သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈ


အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ကမာၻလုံးဆိုင္ရာေန႔ အျဖစ္ ကုလသမဂၢက သတ္မွတ္ထားတဲ့ ႏိုဝင္ဘာလ ၂၅ ရက္ေန႔ကေန ဒီဇင္ဘာလ ၁၀ ရက္ေန႔အထိ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြကို ျမန္မာႏိုင္ငံက အမ်ိဳးသမီးအဖြဲ႔အစည္းေတြ ပုံစံ မ်ိဳးစုံနဲ႔ လႈပ္ရွားေနၾကပါတယ္။

[Zawgyi]

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈ (အမ်ိဳးသမီးက႑)

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ကမာၻလုံးဆိုင္ရာေန႔ အျဖစ္ ကုလသမဂၢက သတ္မွတ္ထားတဲ့ ႏိုဝင္ဘာလ ၂၅ ရက္ေန႔ကေန ဒီဇင္ဘာလ ၁၀ ရက္ေန႔အထိ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြကို ကမာၻတဝန္းက အမ်ိဳးသမီးေတြ ႀကိဳးပမ္းေနၾကတဲ့ တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံက အမ်ိဳးသမီး အဖြဲ႕အစည္းေတြ ကလည္း သူတို႔ရဲ႕ သက္ဆိုင္ရာ ေဒသေတြမွာ က်ားမခြဲျခားမႈအေပၚ အေျခခံတဲ့ အၾကမ္းဖက္မႈေတြ ပေပ်ာက္ေရး လႈပ္ရွားမႈေတြကို ပုံစံ မ်ိဳးစုံနဲ႔ လႈပ္ရွားေနၾကပါတယ္။ ဒီႏွစ္မွာ ဘယ္လို ေဆာင္ပုဒ္မ်ိဳး လက္ကိုင္ထားၿပီး ဘယ္လို လႈပ္ရွားမႈေတြ ရွိေနပါလဲ။ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြနဲ႔ ပတ္သက္လို႔ လူငယ္အမ်ိဳးသမီး ေခါင္းေဆာင္တခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

စစ္အာဏာရွင္ေတြ အဆက္ဆက္ အုပ္ခ်ဳပ္ခဲ့တဲ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က က်ဴးလြန္တဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ မတရားျပဳက်င့္မႈ၊ အိမ္တြင္း အၾကမ္းဖက္မႈ အပါအဝင္ အမ်ိဳးသမီးေတြ ပုံစံမ်ိဳးစုံနဲ႔ အၾကမ္းဖက္ခံရတဲ့ အေျခအေနေတြ ဆက္ရွိေနတာဟာ အျပစ္က်ဴးလြန္သူေတြ အေပၚ ထိေရာက္တဲ့ အေရးယူမႈေတြ မရွိတာေၾကာင့္ ျဖစ္တယ္လို႔ WLB အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံရဲ႕ အေထြေထြ အတြင္းေရးမႉး ေနာ္ဆဲဆဲက ေျပာပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ဒီႏွစ္ရဲ႕ ၁၆ ရက္တာ လႈပ္ရွားမႈ ေဆာင္ပုဒ္ကို ျပစ္ဒဏ္ကင္းလြတ္ခြင့္ ရေနတဲ့ အေျခအေန အဆုံးသတ္ေရး ႀကိဳးပမ္းမႈအျဖစ္ အဓိကထား လႈပ္ရွား ေဆာင္႐ြက္ေနတဲ့ အေၾကာင္း ေနာ္ဆဲဆဲက ေျပာျပပါတယ္။

“ဒီႏွစ္က က်မတို႔ အဓိက သယ္သြားတဲ့ ေဆာင္ပုဒ္ကေတာ့ တရားမွ်တမႈရရွိေရးနဲ႔ တာဝန္ခံမႈ တာဝန္ယူမႈ ရရွိေရးဟာ ျပစ္ဒဏ္ကင္းလြတ္ခြင့္ အဆုံးသတ္ႏိုင္တဲ့ အစဥ္အလာကို ေရာက္ရွိႏိုင္တယ္ေပါ့ေနာ္။ ဆိုေတာ့ က်မတို႔က ညီမွ်ျခင္းနဲ႔ လုပ္ပါတယ္။ Justice + Accountability = End System of Impunity ေပါ့။ (တရားမွ်တမႈ + တာဝန္ခံမႈ = ျပစ္ဒဏ္ကင္းလြတ္ခြင့္မ်ားကို အဆုံးသတ္ျခင္း) က်မတို႔ အဲ့ဒီေဆာင္ပုဒ္နဲ႔ လုပ္ေနပါတယ္။ က်မတို႔ ဆက္ၿပီးေတာ့လည္း ဒီလႈပ္ရွားမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္သြားဖို႔ရွိတယ္။ တကယ္ခံစားရသူေတြ ေျပာခ်င္တဲ့ အေၾကာင္းအရာ မက္ေဆ့ေတြေရာ၊ တကယ့္ ေအာက္ေျခမွာ ဒီအၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ၿပီး ကူညီပံ့ပိုးေပးေနတဲ့ အမ်ိဳးသမီး လူ႔အခြင့္အေရး ကာကြယ္ ေစာင့္ေရွာက္သူေတြရဲ႕အသံေတြေရာ၊ ၿပီးရင္ အနယ္နယ္အရပ္ရပ္မွာရွိေနတဲ့ အမ်ိဳးသမီး ေခါင္းေဆာင္ေတြရဲ႕ အသံေတြကို တေန႔ၿပီးတေန႔ ဒီအသံေတြထုတ္ေဖာ္ဖို႔ ဆိုရွယ္မီဒီယာမွာ တင္သြားတာေတြ ရွိပါတယ္။ ၿပီးရင္ အထူးသျဖင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္တာ၊ LGBT ေတြနဲ႔ပတ္သက္တာေရာ ၂၀၂၁ ကေန ၂၀၂၂ ခုႏွစ္အထိ ၂ ႏွစ္စာ အစီရင္ခံစာတခုကိုလည္း ျပင္ဆင္ေနပါတယ္။ ေနာက္တခုကေတာ့ တျခား အဖြဲ႕အစည္းေတြနဲ႔လည္း ပူးေပါင္း ပါဝင္ၿပီး လူ႔အခြင့္အေရးေန႔တို႔ တျခားေန႔ေတြကိုလည္း ပူးေပါင္း ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြားဖို႔ ရွိပါတယ္။”

အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံအေနနဲ႔ ျပည္တြင္း ျပည္ပ အမ်ိဳးသမီး အဖြဲ႕အစည္းေတြနဲ႔ အတူပူးေပါင္းၿပီး ဖဲႀကိဳးျဖဴ လႈပ္ရွားမႈ အပါအဝင္ အမ်ိဳးသမီးေတြရဲ႕ အသံေတြကို ေဖာ္ထုတ္ႏိုင္မယ့္ လႈပ္ရွားမႈေတြ၊ က်ား-မ ကြဲျပားမႈအေပၚ အေျခခံတဲ့ အၾကမ္းဖက္မႈေတြ ပေပ်ာက္ေရး လႈပ္ရွားမႈေတြကို ပုံစံမ်ိဳးစုံနဲ႔ လုပ္ေဆာင္ေနတယ္လို႔လည္း ေနာ္ဆဲဆဲ က ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း တိုက္ပြဲေတြ ေနရာအႏွံ႔ ျပင္းထန္လာေနတဲ့ ကရင္နီျပည္ ေခၚ ကယားျပည္နယ္ ဘက္မွာလည္း အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြ စုေပါင္းၿပီး ၁၆ ရက္တာ လႈပ္ရွားမႈေတြ လုပ္ေနၾကပါတယ္။ အရင္တုန္းကလို ၿမိဳ႕ေတြ ႐ြာေတြမွာ လြတ္လြတ္လပ္လပ္ လႈပ္ရွားေဆာင္႐ြက္ႏိုင္တဲ့ အေျခအေနမ်ိဳး မရွိေပမဲ့ ရတဲ့နည္းနဲ႔ လႈပ္ရွားမႈေတြကိုေတာ့ အဆက္မျပတ္ လုပ္ေဆာင္ေနတဲ့အေၾကာင္း ကရင္နီအမ်ိဳးသမီး အစည္းအ႐ုံး အတြင္းေရးမႉး - ၂ ေမာ္ဖေရးျမာ က ေျပာပါတယ္။

“က်မတို႔ ကရင္နီျပည္နယ္က အမ်ိဳးသမီးေတြ ေတာ္ေတာ္မ်ားမ်ားက ယခင္ ႏိုင္ငံေရး ေကာင္းတုန္းက ဆိုရင္ေတာ့ က်မတို႔ၿမိဳ႕နယ္အလိုက္ လုပ္ၿပီး လူထုေတြ တစုတစည္းတည္းနဲ႔ ကိုယ္စားလွယ္ေတြ ေလး-ငါးရာ ဖိတ္ၿပီးေတာ့မွ အသိပညာ ေပးေလ့ရွိၾကတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ႏိုင္ငံေရးအေျခအေန မေကာင္းေတာ့ က်မတို႔ ေတာ္ေတာ္မ်ားမ်ားက စစ္ေရွာင္စခန္းေတြမွာပဲ အခမ္းအနား အက်ဥ္း႐ုံး လုပ္ၿပီး ပညာေပးလႈံ႕ေဆာ္တာေတြ လုပ္ပါတယ္။ ဆိုေတာ့ ဥပမာ KNOW ဆိုရင္ ဒီေန႔မွာ လြိဳက္ေကာ္၊ ဒီေမာ့ဆို၊ ဖ႐ူးဆို အေရွ႕ျခမ္း နဲ႔ ရွမ္းေတာ မွာ စစ္ေရွာင္စခန္းေတြကို လူဦးေရ ေတာ္ေတာ္မ်ားမ်ားနဲ႔ သြားလုပ္ျဖစ္တာေတြ ရွိပါတယ္။ အဓိက ရည္႐ြယ္ခ်က္ကေတာ့ အခုဆိုရင္ စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာ အိမ္တြင္းအၾကမ္းဖက္မႈေတြ ပိုမ်ားလာတာ ရွိသလို၊ တဘက္မွာဆိုရင္လည္း တိုင္ၾကားတဲ့ေနရာေတြလည္း မရွိဘူး။ ကရင္နီျပည္နယ္မွာ သိတဲ့အတိုင္းပဲ အာဏာသိမ္းၿပီးေနာက္ပိုင္း တရားဥပေဒ စိုးမိုးေရး ပ်က္ျပယ္သြားတယ္ ဆိုေတာ့ က်မတို႔ရဲ႕ ထိန္းခ်ဳပ္ဧရိယာမွာပဲ ရွိတဲ့ တရားဥပေဒနဲ႔ တိုင္ၾကားတာမ်ိဳးေတြ ကိုင္တြယ္ ေျဖရွင္းတာမ်ိဳးေတြ ရွိပါတယ္။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳးေတြ ေျဖရွင္းေပးတဲ့ေနရာမွာဆိုင္ရင္လည္း တကယ့္ တရားမွ်တမႈ ရွိႏိုင္ဖို႔အတြက္လည္း က်မတို႔ေတြက ဝိုင္းဝန္းဖိအားေပးတာေတြ ပါသလို၊ ၁၆ ရက္တာ လႈပ္ရွားမႈရဲ႕ သမိုင္းေၾကာင္းေတြ သူတို႔သိဖို႔ လိုသလို၊ အမ်ိဳးသမီးေတြကလည္း သူတို႔ရဲ႕ အခြင့္အေရး ရပိုင္ခြင့္ေတြကို သူတို႔ဘယ္လို ကာကြယ္ရမလဲ ဆိုတဲ့ဟာေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ သိႏိုင္ဖို႔အတြက္ က်မတို႔က ပညာေပးတာေတြ ပါတယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တခ်ိဳ႕ဆိုရင္ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာက ေတာ္ေတာ္မ်ားမ်ား အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ေတာ္ေတာ္ေလး စိတ္ဒဏ္ရာေတြ ရၾကပါတယ္။ ဆိုေတာ့ ဒီ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြ အတြက္ စိတ္ဓာတ္ ျမႇင့္တင္ေရး အစီအစဥ္ေတြ က်မတို႔လုပ္ေပးတယ္။ အားကစား အစီအစဥ္၊ ၿပိဳင္ပြဲအစီအစဥ္ေတြ က်မတို႔လုပ္ေပးတယ္။ တဘက္မွာဆိုလို႔ရွိရင္လည္း ဂိမ္းေလးေတြေဆာ့ေပးတာမ်ိဳး၊ အခမ္းအနားမွာ အဆိုအကေတြ ဖန္တီးေပးတာမ်ိဳးေတြလည္း ရွိတယ္။ ၿပီးရင္ က်မတို႔ေပးခ်င္တဲ့ မက္ေဆ့ ေပးတာေတြလည္း ရွိပါတယ္။”

စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း ျပည္တြင္းမွာ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူေတြ၊ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြ အမ်ားအျပား ရွိေနတဲ့ အိႏၵိယ-ျမန္မာနယ္စပ္မွာလည္း အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြ လုပ္ၾကပါတယ္။ လတ္တေလာ အေျခအေနမွာေတာ့ တရားမွ်တမႈ ရွာေဖြဖို႔ထက္ ဒုကၡေရာက္ေနတဲ့ အမ်ိဳးသမီးေတြကို လိုအပ္တဲ့ အကူအညီေတြ ေပးႏိုင္ဖို႔၊ အမ်ိဳးသမီးေတြ အခ်င္းခ်င္း ေဖးမၿပီး စိတ္ခြန္အား ေပးႏိုင္ဖို႔အတြက္ အဓိက ဦးစားေပး လုပ္ေနရတဲ့ အေျခအေန ျဖစ္ေနတယ္လို႔ အိႏၵိယ-ျမန္မာ နယ္စပ္အေျခစိုက္ ကူကီး အမ်ိဳးသမီးအဖြဲ႕က မဘြိဳင္ႏူးက ေျပာပါတယ္။

“ဒီမွာကေတာ့ ေနရပ္စြန႔္ခြာ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ရွိတယ္။ စီဒီအမ္ လုပ္တဲ့သူရဲေကာင္းေတြလည္း ရွိတယ္။ ဒါေပမဲ့ က်မတို႔က ဒီဘက္ျခမ္းမွာ illegal အေနနဲ႔ တရားမဝင္ ေနရတယ္။ အိႏၵိယအစိုးရက တရားဝင္ေနထိုင္ခြင့္ ျပဳထားတာ မဟုတ္ဘူး။ ဆိုေတာ့ က်မတို႔ ျမန္မာႏိုင္ငံက အမ်ိဳးသမီးထုေတြက နဂိုကတည္းကိုက စစ္ေၾကာင့္ေျပးလာတဲ့ အခ်ိန္မွာ အိမ္တြင္းအၾကမ္းဖက္မႈ ဆိုတာက ဘယ္ေနရာမဆို ရွိပါတယ္။ အိမ္တြင္းအၾကမ္းဖက္မႈက ေနရာေဒသ မေ႐ြးပါဘူး။ ဒီမွာကလည္း တရားမဝင္ ပုံစံနဲ႔ ေနရတဲ့အခါေတြမွာ ပိုၿပီး ခံရတယ္။ ေနာက္ၿပီးေတာ့ ေနရာေဒသစိမ္း ျဖစ္တယ္။ အမ်ိဳးသမီးထု ေတာ္ေတာ္မ်ားမ်ားက နဂိုကတည္းကိုက ကိုယ့္ရပ္ကိုယ့္႐ြာမွာ ျဖစ္ေနရင္ေတာင္မွ အိမ္တြင္းအၾကမ္းဖက္မႈ ခံရရင္ေတာင္ က်မတို႔အမ်ိဳးသမီးေတြက မေျပာရဲဘူး။ အဲ့ဒီလို ျဖစ္ေနတဲ့ ကိုယ့္ရပ္ကိုယ့္႐ြာ ကိုယ့္ေဒသမွာေတာင္မွ အၾကမ္းဖက္မႈေတြ ခံေနရတယ္ဆိုတာ မေျပာရဲတဲ့ ဒီအမ်ိဳးသမီးေတြဟာ အခုလိုမ်ိဳး အာဏာသိမ္းမႈေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးရတဲ့အခ်ိန္မွာ တဘက္မွာဆိုရင္ ကယ္ကူရာမဲ့တဲ့ ပုံစံ ျဖစ္ေနေတာ့ ဒီအခ်ိန္မွာ က်မတို႔အမ်ိဳးသမီးေတြက ကူကီးအမ်ိဳးသမီးအဖြဲ႕ကေနမွ ဒီလို အခက္အခဲ ဒုကၡေရာက္ေနတဲ့ အမ်ိဳးသမီးေတြကို ကူညီေနတဲ့အလုပ္ေတြ လုပ္ေနတယ္ဆိုတာကို သူတို႔ေတြကို က်မတို႔က ေျပာျပတယ္။ ၿပီးလို႔ရွိရင္ ဒီ ၁၆ ရက္တာ အေၾကာင္းေပါ့ေနာ္။ အထူးသျဖင့္ ဒီ ႏိုဝင္ဘာ ၂၅ ရက္ေန႔ဆိုရင္ တကမာၻလုံး တႏိုင္ငံလုံးက က်င္းပတယ္။ ဒါဟာ အမ်ိဳးသမီးေတြအေပၚနဲ႔ မိန္းခေလးငယ္မ်ားအေပၚ အၾကမ္းဖက္မႈေတြ ပေပ်ာက္ေရးေန႔ ျဖစ္တယ္ဆိုတဲ့ ကိစၥေတြကို ျမန္မာႏိုင္ငံက ျပည္သူေတြ ပိုၿပီးေတာ့ သိသြားဖို႔။ အၾကမ္းဖက္မႈ ခံရတယ္ဆိုရင္ ေရငုံႏႈတ္ပိတ္ မေနဖို႔။ အထူးသျဖင့္ ဒီအခ်ိန္မွာ က်မတို႔က ဒီဟာကို အဓိက အေျပာဆုံးပါပဲ။ ဒုကၡသည္ေတြ အေနနဲ႔ ထြက္ေျပးလာတယ္ ဆိုေပမဲ့လည္း စိတ္ဓာတ္မက်ဖို႔၊ စိတ္အားမငယ္ဖို႔။ ကိုယ္ခံရတာကို ေရငုံႏႈတ္ပိတ္ မေနပါနဲ႔ က်မတို႔ကို ဆက္သြယ္ပါ ဆိုၿပီး အဓိက အဲ့ဒါကို အမ်ိဳးသမီးၾကား သြားေရာက္ ေျပာဆိုတာေတြ လုပ္ပါတယ္။ က်န္တဲ့ တရားမွ်တမႈေတြ ရဖို႔ ဘာဖို႔ ဆိုတာကေတာ့ ဒီအခ်ိန္မွာ က်မတို႔ စဥ္းလည္း မစဥ္းစားဘူး။ ေမွ်ာ္လည္း မေမွ်ာ္ေတာ့ပါဘူး။ ဒီအခ်ိန္မွာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး ဆိုေတာ့။ ဒါေပမဲ့ ဒီအမ်ိဳးသမီးေတြကိုေတာ့ က်မတို႔က ကူညီၿပီးမွ ေဖးမရမယ္ ဆိုၿပီး ႏိုင္တဲ့ဘက္ကေန အမ်ိဳးသမီးေတြကို ကူညီေပးေနတာေပါ့ေနာ္။”

အလားတူ ကခ်င္ျပည္နယ္ ဘက္မွာလည္း စစ္အာဏာသိမ္းမႈေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ လုံၿခဳံေရး စိုးရိမ္ရတဲ့ အေျခအေနေတြၾကားမွာပဲ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြ ကိုေတာ့ ဒီႏွစ္မွာလည္း လုပ္ေဆာင္ေနၾကတဲ့အေၾကာင္း ကခ်င္အမ်ိဳးသမီး အစည္းအ႐ုံး ေျပာခြင့္ရ မြန္းေနလီက ေျပာျပပါတယ္။

