သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ၀န္ႀကီး အစည္းအေ၀းအေပၚ အကဲခတ္ေတြအျမင္


Cambodia ASEAN

[[ ZAWGYI / UNICODE ]]

အာဆီယံ၀န္ႀကီး အစည္းအေ၀းအေပၚ အကဲခတ္ေတြအျမင္

ႏိုဝင္ဘာထဲ က်င္းပမယ့္ အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာ့အေရးကို ဘယ္လို ကိုင္တြယ္သင့္တယ္ဆိုတာကို အာဆီယံဝန္ႀကီးေတြ ဒီေန႔ ဂ်ကာတာမွာ ႀကိဳတင္ တိုင္ပင္ေဆြးေႏြး ၾကမွာျဖစ္တယ္လို႔ ျမန္မာ့အေရး သုံးသပ္သူေတြက ေျပာပါတယ္။ အာဆီယံက လက္ရွိ ကိုင္စဲြထားတဲ့ ဘုံသေဘာတူခ်က္ ၅ ရပ္ကို ျပန္ သုံးသပ္ဖို႔ရွိၿပီး၊ ျပင္ဆင္ဖို႔ အႀကံျပဳခ်က္ေတြလည္းရွိေနေပမဲ့၊ လက္ရွိထက္ ပိုတိုးၿပီး လုပ္ႏိုင္မယ့္ အလားအလာ နည္းႏိုင္တယ္လို႔ သုံးသပ္ၾကပါတယ္။ ဘာေၾကာင့္ပါလဲ၊ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္းက တင္ျပထားပါတယ္။

ဒီ တေခါက္ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီမ်ား အထူးအစည္းအေဝး ထူးျခားမႈနဲ႔ ပတ္သက္လို႔ ျမန္မာ့အေရး သုံးသပ္သူ လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းက -

" ဒီတေခါက္ကေတာ့ ထိပ္သီးညီလာခံကို ျပင္ဆင္တဲ့ အေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ဘယ္လုိသေဘာထားမလဲဆိုတာ ေဆြးေႏြးမယ္လို႔ ဖတ္လိုက္ရပါတယ္။ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္ထည္ ေဖၚဖို႔ဆိုတဲ့ ကေမၻာဒီးယားရဲ႕ ခ်ညး္ကပ္မႈက အလုပ္မျဖစ္ဘူးဆိုၿပီးေတာ့ ဒီထက္ျပင္းထန္တာလုပ္ဖုိ႔ မေလးရွား/ အင္ဒိုနီးရွားက ေျပာရွိသလို၊ ဖိလစ္ပိုင္ကေတာ့ နစကကို ျပန္ဖိတ္ၿပီး စကားေျပာတာမ်ဳိးလုပ္ဖို႔ ေျပာတာလည္းရွိေတာ့ သေဘာထားကြဲေနၾကတယ္။ "

ဒီအေပၚမွာ ISP ျမန္မာအဖြဲ႔ ညႊန္ၾကားေရးမွဴး ဦးေအာင္သူၿငိမ္းကလည္း -

" လက္ရွိ အာဆီယံ ဘုံသေဘာတူခ်က္ ၅ ရပ္က ဆက္ၿပီး လက္ေတြ႔ အေကာင္ထည္ေဖၚဖို႔ မျဖစ္ႏိုင္သလို၊ စစ္အစိုးရဖက္ကလည္း လုိက္ေလ်ာဖို႔ မရွိဘူး။ အဲဒီေတာ့ အာဆီယံဖက္က ပိုတင္းမာတဲ့ သေဘာထား ခ်မွတ္မလား.. ဒါလည္း ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ အဲဒီ ၅ ခ်က္ကို ေလ်ာ့ေပါ့စဥ္းစား မလားေပါ့ ၊ ဒါလည္း ျဖစ္ႏိုင္တယ္။ သူတို႔က လက္ေတြ႔က်တဲ့ ခ်ညး္ကပ္မႈမ်ဳိး ပိုလုပ္မယ္ထင္တယ္။ ဒီႏွစ္ကုန္မွာ ကေမၻာဒီးယားက အာဆီယံဥကၠဌ ရာထူးကို လႊဲေပးရေတာ့မယ္ဆိုေတာ့ ဘာမွအေျပာင္းအလဲ မရွိပဲ သူ႔လက္ထဲ ေရာက္လာမွာကို အင္ဒိုနီးရွားကလည္း လုိခ်င္မွာ မဟုတ္ဘူးထင္တယ္။ အဲလိုအေနအထားမွာ ၾကားအေျဖတခု စဥ္းစားမယ္ထင္တယ္။ "

အဓိက ဘယ္လို အေျခအေန ျဖစ္လာႏိုင္ပါသလဲ။ သီေပါၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေဟာင္း ဦးရဲထြန္းက -

" ေနာက္ဆုံး ျဖစ္ႏိုင္တာက ပိုေနျမဲ- က်ားေနျမဲ ေပါ့ အခုတိုင္းပဲ ဆက္သြားမယ္ထင္တယ္။ နစက ကို ပစ္ပယ္ၿပီး NUG ကိုအသိမွတ္ျပဳဖို႔ မျဖစ္ႏိုင္သလုိ၊ နစက ဥကၠဌကို စည္းေဝးဖိတ္ဖို႔ ဆိုတာလည္း ျဖစ္ႏိုင္မယ့္အလားအလာ မရွိဘူး။ ဘာလို႔လည္းဆိုေတာ့ အာဆီယံဖက္က သိပ္ၿပီး တင္းမာလုိက္ရင္ ျမန္မာက အာဆီယံကေန ထြက္မလုိျဖစ္ေနတဲ့ ေလသံ ၾကားေနရတာကိုး။ အဲလို ထြက္သြားရင္ ေဆြးေႏြးဖို႔ ခ်ည္းကပ္ရ ပိုခက္သြားမလားလို႔ စဥ္းစားသူေတြလည္း ရွိလိမ့္မယ္ ထင္တယ္။ "

အခုလို နဂိုအေျခအေနအတုိင္း ဆက္ၿပီး ျဖစ္ႏုိင္ေျခကို ICG ႏိုင္ငံတကာပဋိပကၡ ေလ့လာေရးအဖြဲ႔ အႀကီးတန္း အႀကံေပး ရစ္ခ်တ္-ဟုိေဆးကလည္း သေဘာတူပါတယ္။

" ASEAN အေနနဲ႔ လက္ရွိ ရပ္တည္ခ်က္ကေန ႀကီးႀကီးမားမား အေျပာင္းအလဲ လုပ္လာမယ္ ဆုိရင္ က်ေနာ္ အံ့ၾသမိမွာပါ။ အခုရပ္တည္ခ်က္ျဖစ္တဲ့ စကစဥကၠဌကို မဖိတ္တာ ၊ ႏိုင္ငံျခားေရး ဝန္ႀကီးကို မဖိတ္တာ အဲဒီအတုိင္း အခုအစည္းအေဝးမွာ ဆက္ၿပီး အတည္ျပဳၾကမယ္ ထင္ပါတယ္။ က်ေနာ္ထင္တာကေတာ့ မေလးရွားကလည္း သူတုိ႔ရဲ႕လာမယ္ ေရြးေကာက္ပဲြအတြက္ ပိုၿပီးအာရုံစိုက္ေနရပါၿပီ။ ကေမၻာဒီးယား၊ လာအို၊ ဗီယက္နမ္ ဖိလစ္ပိုင္ တို႔က်ေတာ့ တခုခု လႈပ္ခတ္သြားေအာင္ မဆြခ်င္ၾကပါဘူး။ တခုပဲရွိတာက အင္ဒိုနီးရွားပါ။ သူက လာမယ့္ အာဆီယံဥကၠဌ တာဝန္ ယူမွာဆုိေတာ့ ဒီကိစၥ အမ်ားႀကီး စဥ္းစားေနရပါတယ္။ ဒါေပမဲ့ သူလည္း ဘယ္လိုကုိင္တြယ္မလဲဆိုတာ ျပင္ဆင္ထားပုံ မရေသးပါဘူး။ လက္ရွိရပ္တည္ခ်က္ အတုိင္းပဲ ဆက္သြားမယ့္ သေဘာလို႔ျမင္ပါတယ္။ "

အခုလို အေျခအေနမွာ အာဆီယံကို ဘယ္လိုအႀကံျပဳခ်င္ပါသလဲ ေမးရာမွာ - ဦးရဲထြန္းက နစက ဥကၠဌက ကတိေပးဖူးတဲ့အတုိင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေစာႏိုင္သမွ် ေစာၿပီး ေတြ႔ဖုိ႔ ႀကဳိးစားသင့္တယ္။ အဲဒီလုိဆိုရင္ ႏိုင္ငံတြင္း လက္နက္ကိုင္ပဋိပကၡနဲ႔ ျပည္တြင္းဒုကၡ အေနအထား အမ်ားႀကီး သက္သာသြားႏိုင္ပါတယ္။

အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ထဲက အၾကမ္းဖက္မႈ ေလွ်ာ့ခ်ေရး ဆုိတာကို စစ္ေကာင္စီက အေကာင္ထည္ မေဖၚပဲ အၾကမ္းဖက္မႈေတြ ဆက္ျဖစ္ေနတာေၾကာင့္ ၊ အာဆီယံဖက္က ပိုမိုျပင္းထန္တဲ့ လုပ္ေဆာင္ခ်က္ေတြ ခ်မွတ္လာမလားလို႔ ေမွ်ာ္လင့္သူေတြလည္း ရွိေနပါတယ္။

အာဆီယံ၀န္ႀကီး အစည္းအေ၀းအေပၚ အကဲခတ္ေတြအျမင္
please wait

No media source currently available

0:00 0:05:23 0:00
တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

အာဆီယံဝန်ကြီး အစည်းအဝေးအပေါ် အကဲခတ်တွေအမြင်

နိုဝင်ဘာထဲ ကျင်းပမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာကို အာဆီယံဝန်ကြီးတွေ ဒီနေ့ ဂျကာတာမှာ ကြိုတင် တိုင်ပင်ဆွေးနွေး ကြမှာဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။ အာဆီယံက လက်ရှိ ကိုင်စွဲထားတဲ့ ဘုံသဘောတူချက် ၅ ရပ်ကို ပြန် သုံးသပ်ဖို့ရှိပြီး၊ ပြင်ဆင်ဖို့ အကြံပြုချက်တွေလည်းရှိနေပေမဲ့၊ လက်ရှိထက် ပိုတိုးပြီး လုပ်နိုင်မယ့် အလားအလာ နည်းနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဘာကြောင့်ပါလဲ၊ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြထားပါတယ်။

ဒီ တခေါက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီများ အထူးအစည်းအဝေး ထူးခြားမှုနဲ့ ပတ်သက်လို့ မြန်မာ့အရေး သုံးသပ်သူ လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက -

" ဒီတခေါက်ကတော့ ထိပ်သီးညီလာခံကို ပြင်ဆင်တဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ ဆွေးနွေးမယ်လို့ ဖတ်လိုက်ရပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်ထည် ဖေါ်ဖို့ဆိုတဲ့ ကမ္ဘောဒီးယားရဲ့ ချည်းကပ်မှုက အလုပ်မဖြစ်ဘူးဆိုပြီးတော့ ဒီထက်ပြင်းထန်တာလုပ်ဖို့ မလေးရှား/ အင်ဒိုနီးရှားက ပြောရှိသလို၊ ဖိလစ်ပိုင်ကတော့ နစကကို ပြန်ဖိတ်ပြီး စကားပြောတာမျိုးလုပ်ဖို့ ပြောတာလည်းရှိတော့ သဘောထားကွဲနေကြတယ်။ "

ဒီအပေါ်မှာ ISP မြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကလည်း -

" လက်ရှိ အာဆီယံ ဘုံသဘောတူချက် ၅ ရပ်က ဆက်ပြီး လက်တွေ့ အကောင်ထည်ဖေါ်ဖို့ မဖြစ်နိုင်သလို၊ စစ်အစိုးရဖက်ကလည်း လိုက်လျောဖို့ မရှိဘူး။ အဲဒီတော့ အာဆီယံဖက်က ပိုတင်းမာတဲ့ သဘောထား ချမှတ်မလား.. ဒါလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲဒီ ၅ ချက်ကို လျော့ပေါ့စဉ်းစား မလားပေါ့ ၊ ဒါလည်း ဖြစ်နိုင်တယ်။ သူတို့က လက်တွေ့ကျတဲ့ ချည်းကပ်မှုမျိုး ပိုလုပ်မယ်ထင်တယ်။ ဒီနှစ်ကုန်မှာ ကမ္ဘောဒီးယားက အာဆီယံဥက္ကဌ ရာထူးကို လွှဲပေးရတော့မယ်ဆိုတော့ ဘာမှအပြောင်းအလဲ မရှိပဲ သူ့လက်ထဲ ရောက်လာမှာကို အင်ဒိုနီးရှားကလည်း လိုချင်မှာ မဟုတ်ဘူးထင်တယ်။ အဲလိုအနေအထားမှာ ကြားအဖြေတခု စဉ်းစားမယ်ထင်တယ်။ "

အဓိက ဘယ်လို အခြေအနေ ဖြစ်လာနိုင်ပါသလဲ။ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက -

" နောက်ဆုံး ဖြစ်နိုင်တာက ပိုနေမြဲ- ကျားနေမြဲ ပေါ့ အခုတိုင်းပဲ ဆက်သွားမယ်ထင်တယ်။ နစက ကို ပစ်ပယ်ပြီး NUG ကိုအသိမှတ်ပြုဖို့ မဖြစ်နိုင်သလို၊ နစက ဥက္ကဌကို စည်းဝေးဖိတ်ဖို့ ဆိုတာလည်း ဖြစ်နိုင်မယ့်အလားအလာ မရှိဘူး။ ဘာလို့လည်းဆိုတော့ အာဆီယံဖက်က သိပ်ပြီး တင်းမာလိုက်ရင် မြန်မာက အာဆီယံကနေ ထွက်မလိုဖြစ်နေတဲ့ လေသံ ကြားနေရတာကိုး။ အဲလို ထွက်သွားရင် ဆွေးနွေးဖို့ ချည်းကပ်ရ ပိုခက်သွားမလားလို့ စဉ်းစားသူတွေလည်း ရှိလိမ့်မယ် ထင်တယ်။ "

အခုလို နဂိုအခြေအနေအတိုင်း ဆက်ပြီး ဖြစ်နိုင်ခြေကို ICG နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ အကြီးတန်း အကြံပေး ရစ်ချတ်-ဟိုဆေးကလည်း သဘောတူပါတယ်။

" ASEAN အနေနဲ့ လက်ရှိ ရပ်တည်ချက်ကနေ ကြီးကြီးမားမား အပြောင်းအလဲ လုပ်လာမယ် ဆိုရင် ကျနော် အံ့သြမိမှာပါ။ အခုရပ်တည်ချက်ဖြစ်တဲ့ စကစဥက္ကဌကို မဖိတ်တာ ၊ နိုင်ငံခြားရေး ဝန်ကြီးကို မဖိတ်တာ အဲဒီအတိုင်း အခုအစည်းအဝေးမှာ ဆက်ပြီး အတည်ပြုကြမယ် ထင်ပါတယ်။ ကျနော်ထင်တာကတော့ မလေးရှားကလည်း သူတို့ရဲ့လာမယ် ရွေးကောက်ပွဲအတွက် ပိုပြီးအာရုံစိုက်နေရပါပြီ။ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ဖိလစ်ပိုင် တို့ကျတော့ တခုခု လှုပ်ခတ်သွားအောင် မဆွချင်ကြပါဘူး။ တခုပဲရှိတာက အင်ဒိုနီးရှားပါ။ သူက လာမယ့် အာဆီယံဥက္ကဌ တာဝန် ယူမှာဆိုတော့ ဒီကိစ္စ အများကြီး စဉ်းစားနေရပါတယ်။ ဒါပေမဲ့ သူလည်း ဘယ်လိုကိုင်တွယ်မလဲဆိုတာ ပြင်ဆင်ထားပုံ မရသေးပါဘူး။ လက်ရှိရပ်တည်ချက် အတိုင်းပဲ ဆက်သွားမယ့် သဘောလို့မြင်ပါတယ်။ "

အခုလို အခြေအနေမှာ အာဆီယံကို ဘယ်လိုအကြံပြုချင်ပါသလဲ မေးရာမှာ - ဦးရဲထွန်းက နစက ဥက္ကဌက ကတိပေးဖူးတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စောနိုင်သမျှ စောပြီး တွေ့ဖို့ ကြိုးစားသင့်တယ်။ အဲဒီလိုဆိုရင် နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းဒုက္ခ အနေအထား အများကြီး သက်သာသွားနိုင်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထဲက အကြမ်းဖက်မှု လျှော့ချရေး ဆိုတာကို စစ်ကောင်စီက အကောင်ထည် မဖေါ်ပဲ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ၊ အာဆီယံဖက်က ပိုမိုပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်လာမလားလို့ မျှော်လင့်သူတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG