သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈ အပိုင္း -၂


ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေဘးနဲ႔ အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရး၊ လူမႈစီးပြား အေထြေထြ အက်ပ္အတည္းေတြၾကားမွာ အမ်ိဳးသမီးေတြအေပၚ နည္းမ်ိဳးစုံနဲ႔ အၾကမ္းဖက္မႈေတြ သိသိသာသာ ပိုဆိုးလာေနၿပီး ဒါေတြကို အေလးအနက္ထား မီးေမာင္းထိုးျပဖို႔ အေရးတႀကီး လိုအပ္တယ္လို႔ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ေျပာဆိုၾကပါတယ္။

[Unicode]

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အပိုင်း -၂

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ လူမှုစီးပွား အထွေထွေ အကျပ်အတည်းတွေ ကြားမှာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ သိသိသာသာ ပိုဆိုး လာနေတာကြောင့် ခုချိန်မှာ ဒီလိုအခြေအနေတွေကို အလေးအနက်ထား မီးမှောင်းထိုးပြဖို့ အရေးတကြီး လိုအပ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးတွေကို အဓိက ကြုံတွေ့ကြရပြီး ဒါတွေ ရပ်တန့်ဖို့ ဘယ်လောက်အထိ အရေးကြီးနေပါလဲ။ အကြမ်းဖက်ခံရသူတွေ အတွက် တရားမျှတမှု၊ တာဝန်ခံမှု ရှိဖို့နဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေတွေ အဆုံးသတ်ဖို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေ ခုလိုအချိန်မှာ ဘာကြောင့် ပိုပြီး အရေးကြီးသလဲ ဆိုတာတွေကိုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တခုလို အစဉ်အဆက် ကျင့်သုံးလာခဲ့သလို၊ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေဟာ နေရာအနှံ့မှာ ပိုပြီး ကျယ်ပြန့်လာတယ်လို့ အမျိုးသမီးရေး အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုကြပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေဟာ ကိုယ့်အိမ်ထဲမှာတောင် လုံခြုံမှု မရှိတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ကချင်အမျိုးသမီး အစည်းအရုံး ပြောခွင့်ရ မွန်းနေလီက ပြောပြပါတယ်။

“အဓိက အမျိုးသမီးတွေခံစားနေရတဲ့ အချက်ကတော့ စစ်တပ်ကနေ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တခုသဖွယ် အသုံးပြုနေတာ။ ဒါကတော့ ခုချိန်ထိ ပြည်သူလူထုတွေ ခံစားနေရတာပါ။ ကချင်ဒေသမှာတင်မဟုတ်ဘဲ တခြား ဒေသ ပေါင်းစုံမှာ ဒီကိစ္စကတော့ ကျယ်ကျယ်ပြန့်ပြန့်ကို ကျမတို့ ခံစားနေရတယ်။ ဆိုတော့ ဒီကိစ္စဖြစ်လာပြီဆို ဆိုရင် ကျမတို့အတွက် တရားမျှတမှုဆိုတာ ရှာလို့မရဘူး။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးထားတဲ့ အခြေအနေတခုကို မြင်တွေ့ရတယ်။ ဆိုတော့ အခုလက်ရှိ အခြေအနေမှာဆိုရင် ပိုဆိုးတာကတော့ အိမ်တွင်းမှာ နေနေရင်တောင်မှ လုံခြုံမှု မရှိတဲ့ အခြေအနေတခု ကြုံတွေ့ရတယ်။ ကျမတို့မှတ်တမ်းတင်ထားတဲ့ သတင်းအချက်အလက်တွေ အရဆိုရင် အိမ်ထဲမှာပဲရှိနေတဲ့ အမျိုးသမီးတွေဟာ စစ်သားက လာပြီး အဓမ္မပြုကျင့်တဲ့ အရေးကိစ္စတွေ ကြုံရတာက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ သက်ငယ်မုဒိန်းမှုတွေ လည်း ပိုများလာတယ်။ စားဝတ်နေရေး ချို့တဲ့လာတယ်။ အထူးသဖြင့် စစ်ရှောင်စခန်းတွေမှာ ဆိုရင် အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှုက ပိုပြီး စိုးရိမ်စရာ ဖြစ်လာတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပိုဆိုးလာတာက စီးပွားရေး အကျပ်အတည်းတွေ ဖြစ်လာတယ်။ တဘက်မှာလည်း ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ အမျိုးမျိုး ကြုံလာတဲ့အခါကျတော့ ကျမတို့ အိမ်ထဲမှာ နေတာတောင်မှ အိမ်တွင်းအကြမ်းဖက်မှုက ပိုများလာတယ်။ ဆိုတဲ့ဟာတွေက အရင်ကထက် အဆပေါင်းများစွာ ပိုပြီး အိမ်တွင်းအကြမ်းဖက်မှုတွေကို အမျိုးသမီးတွေ ပိုပြီး ခံစားနေရတာ ရှိပါတယ်။”

တချိန်တည်းမှာလည်း စီးပွားရေး အကျပ်အတည်းတွေကြား လူကုန်ကူးခံရတဲ့ အခြေအနေတွေ၊ အမျိုးသမီးတွေကို ထုတ်ကုန်တခုလို အသုံးချတာ အပါအဝင် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဘက်ပေါင်းစုံ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေ ဟာလည်း အာဏာသိမ်းမှု နောက်ပိုင်း ပိုဆိုးလာခဲ့တယ်လို မွန်းနေလီက ထောက်ပြပါတယ်။

ဒါတွေကို အဆုံးသတ်ဖို့မှာတော့ အမျိုးသမီးတွေ ကိုယ်တိုင် ဖွင့်ဟပြောဆိုဖို့ လိုသလို၊ မိသားစု ပတ်ဝန်းကျင် အားလုံးရဲ့ ဖေးမကူညီမှုနဲ့ ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လက်ရှိ မြန်မာနဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေ လှုံ့ဆော်နေတဲ့ ကျား-မ ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ဆိုတာကလည်း ဒီလိုအခြေအနေတွေကို ထောက်ပြပြီး အားလုံး ပါဝင်လာအောင် အလေးပေး လှုံ့ဆော်တာဖြစ်တယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး - ၂ မော်ဖရေးမြာ က ပြောပါတယ်။

“ဒီ ၁၆ ရက်တာ နဲ့ပတ်သက်ပြီးတော့မှ အထူးသဖြင့် အကြမ်းဖက်မှု ပပျောက်ဖို့ဆိုရင် ပထမတခုကတော့ ကျမတို့ အမျိုးသမီးတွေ ကိုယ်တိုင်က မရှက်မကြောက်ဘဲ ကိုယ်အကြမ်းဖက်ခံရတယ်ဆိုရင် တိုင်ကြားပါ။ ဖွင့်ပြောဆိုပါ။ နှုတ်ဆိတ် မနေပါနဲ့။ ကိုယ့်ကို လာပြီး မတရားကျူးလွန်တဲ့သူကပဲ ပိုပြီး အပြစ်ရှိတယ်။ သူသာ ရှက်ရမှာဖြစ်တယ်ပေါ့နော်။ ဒုတိယတခုကတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့ မိသားစုတွေထဲမှာ အဲ့ဒီလိုဖြစ်တာကို ကြုံရတယ်ဆိုရင် ကျမတို့က အပြစ်တင်တာမျိုး မဟုတ်ဘဲ ဝိုင်းဝန်းပြီးတော့ အကောင်းဆုံး ဘယ်လို ထောက်ပံ့ပေးရမလဲ ဆိုတာတွေကိုလည်း ပြောပြပေးတယ်။ နောက်တခုကတော့ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း အားကောင်းဖို့လိုအပ်ပါတယ်။ အဲ့လို အားကောင်းမှပဲ အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ပိုပြီးတော့ မြန်ဆန်မှာဖြစ်တယ်ပေါ့။ ဆိုတော့ နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်မှာ ဒါမျိုးတွေကို လျှော့ချဖို့ ပပျောက်ဖို့က နိုင်ငံတနိုင်ငံရဲ့ စီမံချက်တခု အနေနဲ့ အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒါတွေကလည်း အမြန်ဆုံး လုပ်စေချင်တယ်ဆိုတဲ့ဟာကို ပြောချင်ပါတယ်။”

ကိုယ့်ကို တိုက်ရိုက် အကြမ်းဖက်မှ အကြမ်းဖက်မှုလို့ မယူဆဘဲ ကိုယ့်အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာရင်လည်း ဟန့်တားဖို့ လိုအပ်တယ် ဆိုတာကို ခုလို ၁၆ ရက်တာ လှုပ်ရှားမှုတွေကနေ လူတွေ ပိုပြီး နားလည် လက်ခံလာအောင်၊ ဝိုင်းဝန်းဟန့်တားလာအောင် ကြိုးပမ်းတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါဟာ ခုလို အချိန်မျိုးမှာတင် မဟုတ်ဘဲ အနာဂတ် အတွက်ပါ အခုကတည်းက ပြင်ဆင် ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ ကူကီး အမျိုးသမီးအဖွဲ့က မဘွိုင်နူးက ပြောပါတယ်။

“ကျမတို့ အခု တော်တော်များများက စစ်အာဏာရှင်ကြီး ပြုတ်ကျဖို့အတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ လက်နက်ကိုင်တဲ့ သူကလည်း ကိုင်၊ လက်နက်မကိုင်တဲ့သူ ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတာ ဒီအာဏာရှင်ကို အမြစ်ဖြုတ်ဖို့ပဲ။ မြန်မာပြည်သူပြည်သား အားလုံး ဒါ လုပ်နေတာ။ ဆိုတော့ ဒီအချိန်မှာ ကျမတို့က အမျိုးသမီးအရေးနဲ့ ပြောရမယ်ဆိုရင် အခုလောလောဆယ်မှာ ကျမတို့ အနာဂတ် မြန်မာနိုင်ငံတော်ကို မျှော်ကိုးပြီးမှ ဖွဲ့စည်းပုံတွေ ရေးဆွဲကြတယ်။ အမျိုးမျိုးသော နည်းဥပဒေတွေလည်း ရေးဆွဲကြတယ်။ ဒီရေးဆွဲတဲ့နေရာမှာလည်း အခုလိုမျိုး အမျိုးသမီးတွေကို အကြမ်းဖက်မှုပပျောက်ဖို့ ဆိုရင် အဲ့ဒီလိုရေးဆွဲတဲ့နေရာမှာ ဒါကို ပါရမယ်။ မပါမဖြစ် ပါရမယ်။ ပြီးရင် အမျိုးသမီးတွေရဲ့ အရေးကို အခုလောလောဆယ် အမျိုးသမီးရေး လုပ်နေတဲ့သူတွေကို ပါဝင်ခွင့် ပြုရမယ်။ ဒါမှပဲ ဒီအနာဂတ် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို စနစ်တကျ ရှိနေတဲ့ ထုံးတမ်းစဉ်လာတွေ ဖြစ်စေ၊ ဖိုဝါဒ ကြီးစိုးမှုတွေ ဖြစ်စေ အကုန်လုံး လျော့နည်း ပပျောက်ဖို့ဆိုတာ အခုကတည်းက၊ သူတို့စပြီး ရေးဆွဲနေကတည်းကိုက ထည့်သွင်းရမယ်။ မထည့်ဘူးဆိုရင်တော့ ဒါတွေက ဖြစ်လာမှာမဟုတ်ဘူး။ ဆိုတော့ ဒီအချိန်မှာ စပြီးရေးဆွဲချိန်ကတည်းက ထည့်သွင်း စဉ်းစားမှသာလျင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆိုတဲ့ ကိစ္စတွေက ပြည့်ဝလာမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အဓိက ကျူးလွန်နေတဲ့ မြန်မာစစ်တပ် အနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသ၍ အမျိုးသမီးတွေအတွက်၊ ပြည်သူတွေအတွက် တရားမျှတမှု ဆိုတာ မရှိသလို၊ အကြမ်းဖက်မှုတွေလည်း ဆက်ပြီး ဖြစ်နေဦးမှာပဲလို့ အမျိုးသမီးလှုပ်ရှားသူတွေက ၁၆ ရက်တာ လှုပ်ရှားမှုအတွင်း အဓိက ထောက်ပြနေကြတာ ဖြစ်ပါတယ်။

အပြစ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူခြင်းအားဖြင့် အကြမ်းဖက်မှုတွေ လျှော့ချနိုင်မှာဖြစ်လို့ ကျူးလွန်သူတွေကို အရေးယူနိုင်အောင် အမျိုးသမီးအဖွဲ့တွေက ကြိုးပမ်းနေကြတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကို ပိုပြီးတော့ ပစ်မှတ်ထားလာတယ်။ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတိုင်း သာမန်အမျိုးသမီး အပါအဝင် တကယ့် တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတိုင်းကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိန်းမှုကို လက်နက်တခုလို အသုံးချပြီး ပိုပြီး ပစ်မှတ်ထားလာတာ တွေ့ရတယ်။ ပြီးရင် သာမန်လူထုတွေ ကြားထဲမှာဆိုရင်လည်း အကြမ်းဖက်မှုတွေ အများကြီး တိုးလာတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ကျမတို့မှာ တရားစီရင်တဲ့ ယန္တရားတွေလည်း မရှိသလို၊ တရားစီရင်နိုင်ရေး အတွက်က ဘယ်မှာတိုင်ကြားရမလဲ ဘယ်သူ့ကို ပြောရမလဲဆိုတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတယ်။ နောက်တခုက ကျတော့ အထူးသဖြင့် ဒီအကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေက ပြည်တွင်းမှာ ဖြေရှင်းလို့မရတဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်ပေါ့နော်။ နိုင်ငံတကာ ဥပဒေတွေအရ ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကတော ဒီနိုင်ငံတကာခုံရုံး နိုင်ငံတကာ တရားစီရင်ရေးမှာ ရောက်မှသာလျင် ဒီချိုးဖောက်မှုတွေက ရပ်တန့်သွားမယ်။ ပြီးလို့ရှိရင် သူတို့ကျူးလွန်နေတဲ့ ပြစ်မှုတွေက ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရပ်သွားမယ်။ တကယ်လို့ နိုင်ငံတကာခုံရုံး၊ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားမှာ မရောက်ဘူးဆိုရင် ဒီ အကြမ်းဖက်စစ်တပ်က သူ ဆက်လုပ်နေမှာပဲ။ ဘာအပြစ်မှ အရေးယူ ဆောင်ရွက်မှု မခံရဘူးဆိုရင်တော့ သူတို့အပြစ်တွေက ဆက်လွတ်နေဦးမှာဖြစ်တယ်။ ချိုးဖောက်မှုတွေက ဆက်ဖြစ်နေဦးမှာပဲ။ အကြမ်းဖက်မှုတွေက ဆက်ဖြစ်နေဦးမှာပဲ။ အဲ့ဒါကြောင့် ကျမတို့က တရားမျှတမှု၊ တာဝန်ခံမှု တွေကို လုပ်ဆောင်သွားမယ်ဆိုရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ အဆုံးသတ်နိုင်မှာ ဖြစ်တယ်ပေါ့။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာပြည်သူတွေ ကြုံနေရတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့မှာ အပြစ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဖို့ လိုတာကြောင့် ဒီနှစ်ကျရောက်တဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့နဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ အဓိက လှုပ်ရှား ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း မြန်မာ အမျိုးသမီးအဖွဲ့တွေက ပြောဆိုကြပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ကမ္ဘာတဝန်းက အမျိုးသမီးတွေနည်းတူ မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့တွေ လှုပ်ရှားဆောင်ရွက်နေကြတာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

======================

[Zawgyi]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေဘးနဲ႔ အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရး၊ လူမႈစီးပြား အေထြေထြ အက်ပ္အတည္းေတြၾကားမွာ အမ်ိဳးသမီးေတြအေပၚ နည္းမ်ိဳးစုံနဲ႔ အၾကမ္းဖက္မႈေတြ သိသိသာသာ ပိုဆိုးလာေနၿပီး ဒါေတြကို အေလးအနက္ထား မီးေမာင္းထိုးျပဖို႔ အေရးတႀကီး လိုအပ္တယ္လို႔ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ေျပာဆိုၾကပါတယ္။

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈ အပိုင္း -၂ (အမ်ိဳးသမီးက႑)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေဘးနဲ႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရး၊ လူမႈစီးပြား အေထြေထြ အက်ပ္အတည္းေတြ ၾကားမွာ အမ်ိဳးသမီးေတြ အေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြနဲ႔ အိမ္တြင္း အၾကမ္းဖက္မႈေတြ သိသိသာသာ ပိုဆိုး လာေနတာေၾကာင့္ ခုခ်ိန္မွာ ဒီလိုအေျခအေနေတြကို အေလးအနက္ထား မီးေမွာင္းထိုးျပဖို႔ အေရးတႀကီး လိုအပ္တယ္လို႔ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ေျပာဆိုၾကပါတယ္။ ဘယ္လို အၾကမ္းဖက္မႈ ပုံစံမ်ိဳးေတြကို အဓိက ႀကဳံေတြ႕ၾကရၿပီး ဒါေတြ ရပ္တန႔္ဖို႔ ဘယ္ေလာက္အထိ အေရးႀကီးေနပါလဲ။ အၾကမ္းဖက္ခံရသူေတြ အတြက္ တရားမွ်တမႈ၊ တာဝန္ခံမႈ ရွိဖို႔နဲ႔ ျပစ္ဒဏ္ ကင္းလြတ္ခြင့္ရေနတဲ့ အေျခအေနေတြ အဆုံးသတ္ဖို႔ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြ ခုလိုအခ်ိန္မွာ ဘာေၾကာင့္ ပိုၿပီး အေရးႀကီးသလဲ ဆိုတာေတြကိုေတာ့ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ျပထားပါတယ္။

ျမန္မာစစ္တပ္ဟာ အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို စစ္လက္နက္တခုလို အစဥ္အဆက္ က်င့္သုံးလာခဲ့သလို၊ စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္းမွာ ဒီလို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ အပါအဝင္ ဖမ္းဆီး ႏွိပ္စက္ သတ္ျဖတ္တာေတြဟာ ေနရာအႏွံ႔မွာ ပိုၿပီး က်ယ္ျပန႔္လာတယ္လို႔ အမ်ိဳးသမီးေရး အဖြဲ႕အစည္းေတြက ေထာက္ျပ ေျပာဆိုၾကပါတယ္။ ဒီလိုအၾကမ္းဖက္မႈေတြေၾကာင့္ အမ်ိဳးသမီးေတြဟာ ကိုယ့္အိမ္ထဲမွာေတာင္ လုံၿခဳံမႈ မရွိတဲ့ အေျခအေန ျဖစ္လာတယ္လို႔ ကခ်င္အမ်ိဳးသမီး အစည္းအ႐ုံး ေျပာခြင့္ရ မြန္းေနလီက ေျပာျပပါတယ္။

“အဓိက အမ်ိဳးသမီးေတြခံစားေနရတဲ့ အခ်က္ကေတာ့ စစ္တပ္ကေန အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို စစ္လက္နက္တခုသဖြယ္ အသုံးျပဳေနတာ။ ဒါကေတာ့ ခုခ်ိန္ထိ ျပည္သူလူထုေတြ ခံစားေနရတာပါ။ ကခ်င္ေဒသမွာတင္မဟုတ္ဘဲ တျခား ေဒသ ေပါင္းစုံမွာ ဒီကိစၥကေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ကို က်မတို႔ ခံစားေနရတယ္။ ဆိုေတာ့ ဒီကိစၥျဖစ္လာၿပီဆို ဆိုရင္ က်မတို႔အတြက္ တရားမွ်တမႈဆိုတာ ရွာလို႔မရဘူး။ လြတ္ၿငိမ္းခ်မ္းသာခြင့္ ဆိုတဲ့ လုပ္ပိုင္ခြင့္ေပးထားတဲ့ အေျခအေနတခုကို ျမင္ေတြ႕ရတယ္။ ဆိုေတာ့ အခုလက္ရွိ အေျခအေနမွာဆိုရင္ ပိုဆိုးတာကေတာ့ အိမ္တြင္းမွာ ေနေနရင္ေတာင္မွ လုံၿခဳံမႈ မရွိတဲ့ အေျခအေနတခု ႀကဳံေတြ႕ရတယ္။ က်မတို႔မွတ္တမ္းတင္ထားတဲ့ သတင္းအခ်က္အလက္ေတြ အရဆိုရင္ အိမ္ထဲမွာပဲရွိေနတဲ့ အမ်ိဳးသမီးေတြဟာ စစ္သားက လာၿပီး အဓမၼျပဳက်င့္တဲ့ အေရးကိစၥေတြ ႀကဳံရတာက ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္လာတယ္။ သက္ငယ္မုဒိန္းမႈေတြ လည္း ပိုမ်ားလာတယ္။ စားဝတ္ေနေရး ခ်ိဳ႕တဲ့လာတယ္။ အထူးသျဖင့္ စစ္ေရွာင္စခန္းေတြမွာ ဆိုရင္ အမ်ိဳးသမီးေတြရဲ႕ ဘဝ လုံၿခဳံမႈက ပိုၿပီး စိုးရိမ္စရာ ျဖစ္လာတယ္။ စစ္အာဏာသိမ္းမႈေနာက္ပိုင္းမွာ ပိုဆိုးလာတာက စီးပြားေရး အက်ပ္အတည္းေတြ ျဖစ္လာတယ္။ တဘက္မွာလည္း ဖမ္းဆီးမႈေတြ၊ ႏွိပ္စက္မႈေတြ၊ ၿခိမ္းေျခာက္မႈေတြ အမ်ိဳးမ်ိဳး ႀကဳံလာတဲ့အခါက်ေတာ့ က်မတို႔ အိမ္ထဲမွာ ေနတာေတာင္မွ အိမ္တြင္းအၾကမ္းဖက္မႈက ပိုမ်ားလာတယ္။ ဆိုတဲ့ဟာေတြက အရင္ကထက္ အဆေပါင္းမ်ားစြာ ပိုၿပီး အိမ္တြင္းအၾကမ္းဖက္မႈေတြကို အမ်ိဳးသမီးေတြ ပိုၿပီး ခံစားေနရတာ ရွိပါတယ္။”

တခ်ိန္တည္းမွာလည္း စီးပြားေရး အက်ပ္အတည္းေတြၾကား လူကုန္ကူးခံရတဲ့ အေျခအေနေတြ၊ အမ်ိဳးသမီးေတြကို ထုတ္ကုန္တခုလို အသုံးခ်တာ အပါအဝင္ ႐ုပ္ပိုင္း စိတ္ပိုင္းဆိုင္ရာ ဘက္ေပါင္းစုံ အၾကမ္းဖက္ခံရတဲ့ အေျခအေနေတြ ဟာလည္း အာဏာသိမ္းမႈ ေနာက္ပိုင္း ပိုဆိုးလာခဲ့တယ္လို မြန္းေနလီက ေထာက္ျပပါတယ္။

ဒါေတြကို အဆုံးသတ္ဖို႔မွာေတာ့ အမ်ိဳးသမီးေတြ ကိုယ္တိုင္ ဖြင့္ဟေျပာဆိုဖို႔ လိုသလို၊ မိသားစု ပတ္ဝန္းက်င္ အားလုံးရဲ႕ ေဖးမကူညီမႈနဲ႔ ဝိုင္းဝန္း ႀကိဳးပမ္းၾကရမွာ ျဖစ္တယ္လို႔ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ လက္ရွိ ျမန္မာနဲ႔ ကမာၻတဝန္းက အမ်ိဳးသမီးေတြ လႈံ႕ေဆာ္ေနတဲ့ က်ား-မ ကြဲျပားမႈအေပၚ အေျခခံတဲ့ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈ ဆိုတာကလည္း ဒီလိုအေျခအေနေတြကို ေထာက္ျပၿပီး အားလုံး ပါဝင္လာေအာင္ အေလးေပး လႈံ႕ေဆာ္တာျဖစ္တယ္လို႔ ကရင္နီအမ်ိဳးသမီး အစည္းအ႐ုံး အတြင္းေရးမႉး - ၂ ေမာ္ဖေရးျမာ က ေျပာပါတယ္။