“စစ္အာဏာမသိမ္းခင္ အေရွ႕ပိုင္း၊ ကိုဗစ္ေတြ မျဖစ္ခင္ကတည္းက က်မတို႔ ကခ်င္ေဒသမွာ ၁၆ ရက္တာ ကမ္ပိန္း ဆိုၿပီး ဖဲႀကိဳး အျဖဴေလးေတြနဲ႔ ဖဲႀကိဳးျဖဴ ကမ္ပိန္းဆိုၿပီး လုပ္တာေတြ ရွိပါတယ္။ ဆိုေတာ့ ဒီလႈပ္ရွားမႈေတြ လုပ္တဲ့အခ်ိန္မွာ ဒီ ဖဲႀကိဳးျဖဴ ဆိုတာ ႏိုင္ငံတကာမွာ ႏိုင္ငံေပါင္းမ်ားစြာမွာလုပ္တဲ့ လႈပ္ရွားမႈတရပ္ပါ။ အားလုံး အတူတကြ တက္ညီလက္ညီနဲ႔ လုပ္တဲ့ ကမ္ပိန္းတခု ျဖစ္ပါတယ္။ ဆိုေတာ့ အထူးသျဖင့္ေတာ့ ဖဲႀကိဳးျဖဴ တပ္ဆင္ျခင္းအားျဖင့္ အမ်ိဳးသမီးေတြကို အၾကမ္းဖက္မႈ ပေပ်ာက္ဖို႔အတြက္ ကိုယ္ ကိုယ္တိုင္ ပါဝင္ၿပီးေတာ့ လုပ္ေဆာင္တယ္။ ကိုယ္ ကိုယ္ႏွိက္လည္း ဒီအၾကမ္းဖက္မႈေတြကို ပေပ်ာက္ေအာင္သာမက အၾကမ္းဖက္မႈ မလုပ္ဘူးဆိုတဲ့ ကတိကဝတ္ ေပါ့။ ဒါေတြကို လုပ္ေဆာင္တဲ့ သေကၤတ တခုအေနနဲ႔ လုပ္ေဆာင္တယ္။ တဘက္မွာလည္း က်မတို႔က အျမင္ဖြင့္သင္တန္းေတြ လုပ္ေဆာင္တယ္။ လက္ကမ္း စာေစာင္ေတြ ေဝမွ်တယ္။ အထူးသျဖင့္ က်မတို႔က ကခ်င္လြတ္ေျမာက္နယ္ေျမမွာ လႈပ္ရွားတဲ့ ေနရာေဒသေတြမွာ ဆိုရင္လည္း အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြ ပိုၿပီးေတာ့ ပေပ်ာက္ေအာင္ လုပ္ေဆာင္လာဖို႔ အတြက္ရယ္၊ ဒီလို ေပၚလစီေတြ ခ်မွတ္လာဖို႔အတြက္ ဘက္ေပါင္းစုံ ကေန က်မတို႔ လုပ္ေဆာင္ေနတာေတြ ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ လုံၿခဳံေရးအရေရာ၊ သြားလာဖို႔အတြက္ အခက္အခဲေတြ အတားအဆီးေတြ အမ်ားႀကီးေၾကာင့္ အရင္ေလာက္ က်ယ္က်ယ္ျပန႔္ျပန႔္ မလုပ္ႏိုင္တဲ့ အေျခအေန ရွိပါတယ္။ ေၾကညာခ်က္ေတြ၊ အခ်င္းခ်င္း သတင္းဖလွယ္တာေတြေလာက္ပဲ လုပ္ႏိုင္တာေတြလည္း ရွိပါတယ္။”

စစ္အာဏာသိမ္းမႈ ေနာက္ပို္င္း ႏိုင္ငံေရး ဖိႏွိပ္မႈေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ျပည္တြင္း ေနရပ္စြန႔္ခြာ ထြက္ေျပးရသူေတြ၊ ျပည္ပႏိုင္ငံေတြကို ထြက္ေျပးရသူေတြ ျမန္မာႏိုင္ငံအႏွံ႔ သိန္းနဲ႔ခ်ီ ရွိေနတဲ့အထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားအျပား ပါဝင္ၿပီး စစ္ေဘးဒုကၡေတြနဲ႔အတူ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ၊ အိမ္တြင္း အၾကမ္းဖက္မႈေတြကို ပိုၿပီး ႀကဳံေတြ႕လာေနရတာကိုလည္း ဒီအမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ေထာက္ျပ ေျပာဆိုၾကပါတယ္။ ဘယ္လို အၾကမ္းဖက္မႈ ပုံစံမ်ိဳးေတြကို အဓိက ႀကံဳေတြ႕ၾကရၿပီး ဒါေတြ ရပ္တန႔္ဖို႔ ဘယ္ေလာက္အထိ အေရးႀကီးေနသလဲ။ တရားမွ်တမႈနဲ႔ တာဝန္ခံမႈ ရွိဖို႔ ဘာေၾကာင့္ လိုအပ္ေနတာလဲ။ ျပစ္ဒဏ္ ကင္းလြတ္ခြင့္ရေနတဲ့ အေျခအေနေတြ အဆုံးသတ္ဖို႔ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ၁၆ ရက္တာ လႈပ္ရွားမႈ ဒီအခ်ိန္မွာ ဘာေၾကာင့္ ပိုၿပီး အေရးႀကီးသလဲ ဆိုတာေတြကိုေတာ့ ေရွ႕သီတင္းပတ္ အမ်ိဳးသမီးက႑မွာ ဆက္လက္ တင္ဆက္ေပးမွာမို႔ ေစာင့္ေမွ်ာ္ နားဆင္ၾကပါလို႔ေျပာရင္းပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

=============================

[Unicode]

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု (အမျိုးသမီးကဏ္ဍ)

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ကမ္ဘာတဝန်းက အမျိုးသမီးတွေ ကြိုးပမ်းနေကြတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက အမျိုးသမီး အဖွဲ့အစည်းတွေ ကလည်း သူတို့ရဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ကျားမခွဲခြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေး လှုပ်ရှားမှုတွေကို ပုံစံ မျိုးစုံနဲ့ လှုပ်ရှားနေကြပါတယ်။ ဒီနှစ်မှာ ဘယ်လို ဆောင်ပုဒ်မျိုး လက်ကိုင်ထားပြီး ဘယ်လို လှုပ်ရှားမှုတွေ ရှိနေပါလဲ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူငယ်အမျိုးသမီး ခေါင်းဆောင်တချို့ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

စစ်အာဏာရှင်တွေ အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မတရားပြုကျင့်မှု၊ အိမ်တွင်း အကြမ်းဖက်မှု အပါအဝင် အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေ ဆက်ရှိနေတာဟာ အပြစ်ကျူးလွန်သူတွေ အပေါ် ထိရောက်တဲ့ အရေးယူမှုတွေ မရှိတာကြောင့် ဖြစ်တယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဒီနှစ်ရဲ့ ၁၆ ရက်တာ လှုပ်ရှားမှု ဆောင်ပုဒ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေ အဆုံးသတ်ရေး ကြိုးပမ်းမှုအဖြစ် အဓိကထား လှုပ်ရှား ဆောင်ရွက်နေတဲ့ အကြောင်း နော်ဆဲဆဲက ပြောပြပါတယ်။

“ဒီနှစ်က ကျမတို့ အဓိက သယ်သွားတဲ့ ဆောင်ပုဒ်ကတော့ တရားမျှတမှုရရှိရေးနဲ့ တာဝန်ခံမှု တာဝန်ယူမှု ရရှိရေးဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်နိုင်တဲ့ အစဉ်အလာကို ရောက်ရှိနိုင်တယ်ပေါ့နော်။ ဆိုတော့ ကျမတို့က ညီမျှခြင်းနဲ့ လုပ်ပါတယ်။ Justice + Accountability = End System of Impunity ပေါ့။ (တရားမျှတမှု + တာဝန်ခံမှု = ပြစ်ဒဏ်ကင်းလွတ်ခွင့်များကို အဆုံးသတ်ခြင်း) ကျမတို့ အဲ့ဒီဆောင်ပုဒ်နဲ့ လုပ်နေပါတယ်။ ကျမတို့ ဆက်ပြီးတော့လည်း ဒီလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ရှိတယ်။ တကယ်ခံစားရသူတွေ ပြောချင်တဲ့ အကြောင်းအရာ မက်ဆေ့တွေရော၊ တကယ့် အောက်ခြေမှာ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကူညီပံ့ပိုးပေးနေတဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေရဲ့အသံတွေရော၊ ပြီးရင် အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ အမျိုးသမီး ခေါင်းဆောင်တွေရဲ့ အသံတွေကို တနေ့ပြီးတနေ့ ဒီအသံတွေထုတ်ဖော်ဖို့ ဆိုရှယ်မီဒီယာမှာ တင်သွားတာတွေ ရှိပါတယ်။ ပြီးရင် အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တာ၊ LGBT တွေနဲ့ပတ်သက်တာရော ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်အထိ ၂ နှစ်စာ အစီရင်ခံစာတခုကိုလည်း ပြင်ဆင်နေပါတယ်။ နောက်တခုကတော့ တခြား အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ပါဝင်ပြီး လူ့အခွင့်အရေးနေ့တို့ တခြားနေ့တွေကိုလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။”

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း ပြည်ပ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းပြီး ဖဲကြိုးဖြူ လှုပ်ရှားမှု အပါအဝင် အမျိုးသမီးတွေရဲ့ အသံတွေကို ဖော်ထုတ်နိုင်မယ့် လှုပ်ရှားမှုတွေ၊ ကျား-မ ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေး လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့လည်း နော်ဆဲဆဲ က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း တိုက်ပွဲတွေ နေရာအနှံ့ ပြင်းထန်လာနေတဲ့ ကရင်နီပြည် ခေါ် ကယားပြည်နယ် ဘက်မှာလည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ၁၆ ရက်တာ လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ အရင်တုန်းကလို မြို့တွေ ရွာတွေမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး မရှိပေမဲ့ ရတဲ့နည်းနဲ့ လှုပ်ရှားမှုတွေကိုတော့ အဆက်မပြတ် လုပ်ဆောင်နေတဲ့အကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး - ၂ မော်ဖရေးမြာ က ပြောပါတယ်။

“ကျမတို့ ကရင်နီပြည်နယ်က အမျိုးသမီးတွေ တော်တော်များများက ယခင် နိုင်ငံရေး ကောင်းတုန်းက ဆိုရင်တော့ ကျမတို့မြို့နယ်အလိုက် လုပ်ပြီး လူထုတွေ တစုတစည်းတည်းနဲ့ ကိုယ်စားလှယ်တွေ လေး-ငါးရာ ဖိတ်ပြီးတော့မှ အသိပညာ ပေးလေ့ရှိကြတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေ မကောင်းတော့ ကျမတို့ တော်တော်များများက စစ်ရှောင်စခန်းတွေမှာပဲ အခမ်းအနား အကျဉ်းရုံး လုပ်ပြီး ပညာပေးလှုံ့ဆော်တာတွေ လုပ်ပါတယ်။ ဆိုတော့ ဥပမာ KNOW ဆိုရင် ဒီနေ့မှာ လွိုက်ကော်၊ ဒီမော့ဆို၊ ဖရူးဆို အရှေ့ခြမ်း နဲ့ ရှမ်းတော မှာ စစ်ရှောင်စခန်းတွေကို လူဦးရေ တော်တော်များများနဲ့ သွားလုပ်ဖြစ်တာတွေ ရှိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အခုဆိုရင် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတာ ရှိသလို၊ တဘက်မှာဆိုရင်လည်း တိုင်ကြားတဲ့နေရာတွေလည်း မရှိဘူး။ ကရင်နီပြည်နယ်မှာ သိတဲ့အတိုင်းပဲ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးရေး ပျက်ပြယ်သွားတယ် ဆိုတော့ ကျမတို့ရဲ့ ထိန်းချုပ်ဧရိယာမှာပဲ ရှိတဲ့ တရားဥပဒေနဲ့ တိုင်ကြားတာမျိုးတွေ ကိုင်တွယ် ဖြေရှင်းတာမျိုးတွေ ရှိပါတယ်။ ဆိုတော့ အဲ့ဒီလိုမျိုးတွေ ဖြေရှင်းပေးတဲ့နေရာမှာဆိုင်ရင်လည်း တကယ့် တရားမျှတမှု ရှိနိုင်ဖို့အတွက်လည်း ကျမတို့တွေက ဝိုင်းဝန်းဖိအားပေးတာတွေ ပါသလို၊ ၁၆ ရက်တာ လှုပ်ရှားမှုရဲ့ သမိုင်းကြောင်းတွေ သူတို့သိဖို့ လိုသလို၊ အမျိုးသမီးတွေကလည်း သူတို့ရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို သူတို့ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့အတွက် ကျမတို့က ပညာပေးတာတွေ ပါတယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ဆိုရင် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာက တော်တော်များများ အမျိုးသမီးနဲ့ ကလေးငယ်တွေ တော်တော်လေး စိတ်ဒဏ်ရာတွေ ရကြပါတယ်။ ဆိုတော့ ဒီ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အတွက် စိတ်ဓာတ် မြှင့်တင်ရေး အစီအစဉ်တွေ ကျမတို့လုပ်ပေးတယ်။ အားကစား အစီအစဉ်၊ ပြိုင်ပွဲအစီအစဉ်တွေ ကျမတို့လုပ်ပေးတယ်။ တဘက်မှာဆိုလို့ရှိရင်လည်း ဂိမ်းလေးတွေဆော့ပေးတာမျိုး၊ အခမ်းအနားမှာ အဆိုအကတွေ ဖန်တီးပေးတာမျိုးတွေလည်း ရှိတယ်။ ပြီးရင် ကျမတို့ပေးချင်တဲ့ မက်ဆေ့ ပေးတာတွေလည်း ရှိပါတယ်။”

