သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းမႈ ေနာက္ပိုင္း ဖိႏွိပ္ သတ္ျဖတ္ခံရတဲ့ အမ်ိဳးသမီးမ်ား


"က်မတို႔ေကာက္ယူရရွိတဲ့ အခ်က္အလက္ေတြ ထဲမွာဆိုရင္ စစ္ပြဲေတြေၾကာင့္ ျဖစ္တယ္။ ၿပီးရင္ ႏိုင္ငံေရး စီးပြားေရး မတည္ၿငိမ္မႈေတြေၾကာင့္မို႔ ခိုးဆိုး လုယက္တာေတြကေန ျဖစ္ပြားလာတဲ့ အသတ္ခံရတဲ့ အမႈေတြ ရွိတယ္။" - မသြယ္ဇင္တိုး

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း ႏိုင္ငံေရး ပဋိပကၡ၊ လက္နက္ကိုင္ ပဋိပကၡေတြၾကား ေသဆံုးရတဲ့ အမ်ိဳးသမီး ၃၀၀ ထက္မနည္း ရွိတယ္လို႔ ျမန္မာ့အမ်ိဳးသမီးသမဂၢ BWU က ေျပာပါတယ္။ အကန္႔အသတ္ေတြၾကား လက္လွမ္းမီသေလာက္ အတည္ျပဳႏိုင္တဲ့ စာရင္းသာျဖစ္ၿပီး တကယ္တမ္း ေသဆံုးမႈေတြက ဒီ့ထက္ ပို မ်ားႏိုင္တယ္လို႔လည္း BWU ရဲ႕ မွတ္တမ္းတင္ဌာန တာ၀န္ခံ မသြယ္ဇင္တိုး က ေျပာပါတယ္။ အခု ေသဆံုးမႈစာရင္းကို ဘယ္လို ေကာက္ယူ ျပဳစုထားတာပါလဲ။ ဘယ္ေလာက္အထိ ခိုင္လံု ျပည့္စံုပါလဲ။ စစ္တပ္ အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြ ဖိႏွိပ္ သတ္ျဖတ္ခံရတဲ့ အေျခအေန ဘယ္ေလာက္အထိ ဆိုးရြားေနၿပီး ဘယ္လို ကာကြယ္ေပးမႈေတြ လိုအပ္ေနသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မသြယ္ဇင္တိုးကို ဆက္သြယ္ေမးျမန္းၿပီး မခင္ျဖဴေထြးက တင္ျပထားပါတယ္။

ျမန္မာ့အမ်ိဳးသမီးသမဂၢ BWU က ေအာက္တိုဘာလ အေစာပိုင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း သတ္ျဖတ္ခံရတဲ့ အမ်ဳိးသမီး ၃၀၀ ထက္မနည္း ရွိတယ္လို႔ ေဖာ္ျပထားတာ ေတြ႕ပါတယ္။ ဒါက ဘယ္လို ပံုစံနဲ႔ ေသဆံုးမႈေတြကို စာရင္းျပဳစု ထားတာလဲ။ ဘယ္လိုပံုစံနဲ႔ စာရင္း ေကာက္ယူခဲ့တာပါလဲ။ ဘယ္ေလာက္အထိ ခိုင္လံုျပည့္၀တဲ့ စာရင္းလို႔ေရာ ေျပာလို႔ရမလဲရွင့္။

“ဟုတ္ကဲ့။ က်မတို႔ ျမန္မာ့အမ်ိဳးသမီးသမဂၢရဲ႕ မွတ္တမ္းတင္ဌာနကေန စစ္တပ္အာဏာသိမ္းတဲ့ အခ်ိန္ကေန စၿပီး အခုလက္ရွိ စက္တင္ဘာ လကုန္အထိ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ ထိခိုက္နစ္နာတဲ့ အခ်က္အလက္ေတြကို စုေဆာင္းတာ ရွိပါတယ္။ အထူးသျဖင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ အခ်က္အလက္ေတြကို အေျခခံၿပီး သတင္းေတြမွာ တက္လာတဲ့ အခ်က္အလက္ေတြကို စုေဆာင္းတယ္။ ဒီလို စုေဆာင္းတဲ့ေနရာမွာလည္း က်မတို႔က ရလာတဲ့ သတင္းအခ်က္အလက္ေတြကို ခိုင္လံုမႈ ဘယ္ေလာက္ ရွိသလဲဆိုတာကိုလည္း တိုင္းတာပါတယ္။ ဥပမာဆိုရင္ က်မတို႔ ယူတဲ့စာရင္းက ေသသြားတဲ့သူရဲ႕ နာမည္ေတြ၊ ေနရာေတြနဲ႔ ဘာလုပ္ကိုင္လဲ။ ၿပီးရင္ AAPP က စာရင္းနဲ႔ တိုက္ၾကည့္တယ္။ ၿပီးရင္ သတင္းဌာနေတြမွာလည္း တက္ မတက္ကို က်မတို႔ တိုက္ၾကည့္တယ္။ မတက္ဘူးဆိုလို႔ရွိရင္လည္း ဒီအခ်က္အလက္ေတြ ခိုင္လံုမႈ ရွိ မရွိ ဆိုတာကို တိုင္းတာၿပီးေတာ့မွ ေကာက္ခဲ့တဲ့ အခ်က္အလက္ေတြ ျဖစ္ပါတယ္။ ဘယ္လိုပံုစံမ်ိဳးနဲ႔ အမ်ိဳးသမီး ေသဆံုးမႈေတြ ရွိေနလဲဆိုေတာ့ ၂၀၂၁ စစ္အာဏာရွင္ကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြမွာ ၿဖိဳခြင္းခံရလို႔ အသက္ ေသဆံုးရမႈေတြ ပိုမ်ားတယ္။ ဒါေပမဲ့ ၂၀၂၂ ထဲမွာဆိုရင္ေတာ့ စစ္ပဋိပကၡေတြေၾကာင့္ တိုက္ပြဲေတြေၾကာင့္ ေသဆံုးတဲ့သူေတြရယ္။ စစ္ေၾကာင္းထိုးတဲ့အခါမွာ မတရား သတ္ျဖတ္ခံရတာေတြ။ ေနာက္ၿပီးေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရး မတည္ၿငိမ္တဲ့အတြက္ေၾကာင့္ ခိုး ဆိုး လုယက္တာေတြ ၾကံဳရၿပီး ေသဆံုးရတဲ့သူေတြလည္း ပါတယ္။ ဒါ က်မတို႔ ေကာက္ယူထားတဲ့ အခ်က္အလက္ေတြထဲမွာေပါ့။”

စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း ေနာက္ဆက္တြဲျဖစ္လာတဲ့ ႏိုင္ငံေရးပဋိပကၡေတြ၊ လက္နက္ကိ္ုင္ ပဋိပကၡေတြထဲမွာ ေသဆံုးရတဲ့သူေတြက ေထာင္နဲ႔ခ်ီ ရွိပါတယ္။ ဆိုေတာ့ အဲ့ဒီအထဲမွာ အမ်ိဳးသမီးက ဒီေလာက္ ေသဆံုးတယ္ ဆိုတာမ်ိဳး ေျပာတာပါလား။ အခုစာရင္းက ဘယ္ေလာက္အထိ ျခံဳငံုတဲ့ ခိုင္လံုျပည့္၀တဲ့စာရင္းလို႔ ေျပာႏိုင္ပါသလဲ။

“က်မတို႔ရဲ႕ အခ်က္အလက္ေတြက အေသးစိတ္ ေကာက္ႏိုင္တဲ့ အခ်က္အလက္ေတြလို႔ေတာ့ က်မတို႔ မဆိုလိုခ်င္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီလိုလက္ရွိကာလမွာဆိုရင္ အခ်က္အလက္ ေကာက္ယူမႈေတြမွာ အကန္႔အသတ္ေတြ အမ်ားႀကီး ရွိပါတယ္။ ဥပမာ က်မတို႔ဆိုရင္ AAPP က အခ်က္အလက္ေတြ အေျခခံၿပီးေတာ့မွ တျခား သတင္းေတြအေပၚမွာ ေပၚလာတဲ့ အခ်က္အလက္ေတြကို ျပန္ စုစည္းထားတဲ့ အခ်က္အလက္ေတြ ျဖစ္တဲ့အတြက္ေၾကာင့္ တကယ့္ေျမျပင္မွာဆိုရင္ေတာ့ ဒီ့ထက္ပိုၿပီးေတာ့မွ မ်ားႏိုင္တယ္ဆိုတဲ့ဟာကို က်မတို႔က အၿမဲတမ္း သံုးသပ္မိတယ္ေပါ့ေနာ္။ ဆိုေတာ့ က်မတို႔ရဲ႕ ဒီအခ်က္အလက္ဟာဆိုရင္ က်မတို႔ လက္လွမ္းမီတဲ့၊ က်မတို႔အတည္ျပဳႏိုင္တဲ့ နံပါတ္ အေရအတြက္ပဲ ျဖစ္တာေပါ့။ တကယ္မွာေတာ့ ဒီ့ထက္ပိုမ်ားမယ္လို႔ က်မတို႔က ယံုၾကည္ပါတယ္ရွင့္။”

ဟုတ္ကဲ့။ အာဏာသိမ္းမႈ မတိုင္ခင္တုန္းကလည္း ျမန္မာႏိုင္ငံဆိုတာက ႏိုင္ငံေရးပဋိပကၡ တေလွ်ာက္လံုးရွိခဲ့တဲ့ ႏိုင္ငံပါ။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းေတြ ရွိတယ္။ လက္နက္ကိုင္ ပဋိပကၡ ေဒသေတြရွိတယ္။ ဒီလို ပဋိပကၡေတြၾကားမွာ အၿမဲတမ္း ဒုကၡေတြ ခါးစည္း ခံၾကရတဲ့အထဲမွာ အမ်ိဳးသမီးနဲ႔ကေလးငယ္ေတြက ေရွ႕ကေန ၾကံဳၾကရတယ္။ အခု BWU က ေထာက္ျပသလိုဆိုရင္ အာဏာသိမ္းမႈ ေနာက္ပိုင္းမွာ ဒီလို အေျခအေနေတြက ပိုဆိုးလာတယ္လို႔ ေျပာခ်င္တာပါလား။

“ဟုတ္ကဲ့။ ဒီအေျခအေနေတြက ပိုဆိုးလာတယ္လို႔ က်မတို႔ ေျပာခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မတို႔ေကာက္ယူရရွိတဲ့ အခ်က္အလက္ေတြ ထဲမွာဆိုရင္ စစ္ပြဲေတြေၾကာင့္ ျဖစ္တယ္။ ၿပီးရင္ ႏိုင္ငံေရး စီးပြားေရး မတည္ၿငိမ္မႈေတြေၾကာင့္မို႔ ခိုးဆိုး လုယက္တာေတြကေန ျဖစ္ပြားလာတဲ့ အသတ္ခံရတဲ့ အမႈေတြ ရွိတယ္။ အဲ့ဒီလိုမ်ိဳး အေျခအေနေတြကို ၾကည့္မယ္ဆိုရင္ လက္ရွိကာလမွာ အမ်ိဳးသမီးေတြ အတြက္ လံုး၀ကို လံုျခံဳမႈမရွိတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္မိုလို႔ ဒီကာလဟာ အမ်ိဳးသမီးေတြ အတြက္ အရမ္းကို စိုးရိမ္ရတဲ့ အေနအထားလို႔ က်မတို႔က သတ္မွတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီကာလမွာ စစ္ပြဲေၾကာင့္ ပဋိပကၡေတြက ေနရာတိုင္းမွာ ျဖစ္တယ္။ တိုက္ပြဲေတြ ေနရာတိုင္းမွာျဖစ္တယ္။ အဲ့ဒီတိုက္ပြဲေတြ ၾကားထဲမွာ ေသဆံုးရတဲ့အမႈေတြ အျပင္ကို ေသဆံုးခဲ့ရတဲ့ အမ်ိဳးသမီးေတြ အျပင္ကို တရားဥပေဒစိုးမိုးမႈ မရွိတာရယ္။ ထိေရာက္တဲ့ အျပစ္ေပး အေရးယူမႈေတြ မရွိတာေတြရယ္ေၾကာင့္ လတ္တေလာ ကာလမွာ ဒီလိုမ်ိဳး သတ္ျဖတ္တာေတြက စစ္တပ္မွာပဲၾကည့္ၾကည့္၊ အရပ္သား အမႈေတြမွာပဲၾကည့္ၾကည့္ ဒါေတြက က်ဴးလြန္ခြင့္ျပဳထားတဲ့ ပံုစံမ်ိဳး ျဖစ္ေနတယ္။ အဲ့ဒါေၾကာင့္ ဒီကာလက ပိုၿပီးေတာ့ ဆိုးတယ္လို႔ က်မတို႔က သတ္မွတ္ပါတယ္။”

ဆိုေတာ့ ဒီအေျခအေနေတြကို လက္ရွိအေနအထားမွာ လံုးလံုးႀကီး မဟန္႔တားႏိုင္ဘူးဆိုရင္ေတာင္ ဒီလို အမ်ိဳးသမီးေတြ ဖိႏွိပ္ သတ္ျဖတ္ခံရတာ အပါအ၀င္ နည္းလမ္းမ်ိဳးစံုနဲ႔ သူတို႔ၾကံဳေတြ႕ေနရတဲ့ အေျခအေနေတြ ရပ္တန္႔ေအာင္ ေလ်ာ့နည္းေအာင္ BWU လို၊ မသြယ္ဇင္တိုး တို႔ အမ်ိဳးသမီးအဖြဲ႔ေတြ အေနနဲ႔ေရာ ဘာေတြမ်ား လုပ္ေဆာင္ေနတာ ရွိပါသလဲရွင့္။

“ခုနက ေျပာသြားသလိုပါပဲ ဒီကာလမွာကေတာ့ ႏိုင္ငံေရးက တႏိုင္ငံလံုးအေနနဲ႔ မတည္ၿငိမ္တဲ့ အေနအထားမွာ ပေပ်ာက္သြားေအာင္ လုပ္ဖို႔ဆိုတာ က်မတို႔အဖြဲ႔အေနနဲ႔လည္း မလြယ္ကူပါဘူး။ အင္မတန္ကို ခက္ခဲပါတယ္။ ဒါေပမဲ့ ဒီဟာေတြကို ဘယ္လိုပံုစံမ်ိဳးနဲ႔ ဟန္႔တားမလဲ။ ေလ်ာ့နည္းသြားေအာင္ ဘယ္လို လုပ္သြားမလဲဆိုတဲ့ အခ်က္ကေတာ့ - က်မ အေနနဲ႔ေျပာရရင္ ဒီပဋိပကၡထဲမွာ ပါ၀င္ေနတဲ့ အဖြဲ႔၀င္ေတြရဲ႕ တာ၀န္ယူမႈ၊ တာ၀န္ခံမႈေတြနဲ႔ အမ်ားႀကီးဆိုင္တယ္လို႔ ေျပာခ်င္ပါတယ္။ ဥပမာ စစ္တပ္ဆိုရင္ ရြာေတြကို မီး႐ိႈ႕တယ္။ ျမင္သမွ်လူေတြကို အၾကမ္းဖက္ ႏွိပ္စက္တာေတြ၊ သတ္ျဖတ္တာေတြ လုပ္ေနတယ္။ ဒီလို လုပ္ရပ္ေတြကို ရပ္တန္႔ရမယ္။ ဒါမွပဲ ျပည္သူေတြကို ပစ္မွတ္ထားတဲ့ တိုက္ပြဲမ်ိဳး မဟုတ္ဘဲနဲ႔ တဘက္နဲတဘက္ လက္နက္ရွိတဲ့သူ အခ်င္းခ်င္း ပစ္ခတ္တဲ့ တိုက္ပြဲမ်ိဳးမွာ ျပည္သူေတြကို ေရွာင္ကိုေရွာင္ရမယ့္ က်င့္၀တ္ ရွိသင့္တယ္။ ဆိုေတာ့ က်မတို႔အမ်ိဳးသမီးအဖြဲ႔ အေနနဲ႔ဆိုရင္လည္း အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္ ျမန္မာႏိုင္ငံကေနဆင့္ ဒီလိုမ်ိဳး ေပၚလစီေတြ၊ ဒီလို အစီအစဥ္ေတြ ေပၚလာဖို႔အတြက္ သက္ဆိုင္ရာ အမ်ိဳးသားညီၫြတ္ေရး အစိုးရကိုပဲျဖစ္ျဖစ္၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြကိုပဲ ျဖစ္ျဖစ္ က်မတို႔ ခ်ဥ္းကပ္ၿပီးေတာ့မွ ဒီလို ေပၚလစီေတြ၊ မူေတြ ခ်မွတ္လာေအာင္လို႔ ေဆြးေႏြးညွိႏိႈင္းေနတာမ်ိဳးေတြလည္း ရွိပါတယ္။”

ဆိုေတာ့ ခုလို အေျခအေနမွာ အမ်ိဳးသမီးေတြကို အကာအကြယ္ေပးဖို႔က ဘယ္ေလာက္အထိ အေရးတႀကီး လိုအပ္ေနပါသလဲ။

“ကာကြယ္ေပးမႈေတြကေတာ့ ေလာေလာဆယ္မွာ ေတာ္ေတာ္ေလးကို အေရးတႀကီး လိုအပ္ေနတာေပါ့။ ဘယ္ေနရာမွာပဲ တိုက္ပြဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြက ပစ္မွတ္ပံုစံမ်ိဳး ျဖစ္ေနတဲ့ အေနအထားမွာ သက္ဆိုင္ရာ လက္နက္ကိုင္အဖြဲ႔ေတြက အမ်ိဳးသမီးေတြကို ပစ္မွတ္ထားေနတာေတြ ရပ္သင့္တယ္။ တၿပိဳင္နက္တည္းမွာပဲ ဒီဘက္မွာ က်မတို႔ လုပ္လို႔ရသေလာက္ ဆိုရင္ေတာ့ အမ်ိဳးသား ညီၫြတ္ေရး အစိုးရအေနနဲ႔လည္း အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီးေတာ့ လိုက္နာရမယ့္ က်င့္၀တ္ေတြ စည္းကမ္းေတြကို ကိုယ့္ရဲ႕စီမံမႈေအာက္မွာ ရွိေနတဲ့ တပ္တြင္းမွာ ေသေသခ်ာခ်ာ လိုက္နာက်င့္သံုးတာေတြကို လုပ္ေဆာင္ေပးရပါမယ္။”

လက္ရွိမွာေတာ့ အားလံုးပူးေပါင္းၿပီးေတာ့မွ ဒီအေျခအေနကို ဟန္႔တားဖို႔ ႀကိဳးစားၾကရမယ္လို႔ ထင္ပါတယ္။

“ဟုတ္ကဲ့ပါရွင့္။ ခုလို အေျခအေနမွာဆိုရင္ အားလံုး ပူးေပါင္းၿပီးေတာ့မွ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္ေပးရမယ့္အျပင္ သက္ဆိုင္ရာ stateholder ေတြ၊ အဓိက ပါ၀င္ေနတဲ့ အဖြဲ႔အစည္းေတြ အေနနဲ႔က ႏိုင္ငံေရးက ပထမ၊ အမ်ိဳးသမီးေရးက ဒုတိယဆိုတဲ့ ဒီလိုစဥ္းစားခ်က္ေတြကို ေဘးဖယ္ၿပီးေတာ့ စစ္ပဋိပကၡေၾကာင့္ က်ဴးလြန္ခံေနရတဲ့ အမ်ိဳးသမီးေတြ အတြက္လည္း အစီအစဥ္ေတြ စနစ္တက်နဲ႔ ေသေသခ်ာခ်ာေလး လုပ္ေဆာင္ထားဖို႔လည္း လိုအပ္တယ္။ အဲ့ဒီလို လုပ္ေဆာင္ထားမယ္လို႔လည္း က်မတို႔က ေမွ်ာ္လင့္ပါတယ္။”

ဆိုလိုတာက အခုကတည္းကစၿပီးေတာ့ အမ်ိဳးသမီးေတြနဲ႔ပတ္သက္တဲ့ အခြင့္အေရး အကာအကြယ္ေပးမႈေတြကို စ လုပ္သင့္တယ္။ တခ်ိန္ ျမန္မာႏိုင္ငံ အေျခအေန ေကာင္းသြားမွ၊ အာဏာရွင္ကို ျဖဳတ္ခ်ႏိုင္ၿပီး ဒီမိုကေရစီႏိုင္ငံ ျပန္ျဖစ္လာေတာ့မွ မဟုတ္ဘဲ၊ ဒါေတြကို ခုခ်ိန္ကတည္းက တၿပိဳင္နက္တည္း ျပင္ဆင္ လုပ္ေဆာင္ သြားရမယ္လို႔ ေျပာတာလို႔ နားလည္ပါတယ္။

“ဟုတ္ကဲ့ပါရွင့္။ က်မတို႔က အသြင္ကူးေျပာင္းေရးကာလကို အခုကတည္းက ဆြဲေနသလိုပဲ ဒီ စစ္ပဋိပကၡေၾကာင့္ နစ္နာတဲ့သူေတြ အကုန္လံုး အတြက္ကို တခါတည္း လိုအပ္တဲ့ အစီအစဥ္ေတြကို ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားရင္ေတာ့ ပိုၿပီး ျမန္ျမန္ဆန္ဆန္နဲ႔ ျပန္လည္ ထူေထာင္ေရးကို သြားႏိုင္မယ္လို႔ ယံုၾကည္ပါတယ္ရွင့္။”

ခုလို အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူး အမ်ားႀကီး တင္ပါတယ္။

“ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္။”

=====================================

[Unicode]

အာဏာသိမ်းမှု နောက်ပိုင်း ဖိနှိပ် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးများ (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး ပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေကြား သေဆုံးရတဲ့ အမျိုးသမီး ၃၀၀ ထက်မနည်း ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ပြောပါတယ်။ အကန့်အသတ်တွေကြား လက်လှမ်းမီသလောက် အတည်ပြုနိုင်တဲ့ စာရင်းသာဖြစ်ပြီး တကယ်တမ်း သေဆုံးမှုတွေက ဒီ့ထက် ပို များနိုင်တယ်လို့လည်း BWU ရဲ့ မှတ်တမ်းတင်ဌာန တာဝန်ခံ မသွယ်ဇင်တိုး က ပြောပါတယ်။ အခု သေဆုံးမှုစာရင်းကို ဘယ်လို ကောက်ယူ ပြုစုထားတာပါလဲ။ ဘယ်လောက်အထိ ခိုင်လုံ ပြည့်စုံပါလဲ။ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖိနှိပ် သတ်ဖြတ်ခံရတဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေပြီး ဘယ်လို ကာကွယ်ပေးမှုတွေ လိုအပ်နေသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မသွယ်ဇင်တိုးကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာလ အစောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၃၀၀ ထက်မနည်း ရှိတယ်လို့ ဖော်ပြထားတာ တွေ့ပါတယ်။ ဒါက ဘယ်လို ပုံစံနဲ့ သေဆုံးမှုတွေကို စာရင်းပြုစု ထားတာလဲ။ ဘယ်လိုပုံစံနဲ့ စာရင်း ကောက်ယူခဲ့တာပါလဲ။ ဘယ်လောက်အထိ ခိုင်လုံပြည့်ဝတဲ့ စာရင်းလို့ရော ပြောလို့ရမလဲရှင့်။

“ဟုတ်ကဲ့။ ကျမတို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ မှတ်တမ်းတင်ဌာနကနေ စစ်တပ်အာဏာသိမ်းတဲ့ အချိန်ကနေ စပြီး အခုလက်ရှိ စက်တင်ဘာ လကုန်အထိ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့မှ ထိခိုက်နစ်နာတဲ့ အချက်အလက်တွေကို စုဆောင်းတာ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းတွေမှာ တက်လာတဲ့ အချက်အလက်တွေကို စုဆောင်းတယ်။ ဒီလို စုဆောင်းတဲ့နေရာမှာလည်း ကျမတို့က ရလာတဲ့ သတင်းအချက်အလက်တွေကို ခိုင်လုံမှု ဘယ်လောက် ရှိသလဲဆိုတာကိုလည်း တိုင်းတာပါတယ်။ ဥပမာဆိုရင် ကျမတို့ ယူတဲ့စာရင်းက သေသွားတဲ့သူရဲ့ နာမည်တွေ၊ နေရာတွေနဲ့ ဘာလုပ်ကိုင်လဲ။ ပြီးရင် AAPP က စာရင်းနဲ့ တိုက်ကြည့်တယ်။ ပြီးရင် သတင်းဌာနတွေမှာလည်း တက် မတက်ကို ကျမတို့ တိုက်ကြည့်တယ်။ မတက်ဘူးဆိုလို့ရှိရင်လည်း ဒီအချက်အလက်တွေ ခိုင်လုံမှု ရှိ မရှိ ဆိုတာကို တိုင်းတာပြီးတော့မှ ကောက်ခဲ့တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အမျိုးသမီး သေဆုံးမှုတွေ ရှိနေလဲဆိုတော့ ၂၀၂၁ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းခံရလို့ အသက် သေဆုံးရမှုတွေ ပိုများတယ်။ ဒါပေမဲ့ ၂၀၂၂ ထဲမှာဆိုရင်တော့ စစ်ပဋိပက္ခတွေကြောင့် တိုက်ပွဲတွေကြောင့် သေဆုံးတဲ့သူတွေရယ်။ စစ်ကြောင်းထိုးတဲ့အခါမှာ မတရား သတ်ဖြတ်ခံရတာတွေ။ နောက်ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ခိုး ဆိုး လုယက်တာတွေ ကြုံရပြီး သေဆုံးရတဲ့သူတွေလည်း ပါတယ်။ ဒါ ကျမတို့ ကောက်ယူထားတဲ့ အချက်အလက်တွေထဲမှာပေါ့။”

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ဆက်တွဲဖြစ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ သေဆုံးရတဲ့သူတွေက ထောင်နဲ့ချီ ရှိပါတယ်။ ဆိုတော့ အဲ့ဒီအထဲမှာ အမျိုးသမီးက ဒီလောက် သေဆုံးတယ် ဆိုတာမျိုး ပြောတာပါလား။ အခုစာရင်းက ဘယ်လောက်အထိ ခြုံငုံတဲ့ ခိုင်လုံပြည့်ဝတဲ့စာရင်းလို့ ပြောနိုင်ပါသလဲ။

“ကျမတို့ရဲ့ အချက်အလက်တွေက အသေးစိတ် ကောက်နိုင်တဲ့ အချက်အလက်တွေလို့တော့ ကျမတို့ မဆိုလိုချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုလက်ရှိကာလမှာဆိုရင် အချက်အလက် ကောက်ယူမှုတွေမှာ အကန့်အသတ်တွေ အများကြီး ရှိပါတယ်။ ဥပမာ ကျမတို့ဆိုရင် AAPP က အချက်အလက်တွေ အခြေခံပြီးတော့မှ တခြား သတင်းတွေအပေါ်မှာ ပေါ်လာတဲ့ အချက်အလက်တွေကို ပြန် စုစည်းထားတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက်ကြောင့် တကယ့်မြေပြင်မှာဆိုရင်တော့ ဒီ့ထက်ပိုပြီးတော့မှ များနိုင်တယ်ဆိုတဲ့ဟာကို ကျမတို့က အမြဲတမ်း သုံးသပ်မိတယ်ပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ဒီအချက်အလက်ဟာဆိုရင် ကျမတို့ လက်လှမ်းမီတဲ့၊ ကျမတို့အတည်ပြုနိုင်တဲ့ နံပါတ် အရေအတွက်ပဲ ဖြစ်တာပေါ့။ တကယ်မှာတော့ ဒီ့ထက်ပိုများမယ်လို့ ကျမတို့က ယုံကြည်ပါတယ်ရှင့်။”

ဟုတ်ကဲ့။ အာဏာသိမ်းမှု မတိုင်ခင်တုန်းကလည်း မြန်မာနိုင်ငံဆိုတာက နိုင်ငံရေးပဋိပက္ခ တလျှောက်လုံးရှိခဲ့တဲ့ နိုင်ငံပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ လက်နက်ကိုင် ပဋိပက္ခ ဒေသတွေရှိတယ်။ ဒီလို ပဋိပက္ခတွေကြားမှာ အမြဲတမ်း ဒုက္ခတွေ ခါးစည်း ခံကြရတဲ့အထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေက ရှေ့ကနေ ကြုံကြရတယ်။ အခု BWU က ထောက်ပြသလိုဆိုရင် အာဏာသိမ်းမှု နောက်ပိုင်းမှာ ဒီလို အခြေအနေတွေက ပိုဆိုးလာတယ်လို့ ပြောချင်တာပါလား။

“ဟုတ်ကဲ့။ ဒီအခြေအနေတွေက ပိုဆိုးလာတယ်လို့ ကျမတို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကောက်ယူရရှိတဲ့ အချက်အလက်တွေ ထဲမှာဆိုရင် စစ်ပွဲတွေကြောင့် ဖြစ်တယ်။ ပြီးရင် နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုတွေကြောင့်မို့ ခိုးဆိုး လုယက်တာတွေကနေ ဖြစ်ပွားလာတဲ့ အသတ်ခံရတဲ့ အမှုတွေ ရှိတယ်။ အဲ့ဒီလိုမျိုး အခြေအနေတွေကို ကြည့်မယ်ဆိုရင် လက်ရှိကာလမှာ အမျိုးသမီးတွေ အတွက် လုံးဝကို လုံခြုံမှုမရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီကာလဟာ အမျိုးသမီးတွေ အတွက် အရမ်းကို စိုးရိမ်ရတဲ့ အနေအထားလို့ ကျမတို့က သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာ စစ်ပွဲကြောင့် ပဋိပက္ခတွေက နေရာတိုင်းမှာ ဖြစ်တယ်။ တိုက်ပွဲတွေ နေရာတိုင်းမှာဖြစ်တယ်။ အဲ့ဒီတိုက်ပွဲတွေ ကြားထဲမှာ သေဆုံးရတဲ့အမှုတွေ အပြင်ကို သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေ အပြင်ကို တရားဥပဒေစိုးမိုးမှု မရှိတာရယ်။ ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ မရှိတာတွေရယ်ကြောင့် လတ်တလော ကာလမှာ ဒီလိုမျိုး သတ်ဖြတ်တာတွေက စစ်တပ်မှာပဲကြည့်ကြည့်၊ အရပ်သား အမှုတွေမှာပဲကြည့်ကြည့် ဒါတွေက ကျူးလွန်ခွင့်ပြုထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဒီကာလက ပိုပြီးတော့ ဆိုးတယ်လို့ ကျမတို့က သတ်မှတ်ပါတယ်။”

ဆိုတော့ ဒီအခြေအနေတွေကို လက်ရှိအနေအထားမှာ လုံးလုံးကြီး မဟန့်တားနိုင်ဘူးဆိုရင်တောင် ဒီလို အမျိုးသမီးတွေ ဖိနှိပ် သတ်ဖြတ်ခံရတာ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေ ရပ်တန့်အောင် လျော့နည်းအောင် BWU လို၊ မသွယ်ဇင်တိုး တို့ အမျိုးသမီးအဖွဲ့တွေ အနေနဲ့ရော ဘာတွေများ လုပ်ဆောင်နေတာ ရှိပါသလဲရှင့်။

“ခုနက ပြောသွားသလိုပါပဲ ဒီကာလမှာကတော့ နိုင်ငံရေးက တနိုင်ငံလုံးအနေနဲ့ မတည်ငြိမ်တဲ့ အနေအထားမှာ ပပျောက်သွားအောင် လုပ်ဖို့ဆိုတာ ကျမတို့အဖွဲ့အနေနဲ့လည်း မလွယ်ကူပါဘူး။ အင်မတန်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီဟာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဟန့်တားမလဲ။ လျော့နည်းသွားအောင် ဘယ်လို လုပ်သွားမလဲဆိုတဲ့ အချက်ကတော့ - ကျမ အနေနဲ့ပြောရရင် ဒီပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အများကြီးဆိုင်တယ်လို့ ပြောချင်ပါတယ်။ ဥပမာ စစ်တပ်ဆိုရင် ရွာတွေကို မီးရှို့တယ်။ မြင်သမျှလူတွေကို အကြမ်းဖက် နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ လုပ်နေတယ်။ ဒီလို လုပ်ရပ်တွေကို ရပ်တန့်ရမယ်။ ဒါမှပဲ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ပွဲမျိုး မဟုတ်ဘဲနဲ့ တဘက်နဲတဘက် လက်နက်ရှိတဲ့သူ အချင်းချင်း ပစ်ခတ်တဲ့ တိုက်ပွဲမျိုးမှာ ပြည်သူတွေကို ရှောင်ကိုရှောင်ရမယ့် ကျင့်ဝတ် ရှိသင့်တယ်။ ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့ အနေနဲ့ဆိုရင်လည်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံကနေဆင့် ဒီလိုမျိုး ပေါ်လစီတွေ၊ ဒီလို အစီအစဉ်တွေ ပေါ်လာဖို့အတွက် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေး အစိုးရကိုပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပဲ ဖြစ်ဖြစ် ကျမတို့ ချဉ်းကပ်ပြီးတော့မှ ဒီလို ပေါ်လစီတွေ၊ မူတွေ ချမှတ်လာအောင်လို့ ဆွေးနွေးညှိနှိုင်းနေတာမျိုးတွေလည်း ရှိပါတယ်။”

ဆိုတော့ ခုလို အခြေအနေမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့က ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေပါသလဲ။

“ကာကွယ်ပေးမှုတွေကတော့ လောလောဆယ်မှာ တော်တော်လေးကို အရေးတကြီး လိုအပ်နေတာပေါ့။ ဘယ်နေရာမှာပဲ တိုက်ပွဲဖြစ်ဖြစ် အမျိုးသမီးတွေက ပစ်မှတ်ပုံစံမျိုး ဖြစ်နေတဲ့ အနေအထားမှာ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေက အမျိုးသမီးတွေကို ပစ်မှတ်ထားနေတာတွေ ရပ်သင့်တယ်။ တပြိုင်နက်တည်းမှာပဲ ဒီဘက်မှာ ကျမတို့ လုပ်လို့ရသလောက် ဆိုရင်တော့ အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့လည်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ လိုက်နာရမယ့် ကျင့်ဝတ်တွေ စည်းကမ်းတွေကို ကိုယ့်ရဲ့စီမံမှုအောက်မှာ ရှိနေတဲ့ တပ်တွင်းမှာ သေသေချာချာ လိုက်နာကျင့်သုံးတာတွေကို လုပ်ဆောင်ပေးရပါမယ်။”

လက်ရှိမှာတော့ အားလုံးပူးပေါင်းပြီးတော့မှ ဒီအခြေအနေကို ဟန့်တားဖို့ ကြိုးစားကြရမယ်လို့ ထင်ပါတယ်။

“ဟုတ်ကဲ့ပါရှင့်။ ခုလို အခြေအနေမှာဆိုရင် အားလုံး ပူးပေါင်းပြီးတော့မှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရမယ့်အပြင် သက်ဆိုင်ရာ stateholder တွေ၊ အဓိက ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က နိုင်ငံရေးက ပထမ၊ အမျိုးသမီးရေးက ဒုတိယဆိုတဲ့ ဒီလိုစဉ်းစားချက်တွေကို ဘေးဖယ်ပြီးတော့ စစ်ပဋိပက္ခကြောင့် ကျူးလွန်ခံနေရတဲ့ အမျိုးသမီးတွေ အတွက်လည်း အစီအစဉ်တွေ စနစ်တကျနဲ့ သေသေချာချာလေး လုပ်ဆောင်ထားဖို့လည်း လိုအပ်တယ်။ အဲ့ဒီလို လုပ်ဆောင်ထားမယ်လို့လည်း ကျမတို့က မျှော်လင့်ပါတယ်။”

ဆိုလိုတာက အခုကတည်းကစပြီးတော့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အခွင့်အရေး အကာအကွယ်ပေးမှုတွေကို စ လုပ်သင့်တယ်။ တချိန် မြန်မာနိုင်ငံ အခြေအနေ ကောင်းသွားမှ၊ အာဏာရှင်ကို ဖြုတ်ချနိုင်ပြီး ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်လာတော့မှ မဟုတ်ဘဲ၊ ဒါတွေကို ခုချိန်ကတည်းက တပြိုင်နက်တည်း ပြင်ဆင် လုပ်ဆောင် သွားရမယ်လို့ ပြောတာလို့ နားလည်ပါတယ်။

“ဟုတ်ကဲ့ပါရှင့်။ ကျမတို့က အသွင်ကူးပြောင်းရေးကာလကို အခုကတည်းက ဆွဲနေသလိုပဲ ဒီ စစ်ပဋိပက္ခကြောင့် နစ်နာတဲ့သူတွေ အကုန်လုံး အတွက်ကို တခါတည်း လိုအပ်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်ထားရင်တော့ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြန်လည် ထူထောင်ရေးကို သွားနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင့်။”

ခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။”

XS
SM
MD
LG