သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး အာဆီယံဝန္ႀကီးေတြ အေရးေပၚ ေဆြးေႏြး


Asean Meeting without Myanmar

ျမန္မာ့အေရးကို ျပန္လည္သံုးသပ္မယ့္ အာဆီယံေခါင္းေဆာင္ေတြရဲ႕ အေရးေပၚအစည္းေဝးတရပ္ကို လာမယ့္ သီတင္းပတ္ ၾကာသပေတးေန႔မွာ အာဆီယံအတြင္းေရးမႈးခ်ဳပ္ ရံုးရွိရာ ဂ်ကာတာမွာ က်င္းပမွာ ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး AFP သတင္းမွာေဖၚျပပါတယ္။

Zawgyi

ျမန္မာ့အေရး အာဆီယံဝန္ႀကီးေတြ အေရးေပၚ ေဆြးေႏြး

ျမန္မာ့အေရးကို ျပန္လည္သံုးသပ္မယ့္ အာဆီယံေခါင္းေဆာင္ေတြရဲ႕ အေရးေပၚအစည္းေဝးတရပ္ကို လာမယ့္ သီတင္းပတ္ ၾကာသပေတးေန႔မွာ အာဆီယံအတြင္းေရးမႈးခ်ဳပ္ ရံုးရွိရာ ဂ်ကာတာမွာ က်င္းပမွာ ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး AFP သတင္းမွာေဖၚျပပါတယ္။

ႏိုဝင္ဘာထိပ္သီးအစည္းအေဝး မတိုင္ခင္ ျမန္မာႏိုင္ငံမွာ ျဖစ္ပြါးေနတဲ့ တခ်ိဳ႕ကိစၥရပ္ေတြအတြက္ ျပန္လည္သံုးသပ္ဖို႔ လိုအပ္တာေၾကာင့္ အထူူးအစည္းေဝး တရပ္ ေခၚယူရတာ ျဖစ္ၿပီး ျမန္မာစစ္ေကာင္စီအေနနဲ႔ အာဆီယံက ခ်မွတ္ထားတဲ့ အစီအစဥ္အတြက္ ခိုင္ခိုင္မာမာ အေကာင္ထည္ ေဖၚတာမေတြ႕ရသလို အေကာင္ထည္ေဖၚလိုတဲ့ ဆႏၵရွိေၾကာင္းလည္း မျပခဲ့ဘူးလို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖၚဝါရီ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ေပၚေပါက္ေနတဲ့ အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းဖို႔၊ လူသားစာနာမႈ အကူညီတိုးေပးဖို႔၊ စစ္တပ္နဲ႔ အာဏာသိမ္းမႈဆန္႔က်င္သူေတြၾကား ေဆြးေႏြးပြဲေတြ လုပ္ဖို႔ေတြ ပါဝင္တဲ့ အခ်က္ ၅ ခ်က္ကို အာဆီယံက မႏွစ္က ဧၿပီလထဲ ခ်မွတ္ထားတာ ျဖစ္ေပမယ့္ တိုးတက္မႈသိပ္တဲ့အျပင္ ႏိုင္ငံေရးအက်ဥ္းသားေတြကို ကြပ္မ်က္တာနဲ႔ မူလတန္းေက်ာင္းကို ေလေၾကာင္းတိုက္ခိုက္တာအပါအဝင္ အၾကမ္းဖက္မႈေတြနဲ႔ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ တိုးလာေနတာ ျဖစ္ပါတယ္။

လာမယ့္ ၾကာသပေတးေန႔ က်င္းပမယ့္ အထူးအစည္းေဝးကို အာဆီယံရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ႀကီးမႈးက်င္းပမွာ ျဖစ္ပါတယ္။ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Chum Sounry ကေတာ့ စက္တင္ဘာလထဲက စီစဥ္ထားတဲ့ ျမန္မာႏိုင္ငံကို အထူးကိုယ္စားလွယ္ တတိယအႀကိမ္သြားေရာက္ဖို႔ကိစၥနဲ႔ ခိုင္မာတဲ့လုပ္ေဆာင္မႈေတြ အတြက္ ေဆြးေႏြးဖို႔ ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ကို ျမန္မာႏိုင္ငံကို ေစလႊတ္ထားေၾကာင္းနဲ႔ ျမန္မာဘက္က အေၾကာင္းျပန္မွာကို ေစာင့္ေနတယ္လို႔ ေျပာပါတယ္။

အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္းေဝးေတြအတြက္ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို မဖိတ္တာ အခုဆို ဒုတိယႏွစ္ထဲ ေရာက္လာပါၿပီ။ ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကိုလည္း ေဖေဖၚဝါရီနဲ႔ ၾသဂုတ္လ အာဆီယံဝန္ႀကီးမ်ားအဆင့္ ေဆြးေႏြးပြဲေတြ တက္ေရာက္ဖို႔ မဖိတ္ခဲ့ပါဘူး။

Unicode

မြန်မာ့အရေး အာဆီယံဝန်ကြီးတွေ အရေးပေါ် ဆွေးနွေး

မြန်မာ့အရေးကို ပြန်လည်သုံးသပ်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းဝေးတရပ်ကို လာမယ့် သီတင်းပတ် ကြာသပတေးနေ့မှာ အာဆီယံအတွင်းရေးမှုးချုပ် ရုံးရှိရာ ဂျကာတာမှာ ကျင်းပမှာ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာဖေါ်ပြပါတယ်။

နိုဝင်ဘာထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ တချို့ကိစ္စရပ်တွေအတွက် ပြန်လည်သုံးသပ်ဖို့ လိုအပ်တာကြောင့် အထူူးအစည်းဝေး တရပ် ခေါ်ယူရတာ ဖြစ်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ အစီအစဉ်အတွက် ခိုင်ခိုင်မာမာ အကောင်ထည် ဖေါ်တာမတွေ့ရသလို အကောင်ထည်ဖေါ်လိုတဲ့ ဆန္ဒရှိကြောင်းလည်း မပြခဲ့ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ လူသားစာနာမှု အကူညီတိုးပေးဖို့၊ စစ်တပ်နဲ့ အာဏာသိမ်းမှုဆန့်ကျင်သူတွေကြား ဆွေးနွေးပွဲတွေ လုပ်ဖို့တွေ ပါဝင်တဲ့ အချက် ၅ ချက်ကို အာဆီယံက မနှစ်က ဧပြီလထဲ ချမှတ်ထားတာ ဖြစ်ပေမယ့် တိုးတက်မှုသိပ်တဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်တာနဲ့ မူလတန်းကျောင်းကို လေကြောင်းတိုက်ခိုက်တာအပါအဝင် အကြမ်းဖက်မှုတွေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေးနေ့ ကျင်းပမယ့် အထူးအစည်းဝေးကို အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကြီးမှုးကျင်းပမှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Chum Sounry ကတော့ စက်တင်ဘာလထဲက စီစဉ်ထားတဲ့ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် တတိယအကြိမ်သွားရောက်ဖို့ကိစ္စနဲ့ ခိုင်မာတဲ့လုပ်ဆောင်မှုတွေ အတွက် ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ထားကြောင်းနဲ့ မြန်မာဘက်က အကြောင်းပြန်မှာကို စောင့်နေတယ်လို့ ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးတွေအတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မဖိတ်တာ အခုဆို ဒုတိယနှစ်ထဲ ရောက်လာပါပြီ။ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖေဖေါ်ဝါရီနဲ့ သြဂုတ်လ အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ မဖိတ်ခဲ့ပါဘူး။

XS
SM
MD
LG