သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံနဲ႔ ႏိုင္ငံတကာ ဝိုင္းဝန္းေျဖရွင္းၾကဖို႔ အင္ဒိုနီးရွားတိုက္တြန္း 


World leaders address the 77th Session of the United Nations General Assembly at U.N. Headquarters in New York City

ျမန္မာ့အေရး အာဆီယံနဲ႔ ႏိုင္ငံတကာ ဝိုင္း၀န္းေျဖရွင္းၾကဖို႔ အင္ဒိုနီးရွားတိုက္တြန္း

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ထြန္းကားေရးဟာ အလြန္အေရးႀကီးတဲ့ ကိစၥရပ္တခုျဖစ္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႔ ကူညီပံ့ပိုးမႈဟာ အလြန္အေရးပါေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က တနလၤာေန႔က ကုလသမဂၢ အေထြေထြ ညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။

“အေရွ႔ေတာင္အ ာရွႏိုင္ငံမ်ား အသင္းႀကီး ASEAN အေနနဲ႔လည္း ျမန္မာႏိုင္ငံ အေရးကို အေလးထား ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ျမန္မာအေရး ASEAN ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ျမန္မာစစ္ေကာင္စီ အေနနဲ႔ အေကာင္အထည္ေဖၚဖို႔ ပ်က္ကြက္တဲ့အေပၚ အင္ဒိုနီးရွား အေနနဲ႔ လြန္စြာမွစိုးရိမ္မိပါတယ္။ အာဆီယံအေနနဲ႔ ျမန္မာ့အေရး ေရွ႔ဆက္တိုးႏိုင္ေအာင္ ေဆာင္ရြက္ရပါမယ္။ ျမန္မာျပည္က အေျခအေနေတြနဲ႔ ASEAN အသင္းႀကီးကို အၾကပ္ကိုင္ခံရတာမ်ိဳး မျဖစ္ဖို႔လိုပါတယ္ လို႔” အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီးက ကုလသမဂၢ အေထြေထြ ညီလာခံမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။

ျမန္မာစစ္တပ္ဟာ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလက အာဏာသိမ္းခဲ့ၿပီး အတိုက္အခံေတြကို ႏွိမ္နင္းကာ တိုင္းျပည္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ၾကိဳးပမ္းေနတယ္လို႔လည္း အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က ကုလသမဂၢညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာ့အေရး ေျဖရွင္းရာမွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႔ ကူညီပ့ံပိုးမႈဟာ အေရးႀကီးၿပီး၊ အထူးသျဖင့္ အိမ္နီးခ်င္း ႏိုင္ငံေတြရဲ႕ အခန္းက႑ဟာ အေရးပါတယ္လို႔လည္း အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုခဲ့တာပါ။

ထိုင္းႏိုင္ငံျခားေရး၀န္ႀကီး Don Pramudwinai ကေတာ့ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္းေတြကို အာဆီယံက ကိုင္တြယ္ေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ကုလသမဂၢ အေထြေထြ ညီလာခံ မိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................................

မြန်မာ့အရေး အာဆီယံနဲ့ နိုင်ငံတကာ ဝိုင်းဝန်းဖြေရှင်းကြဖို့ အင်ဒိုနီးရှားတိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးဟာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုဟာ အလွန်အရေးပါကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

“အရှေ့တောင်အ ာရှနိုင်ငံများ အသင်းကြီး ASEAN အနေနဲ့လည်း မြန်မာနိုင်ငံ အရေးကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာအရေး ASEAN ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီ အနေနဲ့ အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်တဲ့အပေါ် အင်ဒိုနီးရှား အနေနဲ့ လွန်စွာမှစိုးရိမ်မိပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေး ရှေ့ဆက်တိုးနိုင်အောင် ဆောင်ရွက်ရပါမယ်။ မြန်မာပြည်က အခြေအနေတွေနဲ့ ASEAN အသင်းကြီးကို အကြပ်ကိုင်ခံရတာမျိုး မဖြစ်ဖို့လိုပါတယ် လို့” အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက အာဏာသိမ်းခဲ့ပြီး အတိုက်အခံတွေကို နှိမ်နင်းကာ တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ကုလသမဂ္ဂညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုဟာ အရေးကြီးပြီး၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံက ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

XS
SM
MD
LG