photo released by Sevastopol governor Mikhail Razvozhaev's Telegram channel July 31, 2022, Razvozhayev, center, stands at the scene of explosion at the headquarters of Russia's Black Sea Fleet in Sevastopol, in Russia-annexed Crimea.

[[ ZAWGYI / UNICODE ]]

ခ႐ိုင္းမီးယားက ႐ုရွားေရတပ္ဌာနခ်ဳပ္ ယူကရိန္းအေျမာက္ထိ

ခ႐ိုင္းမီးယား ကြ်န္းဆြယ္ေပၚက ႐ုရွားရဲ႔ ပင္လယ္နက္ ေရတပ္ ဌာနခ်ဳပ္ကို လက္ျဖစ္ အေ၀းထိန္း ဒ႐ုန္းယာဥ္နဲ႔ သယ္ေဆာင္လာတဲ႔ ေဖာက္ခြဲ ပစၥည္း ထိမွန္ၿပီး ၆ ဦး ဒဏ္ရာရေၾကာင္း ေဒသဆိုင္ရာ အာဏာပိုင္တို႔က ေျပာပါတယ္။ တခ်ိန္တည္းမွာဘဲ ႐ုရွားရဲ႔ မစ္ဇိုင္းဒံုး တိုက္ခိုက္မႈ အတြင္း ယူကရိန္းရဲ႕ အခ်မ္းသာဆံုး ပုဂၢိဳလ္ တဦး ျဖစ္တဲ႔ သီးႏွံ ကုန္သည္ တဦး ေသဆံုးရေၾကာင္း ယူကရိန္းက ေျပာပါတယ္။

ဆိပ္ကမ္းၿမိဳ႔ Sevastopol မွာ အေ၀းထိန္း ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္မႈက ဘယ္သူ႔ လက္ခ်က္ ဆိုတာေတာ့ မသိရေသးပါဘူး။ ဒီတိုက္ခိုက္မႈေၾကာင့္ ႐ုရွား ေရတပ္ အားလပ္ရပ္ အခမ္းအနားေတြကိုေတာ့ ဖ်က္သိမ္းခဲ႔ရပါတယ္။ အခုလို အျဖစ္ဖန္တီးထားတဲ႔ တိုက္ခိုက္မႈေလးေတြ တိုးလာတာဟာဆိုရင္ ႐ုရွားတို႔ ၂၀၁၄ ခုႏွစ္ အတြင္း သိမ္းပိုက္ခဲ႔တဲ႔ နယ္ေျမ အတြင္းက ယူကရိန္း သူပုန္ေတြရဲ႔ ေဆာင္ရြက္ခ်က္ ျဖစ္ႏိုင္ေျခ ရွိတယ္လို႔လည္း AP သတင္းက ေဖာ္ျပပါတယ္။

အေ၀းထိန္း ဒ႐ုန္းယာဥ္က လက္လုပ္ ျဖစ္ပံုရၿပီး ေဖာက္ခြဲ ပစၥည္းကလည္း ေပါက္ကြဲအား မျပင္းထန္ေၾကာင္း ပင္လယ္နက္ ေရတပ္ ျပန္ၾကားေရးက ထုတ္ျပန္ပါတယ္။ Sevastopol ၿမိဳ႔ကေတာ့ ယူကရိန္း ျပည္မႀကီးနဲ႔ ၁၇၀ ကီလိုမီတာေလာက္ အကြာမွာ ရွိၿပီး ဘယ္အခ်ိန္မွာ အေ၀းထိန္း ဒ႐ုန္းယာဥ္ ပ်ံသန္းခဲ႔လဲ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

တိုက္ခိုက္မႈ ျဖစ္ခဲ႔တာနဲ႔ ပတ္သက္ၿပီး ယူကရိန္း သမၼတ Volodymyr Zelenskyy ရဲ႔ အၾကံေပး တဦးကေတာ့ ႐ုရွားရဲ႔ ေလေၾကာင္း ကာကြယ္ေရး အားနည္းခ်က္ အျဖစ္ ပ်က္ရယ္ျပဳပါတယ္။ ယူကရိန္း ႏိုင္ငံတြင္းမွာေတာ့ အဓိက ဆိပ္ကမ္းၿမိဳ႔ Mykolaiv မွာ ႐ုရွားရဲ႕ တိုက္ခိုက္မႈ အတြင္း ယူကရိန္းရဲ႔ အခ်မ္းသာဆံုး အမ်ိဳးသား တဦး ျဖစ္တဲ႔ သီးႏွံ ထုတ္လုပ္ တင္ပို႔တဲ႔ လုပ္ငန္းရွင္ Oleksiy Vadaturksy နဲ႔ ဇနီး ျဖစ္သူ Raisa. Vadatursky တို႔ ေသဆံုးခဲ႔ရေၾကာင္း ၿမိဳ႕ေတာ္၀န္ Vitaliy Kim က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{ UNICODE }}

ခရိုင်းမီးယားက ရုရှားရေတပ်ဌာနချုပ် ယူကရိန်းအမြောက်ထိ

ခရိုင်းမီးယား ကျွန်းဆွယ်ပေါ်က ရုရှားရဲ့ ပင်လယ်နက် ရေတပ် ဌာနချုပ်ကို လက်ဖြစ် အဝေးထိန်း ဒရုန်းယာဉ်နဲ့ သယ်ဆောင်လာတဲ့ ဖောက်ခွဲ ပစ္စည်း ထိမှန်ပြီး ၆ ဦး ဒဏ်ရာရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ပြောပါတယ်။ တချိန်တည်းမှာဘဲ ရုရှားရဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှု အတွင်း ယူကရိန်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တဦး ဖြစ်တဲ့ သီးနှံ ကုန်သည် တဦး သေဆုံးရကြောင်း ယူကရိန်းက ပြောပါတယ်။

ဆိပ်ကမ်းမြို့ Sevastopol မှာ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုက ဘယ်သူ့ လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုကြောင့် ရုရှား ရေတပ် အားလပ်ရပ် အခမ်းအနားတွေကိုတော့ ဖျက်သိမ်းခဲ့ရပါတယ်။ အခုလို အဖြစ်ဖန်တီးထားတဲ့ တိုက်ခိုက်မှုလေးတွေ တိုးလာတာဟာဆိုရင် ရုရှားတို့ ၂၀၁၄ ခုနှစ် အတွင်း သိမ်းပိုက်ခဲ့တဲ့ နယ်မြေ အတွင်းက ယူကရိန်း သူပုန်တွေရဲ့ ဆောင်ရွက်ချက် ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း AP သတင်းက ဖော်ပြပါတယ်။

အဝေးထိန်း ဒရုန်းယာဉ်က လက်လုပ် ဖြစ်ပုံရပြီး ဖောက်ခွဲ ပစ္စည်းကလည်း ပေါက်ကွဲအား မပြင်းထန်ကြောင်း ပင်လယ်နက် ရေတပ် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ Sevastopol မြို့ကတော့ ယူကရိန်း ပြည်မကြီးနဲ့ ၁၇၀ ကီလိုမီတာလောက် အကွာမှာ ရှိပြီး ဘယ်အချိန်မှာ အဝေးထိန်း ဒရုန်းယာဉ် ပျံသန်းခဲ့လဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တိုက်ခိုက်မှု ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်း သမ္မတ Volodymyr Zelenskyy ရဲ့ အကြံပေး တဦးကတော့ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး အားနည်းချက် အဖြစ် ပျက်ရယ်ပြုပါတယ်။ ယူကရိန်း နိုင်ငံတွင်းမှာတော့ အဓိက ဆိပ်ကမ်းမြို့ Mykolaiv မှာ ရုရှားရဲ့ တိုက်ခိုက်မှု အတွင်း ယူကရိန်းရဲ့ အချမ်းသာဆုံး အမျိုးသား တဦး ဖြစ်တဲ့ သီးနှံ ထုတ်လုပ် တင်ပို့တဲ့ လုပ်ငန်းရှင် Oleksiy Vadaturksy နဲ့ ဇနီး ဖြစ်သူ Raisa. Vadatursky တို့ သေဆုံးခဲ့ရကြောင်း မြို့တော်ဝန် Vitaliy Kim က ပြောပါတယ်။

XS
SM
MD
LG