သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး လေးစားဖို့ ကုလအကြီးအကဲ အီရန်သမ္မတကို တိုက်တွန်း


United Nations Secretary-General Antonio Guterres addresses the 77th session of the General Assembly at U.N. headquarters in New York, Sept. 20, 2022.
United Nations Secretary-General Antonio Guterres addresses the 77th session of the General Assembly at U.N. headquarters in New York, Sept. 20, 2022.

လူ့အခွင့်အရေး လေးစားဖို့ ကုလအကြီးအကဲ အီရန်သမ္မတကို တိုက်တွန်း

{{Zawgyi/Unicode}}
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ အီရန်သမ္မတ Ebrahim Raisis နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ညီလာခံ အပြင်ဘက်မှာတွေ့ဆုံခဲ့ပြီး လက်ရှိအီရန်ရဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံးပြီးအပြင်းအထန်နှိမ်နင်းခဲ့တဲ့အတွက် ဒါဇင်နဲ့ချီသေဆုံးမှုတွေ အပါအဝင် အီရန်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် လွန်စွာမှ စိုးရိမ်မိကြောင်း ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သောကြာနေ့က သတင်းထောက်တွေကိုပြောပါတယ်။

အီရန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တဦး အစ္စလမ္မစ်ဝတ်စုံ ခေါင်းစည်းပါဝါမဝတ်ဆင်တဲ့အတွက် ရဲကဖမ်းဆီးထားစဉ်သေဆုံးခဲ့တဲ့အပေါ် မကြေနပ်တာကြောင့် သောကြာနေ့အထိ အီရန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့နေ့အထိ မြို့ပေါင်း ၈၀ ကျော်ဆန္ဒပြခဲ့ပြီး အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းတဲ့အတွက် သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၅၀ လောက်ရှိသွားပြီလို့ နောက်ဝေနိုင်ငံအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ ကပြောဆိုပါတယ်။ အီရန်အစိုးရ သတင်းဌာနကတော့ သေဆုံးသူ ၂၆ ဦးလောက်ရှိတယ်လို့ဆိုပါတယ်။

သောကြာနေ့ကတော့ ထောင်နဲ့ချီတဲ့ အစိုးရလိုလားသူတွေကလည်း မြို့တော်တဟီရန်မှာ တန်ပြန်ဆန္ဒပြခဲ့ကြပြီး အမေရိကန်နဲ့ အစ္စရေးကိုဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။ အီရန်အစိုးရကတော့ သူတို့ဆန္ဒအလျောက် ဆန္ဒပြကြတာလို့ပြောပါတယ်။

ကုလသမဂ္ဂတော့ အမျိုးသမီးအခွင့်အရေးတွေအပါအဝင် ပြည်သူတွေရဲ့လွတ်လပ်စွ ာစုဝေးဆန္ဒပြခွင့်၊ လွတ်လပ်စွာ ဖေါ်ပြခွင့်တွေကို လေးစားဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

................................................


{{Zawgyi/Unicode}}





XS
SM
MD
LG