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အများအပြား ရှိနေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေ လုပ်ကြပါတယ်။ လတ်တလော အခြေအနေမှာတော့ တရားမျှတမှု ရှာဖွေဖို့ထက် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့၊ အမျိုးသမီးတွေ အချင်းချင်း ဖေးမပြီး စိတ်ခွန်အား ပေးနိုင်ဖို့အတွက် အဓိက ဦးစားပေး လုပ်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် ကူကီး အမျိုးသမီးအဖွဲ့က မဘွိုင်နူးက ပြောပါတယ်။

“ဒီမှာကတော့ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ရှိတယ်။ စီဒီအမ် လုပ်တဲ့သူရဲကောင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျမတို့က ဒီဘက်ခြမ်းမှာ illegal အနေနဲ့ တရားမဝင် နေရတယ်။ အိန္ဒိယအစိုးရက တရားဝင်နေထိုင်ခွင့် ပြုထားတာ မဟုတ်ဘူး။ ဆိုတော့ ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးထုတွေက နဂိုကတည်းကိုက စစ်ကြောင့်ပြေးလာတဲ့ အချိန်မှာ အိမ်တွင်းအကြမ်းဖက်မှု ဆိုတာက ဘယ်နေရာမဆို ရှိပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုက နေရာဒေသ မရွေးပါဘူး။ ဒီမှာကလည်း တရားမဝင် ပုံစံနဲ့ နေရတဲ့အခါတွေမှာ ပိုပြီး ခံရတယ်။ နောက်ပြီးတော့ နေရာဒေသစိမ်း ဖြစ်တယ်။ အမျိုးသမီးထု တော်တော်များများက နဂိုကတည်းကိုက ကိုယ့်ရပ်ကိုယ့်ရွာမှာ ဖြစ်နေရင်တောင်မှ အိမ်တွင်းအကြမ်းဖက်မှု ခံရရင်တောင် ကျမတို့အမျိုးသမီးတွေက မပြောရဲဘူး။ အဲ့ဒီလို ဖြစ်နေတဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှာတောင်မှ အကြမ်းဖက်မှုတွေ ခံနေရတယ်ဆိုတာ မပြောရဲတဲ့ ဒီအမျိုးသမီးတွေဟာ အခုလိုမျိုး အာဏာသိမ်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့အချိန်မှာ တဘက်မှာဆိုရင် ကယ်ကူရာမဲ့တဲ့ ပုံစံ ဖြစ်နေတော့ ဒီအချိန်မှာ ကျမတို့အမျိုးသမီးတွေက ကူကီးအမျိုးသမီးအဖွဲ့ကနေမှ ဒီလို အခက်အခဲ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ကူညီနေတဲ့အလုပ်တွေ လုပ်နေတယ်ဆိုတာကို သူတို့တွေကို ကျမတို့က ပြောပြတယ်။ ပြီးလို့ရှိရင် ဒီ ၁၆ ရက်တာ အကြောင်းပေါ့နော်။ အထူးသဖြင့် ဒီ နိုဝင်ဘာ ၂၅ ရက်နေ့ဆိုရင် တကမ္ဘာလုံး တနိုင်ငံလုံးက ကျင်းပတယ်။ ဒါဟာ အမျိုးသမီးတွေအပေါ်နဲ့ မိန်းခလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ရေးနေ့ ဖြစ်တယ်ဆိုတဲ့ ကိစ္စတွေကို မြန်မာနိုင်ငံက ပြည်သူတွေ ပိုပြီးတော့ သိသွားဖို့။ အကြမ်းဖက်မှု ခံရတယ်ဆိုရင် ရေငုံနှုတ်ပိတ် မနေဖို့။ အထူးသဖြင့် ဒီအချိန်မှာ ကျမတို့က ဒီဟာကို အဓိက အပြောဆုံးပါပဲ။ ဒုက္ခသည်တွေ အနေနဲ့ ထွက်ပြေးလာတယ် ဆိုပေမဲ့လည်း စိတ်ဓာတ်မကျဖို့၊ စိတ်အားမငယ်ဖို့။ ကိုယ်ခံရတာကို ရေငုံနှုတ်ပိတ် မနေပါနဲ့ ကျမတို့ကို ဆက်သွယ်ပါ ဆိုပြီး အဓိက အဲ့ဒါကို အမျိုးသမီးကြား သွားရောက် ပြောဆိုတာတွေ လုပ်ပါတယ်။ ကျန်တဲ့ တရားမျှတမှုတွေ ရဖို့ ဘာဖို့ ဆိုတာကတော့ ဒီအချိန်မှာ ကျမတို့ စဉ်းလည်း မစဉ်းစားဘူး။ မျှော်လည်း မမျှော်တော့ပါဘူး။ ဒီအချိန်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတော့။ ဒါပေမဲ့ ဒီအမျိုးသမီးတွေကိုတော့ ကျမတို့က ကူညီပြီးမှ ဖေးမရမယ် ဆိုပြီး နိုင်တဲ့ဘက်ကနေ အမျိုးသမီးတွေကို ကူညီပေးနေတာပေါ့နော်။”

အလားတူ ကချင်ပြည်နယ် ဘက်မှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြားမှာပဲ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေ ကိုတော့ ဒီနှစ်မှာလည်း လုပ်ဆောင်နေကြတဲ့အကြောင်း ကချင်အမျိုးသမီး အစည်းအရုံး ပြောခွင့်ရ မွန်းနေလီက ပြောပြပါတယ်။

“စစ်အာဏာမသိမ်းခင် အရှေ့ပိုင်း၊ ကိုဗစ်တွေ မဖြစ်ခင်ကတည်းက ကျမတို့ ကချင်ဒေသမှာ ၁၆ ရက်တာ ကမ်ပိန်း ဆိုပြီး ဖဲကြိုး အဖြူလေးတွေနဲ့ ဖဲကြိုးဖြူ ကမ်ပိန်းဆိုပြီး လုပ်တာတွေ ရှိပါတယ်။ ဆိုတော့ ဒီလှုပ်ရှားမှုတွေ လုပ်တဲ့အချိန်မှာ ဒီ ဖဲကြိုးဖြူ ဆိုတာ နိုင်ငံတကာမှာ နိုင်ငံပေါင်းများစွာမှာလုပ်တဲ့ လှုပ်ရှားမှုတရပ်ပါ။ အားလုံး အတူတကွ တက်ညီလက်ညီနဲ့ လုပ်တဲ့ ကမ်ပိန်းတခု ဖြစ်ပါတယ်။ ဆိုတော့ အထူးသဖြင့်တော့ ဖဲကြိုးဖြူ တပ်ဆင်ခြင်းအားဖြင့် အမျိုးသမီးတွေကို အကြမ်းဖက်မှု ပပျောက်ဖို့အတွက် ကိုယ် ကိုယ်တိုင် ပါဝင်ပြီးတော့ လုပ်ဆောင်တယ်။ ကိုယ် ကိုယ်နှိက်လည်း ဒီအကြမ်းဖက်မှုတွေကို ပပျောက်အောင်သာမက အကြမ်းဖက်မှု မလုပ်ဘူးဆိုတဲ့ ကတိကဝတ် ပေါ့။ ဒါတွေကို လုပ်ဆောင်တဲ့ သင်္ကေတ တခုအနေနဲ့ လုပ်ဆောင်တယ်။ တဘက်မှာလည်း ကျမတို့က အမြင်ဖွင့်သင်တန်းတွေ လုပ်ဆောင်တယ်။ လက်ကမ်း စာစောင်တွေ ဝေမျှတယ်။ အထူးသဖြင့် ကျမတို့က ကချင်လွတ်မြောက်နယ်မြေမှာ လှုပ်ရှားတဲ့ နေရာဒေသတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပိုပြီးတော့ ပပျောက်အောင် လုပ်ဆောင်လာဖို့ အတွက်ရယ်၊ ဒီလို ပေါ်လစီတွေ ချမှတ်လာဖို့အတွက် ဘက်ပေါင်းစုံ ကနေ ကျမတို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ လုံခြုံရေးအရရော၊ သွားလာဖို့အတွက် အခက်အခဲတွေ အတားအဆီးတွေ အများကြီးကြောင့် အရင်လောက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကြေညာချက်တွေ၊ အချင်းချင်း သတင်းဖလှယ်တာတွေလောက်ပဲ လုပ်နိုင်တာတွေလည်း ရှိပါတယ်။”

စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး ဖိနှိပ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ ပြည်ပနိုင်ငံတွေကို ထွက်ပြေးရသူတွေ မြန်မာနိုင်ငံအနှံ့ သိန်းနဲ့ချီ ရှိနေတဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပြီး စစ်ဘေးဒုက္ခတွေနဲ့အတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေကို ပိုပြီး ကြုံတွေ့လာနေရတာကိုလည်း ဒီအမျိုးသမီးရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးတွေကို အဓိက ကြုံတွေ့ကြရပြီး ဒါတွေ ရပ်တန့်ဖို့ ဘယ်လောက်အထိ အရေးကြီးနေသလဲ။ တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိဖို့ ဘာကြောင့် လိုအပ်နေတာလဲ။ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေတွေ အဆုံးသတ်ဖို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ၁၆ ရက်တာ လှုပ်ရှားမှု ဒီအချိန်မှာ ဘာကြောင့် ပိုပြီး အရေးကြီးသလဲ ဆိုတာတွေကိုတော့ ရှေ့သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဆက်လက် တင်ဆက်ပေးမှာမို့ စောင့်မျှော် နားဆင်ကြပါလို့ပြောရင်းပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG