သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ်ရုရှားကျူးကျော်မှု အထွေထွေညီလာခံမှာ သမ္မတ Biden ရှုတ်ချ


Russia Ukraine
Russia Ukraine

[[ ZAWGYI / UNICODE ]]

ယူကရိန်းအပေါ်ရုရှားကျူးကျော်မှု အထွေထွေညီလာခံမှာ သမ္မတ Biden ရှုတ်ချ

ရုရှား ခေါင်းဆောင်က သိသိသာသာ စစ်ရေးတိုးမြှင့်ပြီး နျူးကလီးယားနဲ့ လက်တုံ့ပြန်ဖို့ပါ ခြိမ်းခြောက်ထားချိန်မှာဘဲ ယူကရိန်း အပေါ် ရုရှား သမ္မတ Vladimir Putin ရဲ့ ကျူးကျော်မှုကို အမေရိကန် သမ္မတ Joe Biden က ကုလသမဂ္ဂမှာ ဝေဖန်လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဗုဒ္ဓဟူးနေ့က သမ္မတ Biden ရဲ့ မိန့်ခွန်းမှာ အများစုကတော့ ရုရှားကို ပြစ်တင် ရှုတ်ချခဲ့တာပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တခုက အိမ်နီးချင်း နိုင်ငံကို ကျူးကျော်ခဲ့ပြီး အချုပ်အချာပိုင် နိုင်ငံတခုကို မြေပုံပေါ်က ဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်လို့ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

အိမ်နီးချင်း နိုင်ငံရဲ့ ပိုင်နက်ကို သိမ်းယူတာ မလုပ်ဖို့ ရှင်းလင်းလင်းလင်း တားမြစ်ထားတာထက် အရေးကြီးတာ မရှိတဲ့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ အခြေခံ အကျဆုံး မူတွေကို ရုရှားဟာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်လို့ အမေရိကန် သမ္မတက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

တရုတ်ရဲ့ Xinjiang ဒေသတွင်းက တိုင်းရင်းသား လူနည်းစုတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေကို တရုတ်အစိုးရရဲ့ ဆိုးဆိုးရွားရွား နှိပ်ကွပ်မှုတွေ၊ နောက် အာဖဂန်နစ္စတန် နိုင်ငံတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပေါ် တာလီဘန်ဘက်က ပိုပြီး ဖိနှိပ်လာတာတွေကိုလည်း အမေရိကန် သမ္မတ Biden က ကုလသမဂ္ဂ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်း အရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဘက်က အရေးယူမယ့် ကိစ္စကို ဗီတို အာဏာသုံး တားမြစ်ခဲ့တဲ့ ရုရှားကိုလည်း ဝေဖန်ပါတယ်။ ထိရောက်ပြီး ယုံကြည်စိတ်ချရတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖြစ် ဆက်လက် တည်ရှိရေး အတွက် မလွှဲသာ မရှောင်သာ အခြေအနေမျိုးကလွဲရင် အမေရိကန် အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဗီတို အာဏာကို အသုံးပြုတာ ရှောင်ကျဉ်သင့်တယ်လို့လည်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}

ယူကရိနျးအပေါျရုရှားကြူးကြောျမှု အထှထှေညေီလာခံမှာ သမ်မတ Biden ရှုတျခြ







XS
SM
MD
LG