သံုးရလြယ္ကူေစသည့္ Link မ်ား

ျမန္မာ႔အေရး ကုလ ကိုင္တြယ္ပံု မေလးရွား စိတ္ပ်က္


မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob

[[ ZAWGYI / UNICODE ]]

ျမန္မာ႔အေရး ကုလ ကိုင္တြယ္ပံု မေလးရွား စိတ္ပ်က္

ျမန္မာႏိုင္ငံရဲ႕ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး အၾကပ္အတည္းအေပၚ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕တုံ႔ျပန္ကိုင္တြယ္မႈနဲ႔ ပတ္သက္လို႔ စိတ္ပ်က္မိေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob က ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထုတ္ေဖာ္ေျပာၾကားခဲပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အေနနဲ႔ ျမန္မာ့ႏိုင္ငံေရးအေပၚ အေလးထား လုပ္ေဆာင္မႈ နည္းနည္းေလးမွ မရွိခဲ့ေၾကာင္း နဲ႔ တုံ႔ျပန္ေျဖရွင္းမႈေတြကလည္း ေတာ္ေတာ္ကို ဝမ္းနည္းစရာျဖစ္ေၾကာင္း Ismail က ၇၇ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမိန္းခြန္းထဲမွာ ေျပာၾကားသြားပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနနဲ႔ ဒီကိစၥ လက္ေရွာင္ေနၿပီး ASEAN ကို လႊဲေျပာင္းေပးေနတယ္လို႔ေတာင္ တခ်ဳိ႕က ျမင္ေနၾကတယ္လို႔လည္း သူကေျပာပါတယ္။

ဒါအျပင္ ရုိဟင္ဂ်ာ အပါအဝင္ ဒုကၡသည္ သန္းေပါင္းမ်ားစြာရဲ႕ အေျခအေနေတြဟာ ပိုၿပီး ဆိုးဝါးလာခဲ့တယ္လို႔ သူကေျပာပါတယ္။ မိမိတို႔ မေလးရွားႏိုင္ငံဟာ ဆိုရင္ ရိုဟင္ဂ်ာ ဒုကၡသည္ ၂ သိန္းနီးပါးေလာက္ ေရာက္ရွိ လက္ခံထားရတယ္လို႔လည္း သူကေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

မြန်မာ့အရေး ကုလ ကိုင်တွယ်ပုံ မလေးရှား စိတ်ပျက်

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တုံ့ပြန်ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောကြားခဲပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့နိုင်ငံရေးအပေါ် အလေးထား လုပ်ဆောင်မှု နည်းနည်းလေးမှ မရှိခဲ့ကြောင်း နဲ့ တုံ့ပြန်ဖြေရှင်းမှုတွေကလည်း တော်တော်ကို ဝမ်းနည်းစရာဖြစ်ကြောင်း Ismail က ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန်းခွန်းထဲမှာ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စ လက်ရှောင်နေပြီး ASEAN ကို လွှဲပြောင်းပေးနေတယ်လို့တောင် တချို့က မြင်နေကြတယ်လို့လည်း သူကပြောပါတယ်။

ဒါအပြင် ရိုဟင်ဂျာ အပါအဝင် ဒုက္ခသည် သန်းပေါင်းများစွာရဲ့ အခြေအနေတွေဟာ ပိုပြီး ဆိုးဝါးလာခဲ့တယ်လို့ သူကပြောပါတယ်။ မိမိတို့ မလေးရှားနိုင်ငံဟာ ဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးလောက် ရောက်ရှိ လက်ခံထားရတယ်လို့လည်း သူကပြောသွားပါတယ်။

XS
SM
MD
LG