သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပင္လုံမွာစတဲ့ ဖက္ဒရယ္ ခရီးရွည္


၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၁၊ ၂၀၂၀)

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္ စစ္ေကာင္စီ အာဏာသိမ္းလို႔ ေပၚထြက္လာတဲ့ ေႏြဦးေတာ္လွန္ေရး အေစာပိုင္းကာလမွာ ဖက္ဒရယ္ဒီမိုကေရစီ သေဘာတရား ေပၚေပါက္လာပုံကို ဦးေအာင္ခင္ကေရးၿပီး ကိုဉာဏ္ဝင္းေအာင္နဲ႔အတူ တင္ျပထားပါတယ္။

[[ ZAWGYI ]]

ပင္လုံမွာစတဲ့ ဖက္ဒရယ္ ခရီးရွည္

အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြက ဖက္ဒရယ္ႏိုင္ငံ ထူေထာင္ဖို႔ ေတာင္းဆိုၾကတာကို စစ္ေကာင္စီ ဥကၠဌကလည္း သံေယာင္လိုက္ေနပါတယ္။ သူ႔အေနနဲ႔ ျဖစ္သင့္ျဖစ္ထိုက္တယ္လို႔ ယူဆတဲ့ ဖက္ဒရယ္အခြင့္အေရးကိုသာ ေပးႏိုင္မယ္လို႔ စက္တင္ဘာလ(၂၇)ရက္ေန႔က ေနျပည္ေတာ္မွာ ေျပာသြားပါတယ္။ စစ္ေကာင္စီဥကၠဌေျပာတဲ့ ဖက္ဒရယ္ဆိုတာ ၂၀၀၈ အေျခခံဥပေဒအတိုင္း စစ္တပ္က ဦးေဆာင္တဲ့ ႏိုင္ငံေရးစနစ္ကို ဆိုလိုတာပါ။ တိုင္းရင္းသားေတြက ကိုယ္ပိုင္ ျပဌာန္းခြင့္ရွိတဲ့ ဖက္ဒရယ္စနစ္ကိုသာ လိုလားၾကပါတယ္။ စစ္ေခါင္းေဆာင္ေပးတဲ့ ဖက္ဒရယ္ကို မလိုခ်င္ၾကပါဘူး။

ဒါေပမဲ့ ထူးျခားတာကေတာ့ ၁၉၄၇ ပင္လုံညီလာခံက စခဲ့တဲ့ (၇၅)ႏွစ္တာ ဖက္ဒရယ္ခရီးရွည္ႀကီး ျပန္လည္သက္ဝင္ လႈပ္ရွားလာတာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီး မၾကာမီ ေဖေဖၚဝါရီ(၁၁)ရက္ေန႔မွာ တိုင္းရင္းသားအုပ္စု (၂၇)စုက "လူမ်ိဳးေပါင္းစုံ အေထြေထြသပိတ္ေကာ္မတီ" GSCN ကို ဖြဲ႕စည္းလိုက္ပါတယ္။ စစ္အာဏာရွင္စနစ္ အဆုံးသတ္ေရး၊ ၂၀၀၈ အေျခခံဥပေဒ ဖ်က္သိမ္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ တည္ေထာင္ေရးဟာ ဦးတည္ခ်က္ေတြ ျဖစ္လာပါတယ္။ NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရကလည္း ' ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ' ကို ေရးဆြဲဖို႔ တာဝန္ယူထားပါတယ္။

တိုင္းရင္းသားလူမ်ိဳးေပါင္းစုံနဲ႔ လူတန္းစား အစုအဖြဲ႕ေပါင္းစုံ ပါဝင္တဲ့ - NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီနဲ႔ NUG အစိုးရဟာ ဒီကိစၥမွာ ပူးတြဲေဆာင္႐ြက္ေနပါတယ္။ ဖက္ဒရယ္ဥပေဒ မူၾကမ္းကစၿပီး အတည္ျပဳျပဌာန္းတဲ့အထိ ျပည္သူလူထု ပါဝင္ႏိုင္ေအာင္ ႀကိဳးပမ္းမယ္လို႔ဆိုပါတယ္။ တကယ္ေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြဟာ ျပည္နယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ အေၾကာင္းကို ၂၀၀၁ ကစၿပီး ေလ့လာခဲ့ၾကတယ္လို႔ ေဒါက္တာ လ်န္မႈန္းဆာေခါင္က ဆိုပါတယ္။ ၂၀၁၅ မွာ တျပည္လုံး အပစ္ရပ္စဲေရးစာခ်ဳပ္ NCA ကို လက္မွတ္ထိုးေတာ့လည္း ပင္လုံစိတ္ဓါတ္နဲ႔ ဖက္ဒရယ္စနစ္ တည္ေဆာက္ဖို႔ ရည္႐ြယ္ေၾကာင္း ေဖၚျပပါတယ္။ ၂၀၁၆ မွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ က်င္းပေတာ့လည္း ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ အစုအဖြဲ႕ အသီးသီးက စာတမ္းအမ်ိဳးမ်ိဳး တင္သြင္းပါတယ္။ ႏွီးေႏွာဖလွယ္ပြဲနဲ႔ အလုပ္႐ုံေဆြးေႏြးပြဲေတြ က်င္းပၿပီး၊ ဖက္ဒရယ္သေဘာတရားကို ေလ့လာၾကပါတယ္။

ျပည္နယ္အေနနဲ႔ မိမိဖြဲ႕စည္းပုံအေျခခံဥပေဒ မိမိဖာသာ ေရးဆြဲျပဌာန္းတာကို ကိုယ္တိုင္ျပဌာန္းခြင့္လို႔ နားလည္သေဘာေပါက္ လာၾကပါတယ္။ ဖက္ဒရယ္ျပည္ေထာင္စုဆိုတာဟာ ကိုယ္ပိုင္ျပဌာန္းခြင့္ရွိတဲ့ ျပည္နယ္ေတြ စုေပါင္းထားတဲ့ ႏိုင္ငံေရးစနစ္ျဖစ္ပါတယ္။ ဖက္ဒရယ္စနစ္ဆိုတာ ခြဲထြက္ႏိုင္ခြင့္ မဟုတ္ပဲ၊ တန္းတူရည္တူ ပူးေပါင္းေဆာင္႐ြက္မႈသာ ျဖစ္တယ္လို႔ နားလည္လာၾကပါတယ္။ ဒါေၾကာင့္မို႔ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ အေျခခံဥပေဒ ေရးဆြဲတဲ့အခါမွာ ခြဲထြက္ခြင့္မပါတဲ့ ျပည္ေထာင္စုကို တည္ေထာင္ၾကဖို႔ ၂၀၁၅ မွာ သေဘာတူခဲ့ၾကတယ္လို႔ ဆိုပါတယ္။ အဲဒီတုန္းက တိုင္းရင္းသား(၇)ျပည္နယ္နဲ႔ ဗမာျပည္နယ္ဖြဲ႕စည္းေရး ေကာ္မတီေတြေတာင္ ေပၚထြက္လာခဲ့တယ္လို႔ ဆိုပါတယ္။

မိမိတို႔ ဆႏၵအတိုင္း ပင္လုံစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့တာမို႔ အစေကာင္းတယ္လို႔ ေျပာႏိုင္ေပမယ့္ အေကာင္အထည္ ေဖၚတဲ့အခါမွာ ဗမာႀကီးစိုးတဲ့ တျပည္ေထာင္စနစ္ ျဖစ္ေနပါတယ္။ ဗမာျပည္မရဲ႕ လုပ္ပိုင္ခြင့္ဟာ ျပည္ေထာင္စုအာဏာ က်င့္သုံးခြင့္ ျဖစ္ေနပါတယ္။ တျပည္ေထာင္စနစ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အျခားအဖြဲ႔အစည္းေတြ လက္မခံႏိုင္တာ ထင္ရွားပါတယ္။ စစ္အာဏာသိမ္းၿပီး (၂)လအၾကာ မတ္လ(၃၁)ရက္ေန႔မွာ "ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္"လို႔ ေခၚတဲ့ 'ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေၾကညာစာတမ္း' ကို ထုတ္ေဝႏိုင္တာဟာ ေႏြဦးေတာ္လွန္ေရးရဲ႕ ဦးတည္ခ်က္ကို ျပသေနပါတယ္။ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္၊ ႏိုင္ငံေရးပါတီ၊ သမဂၢ၊ အရပ္ဖက္ လူထုအဖြဲ႔အစည္း၊ CDM အဖြဲ႔၊ တိုင္းရင္းသား ေတာ္လွန္ေရးအဖြဲ႔နဲ႔ ၾကားကာလအဖြဲ႔အစည္းေတြဟာ ပဋိညာဥ္မွာ ပါဝင္ၾကပါတယ္။

ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ ေၾကညာၿပီး ႏွစ္ပတ္ေလာက္ၾကာေတာ့ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရကို ဖြဲ႔စည္းပါတယ္။ ေနာက္ေတာ့ PDF ျပည္သူ႔ကာကြယ္ေရးတပ္ကို ေမလထဲမွာ ဖြဲ႔စည္းၿပီး စက္တင္ဘာ(၇)ရက္ေန႔မွာ ခုခံကာကြယ္ေရးစစ္ပြဲကို ေၾကညာခဲ့ပါတယ္။ စစ္ေကာင္စီတပ္ကလည္း အျပင္းအထန္ ထိုးႏွက္တိုက္ခိုက္ လာပါတယ္။ ဒီလို စစ္ဆင္ေရးျပင္းထန္ေနခ်ိန္ ေႏြဦးေတာ္လွန္ေရး အေစာပိုင္းကာလမွာ ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္ကို ေၾကညာႏိုင္တာဟာ ထူးျခားပါတယ္။ ဒါေပမဲ့ အဖြဲ႔ေပါင္းစုံ ပါဝင္တဲ့ NUCC အမ်ဳိးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီက ဇႏၷဝါရီလကုန္ပိုင္းမွာ က်င္းပတဲ့ ပထမအႀကိမ္ ျပည္သူ႔ညီလာခံမွာ ဖက္ဒရယ္ ပဋိညာဥ္ကို အတည္ျပဳလိုက္ပါတယ္။

ဖက္ဒရယ္ပဋိညာဥ္ ေရးဆြဲရာမွာပါဝင္တဲ့ လူပုဂၢိဳလ္ေတြနဲ႔ အဖြဲ႔အစည္းေတြကပဲ NUCC အမ်ဳိးသားညီၫြတ္ေရး အတိုင္ပင္ခံကောင္စီကို တည္ေထာင္လိုက္တာ ျဖစ္ပါတယ္။ တျပဳိင္တည္း လႈပ္ရွားေနၾကတဲ့ အဖြဲ႔အစည္းေတြျဖစ္လို႔ အဖြဲ႔ဝင္ အေရအတြက္ တိုးပြားေနပါတယ္။ NUCC တည္ေထာင္စ မတ္လ အေစာပိုင္းမွာ အဖြဲ႔ဝင္ (၅)ဖြဲ႔ေလာက္သာ ရွိခဲ့ေပမဲ့ ၂၀၂၁ ႏိုဝင္ဘာ(၁၆)ရက္ေန႔ သတင္းစာရွင္းလင္းပဲြ လုပ္တဲ့အခါမွာေတာ့ အဖြဲ႔ဝင္ (၃၀)ေလာက္ရွိေနပါၿပီ။ ၁၉၄၇၊ ၁၉၇၄ နဲ႔ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒေတြဟာ ဗမာႀကီးစိုးတဲ့ ဥပေဒေတြျဖစ္လို႔ ဖက္ဒရယ္ဥပေဒကို တိုင္းရင္းသား၊ လူထုလူတန္းစား အလႊာစုံက ေရးဆြဲၾကရမယ္လို႔ ဆိုလိုပါတယ္။

===============

{{ UNICODE }}

ပင်လုံမှာစတဲ့ ဖက်ဒရယ် ခရီးရှည်

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့ တောင်းဆိုကြတာကို စစ်ကောင်စီ ဥက္ကဌကလည်း သံယောင်လိုက်နေပါတယ်။ သူ့အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ယူဆတဲ့ ဖက်ဒရယ်အခွင့်အရေးကိုသာ ပေးနိုင်မယ်လို့ စက်တင်ဘာလ(၂၇)ရက်နေ့က နေပြည်တော်မှာ ပြောသွားပါတယ်။ စစ်ကောင်စီဥက္ကဌပြောတဲ့ ဖက်ဒရယ်ဆိုတာ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်တပ်က ဦးဆောင်တဲ့ နိုင်ငံရေးစနစ်ကို ဆိုလိုတာပါ။ တိုင်းရင်းသားတွေက ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ကိုသာ လိုလားကြပါတယ်။ စစ်ခေါင်းဆောင်ပေးတဲ့ ဖက်ဒရယ်ကို မလိုချင်ကြပါဘူး။

ဒါပေမဲ့ ထူးခြားတာကတော့ ၁၉၄၇ ပင်လုံညီလာခံက စခဲ့တဲ့ (၇၅)နှစ်တာ ဖက်ဒရယ်ခရီးရှည်ကြီး ပြန်လည်သက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး မကြာမီ ဖေဖေါ်ဝါရီ(၁၁)ရက်နေ့မှာ တိုင်းရင်းသားအုပ်စု (၂၇)စုက "လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ" GSCN ကို ဖွဲ့စည်းလိုက်ပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဟာ ဦးတည်ချက်တွေ ဖြစ်လာပါတယ်။ NUG အမျိုးသားညီညွတ်ရေး အစိုးရကလည်း ' ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ' ကို ရေးဆွဲဖို့ တာဝန်ယူထားပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ လူတန်းစား အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ - NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ NUG အစိုးရဟာ ဒီကိစ္စမှာ ပူးတွဲဆောင်ရွက်နေပါတယ်။ ဖက်ဒရယ်ဥပဒေ မူကြမ်းကစပြီး အတည်ပြုပြဌာန်းတဲ့အထိ ပြည်သူလူထု ပါဝင်နိုင်အောင် ကြိုးပမ်းမယ်လို့ဆိုပါတယ်။ တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို ၂၀၀၁ ကစပြီး လေ့လာခဲ့ကြတယ်လို့ ဒေါက်တာ လျန်မှုန်းဆာခေါင်က ဆိုပါတယ်။ ၂၀၁၅ မှာ တပြည်လုံး အပစ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးတော့လည်း ပင်လုံစိတ်ဓါတ်နဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ ရည်ရွယ်ကြောင်း ဖေါ်ပြပါတယ်။ ၂၀၁၆ မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပတော့လည်း ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အစုအဖွဲ့ အသီးသီးက စာတမ်းအမျိုးမျိုး တင်သွင်းပါတယ်။ နှီးနှောဖလှယ်ပွဲနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး၊ ဖက်ဒရယ်သဘောတရားကို လေ့လာကြပါတယ်။

ပြည်နယ်အနေနဲ့ မိမိဖွဲ့စည်းပုံအခြေခံဥပဒေ မိမိဖာသာ ရေးဆွဲပြဌာန်းတာကို ကိုယ်တိုင်ပြဌာန်းခွင့်လို့ နားလည်သဘောပေါက် လာကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ စုပေါင်းထားတဲ့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ ခွဲထွက်နိုင်ခွင့် မဟုတ်ပဲ၊ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်တယ်လို့ နားလည်လာကြပါတယ်။ ဒါကြောင့်မို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာ ခွဲထွက်ခွင့်မပါတဲ့ ပြည်ထောင်စုကို တည်ထောင်ကြဖို့ ၂၀၁၅ မှာ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက တိုင်းရင်းသား(၇)ပြည်နယ်နဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး ကော်မတီတွေတောင် ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

မိမိတို့ ဆန္ဒအတိုင်း ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တာမို့ အစကောင်းတယ်လို့ ပြောနိုင်ပေမယ့် အကောင်အထည် ဖေါ်တဲ့အခါမှာ ဗမာကြီးစိုးတဲ့ တပြည်ထောင်စနစ် ဖြစ်နေပါတယ်။ ဗမာပြည်မရဲ့ လုပ်ပိုင်ခွင့်ဟာ ပြည်ထောင်စုအာဏာ ကျင့်သုံးခွင့် ဖြစ်နေပါတယ်။ တပြည်ထောင်စနစ်ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခြားအဖွဲ့အစည်းတွေ လက်မခံနိုင်တာ ထင်ရှားပါတယ်။ စစ်အာဏာသိမ်းပြီး (၂)လအကြာ မတ်လ(၃၁)ရက်နေ့မှာ "ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်"လို့ ခေါ်တဲ့ 'ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း' ကို ထုတ်ဝေနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ကို ပြသနေပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ၊ သမဂ္ဂ၊ အရပ်ဖက် လူထုအဖွဲ့အစည်း၊ CDM အဖွဲ့၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့နဲ့ ကြားကာလအဖွဲ့အစည်းတွေဟာ ပဋိညာဉ်မှာ ပါဝင်ကြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကြေညာပြီး နှစ်ပတ်လောက်ကြာတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပါတယ်။ နောက်တော့ PDF ပြည်သူ့ကာကွယ်ရေးတပ်ကို မေလထဲမှာ ဖွဲ့စည်းပြီး စက်တင်ဘာ(၇)ရက်နေ့မှာ ခုခံကာကွယ်ရေးစစ်ပွဲကို ကြေညာခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ထိုးနှက်တိုက်ခိုက် လာပါတယ်။ ဒီလို စစ်ဆင်ရေးပြင်းထန်နေချိန် နွေဦးတော်လှန်ရေး အစောပိုင်းကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကြေညာနိုင်တာဟာ ထူးခြားပါတယ်။ ဒါပေမဲ့ အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ဇန္နဝါရီလကုန်ပိုင်းမှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံမှာ ဖက်ဒရယ် ပဋိညာဉ်ကို အတည်ပြုလိုက်ပါတယ်။

ဖက်ဒရယ်ပဋိညာဉ် ရေးဆွဲရာမှာပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကပဲ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ တပြိုင်တည်း လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ အဖွဲ့ဝင် အရေအတွက် တိုးပွားနေပါတယ်။ NUCC တည်ထောင်စ မတ်လ အစောပိုင်းမှာ အဖွဲ့ဝင် (၅)ဖွဲ့လောက်သာ ရှိခဲ့ပေမဲ့ ၂၀၂၁ နိုဝင်ဘာ(၁၆)ရက်နေ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာတော့ အဖွဲ့ဝင် (၃၀)လောက်ရှိနေပါပြီ။ ၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ ဗမာကြီးစိုးတဲ့ ဥပဒေတွေဖြစ်လို့ ဖက်ဒရယ်ဥပဒေကို တိုင်းရင်းသား၊ လူထုလူတန်းစား အလွှာစုံက ရေးဆွဲကြရမယ်လို့ ဆိုလိုပါတယ်။

XS
SM
MD
LG