သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ စာနာမႈအကူအညီ လိုအပ္သူ ၃ သန္းေက်ာ္ရွိ (UNOCHA)


IDPs in Kayah State

[[ ZAWGYI / UNICODE ]]

ျမန္မာႏိုင္ငံမွာ စာနာမႈအကူအညီ လိုအပ္သူ ၃ သန္းေက်ာ္ရွိ (UNOCHA)

ျမန္မာႏိုင္ငံမွာ လူသားစာနာမႈ အကူညီလိုအပ္ေနသူ ၃ သန္းေက်ာ္ရွိေနၿပီလို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ၫွိႏႈိင္းေရးရံုး UN OCHA က ေအာက္တိုဘာလ ၆ ရက္ေန႔မွာေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ အကူညီလိုအပ္သူေတြ တိုးလာေနေၾကာင္းနဲ႔ ႏိုင္ငံတြင္းမွာရွိေနတဲ့ ကုလသမဂၢ အကူညီေပးေရးအဖြဲ႔ေတြဟာ ၂၀၂၂ ပထမႏွစ္ဝက္မွာဆို လူေပါင္း ၃.၁ သန္းေလာက္ကို အကူညီေပးႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ စာနာမႈဆိုင္ရာ ရံပံုေငြကို လ်ာထားခ်က္အတိုင္း မရတာအျပင္ အတားအဆီးေတြကလည္း ရွိေနတာေၾကာင့္ လိုအပ္သူေတြကို အျပည့္အဝအကူညီမေပးႏိုင္ပဲ ျဖစ္ေနတယ္ ေျပာပါတယ္။

အထူးသျဖင့္ ပဋိပကၡျဖစ္ပြါးေနတဲ့ ေနရာေတြမွာ လူသားစာနာမႈ အကူညီကို ေကာင္းေကာင္းမြန္မြန္ မေပးႏိုင္ပဲ အကန္႔အသတ္ေတြ ဆက္ၿပီး ၾကံဳေတြ႕ေနရတယ္လို႔ ေျပာပါတယ္။ ေဒသခံေတြ အသက္ရွင္သန္ဖို႔ လိုအပ္ေနတဲ့ ဝန္ေဆာင္မႈေတြ အခ်ိန္မွီ ျဖန္႔ေဝေပးႏိုင္ဖို႔ ႀကိဳးနီစံနစ္နဲ႔ တားဆီးတာေတြ ဖယ္ရွားေပးရမွာ ျဖစ္ၿပီး လူသားစာနာမႈအကူညီေတြကို အေႏွာက္အယွက္မရွိပဲ ေပးခြင့္ျပဳရမွာ ျဖစ္ေၾကာင္းလည္း UN OCHA က ေျပာပါတယ္။

ကုလသမဂၢရဲ႕ လူသားစာနာမႈကူညီေပးေရး အစီအစဥ္ HRP အတြက္ ၂၀၂၂ မွာ အေမရိကန္ေဒၚလာ သန္း ၆၈၀ ခ်ထားေပးရမွာ ျဖစ္ေပမယ့္ စက္တင္ဘာ ၂၉ ရက္ေန႔ အထိဆို ရာခိုင္ႏႈန္း ၂၀ ပဲ ရေသးတာ ျဖစ္ၿပီး မႏွစ္ကနဲ႔စာရင္လည္း အေတာ့္ကို ေလ်ာ့နည္း ေနတာျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါေၾကာင့္ မိတ္ေဆြႏိုင္ငံေတြ အေနနဲ႔ လိုအပ္ခ်က္ေတြ ႀကီးမားလာေနတဲ့ ျမန္မာႏိုင္ငံအတြက္ အကူညီေပးေရးကို ဦးစားေပး လုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

=================

{{ UNICODE }}

မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူ ၃ သန်းကျော်ရှိ (UNOCHA)

မြန်မာနိုင်ငံမှာ လူသားစာနာမှု အကူညီလိုအပ်နေသူ ၃ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က အောက်တိုဘာလ ၆ ရက်နေ့မှာပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကူညီလိုအပ်သူတွေ တိုးလာနေကြောင်းနဲ့ နိုင်ငံတွင်းမှာရှိနေတဲ့ ကုလသမဂ္ဂ အကူညီပေးရေးအဖွဲ့တွေဟာ ၂၀၂၂ ပထမနှစ်ဝက်မှာဆို လူပေါင်း ၃.၁ သန်းလောက်ကို အကူညီပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် စာနာမှုဆိုင်ရာ ရံပုံငွေကို လျာထားချက်အတိုင်း မရတာအပြင် အတားအဆီးတွေကလည်း ရှိနေတာကြောင့် လိုအပ်သူတွေကို အပြည့်အဝအကူညီမပေးနိုင်ပဲ ဖြစ်နေတယ် ပြောပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်ပွါးနေတဲ့ နေရာတွေမှာ လူသားစာနာမှု အကူညီကို ကောင်းကောင်းမွန်မွန် မပေးနိုင်ပဲ အကန့်အသတ်တွေ ဆက်ပြီး ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ ဒေသခံတွေ အသက်ရှင်သန်ဖို့ လိုအပ်နေတဲ့ ဝန်ဆောင်မှုတွေ အချိန်မှီ ဖြန့်ဝေပေးနိုင်ဖို့ ကြိုးနီစံနစ်နဲ့ တားဆီးတာတွေ ဖယ်ရှားပေးရမှာ ဖြစ်ပြီး လူသားစာနာမှုအကူညီတွေကို အနှောက်အယှက်မရှိပဲ ပေးခွင့်ပြုရမှာ ဖြစ်ကြောင်းလည်း UN OCHA က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူသားစာနာမှုကူညီပေးရေး အစီအစဉ် HRP အတွက် ၂၀၂၂ မှာ အမေရိကန်ဒေါ်လာ သန်း ၆၈၀ ချထားပေးရမှာ ဖြစ်ပေမယ့် စက်တင်ဘာ ၂၉ ရက်နေ့ အထိဆို ရာခိုင်နှုန်း ၂၀ ပဲ ရသေးတာ ဖြစ်ပြီး မနှစ်ကနဲ့စာရင်လည်း အတော့်ကို လျော့နည်း နေတာဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် မိတ်ဆွေနိုင်ငံတွေ အနေနဲ့ လိုအပ်ချက်တွေ ကြီးမားလာနေတဲ့ မြန်မာနိုင်ငံအတွက် အကူညီပေးရေးကို ဦးစားပေး လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG