သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖက္ဒရယ္ပဋိညာဥ္ ေၾကညာစာတမ္း


ဖက္ဒရယ္ ပဋိညာဥ္ (ScreenShot: CRPH facebook)

[[ ZAWGYI ]]

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္ေကာင္စီ အာဏာသိမ္းၿပီး (၂)လ အၾကာမွာ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အျခား ႏိုင္ငံေရးအင္အားစုေတြ စုေပါင္းၿပီး ဖက္ဒရယ္ျပည္ေထာင္စု ေၾကညာစာတမ္းကို ထုတ္ျပန္လိုက္ပါတယ္။ ဒီအေၾကာင္း ဦးေအာင္ခင္က ေရးသားၿပီး ကိုဉာဏ္ဝင္းေအာင္နဲ႔အတူ တင္ျပထားပါတယ္။

“ဖက္ဒရယ္ ပဋိညာဥ္ ေၾကညာစာတမ္း”

အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကို ဦးစားေပးၿပီး စစ္တပ္နဲ႔ ပုလဲနံပသင့္ေအာင္ ၾကဳိးပမ္းခဲ့တဲ့ ေဒၚစုနဲ႔ NLD အစိုးရကို စိတ္ပ်က္တဲ့ တိုင္းရင္းသားအဖြဲ႔ေတြ ရွိပါတယ္။ ဒါေပမဲ့ ဒီအေျခအေနဟာ စစ္အာဏာသိမ္းတဲ့အခါမွာ လုံးဝ ေျပာင္းလဲသြားပါတယ္။ စစ္ေကာင္စီ တက္လာၿပီး (၂)လအၾကာမွာ ထုတ္ျပန္တဲ့ ဖက္ဒရယ္ပဋိညာဥ္ကို ၾကည့္ရင္ ၂၀၀၈ အေျခခံဥပေဒကို အသိအမွတ္ မျပဳေတာ့ပဲ အာဏာရွင္စနစ္ မွန္သမွ် ပေပ်ာက္ေရး၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရးနဲ႔ အရပ္သား ျပည္သူ႔အစိုးရ ေပၚထြန္းေရး စတဲ့ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖၚဖို႔ ဆုံးျဖတ္တာကိုသာ ေတြ႕ႏိုင္ပါတယ္။

ဒီ ရည္ရြယ္ခ်က္ေတြကို စုေပါင္းအေကာင္အထည္ေဖၚမယ့္ အစုအဖြဲ႔ေတြဟာ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ အပါအဝင္ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ႏိုင္ငံေရးပါတီေတြ၊ CDM အဖြဲ႔အစည္းေတြ၊ လူထုသပိတ္ လႈပ္ရွားမႈအဖြဲ႔ေတြ၊ တိုင္းရင္းသားေတာ္လွန္ေရး အဖြဲ႔ေတြနဲ႔ ၾကားကာလ ျပည္နယ္/ ဖက္ဒရယ္ ကိုယ္စားျပဳ အစုအဖြဲ႔ စတာေတြျဖစ္ပါတယ္။ ဖက္ဒရယ္ ပဋိညာဥ္ကို စုေပါင္းေရးသားၿပီး အေကာင္အထည္ ေဖၚမယ္လို႔ ဆိုပါတယ္။

ဖက္ဒရယ္ပဋိညာဥ္ ေၾကညာစာတမ္းကို ႏွစ္ပိုင္းခဲြထားပါတယ္။ အပိုင္း(၁)မွာ ဦးတည္ခ်က္၊ ရည္ရြယ္ခ်က္၊ ႏိုင္ငံေရးလမ္းျပေျမပုံ၊ ဖက္ဒရယ္ေမွ်ာ္မွန္းခ်က္နဲ႔ စံတန္ဖိုး၊ ဖက္ဒရယ္ တည္ေဆာက္ေရးဆိုင္ရာ လမ္းၫႊန္အေျခခံမူ စတာေတြ ပါဝင္ပါတယ္။ ဖက္ဒရယ္ျပည္ေထာင္စုကို ကိုယ္ပိုင္ျပဌာန္းခြင့္ရွိတဲ့ ျပည္နယ္ေတြနဲ႔ ဖြဲ႔စည္းထားတာမို႔ ျပည္ေထာင္စုဝင္ ျပည္နယ္အားလုံးဟာ ႏိုင္ငံေရးအရ တန္းတူတယ္လို႔ ဆိုပါတယ္။ တိုင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ သက္ဆိုင္တဲ့ အစုအဖြဲ႔ေတြရဲ႕ စုေပါင္းရည္မွန္းခ်က္ကို ေဖၚျပတဲ့အပိုင္း ျဖစ္ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြ လိုလားတဲ့ ဖက္ဒရယ္အယူအဆေတြကို အပိုင္း(၁)မွာ ရွင္းလင္းေဖၚျပထားပါတယ္။ အပိုင္း(၂)မွာေတာ့ ၾကားကာလ ဖြဲ႔စည္းပုံ အေျခခံဥပေဒဆိုင္ရာ အစီအမံေတြအေၾကာင္း ရွင္းလင္းတင္ျပထားပါတယ္။ အပိုင္း(၁)ပါ ရည္ရြယ္ခ်က္နဲ႔ လမ္းျပေျမပုံကို အေကာင္အထည္ေဖၚမယ့္ လုပ္ငန္းအဆင့္ဆင့္ကို အပိုင္း(၂)မွာ ေဖၚျပပါတယ္။

ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ အေျခခံမူကို အပိုင္း(၁)မွာ ေဖၚျပပါတယ္။ ျပည္ေထာင္စုမွာပါဝင္တဲ့ ျပည္နယ္က ျပည္သူလူထုဟာ အခ်ဳပ္အျခာ အာဏာရဲ႕ မူရင္းပိုင္ရွင္ျဖစ္တယ္လို႔ ဆိုပါတယ္။ ကိုယ္ပိုင္ျပဌာန္းခြင့္ အျပည့္အဝရွိတဲ့ ျပည္နယ္ေတြစုေပါင္းၿပီး ျပည္ေထာင္စုကို ဖြဲ႔စည္းတဲ့အတြက္ ျပည္နယ္အားလုံး ႏိုင္ငံေရးအရ တန္းတူျဖစ္တယ္လို႔ ဆိုပါတယ္။ ျပည္နယ္ရဲ႕ အေျခခံဥပေဒကို ျပည္နယ္က ျပဌာန္းရပါလိမ့္မယ္။ ဖက္ဒရယ္လုံျခဳံေရးနဲ႔ ကာကြယ္ေရးတပ္ဖြဲ႔ အားလုံးဟာ ေရြးေကာက္တင္ေျမႇာက္ထားတဲ့ အရပ္သားအစိုးရ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိတယ္လို႔ ဆိုပါတယ္။ ျပည္နယ္ေတြရဲ႕ ဘုံအက်ဳိးစီးပြားအတြက္ က်င့္သုံးဖို႔လိုအပ္တဲ့ အခြင့္အာဏာကို ဖက္ဒရယ္ျပည္ေထာင္စု အစိုးရကို အပ္ႏွင္းၿပီး၊ မအပ္ႏွင္းပဲထားတဲ့ ႂကြင္းက်န္အာဏာကိုသာ ျပည္နယ္က ရယူတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေရးအာဏာ(၃)ရပ္ျဖစ္တဲ့ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးအာဏာ က်င့္သုံးပိုင္ခြင့္ရွိတာဟာ ႏိုင္ငံေရးရာ ကိုယ္ပိုင္ျပဌာန္းခြင့္ ျဖစ္ပါတယ္။ ျပည္နယ္တြင္း က်င့္သုံးမယ့္ အေျခခံဥပေဒကို ေရးဆြဲျပဌာန္းခြင့္ ရွိတာဟာ ကိုယ္ပိုင္ျပဌာန္းခြင့္ ျဖစ္ပါတယ္။ လူမ်ဳိးေပါင္စုံေနထိုင္တဲ့ ျမန္မာျပည္မွာ ႏိုင္ငံေတာ္အႀကီးအကဲ သမၼတကို ျပည္နယ္ကိုယ္စားျပဳ အမ်ဳိးသားလႊတ္ေတာ္(သို႔) အထက္လႊတ္ေတာ္က ေရြးေကာက္တင္ေျမႇာက္ၿပီး အုပ္ခ်ဳပ္ေရး ယႏၲရားကို တိုက္႐ိုက္ကိုင္တြယ္မယ့္ ဝန္ႀကီးခ်ဳပ္ကို ျပည္သူ႔လႊတ္ေတာ္(သို႔) ေအာက္လႊတ္ေတာ္က ေရြးေကာက္တင္ေျမႇာက္ ရပါလိမ့္မယ္။ ဖက္ဒရယ္စနစ္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးနဲ႔ စုေပါင္းအုပ္ခ်ဳပ္ေရး ေရာစပ္ထားတာမို႔ ကာကြယ္ေရးမွာလည္း ျပည္နယ္နဲ႔ ျပည္ေထာင္စုဆိုၿပီး (၂)ပိုင္း ရွိမယ္လို႔ ဆိုပါတယ္။ ျပည္နယ္ရဲတပ္ဖြဲ႔နဲ႔ လုံျခဳံေရးတပ္ဖြဲ႔ကို လိုအပ္သလို ဖြဲ႔စည္းႏိုင္ပါတယ္။

ျပည္ေထာင္စုရဲ႕ လုံျခဳံေရးနဲ႔ ကာကြယ္ေရးဆိုင္ရာ ဥပေဒေတြကို ဖက္ဒရယ္လႊတ္ေတာ္က ေရးဆြဲျပဌာန္းၿပီး ဖက္ဒရယ္ တပ္ဖြဲ႔ရဲ႕ အသုံးစရိတ္ကို စိစစ္အတည္ျပဳေပးရမယ္လို႔ ဆိုပါတယ္။ ျပည္နယ္ရဲတပ္ဖြဲ႔နဲ႔ ျပည္နယ္လုံျခဳံေရးတပ္ကို သီးျခားဖြဲ႔စည္းၿပီး ျပည္နယ္အစိုးရ လက္ေအာက္မွာ ထားရပါမယ္။ သူတို႔ရဲ႕အသုံးစရိတ္ကို သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္က စိစစ္အတည္ျပဳ ရပါလိမ့္မယ္။ ဖက္ဒရယ္ႏိုင္ငံမွာ အမ်ဳိးသားလုံျခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီ ကို ဖြဲ႔စည္းရမယ္လို႔ ဆိုပါတယ္။ ဒီေကာင္စီမွာ ျပည္နယ္က ကိုယ္စားလွယ္ အနည္းဆုံး(၁)ဦးစီ ပါဝင္ရမယ္လို႔လည္း ဆိုပါတယ္။

ဖက္ဒရယ္စနစ္မွာ ျပည္နယ္အုပ္ခ်ဳပ္ေရးနဲ႔ ျပည္ေထာင္စုအုပ္ခ်ဳပ္ေရးကို ေရာစပ္ထားတာမို႔ ႏိုင္ငံေတာ္ ကာကြယ္ေရး မွာလည္း ျပည္နယ္နဲ႔ ျပည္ေထာင္စုဆိုၿပီး (၂)ပိုင္း ရွိမယ္လို႔ ဆိုပါတယ္။ ျပည္နယ္ရဲတပ္ဖြဲ႔နဲ႔ လုံျခဳံေရးတပ္ဖြဲ႔ကို လိုအပ္သလို ဖြဲ႔စည္းႏိုင္ပါတယ္။ ဖက္ဒရယ္ ပဋိညာဥ္ကို စုေပါင္းေရးဆြဲ ျပဌာန္းၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို စုေပါင္းေခါင္းေဆာင္မႈနဲ႔ စုေပါင္း အေကာင္အထည္ေဖၚသြားမယ္လို႔ ေၾကညာထားပါတယ္။ ၂၀၂၂ ဇန္နဝါရီလ ေႏွာင္းပိုင္းမွာ အြန္လိုင္းကေန က်င္းပတဲ့ ပထမအႀကိမ္ ျပည္သူ႔ညီလာခံက အတည္ျပဳတယ္လို႔လည္း ေဖၚျပထားပါတယ္။

===== UNICODE =====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်ကောင်စီ အာဏာသိမ်းပြီး (၂)လ အကြာမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခြား နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စု ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

“ဖက်ဒရယ် ပဋိညာဉ် ကြေညာစာတမ်း”

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးပြီး စစ်တပ်နဲ့ ပုလဲနံပသင့်အောင် ကြိုးပမ်းခဲ့တဲ့ ဒေါ်စုနဲ့ NLD အစိုးရကို စိတ်ပျက်တဲ့ တိုင်းရင်းသားအဖွဲ့တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ စစ်အာဏာသိမ်းတဲ့အခါမှာ လုံးဝ ပြောင်းလဲသွားပါတယ်။ စစ်ကောင်စီ တက်လာပြီး (၂)လအကြာမှာ ထုတ်ပြန်တဲ့ ဖက်ဒရယ်ပဋိညာဉ်ကို ကြည့်ရင် ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ် မပြုတော့ပဲ အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနဲ့ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေး စတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်တာကိုသာ တွေ့နိုင်ပါတယ်။

ဒီ ရည်ရွယ်ချက်တွေကို စုပေါင်းအကောင်အထည်ဖေါ်မယ့် အစုအဖွဲ့တွေဟာ လွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီတွေ၊ CDM အဖွဲ့အစည်းတွေ၊ လူထုသပိတ် လှုပ်ရှားမှုအဖွဲ့တွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ကိုယ်စားပြု အစုအဖွဲ့ စတာတွေဖြစ်ပါတယ်။ ဖက်ဒရယ် ပဋိညာဉ်ကို စုပေါင်းရေးသားပြီး အကောင်အထည် ဖေါ်မယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ပဋိညာဉ် ကြေညာစာတမ်းကို နှစ်ပိုင်းခွဲထားပါတယ်။ အပိုင်း(၁)မှာ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ နိုင်ငံရေးလမ်းပြမြေပုံ၊ ဖက်ဒရယ်မျှော်မှန်းချက်နဲ့ စံတန်ဖိုး၊ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ စတာတွေ ပါဝင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာမို့ ပြည်ထောင်စုဝင် ပြည်နယ်အားလုံးဟာ နိုင်ငံရေးအရ တန်းတူတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အစုအဖွဲ့တွေရဲ့ စုပေါင်းရည်မှန်းချက်ကို ဖေါ်ပြတဲ့အပိုင်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ လိုလားတဲ့ ဖက်ဒရယ်အယူအဆတွေကို အပိုင်း(၁)မှာ ရှင်းလင်းဖေါ်ပြထားပါတယ်။ အပိုင်း(၂)မှာတော့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံတွေအကြောင်း ရှင်းလင်းတင်ပြထားပါတယ်။ အပိုင်း(၁)ပါ ရည်ရွယ်ချက်နဲ့ လမ်းပြမြေပုံကို အကောင်အထည်ဖေါ်မယ့် လုပ်ငန်းအဆင့်ဆင့်ကို အပိုင်း(၂)မှာ ဖေါ်ပြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူကို အပိုင်း(၁)မှာ ဖေါ်ပြပါတယ်။ ပြည်ထောင်စုမှာပါဝင်တဲ့ ပြည်နယ်က ပြည်သူလူထုဟာ အချုပ်အခြာ အာဏာရဲ့ မူရင်းပိုင်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေစုပေါင်းပြီး ပြည်ထောင်စုကို ဖွဲ့စည်းတဲ့အတွက် ပြည်နယ်အားလုံး နိုင်ငံရေးအရ တန်းတူဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်နယ်ရဲ့ အခြေခံဥပဒေကို ပြည်နယ်က ပြဌာန်းရပါလိမ့်မယ်။ ဖက်ဒရယ်လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ အားလုံးဟာ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိတယ်လို့ ဆိုပါတယ်။ ပြည်နယ်တွေရဲ့ ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးဖို့လိုအပ်တဲ့ အခွင့်အာဏာကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရကို အပ်နှင်းပြီး၊ မအပ်နှင်းပဲထားတဲ့ ကြွင်းကျန်အာဏာကိုသာ ပြည်နယ်က ရယူတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအာဏာ(၃)ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာ ကျင့်သုံးပိုင်ခွင့်ရှိတာဟာ နိုင်ငံရေးရာ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်ပါတယ်။ ပြည်နယ်တွင်း ကျင့်သုံးမယ့် အခြေခံဥပဒေကို ရေးဆွဲပြဌာန်းခွင့် ရှိတာဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်ပါတယ်။ လူမျိုးပေါင်စုံနေထိုင်တဲ့ မြန်မာပြည်မှာ နိုင်ငံတော်အကြီးအကဲ သမ္မတကို ပြည်နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်(သို့) အထက်လွှတ်တော်က ရွေးကောက်တင်မြှောက်ပြီး အုပ်ချုပ်ရေး ယန္တရားကို တိုက်ရိုက်ကိုင်တွယ်မယ့် ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်(သို့) အောက်လွှတ်တော်က ရွေးကောက်တင်မြှောက် ရပါလိမ့်မယ်။ ဖက်ဒရယ်စနစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ စုပေါင်းအုပ်ချုပ်ရေး ရောစပ်ထားတာမို့ ကာကွယ်ရေးမှာလည်း ပြည်နယ်နဲ့ ပြည်ထောင်စုဆိုပြီး (၂)ပိုင်း ရှိမယ်လို့ ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းနိုင်ပါတယ်။

ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေတွေကို ဖက်ဒရယ်လွှတ်တော်က ရေးဆွဲပြဌာန်းပြီး ဖက်ဒရယ် တပ်ဖွဲ့ရဲ့ အသုံးစရိတ်ကို စိစစ်အတည်ပြုပေးရမယ်လို့ ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်လုံခြုံရေးတပ်ကို သီးခြားဖွဲ့စည်းပြီး ပြည်နယ်အစိုးရ လက်အောက်မှာ ထားရပါမယ်။ သူတို့ရဲ့အသုံးစရိတ်ကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်က စိစစ်အတည်ပြု ရပါလိမ့်မယ်။ ဖက်ဒရယ်နိုင်ငံမှာ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ကို ဖွဲ့စည်းရမယ်လို့ ဆိုပါတယ်။ ဒီကောင်စီမှာ ပြည်နယ်က ကိုယ်စားလှယ် အနည်းဆုံး(၁)ဦးစီ ပါဝင်ရမယ်လို့လည်း ဆိုပါတယ်။

ဖက်ဒရယ်စနစ်မှာ ပြည်နယ်အုပ်ချုပ်ရေးနဲ့ ပြည်ထောင်စုအုပ်ချုပ်ရေးကို ရောစပ်ထားတာမို့ နိုင်ငံတော် ကာကွယ်ရေး မှာလည်း ပြည်နယ်နဲ့ ပြည်ထောင်စုဆိုပြီး (၂)ပိုင်း ရှိမယ်လို့ ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းနိုင်ပါတယ်။ ဖက်ဒရယ် ပဋိညာဉ်ကို စုပေါင်းရေးဆွဲ ပြဌာန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို စုပေါင်းခေါင်းဆောင်မှုနဲ့ စုပေါင်း အကောင်အထည်ဖေါ်သွားမယ်လို့ ကြေညာထားပါတယ်။ ၂၀၂၂ ဇန်နဝါရီလ နှောင်းပိုင်းမှာ အွန်လိုင်းကနေ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံက အတည်ပြုတယ်လို့လည်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG