သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ အခက္အခဲ ျမန္မာ့အက်ပ္အတည္း


oreign ministers of the Association of Southeast Asian Nations (ASEAN) pose for a photo during a photo session in Phnom Penh, Cambodia.

ေဒသတခုလုံးကို ႐ိုက္ခတ္လာေနတဲ့ ျမန္မာျပႆနာကို အာဆီယံ ကိုင္တြယ္ရခက္ေနခ်ိန္ ျမန္မာကို အာဆီယံက ထုတ္ပစ္ႏိုင္မလား။ သို႔တည္းမဟုတ္ ျမန္မာကပဲ ႏႈတ္ထြက္ႏိုင္ပါသလား။ အာဆီယံနဲ႔ ျမန္မာ သီးျခား ကင္းကင္းရွင္းရွင္းေနဖို႔ ဆိုတာေကာ ျဖစ္ႏိုင္ပါသလား။ ျမန္မာအေရးသုံးသပ္သူ ISP (Myanmar) ျမန္မာႏိုင္ငံမဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႔ ညႊန္ၾကားေရးမႉး ဦးေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာနဲ႔ အာဆီယံအၾကား ျဖစ္ေနတဲ့ ျပႆနာပါပဲ။ တကယ္ေတာ့ က်ေနာ္ ပထမစဥ္းစားတာကေတာ့ ျမန္မာဟာ အာဆီယံက ႏႈတ္ထြက္မလားဆိုၿပီးေတာ့ စဥ္းစားပါတယ္။ ဒါေပမဲ့လဲ အာဆီယံထဲမွာလဲ ျမန္မာကို ထုတ္ျပစ္ခ်င္တဲ့ အစိတ္အပိုင္းတခ်ဳိ ႔ ရိွေနေလေတာ့ က်ေနာ္ ေမးသင့္တဲ့ေမးခြန္းဟာ ျမန္မာဟာ အာဆီယံက ႏႈတ္ထြက္မလားဆိုတာထက္၊ ျမန္မာနဲ႔ အာဆီယံ အိုးစားကြဲေတာ့မလားဆုိတဲ့ သေဘာမ်ဳိး ျဖစ္ပါတယ္။ ဒါေပမဲ့ ပထမဦးဆံုးကေတာ့ ျမန္မာက အာဆီယံကေန ႏႈတ္ထြက္မယ္ဆိုတဲ့ သတင္းအနံ႔တခ်ဳိ ႔လဲ ျမန္မာျပည္တြင္းကေန ၾကားေနရပါတယ္ဆိုေတာ့ အဲဒါဟာ ဘယ္ေလာက္ျဖစ္ႏုိင္သလဲဆိုတာနဲ႔ တကယ္ေကာ ထြက္ႏုိင္သလားဆိုတာကို ပထမဦးဆံုးေျပာပါ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ သေဘာထားတင္းမာသူေတြလည္း ရိွပါတယ္။ အထူးသျဖင့္ေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနပိုင္းက သေဘာထားတင္းမာတဲ့လူေတြ ရိွတယ္။ ေနာက္တခါ တခ်ဳိ ႔အႀကံေပးေနသူေတြလည္း ရိွတယ္။ သူတုိ႔က ကုလသမဂၢနဲ႔ ပတ္သက္လို႔လည္း တင္းတင္းမာမာ ေဆာင္းပါးေတြ ေရးၾကတာေတြ ရိွတယ္။ အဲဒါအျပင္မွာ ေနာက္တခါမွာ အခု အင္ဒိုနီးရွားက အာဆီယံအလွည့္က် ဥကၠ႒ ျဖစ္လာရင္၊ ဖိအားေတြေပးလာရင္ ႏႈတ္ထြက္ဖို႔ဆိုတဲ့ အသံမ်ဳိးေတြလည္း ျဖစ္တယ္။ ျဖစ္ေတာ့ က်ေနာ္ျမင္တာကေတာ့ အာဆီယံက ဘယ္ေလာက္အေရးပါသည္ျဖစ္ေစ၊ အေရးမပါသည္ျဖစ္ေစ က်ေနာ္တို႔ရဲ ႔ ေဒသဆုိင္ရာအဖြဲ႔ႀကီးျဖစ္ေတာ့ ႏႈတ္မထြက္သင့္ဘူးလို႔ ထင္ပါတယ္။ ေနာက္တခုၾကေတာ့ ေလာေလာဆယ္ ကေမာၻဒီးယားက ပိုၿပီးေတာ့စာနာမႈ ေပးႏုိင္တယ္၊ ပိုနားလည္ႏိုင္တဲ့ အေျခအေနမွာ ကေမာၻဒီးယား လက္ရိွဥကၠ႒ ျဖစ္ေနတဲ့အခ်ိန္မွာ အခြင့္ေကာင္းယူသင့္တယ္လို႔လည္း ထင္ပါတယ္။

ေမး ။ ။ အာဆီယံေပၚမွာ သေဘာထားအယူအဆ ႏွစ္မ်ဳိး ျဖစ္ေနတာေပါ့။ အဲဒါ ဘယ္ဘက္က အားသာႏုိင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ realist လက္ေတြ႔က်တဲ့အုပ္စုကပဲ အႏုိင္ရမယ္လို႔ ထင္ပါတယ္။ က်ေနာ္တုိ႔ ေဒသဆုိင္ရာကိစၥေတြလည္း ပစ္ပယ္လုိ႔ မရႏိုင္ပါဘူး။ ေနာက္တခုက အာဆီယံက အသံုးမက်ဘူးဆိုရင္ေတာင္မွ ကမာၻႀကီးကို ဆက္ဆံဖို႔၊ ေနာက္ထပ္ တံခါးေပါက္။ ဒါေပမဲ့ လက္ေတြ႔အေနအထားမွာေတာ့ စစ္ေကာင္စီဥကၠ႒က အစည္းအေဝးေတြတက္ခြင့္ မရဘူး။ က်န္တဲ့ဝန္ႀကီးေတြကေတာ့ သက္ဆိုင္ရာအစည္းအေဝးေတြ သြားေနၾကပါတယ္။ က်ေနာ္ျမင္တာကေတာ့ လက္ရိွပူးေပါင္းဆက္ဆံေရး အေျခအေနကို ဆက္ထားတာပဲ ေကာင္းပါတယ္။

ေမး ။ ။ ျမန္မာစစ္တပ္က တခါတုန္းကလဲ စစ္အုပ္ခ်ဳပ္ေရးကာလတုန္းကလဲ ႏွစ္ေပါင္းမ်ားစြာ အာဆီယံထဲမွာ မဝင္ဘဲေနခဲ့တယ္။ ၁၉၉၇ ခုနွစ္မွ စဝင္ခဲ့တယ္။ အဲဒီမွာလဲ အာဆီယံဘက္က လက္ခံတာလဲ၊ အဓိကစဥ္းစားခ်က္တခုက သူတုိ႔သာ လက္မခံဘူးဆိုရင္ တရုတ္ရင္ခြင္ထဲကို ပိုေရာက္သြားႏိုင္တယ္ဆုိတဲ့ စဥ္းစားခ်က္နဲ႔ ျမန္မာကို အာဆီယံထဲမွာ ဆြဲထည့္ထားဖို႔ လိုတယ္လို႔ ေတြးခဲ့ၾကတယ္လို႔ တခ်ဳိ ႔ေတြ႔ရပါတယ္။ ဆိုေတာ့ အခုေကာ ျမန္မာႏုိင္ငံဟာ အာဆီယံက ႏႈတ္ထြက္မယ္ဆိုရင္ တရုတ္ဘက္ကို ပိုေရာက္သြားႏုိင္သလား။ တရုတ္ကို ပိုအားကိုးႏိုင္လုိ႔လား။ ႏုိင္ငံတကာအခင္းအက်င္းမွာ အခုအခါမွာ အာဆီယံက ႏႈတ္ထြက္လိုက္ရင္။

ေျဖ ။ ။ အခုအခ်ိန္မွာေတာ့ ၾကည့္ရတာ တရုတ္ထက္စာရင္ ရုရွားထက္ ပိုၿပီးေတာ့ ဆက္ဆံေရးနီးခ်င္တဲ့ ပံုမ်ဳိးေတာ့ ျဖစ္တယ္လို႔ က်ေနာ္ထင္တယ္။ အာဆီယံဘက္ပိုင္းကို ၾကည့္တဲ့အခါၾကေတာ့ အာဆီယံမွာ community ကြန္ျမဴနီတီလို႔ေခၚတဲ့ အသိုက္အဝန္းေတြ ရိွပါတယ္။ Economic Community, Security Community, ေနာက္တခါ Social စသည္ျဖင့္ ရိွတဲ့အခါၾကေတာ့ အဲဒီအစည္းအေဝးေတြမွာေတာ့ အခုအခ်ိန္အထိ တက္တက္ၾကြၾကြ လႈပ္ရွားေနတုန္း ေတြ႔ပါတယ္။ ေနာက္တခါ RCEP လို႔ေခၚတဲ့ စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ ဆိုတာေတြလည္းရိွေတာ့ ႏႈတ္ထြက္မယ္ဆိုရင္ က်ေနာ္တုိ႔အတြက္ အခြင့္အေရးနစ္နာစရာေတြ အမ်ားႀကီးအေၾကာင္းရိွတယ္လုိ႔ ထင္ပါတယ္။

ေမး ။ ။ ႏႈတ္မထြက္ရင္ ျမန္မာက အာဆီယံရဲ ႔ ျဖစ္ေစခ်င္တာကို လံုးဝလက္မခံဘူး၊ ေခါင္းမာမာနဲ႔ တင္းခံေနတယ္ဆိုေတာ့ ဘယ္လုိဆက္သြားၾကမလဲ။ အာဆီယံဘက္က ဘယ္လိုစဥ္းစားလာမလဲ။

ေျဖ ။ ။ အာဆီယံကိုယ္တိုင္လဲ Never United ဘယ္အခါကမွ စည္းလံုးညီညႊတ္မႈ မရိွပါဘူး။ ဆိုေတာ့ အာဆီယံထဲမွာ ျမန္မာနဲ႔ သင့္ျမတ္ၿပီးေတာ့ ပူးေပါင္းလုပ္ခ်င္တဲ့ အုပ္စုေတြ ရိွပါတယ္။ ကေမာၻဒီးယား၊ ထုိင္း၊ ဗိယက္နမ္တို႔က ဒီအထဲပါပါလိမ့္မယ္။ သေဘာထားတင္းမာတာ အဓိကအားျဖင့္ မေလးရွား၊ စကၤာပူလည္း တခါတရံ ေဝဖန္တာေတြ ရိွတယ္။ အင္ဒိုနီးရွားေတာ့ ေသခ်ာေတာ့ မေျပာႏိုင္ဘူး။ အဲဒီလို အေနအထားမွာ အာဆီယံထဲမွာ ျမန္မာကို ဘယ္လိုလုပ္ရမလဲဆိုတာကို ညိွႏိႈင္းလို႔ မရတဲ့ အေျခအေနမ်ဳိး ရိွပါတယ္။ ေနာက္တခါ ျပႆနာကလဲ အေမရိကန္က၊ အာဆီယံကို အသံုးခ်ၿပီးေတာ့ ျမန္မာကို ဖိအားေပးတာထက္စာရင္ တရုတ္ကို ပိုၿပီးေတာ့ Geopolitics ပထဝီႏုိင္ငံေရး ကစားတဲ့သေဘာမ်ဳိးပါေတာ့ အာဆီယံထဲမွာလဲ ဘယ္ေတာ့မွ ညီညႊတ္တဲ့သေဘာထားမ်ဳိး ရလာဖိုိ႔က ခက္တယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ က်ေနာ္ျမင္တာကေတာ့ ဒီအတိုင္းပဲ ဆက္သြားေနအံုးမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တခ်ဳိ ႔က သံုးသပ္ၾကတယ္။ တေလာက ပါေမာကၡ Thitinan ေရးတဲ့ ေဆာင္းပါးတပုဒ္ကို က်ေနာ္ ဖတ္ရတယ္။ အာဆီယံဟာ အရင္တုန္းက အာဆီယံမ်ဳိး မဟုတ္ေတာ့ဘူး။ အခုနေျပာတဲ့ ကြန္ျမဴနီတီေတြလည္း အားလံုးညီညႊတ္တဲ့ ကြန္ျမဴနီတီ ျဖစ္ဖုိ႔ဆိုတာ မျဖစ္ႏုိင္ေတာ့ဘူး။ ျမန္မာကိစၥမွာလဲ သူတုိိ႔ ျပႆနာ၊ သေဘာထားေတြ ကြဲၾကတယ္။ ေနာက္တခါ ယူကရိန္းကိစၥမွာလဲ သူတို႔ သေဘာထားကြဲၾကတယ္။ အဲဒီလို သေဘာထားကြဲၾကတဲ့ကိစၥေတြ အမ်ားႀကီးရိွလာေနေတာ့ အာဆီယံကိုယ္ႏႈိက္က အဲဒီလိုတေပါင္းတစည္းတည္း လုပ္ဖုိ႔ဆိုတာထက္ အုပ္စုလိုက္၊ သူ႔ဆႏၵနဲ႔သူလုပ္မွ ျဖစ္မယ္။ ဒါမွမဟုတ္ရင္ အာဆီယံဟာ ျပႆနာတခုတည္းမွာ ထစ္ေနၿပီးေတာ့၊ ေရွ ႔မတုိးႏုိုင္ဘဲ ျဖစ္ေနမယ္လုိ႔ သံုးသပ္ပါတယ္။ အဲဒါကို ကိုေအာင္သူၿငိမ္းလည္း ဖတ္မိမယ္ထင္ပါတယ္။ ဘယ္လုိသေဘာျမင္ပါသလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ သူ႔ေဆြးေႏြးတဲ့အခ်က္ကလဲ က်ေနာ္ထင္တာ မွန္မမယ္လုိ႔ ထင္ပါတယ္။ ဒီေန႔ ကမာၻအခင္းအက်င္းမွာလဲ ပထဝီႏုိင္ငံေရး တင္းမာမႈေတြ ရိွတယ္။ တျခားအေျခအေနေတြမွာျဖစ္ေတာ့ အာဆီယံထဲမွာလဲ ဒီကိစၥေတြေပၚမွာ အၿမဲတမ္း သေဘာထားတညီတည္းရဖို႔ ခက္ပါတယ္။

ေမး ။ ။ ေနာက္တခုက ျမန္မာႏုိင္ငံရဲ ႔ ႏုိင္ငံျခားေရးဝါဒ - ဟိုး ဗိုလ္ခ်ဳပ္ေနဝင္း အာဏာသိမ္းၿပီကတည္းက တိုင္းျပည္ဟာ Isolation ႏုိင္ငံတကာနဲ႔ ဝင္စြက္ဖက္ဖို႔ အမ်ားႀကီးေရွာင္က်ဥ္ခဲ့တယ္။ ဘက္မလိုက္ဝါဒကို တိတိက်က် က်င့္သံုးခဲ့တယ္။ လြတ္လြတ္လပ္လပ္ ေနခ်င္ၾကတယ္။ ဘက္မလိုက္ကေနေတာင္မွ ႏႈတ္ထြက္ခဲ့တယ္။ ဘက္မလိုက္အဖြဲ႔ဟာ တဘက္ယိမ္းသြားၿပီဆိုၿပီးေတာ့ က်ဴဘားမွာလုပ္တဲ့အခ်ိန္မွာ ႏႈတ္္ထြက္ခဲ့တယ္ ထင္ပါတယ္။ ဆုိေတာ့ အခုေနာက္ပိုင္း ၉၇ ခုႏွစ္မတိုင္မီမွာ သူတုိ႔ဟာ Isolation Policy ထက္ Insulation ႏုိင္ငံတကာအသိုင္းအဝိုင္းၾကားထဲဝင္ၿပီး အကာအကြယ္လိုခ်င္တဲ့သေဘာမ်ဳိးကို ေတြ႔ခဲ့ရပါတယ္။ ဆိုေတာ့ အခုျမန္မာႏုိင္ငံရဲ ႔ အာဆီယံနဲ႔ ဆက္ဆံေရးတင္းမာလာတဲ့အခါၾကေတာ့ သူ႔ရဲ ႔ ႏုိင္ငံျခားေရးဝါဒက အခုန Isolation ျပန္သြားမွာလား။ သီးျခားအထီးက်န္ေနဖို႔မ်ား ျပန္ၿပီးစဥ္းစားလာႏိုင္သလား။ အဲဒါကိုလဲ က်ေနာ္ေတြးမိတယ္။

ေျဖ ။ ။ အခုန ဦးေက်ာ္ဇံသာ ေျပာသလိုဆုိရင္ က်ေနာ္ထင္တာေတာ့ Insulation ရုရွားနဲ႔ နီးကပ္ေအာင္ေနၿပီးေတာ့ အကာအကြယ္ယူခ်င္တဲ့ သေဘာမ်ဳိးလဲ ရိွႏုိင္ပါတယ္။ အခုျဖစ္ေနတဲ့ ေရနံေလာင္စာ အခက္အခဲ။ ေနာက္တခါ က်န္တဲ့ဖိအားေတြေပၚမွာ သူတို႔သက္သာရာ သက္သာေၾကာင္း။ တရုတ္ႏုိင္ငံဘက္ကေတာ့ လက္ရိွ စစ္ေကာင္စီနဲ႔ သိပ္နီးကပ္တဲ့ အေျခအေနမ်ဳိးေတာ့ မေတြ႔ရဘူး။ အဲဒီလိုအေနအထားမွာေတာ့ က်ေနာ္ျမင္တာ Normalization ပံုမွန္ျဖစ္ေရးကို ျပန္သြားသင့္တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဦးသိန္းစိန္ကာလတုန္းကလဲ သူတုိ႔အစိုးရ တက္လာၿပီးေနာက္မွ Normalization ဆိုိၿပီးေတာ့ အေနာက္ႏုိင္ငံေတြနဲ႔ ေျပလည္ေအာင္လုပ္တဲ့ကိစၥေတြ။ ဒါေတြက က်ေနာ္ထင္တယ္ က်ေနာ္တုိ႔ႏုိင္ငံရဲ ႔ အနာဂတ္ေကာ၊ စီးပြားေရးနဲ႔ က်န္တဲ့အက်ဳိးစီးပြားေတြအတြက္ပါ အေရးႀကီးတယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဒါေတြက ျဖစ္သင့္တာေတြ၊ လက္ေတြ႔မွာေကာ တကယ္ေရွ ႔တုိးႏုိင္ၾကမလား။ အာဆီယံကေရာ သူတုိ႔ မူ (၅) ခ်က္ကို အေလွ်ာ့ေပးမလား။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ေတာင္းတယ္။ စစ္ေကာင္စီဘက္က အရမ္းစိုးရိမ္မယ္ထင္ပါတယ္။ ဆိုေတာ့ အဲဒါကို လိုက္ေလ်ာမလား။ ေနာက္ စစ္ေကာင္စီက မၾကာခင္လုပ္လာမယ့္ဆိုတဲ့ ေရြးေကာက္ပြဲကိုေရာ အာဆီယံက အသိအမွတ္ျပဳ၊ ေထာက္ခံပါ့မလား။ အဲဒါလဲ စဥ္းစားစရာ ရိွတယ္။ တကယ္လုိ႔ အဲဒါေတြကို လက္မခံခဲ့ဘူးဆိုရင္ေကာ ဘယ္လိုေရွ ႔တိုးၾကမလဲ။

ေျဖ ။ ။ က်ေနာ္ထင္တာက အာဆီယံက လက္ရိွ Consensus (၅) ခ်က္ကို ျပန္ၿပီးေတာ့ Revise လုပ္တာမ်ဳိး၊ ျပန္လည္ျပင္ဆင္ေလွ်ာ့တာမ်ဳိး ဒါမ်ဳိးလဲ ျဖစ္ႏုိင္မယ္ထင္ပါတယ္။ တဘက္မွာလဲ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အခုအခ်ိန္မွာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ ေပးေတြ႔လို႔ရိွရင္ ဒါက အခြင့္ေကာင္းလို႔ထင္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ ကဒ္ဟာ အခုအခ်ိန္အထိ အေရးပါေနတုန္းလို႔ ယူဆပါတယ္။ ေနာက္တခုၾကေတာ့ ဒီလိုေပးေတြ႔ျခင္းအားျဖင့္ တဘက္မွာ ႏုိင္ငံတကာဖိအားေတြ ေလ်ာ့သြားႏုိင္သလုိ၊ တဘက္မွာလဲ လာမယ့္ေရြးေကာက္ပြဲကိစၥကို ေထာက္ခံဖို႔၊ အေျခအေနေတြက အမ်ားႀကီးျဖစ္လာႏုိင္တယ္။

ေမး ။ ။ ဆိုေတာ့ အာဆီယံဘက္က ဘာေလွ်ာ့ေပးႏိုင္မလဲ။ အခုကေတာ့ ကေမာၻဒီးယားက ဥကၠ႒။ သူကေတာ့ အစကတည္းက သူကိုယ္တုိင္ကလဲ သိပ္မထူးဘူးလို႔ လူေတြက ေျပာေနၾကေတာ့၊ သူကေတာ့ ျဖစ္ႏုိင္တယ္။ စစ္ေကာင္စီကို လက္ခံခ်င္တယ္။ သင့္ျမတ္ေအာင္ နည္းမ်ဳိးစံုနဲ႔ ႀကိဳးစားခ်င္တယ္။ ဒါေပမဲ့ အင္ဒိုနီးရွား ဥကၠ႒ ျဖစ္လာခ်ိန္မွာ အဲဒီလို သေဘာထားမ်ဳိးထားႏိုင္ပါ့မလား။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ အာဆီယံဘက္က အျပဳသေဘာနဲ႔ ခ်ဥ္းကပ္တဲ့ပံုစံမ်ဳိးေတြလဲ ျပန္ၿပီးေတာ့ စဥ္းစားေကာင္း စဥ္းစားလာႏုိင္ပါတယ္။ ေနာက္တခုက အင္ဒိုနီးရွားဥကၠ႒ ျဖစ္လို႔ရိွရင္၊ ဘယ္လို position မ်ဳိးယူမယ္၊ ဘယ္လိုရပ္တည္ခ်က္မ်ဳိး လုပ္မယ္ဆိုတာေတာ့ ေျပာဖို႔ခက္ေသးတဲ့ အေနအထားပါပဲ။ အဲဒီေတာ့ က်ေနာ္ျမင္တာေတာ့ ေဒသတြင္းမွာ က်ေနာ္တုိ႔ႏုိင္ငံ အေျခအေနကေတာ့ A Lost Cause ႏုိင္ငံေတြေတာ္ေတာ္မ်ားမ်ားက စိတ္ပ်က္လက္ပ်က္ အေနအထားလဲ ရိွပါတယ္။ တဘက္မွာၾကေတာ့ မျဖစ္သာလို႔၊ ဆက္ဆံေနရတဲ့ ပံုစံမ်ဳိးလည္း ရိွပါတယ္။ ဒီလုိပဲ အက်ပ္အတည္းနဲ႔ ဆက္သြားမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တကယ္လို႔ အဆုိးဆံုးျဖစ္လာၿပီး ျမန္မာႏုိင္ငံဟာ အာဆီယံျပင္ပကို ေရာက္သြားသည္ဆိုသည့္တုိင္ အာဆီယံႏုိင္ငံေတြက ျမန္မာနဲ႔ ထိေတြ႔ဆက္ဆံမႈ မလုပ္ဘဲနဲ႔ ဘယ္ျဖစ္မလဲ၊ ျမန္မာႏုိင္ငံရဲ ႔ ျပႆနာက ေဒသကို ရိုက္ခတ္ေနတာတုိ႔ ဘာတို႔ အမ်ားႀကီးေပါ့။ စီးပြားေရးကိစၥ၊ အဲဒီလိုကိစၥေတြ ရိွေနေတာ့၊ အာဆီယံနဲ႔ ျမန္မာတုိ႔ လံုးဝမေခၚမေျပာေနလို႔ ျဖစ္ပါ့မလား။ တကယ္လုိ႔ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံ မဟုတ္သည့္တိုင္ေအာင္။ ေနာက္ဆံုး အဆိုးဆံုးထိ စဥ္းစားၾကည့္တာပါ။ ဘယ္လုိဆက္သြားႏိုင္မလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ အာဆီယံက ျမန္မာကိုထုတ္ပစ္ဖို႔ဆိုတာ ေတာ္ေတာ္ကို မျဖစ္ႏုိင္ပါဘူး။ ျမန္မာဘက္က ႏႈတ္ထြက္မယ္ဆိုရင္ေတာ့ အေတာ္မိုက္မဲရာၾကတဲ့ လုပ္ရပ္ပဲ ျဖစ္ပါလိမ့္မယ္။ တကယ္လို႔ အဆုိးဆံုးအေျခအေန ျဖစ္ခဲ့ရင္ေတာင္မွ က်ေနာ္တုိ႔က ႏုိင္ငံတကာနဲ႔ ဆက္ဆံေရး လိုပါတယ္။ တံခါးပိတ္ၿပီးေတာ့ Isolation ေနလို႔ မရပါဘူး။ ဒီၾကားထဲမွာ အခ်ဳိ ႔ပူးေပါင္းေဆာင္ရြက္မႈေတြ ရိွတယ္။ GMS တုိ႔ Mekong-Lancang Cooperation (MLC) ပူးေပါင္းေဆာင္ရြက္ေရးကိစၥေတြ ရိွပါတယ္။ ဒါေပမဲ့ ဒါကလဲ လံုေလာက္တဲ့ကိစၥ မဟုတ္ဘူးလို႔ ထင္ပါတယ္။

ေမး ။ ။ က်ေနာ္ တခုျဖည့္စြတ္ေမးခ်င္တာက အခု NUG ကို အေလးအနက္ ဆက္ဆံခ်င္တဲ့ အာဆီယံႏုိင္ငံတခ်ဳိ ႔ရဲ ႔ သေဘာထားကို ေတြ႔ရပါတယ္။ ဆိုေတာ့ ICJ ကိစၥမွာလဲ ျမန္မာႏုိင္ငံကို ကိုယ္စားျပဳဖုိ႔ကိစၥ၊ စစ္ေကာင္စီနဲ႔အၿပိဳင္ NUG က ႀကိဳးစားခဲ့တာကို ေတြ႔ရပါတယ္။ အခု အာဆီယံနဲ႔ စစ္ေကာင္စီ ဆက္ဆံေရး မေျပလည္တဲ့အခါမွာ NUG ရဲ ႔ အခန္္းက႑ ဘယ္လို ျဖစ္လာႏုိင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ လက္ရိွအေနအထားမွာေတာ့ ေျပာဖို႔ခက္ပါတယ္။ ဒါေပမဲ့ လက္ရိွအေနအထားအထိေတာ့ NUG ကို Alternative အျခားေရြးခ်ယ္စရာ အစားထိုးစရာ အစိုးရတရပ္လိုေတာ့ ျမင္တာေတာ့ အားနည္းေနပါေသးတယ္။

==== Unicode ===

ဒေသတခုလုံးကို ရိုက်ခတ်လာနေတဲ့ မြန်မာပြဿနာကို အာဆီယံ ကိုင်တွယ်ရခက်နေချိန် မြန်မာကို အာဆီယံက ထုတ်ပစ်နိုင်မလား။ သို့တည်းမဟုတ် မြန်မာကပဲ နှုတ်ထွက်နိုင်ပါသလား။ အာဆီယံနဲ့ မြန်မာ သီးခြား ကင်းကင်းရှင်းရှင်းနေဖို့ ဆိုတာကော ဖြစ်နိုင်ပါသလား။ မြန်မာအရေးသုံးသပ်သူ ISP (Myanmar) မြန်မာနိုင်ငံမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ မြန်မာနဲ့ အာဆီယံအကြား ဖြစ်နေတဲ့ ပြဿနာပါပဲ။ တကယ်တော့ ကျနော် ပထမစဉ်းစားတာကတော့ မြန်မာဟာ အာဆီယံက နှုတ်ထွက်မလားဆိုပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့လဲ အာဆီယံထဲမှာလဲ မြန်မာကို ထုတ်ပြစ်ချင်တဲ့ အစိတ်အပိုင်းတချို့ ရှိနေလေတော့ ကျနော် မေးသင့်တဲ့မေးခွန်းဟာ မြန်မာဟာ အာဆီယံက နှုတ်ထွက်မလားဆိုတာထက်၊ မြန်မာနဲ့ အာဆီယံ အိုးစားကွဲတော့မလားဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးကတော့ မြန်မာက အာဆီယံကနေ နှုတ်ထွက်မယ်ဆိုတဲ့ သတင်းအနံ့တချို့လဲ မြန်မာပြည်တွင်းကနေ ကြားနေရပါတယ်ဆိုတော့ အဲဒါဟာ ဘယ်လောက်ဖြစ်နိုင်သလဲဆိုတာနဲ့ တကယ်ကော ထွက်နိုင်သလားဆိုတာကို ပထမဦးဆုံးပြောပါ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ သဘောထားတင်းမာသူတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနပိုင်းက သဘောထားတင်းမာတဲ့လူတွေ ရှိတယ်။ နောက်တခါ တချို့အကြံပေးနေသူတွေလည်း ရှိတယ်။ သူတို့က ကုလသမဂ္ဂနဲ့ ပတ်သက်လို့လည်း တင်းတင်းမာမာ ဆောင်းပါးတွေ ရေးကြတာတွေ ရှိတယ်။ အဲဒါအပြင်မှာ နောက်တခါမှာ အခု အင်ဒိုနီးရှားက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာရင်၊ ဖိအားတွေပေးလာရင် နှုတ်ထွက်ဖို့ဆိုတဲ့ အသံမျိုးတွေလည်း ဖြစ်တယ်။ ဖြစ်တော့ ကျနော်မြင်တာကတော့ အာဆီယံက ဘယ်လောက်အရေးပါသည်ဖြစ်စေ၊ အရေးမပါသည်ဖြစ်စေ ကျနော်တို့ရဲ့ ဒေသဆိုင်ရာအဖွဲ့ကြီးဖြစ်တော့ နှုတ်မထွက်သင့်ဘူးလို့ ထင်ပါတယ်။ နောက်တခုကြတော့ လောလောဆယ် ကမ္ဘောဒီးယားက ပိုပြီးတော့စာနာမှု ပေးနိုင်တယ်၊ ပိုနားလည်နိုင်တဲ့ အခြေအနေမှာ ကမ္ဘောဒီးယား လက်ရှိဥက္ကဋ္ဌ ဖြစ်နေတဲ့အချိန်မှာ အခွင့်ကောင်းယူသင့်တယ်လို့လည်း ထင်ပါတယ်။

မေး ။ ။ အာဆီယံပေါ်မှာ သဘောထားအယူအဆ နှစ်မျိုး ဖြစ်နေတာပေါ့။ အဲဒါ ဘယ်ဘက်က အားသာနိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ realist လက်တွေ့ကျတဲ့အုပ်စုကပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဒေသဆိုင်ရာကိစ္စတွေလည်း ပစ်ပယ်လို့ မရနိုင်ပါဘူး။ နောက်တခုက အာဆီယံက အသုံးမကျဘူးဆိုရင်တောင်မှ ကမ္ဘာကြီးကို ဆက်ဆံဖို့၊ နောက်ထပ် တံခါးပေါက်။ ဒါပေမဲ့ လက်တွေ့အနေအထားမှာတော့ စစ်ကောင်စီဥက္ကဋ္ဌက အစည်းအဝေးတွေတက်ခွင့် မရဘူး။ ကျန်တဲ့ဝန်ကြီးတွေကတော့ သက်ဆိုင်ရာအစည်းအဝေးတွေ သွားနေကြပါတယ်။ ကျနော်မြင်တာကတော့ လက်ရှိပူးပေါင်းဆက်ဆံရေး အခြေအနေကို ဆက်ထားတာပဲ ကောင်းပါတယ်။

မေး ။ ။ မြန်မာစစ်တပ်က တခါတုန်းကလဲ စစ်အုပ်ချုပ်ရေးကာလတုန်းကလဲ နှစ်ပေါင်းများစွာ အာဆီယံထဲမှာ မဝင်ဘဲနေခဲ့တယ်။ ၁၉၉၇ ခုနှစ်မှ စဝင်ခဲ့တယ်။ အဲဒီမှာလဲ အာဆီယံဘက်က လက်ခံတာလဲ၊ အဓိကစဉ်းစားချက်တခုက သူတို့သာ လက်မခံဘူးဆိုရင် တရုတ်ရင်ခွင်ထဲကို ပိုရောက်သွားနိုင်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ မြန်မာကို အာဆီယံထဲမှာ ဆွဲထည့်ထားဖို့ လိုတယ်လို့ တွေးခဲ့ကြတယ်လို့ တချို့တွေ့ရပါတယ်။ ဆိုတော့ အခုကော မြန်မာနိုင်ငံဟာ အာဆီယံက နှုတ်ထွက်မယ်ဆိုရင် တရုတ်ဘက်ကို ပိုရောက်သွားနိုင်သလား။ တရုတ်ကို ပိုအားကိုးနိုင်လို့လား။ နိုင်ငံတကာအခင်းအကျင်းမှာ အခုအခါမှာ အာဆီယံက နှုတ်ထွက်လိုက်ရင်။

ဖြေ ။ ။ အခုအချိန်မှာတော့ ကြည့်ရတာ တရုတ်ထက်စာရင် ရုရှားထက် ပိုပြီးတော့ ဆက်ဆံရေးနီးချင်တဲ့ ပုံမျိုးတော့ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ အာဆီယံဘက်ပိုင်းကို ကြည့်တဲ့အခါကြတော့ အာဆီယံမှာ community ကွန်မြူနီတီလို့ခေါ်တဲ့ အသိုက်အဝန်းတွေ ရှိပါတယ်။ Economic Community, Security Community, နောက်တခါ Social စသည်ဖြင့် ရှိတဲ့အခါကြတော့ အဲဒီအစည်းအဝေးတွေမှာတော့ အခုအချိန်အထိ တက်တက်ကြွကြွ လှုပ်ရှားနေတုန်း တွေ့ပါတယ်။ နောက်တခါ RCEP လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာတွေလည်းရှိတော့ နှုတ်ထွက်မယ်ဆိုရင် ကျနော်တို့အတွက် အခွင့်အရေးနစ်နာစရာတွေ အများကြီးအကြောင်းရှိတယ်လို့ ထင်ပါတယ်။

မေး ။ ။ နှုတ်မထွက်ရင် မြန်မာက အာဆီယံရဲ့ ဖြစ်စေချင်တာကို လုံးဝလက်မခံဘူး၊ ခေါင်းမာမာနဲ့ တင်းခံနေတယ်ဆိုတော့ ဘယ်လိုဆက်သွားကြမလဲ။ အာဆီယံဘက်က ဘယ်လိုစဉ်းစားလာမလဲ။

ဖြေ ။ ။ အာဆီယံကိုယ်တိုင်လဲ Never United ဘယ်အခါကမှ စည်းလုံးညီညွှတ်မှု မရှိပါဘူး။ ဆိုတော့ အာဆီယံထဲမှာ မြန်မာနဲ့ သင့်မြတ်ပြီးတော့ ပူးပေါင်းလုပ်ချင်တဲ့ အုပ်စုတွေ ရှိပါတယ်။ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗိယက်နမ်တို့က ဒီအထဲပါပါလိမ့်မယ်။ သဘောထားတင်းမာတာ အဓိကအားဖြင့် မလေးရှား၊ စင်္ကာပူလည်း တခါတရံ ဝေဖန်တာတွေ ရှိတယ်။ အင်ဒိုနီးရှားတော့ သေချာတော့ မပြောနိုင်ဘူး။ အဲဒီလို အနေအထားမှာ အာဆီယံထဲမှာ မြန်မာကို ဘယ်လိုလုပ်ရမလဲဆိုတာကို ညှိနှိုင်းလို့ မရတဲ့ အခြေအနေမျိုး ရှိပါတယ်။ နောက်တခါ ပြဿနာကလဲ အမေရိကန်က၊ အာဆီယံကို အသုံးချပြီးတော့ မြန်မာကို ဖိအားပေးတာထက်စာရင် တရုတ်ကို ပိုပြီးတော့ Geopolitics ပထဝီနိုင်ငံရေး ကစားတဲ့သဘောမျိုးပါတော့ အာဆီယံထဲမှာလဲ ဘယ်တော့မှ ညီညွှတ်တဲ့သဘောထားမျိုး ရလာဖို့က ခက်တယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျနော်မြင်တာကတော့ ဒီအတိုင်းပဲ ဆက်သွားနေအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ တချို့က သုံးသပ်ကြတယ်။ တလောက ပါမောက္ခ Thitinan ရေးတဲ့ ဆောင်းပါးတပုဒ်ကို ကျနော် ဖတ်ရတယ်။ အာဆီယံဟာ အရင်တုန်းက အာဆီယံမျိုး မဟုတ်တော့ဘူး။ အခုနပြောတဲ့ ကွန်မြူနီတီတွေလည်း အားလုံးညီညွှတ်တဲ့ ကွန်မြူနီတီ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ မြန်မာကိစ္စမှာလဲ သူတို့ ပြဿနာ၊ သဘောထားတွေ ကွဲကြတယ်။ နောက်တခါ ယူကရိန်းကိစ္စမှာလဲ သူတို့ သဘောထားကွဲကြတယ်။ အဲဒီလို သဘောထားကွဲကြတဲ့ကိစ္စတွေ အများကြီးရှိလာနေတော့ အာဆီယံကိုယ်နှိုက်က အဲဒီလိုတပေါင်းတစည်းတည်း လုပ်ဖို့ဆိုတာထက် အုပ်စုလိုက်၊ သူ့ဆန္ဒနဲ့သူလုပ်မှ ဖြစ်မယ်။ ဒါမှမဟုတ်ရင် အာဆီယံဟာ ပြဿနာတခုတည်းမှာ ထစ်နေပြီးတော့၊ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေမယ်လို့ သုံးသပ်ပါတယ်။ အဲဒါကို ကိုအောင်သူငြိမ်းလည်း ဖတ်မိမယ်ထင်ပါတယ်။ ဘယ်လိုသဘောမြင်ပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ သူ့ဆွေးနွေးတဲ့အချက်ကလဲ ကျနော်ထင်တာ မှန်မမယ်လို့ ထင်ပါတယ်။ ဒီနေ့ ကမ္ဘာအခင်းအကျင်းမှာလဲ ပထဝီနိုင်ငံရေး တင်းမာမှုတွေ ရှိတယ်။ တခြားအခြေအနေတွေမှာဖြစ်တော့ အာဆီယံထဲမှာလဲ ဒီကိစ္စတွေပေါ်မှာ အမြဲတမ်း သဘောထားတညီတည်းရဖို့ ခက်ပါတယ်။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒ - ဟိုး ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီကတည်းက တိုင်းပြည်ဟာ Isolation နိုင်ငံတကာနဲ့ ဝင်စွက်ဖက်ဖို့ အများကြီးရှောင်ကျဉ်ခဲ့တယ်။ ဘက်မလိုက်ဝါဒကို တိတိကျကျ ကျင့်သုံးခဲ့တယ်။ လွတ်လွတ်လပ်လပ် နေချင်ကြတယ်။ ဘက်မလိုက်ကနေတောင်မှ နှုတ်ထွက်ခဲ့တယ်။ ဘက်မလိုက်အဖွဲ့ဟာ တဘက်ယိမ်းသွားပြီဆိုပြီးတော့ ကျူဘားမှာလုပ်တဲ့အချိန်မှာ နှုတ်ထွက်ခဲ့တယ် ထင်ပါတယ်။ ဆိုတော့ အခုနောက်ပိုင်း ၉၇ ခုနှစ်မတိုင်မီမှာ သူတို့ဟာ Isolation Policy ထက် Insulation နိုင်ငံတကာအသိုင်းအဝိုင်းကြားထဲဝင်ပြီး အကာအကွယ်လိုချင်တဲ့သဘောမျိုးကို တွေ့ခဲ့ရပါတယ်။ ဆိုတော့ အခုမြန်မာနိုင်ငံရဲ့ အာဆီယံနဲ့ ဆက်ဆံရေးတင်းမာလာတဲ့အခါကြတော့ သူ့ရဲ့ နိုင်ငံခြားရေးဝါဒက အခုန Isolation ပြန်သွားမှာလား။ သီးခြားအထီးကျန်နေဖို့များ ပြန်ပြီးစဉ်းစားလာနိုင်သလား။ အဲဒါကိုလဲ ကျနော်တွေးမိတယ်။

ဖြေ ။ ။ အခုန ဦးကျော်ဇံသာ ပြောသလိုဆိုရင် ကျနော်ထင်တာတော့ Insulation ရုရှားနဲ့ နီးကပ်အောင်နေပြီးတော့ အကာအကွယ်ယူချင်တဲ့ သဘောမျိုးလဲ ရှိနိုင်ပါတယ်။ အခုဖြစ်နေတဲ့ ရေနံလောင်စာ အခက်အခဲ။ နောက်တခါ ကျန်တဲ့ဖိအားတွေပေါ်မှာ သူတို့သက်သာရာ သက်သာကြောင်း။ တရုတ်နိုင်ငံဘက်ကတော့ လက်ရှိ စစ်ကောင်စီနဲ့ သိပ်နီးကပ်တဲ့ အခြေအနေမျိုးတော့ မတွေ့ရဘူး။ အဲဒီလိုအနေအထားမှာတော့ ကျနော်မြင်တာ Normalization ပုံမှန်ဖြစ်ရေးကို ပြန်သွားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဦးသိန်းစိန်ကာလတုန်းကလဲ သူတို့အစိုးရ တက်လာပြီးနောက်မှ Normalization ဆိုပြီးတော့ အနောက်နိုင်ငံတွေနဲ့ ပြေလည်အောင်လုပ်တဲ့ကိစ္စတွေ။ ဒါတွေက ကျနော်ထင်တယ် ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကော၊ စီးပွားရေးနဲ့ ကျန်တဲ့အကျိုးစီးပွားတွေအတွက်ပါ အရေးကြီးတယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါတွေက ဖြစ်သင့်တာတွေ၊ လက်တွေ့မှာကော တကယ်ရှေ့တိုးနိုင်ကြမလား။ အာဆီယံကရော သူတို့ မူ (၅) ချက်ကို အလျှော့ပေးမလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်။ စစ်ကောင်စီဘက်က အရမ်းစိုးရိမ်မယ်ထင်ပါတယ်။ ဆိုတော့ အဲဒါကို လိုက်လျောမလား။ နောက် စစ်ကောင်စီက မကြာခင်လုပ်လာမယ့်ဆိုတဲ့ ရွေးကောက်ပွဲကိုရော အာဆီယံက အသိအမှတ်ပြု၊ ထောက်ခံပါ့မလား။ အဲဒါလဲ စဉ်းစားစရာ ရှိတယ်။ တကယ်လို့ အဲဒါတွေကို လက်မခံခဲ့ဘူးဆိုရင်ကော ဘယ်လိုရှေ့တိုးကြမလဲ။

ဖြေ ။ ။ ကျနော်ထင်တာက အာဆီယံက လက်ရှိ Consensus (၅) ချက်ကို ပြန်ပြီးတော့ Revise လုပ်တာမျိုး၊ ပြန်လည်ပြင်ဆင်လျှော့တာမျိုး ဒါမျိုးလဲ ဖြစ်နိုင်မယ်ထင်ပါတယ်။ တဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုအချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ပေးတွေ့လို့ရှိရင် ဒါက အခွင့်ကောင်းလို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဒ်ဟာ အခုအချိန်အထိ အရေးပါနေတုန်းလို့ ယူဆပါတယ်။ နောက်တခုကြတော့ ဒီလိုပေးတွေ့ခြင်းအားဖြင့် တဘက်မှာ နိုင်ငံတကာဖိအားတွေ လျော့သွားနိုင်သလို၊ တဘက်မှာလဲ လာမယ့်ရွေးကောက်ပွဲကိစ္စကို ထောက်ခံဖို့၊ အခြေအနေတွေက အများကြီးဖြစ်လာနိုင်တယ်။

မေး ။ ။ ဆိုတော့ အာဆီယံဘက်က ဘာလျှော့ပေးနိုင်မလဲ။ အခုကတော့ ကမ္ဘောဒီးယားက ဥက္ကဋ္ဌ။ သူကတော့ အစကတည်းက သူကိုယ်တိုင်ကလဲ သိပ်မထူးဘူးလို့ လူတွေက ပြောနေကြတော့၊ သူကတော့ ဖြစ်နိုင်တယ်။ စစ်ကောင်စီကို လက်ခံချင်တယ်။ သင့်မြတ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားချင်တယ်။ ဒါပေမဲ့ အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်လာချိန်မှာ အဲဒီလို သဘောထားမျိုးထားနိုင်ပါ့မလား။

ဖြေ ။ ။ ကျနော်မြင်တာကတော့ အာဆီယံဘက်က အပြုသဘောနဲ့ ချဉ်းကပ်တဲ့ပုံစံမျိုးတွေလဲ ပြန်ပြီးတော့ စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ နောက်တခုက အင်ဒိုနီးရှားဥက္ကဋ္ဌ ဖြစ်လို့ရှိရင်၊ ဘယ်လို position မျိုးယူမယ်၊ ဘယ်လိုရပ်တည်ချက်မျိုး လုပ်မယ်ဆိုတာတော့ ပြောဖို့ခက်သေးတဲ့ အနေအထားပါပဲ။ အဲဒီတော့ ကျနော်မြင်တာတော့ ဒေသတွင်းမှာ ကျနော်တို့နိုင်ငံ အခြေအနေကတော့ A Lost Cause နိုင်ငံတွေတော်တော်များများက စိတ်ပျက်လက်ပျက် အနေအထားလဲ ရှိပါတယ်။ တဘက်မှာကြတော့ မဖြစ်သာလို့၊ ဆက်ဆံနေရတဲ့ ပုံစံမျိုးလည်း ရှိပါတယ်။ ဒီလိုပဲ အကျပ်အတည်းနဲ့ ဆက်သွားမယ်လို့ ထင်ပါတယ်။

မေး ။ ။ တကယ်လို့ အဆိုးဆုံးဖြစ်လာပြီး မြန်မာနိုင်ငံဟာ အာဆီယံပြင်ပကို ရောက်သွားသည်ဆိုသည့်တိုင် အာဆီယံနိုင်ငံတွေက မြန်မာနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ဘဲနဲ့ ဘယ်ဖြစ်မလဲ၊ မြန်မာနိုင်ငံရဲ့ ပြဿနာက ဒေသကို ရိုက်ခတ်နေတာတို့ ဘာတို့ အများကြီးပေါ့။ စီးပွားရေးကိစ္စ၊ အဲဒီလိုကိစ္စတွေ ရှိနေတော့၊ အာဆီယံနဲ့ မြန်မာတို့ လုံးဝမခေါ်မပြောနေလို့ ဖြစ်ပါ့မလား။ တကယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်တိုင်အောင်။ နောက်ဆုံး အဆိုးဆုံးထိ စဉ်းစားကြည့်တာပါ။ ဘယ်လိုဆက်သွားနိုင်မလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ အာဆီယံက မြန်မာကိုထုတ်ပစ်ဖို့ဆိုတာ တော်တော်ကို မဖြစ်နိုင်ပါဘူး။ မြန်မာဘက်က နှုတ်ထွက်မယ်ဆိုရင်တော့ အတော်မိုက်မဲရာကြတဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ရင်တောင်မှ ကျနော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံရေး လိုပါတယ်။ တံခါးပိတ်ပြီးတော့ Isolation နေလို့ မရပါဘူး။ ဒီကြားထဲမှာ အချို့ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ GMS တို့ Mekong-Lancang Cooperation (MLC) ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါကလဲ လုံလောက်တဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။

မေး ။ ။ ကျနော် တခုဖြည့်စွတ်မေးချင်တာက အခု NUG ကို အလေးအနက် ဆက်ဆံချင်တဲ့ အာဆီယံနိုင်ငံတချို့ရဲ့ သဘောထားကို တွေ့ရပါတယ်။ ဆိုတော့ ICJ ကိစ္စမှာလဲ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ကိစ္စ၊ စစ်ကောင်စီနဲ့အပြိုင် NUG က ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အခု အာဆီယံနဲ့ စစ်ကောင်စီ ဆက်ဆံရေး မပြေလည်တဲ့အခါမှာ NUG ရဲ့ အခန်းကဏ္ဍ ဘယ်လို ဖြစ်လာနိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ လက်ရှိအနေအထားမှာတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားအထိတော့ NUG ကို Alternative အခြားရွေးချယ်စရာ အစားထိုးစရာ အစိုးရတရပ်လိုတော့ မြင်တာတော့ အားနည်းနေပါသေးတယ်။

XS
SM
MD
LG