“ဒီ ၁၆ ရက္တာ နဲ႔ပတ္သက္ၿပီးေတာ့မွ အထူးသျဖင့္ အၾကမ္းဖက္မႈ ပေပ်ာက္ဖို႔ဆိုရင္ ပထမတခုကေတာ့ က်မတို႔ အမ်ိဳးသမီးေတြ ကိုယ္တိုင္က မရွက္မေၾကာက္ဘဲ ကိုယ္အၾကမ္းဖက္ခံရတယ္ဆိုရင္ တိုင္ၾကားပါ။ ဖြင့္ေျပာဆိုပါ။ ႏႈတ္ဆိတ္ မေနပါနဲ႔။ ကိုယ့္ကို လာၿပီး မတရားက်ဴးလြန္တဲ့သူကပဲ ပိုၿပီး အျပစ္ရွိတယ္။ သူသာ ရွက္ရမွာျဖစ္တယ္ေပါ့ေနာ္။ ဒုတိယတခုကေတာ့ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္နဲ႔ ကိုယ့္ရဲ႕ မိသားစုေတြထဲမွာ အဲ့ဒီလိုျဖစ္တာကို ႀကဳံရတယ္ဆိုရင္ က်မတို႔က အျပစ္တင္တာမ်ိဳး မဟုတ္ဘဲ ဝိုင္းဝန္းၿပီးေတာ့ အေကာင္းဆုံး ဘယ္လို ေထာက္ပံ့ေပးရမလဲ ဆိုတာေတြကိုလည္း ေျပာျပေပးတယ္။ ေနာက္တခုကေတာ့ ဝန္ေဆာင္မႈေပးေနတဲ့ အဖြဲ႕အစည္းေတြကလည္း အားေကာင္းဖို႔လိုအပ္ပါတယ္။ အဲ့လို အားေကာင္းမွပဲ အၾကမ္းဖက္မႈေတြ ပေပ်ာက္ဖို႔ ပိုၿပီးေတာ့ ျမန္ဆန္မွာျဖစ္တယ္ေပါ့။ ဆိုေတာ့ ႏိုင္ငံေတာ္အဆင့္ ျပည္ေထာင္စုအဆင့္မွာ ဒါမ်ိဳးေတြကို ေလွ်ာ့ခ်ဖို႔ ပေပ်ာက္ဖို႔က ႏိုင္ငံတႏိုင္ငံရဲ႕ စီမံခ်က္တခု အေနနဲ႔ အေကာင္အထည္ ေဖာ္ရမွာျဖစ္ပါတယ္။ ဆိုေတာ့ အဲ့ဒါေတြကလည္း အျမန္ဆုံး လုပ္ေစခ်င္တယ္ဆိုတဲ့ဟာကို ေျပာခ်င္ပါတယ္။”

ကိုယ့္ကို တိုက္႐ိုက္ အၾကမ္းဖက္မွ အၾကမ္းဖက္မႈလို႔ မယူဆဘဲ ကိုယ့္အိမ္နီးနားခ်င္း ပတ္ဝန္းက်င္မွာ အၾကမ္းဖက္မႈေတြ ျဖစ္လာရင္လည္း ဟန႔္တားဖို႔ လိုအပ္တယ္ ဆိုတာကို ခုလို ၁၆ ရက္တာ လႈပ္ရွားမႈေတြကေန လူေတြ ပိုၿပီး နားလည္ လက္ခံလာေအာင္၊ ဝိုင္းဝန္းဟန႔္တားလာေအာင္ ႀကိဳးပမ္းတာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ဒါဟာ ခုလို အခ်ိန္မ်ိဳးမွာတင္ မဟုတ္ဘဲ အနာဂတ္ အတြက္ပါ အခုကတည္းက ျပင္ဆင္ ႀကိဳးပမ္းသြားရမွာ ျဖစ္တယ္လို႔ ကူကီး အမ်ိဳးသမီးအဖြဲ႕က မဘြိဳင္ႏူးက ေျပာပါတယ္။

“က်မတို႔ အခု ေတာ္ေတာ္မ်ားမ်ားက စစ္အာဏာရွင္ႀကီး ျပဳတ္က်ဖို႔အတြက္ ကိုယ့္နည္းကိုယ္ဟန္နဲ႔ လက္နက္ကိုင္တဲ့ သူကလည္း ကိုင္၊ လက္နက္မကိုင္တဲ့သူ ကလည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လုပ္ေနၾကတာ ဒီအာဏာရွင္ကို အျမစ္ျဖဳတ္ဖို႔ပဲ။ ျမန္မာျပည္သူျပည္သား အားလုံး ဒါ လုပ္ေနတာ။ ဆိုေတာ့ ဒီအခ်ိန္မွာ က်မတို႔က အမ်ိဳးသမီးအေရးနဲ႔ ေျပာရမယ္ဆိုရင္ အခုေလာေလာဆယ္မွာ က်မတို႔ အနာဂတ္ ျမန္မာႏိုင္ငံေတာ္ကို ေမွ်ာ္ကိုးၿပီးမွ ဖြဲ႕စည္းပုံေတြ ေရးဆြဲၾကတယ္။ အမ်ိဳးမ်ိဳးေသာ နည္းဥပေဒေတြလည္း ေရးဆြဲၾကတယ္။ ဒီေရးဆြဲတဲ့ေနရာမွာလည္း အခုလိုမ်ိဳး အမ်ိဳးသမီးေတြကို အၾကမ္းဖက္မႈပေပ်ာက္ဖို႔ ဆိုရင္ အဲ့ဒီလိုေရးဆြဲတဲ့ေနရာမွာ ဒါကို ပါရမယ္။ မပါမျဖစ္ ပါရမယ္။ ၿပီးရင္ အမ်ိဳးသမီးေတြရဲ႕ အေရးကို အခုေလာေလာဆယ္ အမ်ိဳးသမီးေရး လုပ္ေနတဲ့သူေတြကို ပါဝင္ခြင့္ ျပဳရမယ္။ ဒါမွပဲ ဒီအနာဂတ္ ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြကို စနစ္တက် ရွိေနတဲ့ ထုံးတမ္းစဥ္လာေတြ ျဖစ္ေစ၊ ဖိုဝါဒ ႀကီးစိုးမႈေတြ ျဖစ္ေစ အကုန္လုံး ေလ်ာ့နည္း ပေပ်ာက္ဖို႔ဆိုတာ အခုကတည္းက၊ သူတို႔စၿပီး ေရးဆြဲေနကတည္းကိုက ထည့္သြင္းရမယ္။ မထည့္ဘူးဆိုရင္ေတာ့ ဒါေတြက ျဖစ္လာမွာမဟုတ္ဘူး။ ဆိုေတာ့ ဒီအခ်ိန္မွာ စၿပီးေရးဆြဲခ်ိန္ကတည္းက ထည့္သြင္း စဥ္းစားမွသာလ်င္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြ၊ ျပစ္ဒဏ္ကင္းလြတ္ခြင့္ ဆိုတဲ့ ကိစၥေတြက ျပည့္ဝလာမွာျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။”

လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြကို အဓိက က်ဴးလြန္ေနတဲ့ ျမန္မာစစ္တပ္ အေနနဲ႔ ျပစ္ဒဏ္ကင္းလြတ္ခြင့္ ရေနသ၍ အမ်ိဳးသမီးေတြအတြက္၊ ျပည္သူေတြအတြက္ တရားမွ်တမႈ ဆိုတာ မရွိသလို၊ အၾကမ္းဖက္မႈေတြလည္း ဆက္ၿပီး ျဖစ္ေနဦးမွာပဲလို႔ အမ်ိဳးသမီးလႈပ္ရွားသူေတြက ၁၆ ရက္တာ လႈပ္ရွားမႈအတြင္း အဓိက ေထာက္ျပေနၾကတာ ျဖစ္ပါတယ္။

အျပစ္က်ဴးလြန္သူေတြကို ထိထိေရာက္ေရာက္ အေရးယူျခင္းအားျဖင့္ အၾကမ္းဖက္မႈေတြ ေလွ်ာ့ခ်ႏိုင္မွာျဖစ္လို႔ က်ဴးလြန္သူေတြကို အေရးယူႏိုင္ေအာင္ အမ်ိဳးသမီးအဖြဲ႕ေတြက ႀကိဳးပမ္းေနၾကတယ္လို႔ WLB အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံရဲ႕ အေထြေထြ အတြင္းေရးမႉး ေနာ္ဆဲဆဲက ေျပာပါတယ္။

“က်မတို႔ ျမန္မာႏိုင္ငံမွာ တေန႔ထက္တေန႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ အထူးသျဖင့္ အမ်ိဳးသမီးေတြကို ပိုၿပီးေတာ့ ပစ္မွတ္ထားလာတယ္။ အၾကမ္းဖက္စစ္တပ္ကို ဆန႔္က်င္တဲ့ အမ်ိဳးသမီးတိုင္း သာမန္အမ်ိဳးသမီး အပါအဝင္ တကယ့္ တက္ႂကြလႈပ္ရွားတဲ့ အမ်ိဳးသမီးတိုင္းကို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ မုဒိန္းမႈကို လက္နက္တခုလို အသုံးခ်ၿပီး ပိုၿပီး ပစ္မွတ္ထားလာတာ ေတြ႕ရတယ္။ ၿပီးရင္ သာမန္လူထုေတြ ၾကားထဲမွာဆိုရင္လည္း အၾကမ္းဖက္မႈေတြ အမ်ားႀကီး တိုးလာတာ ေတြ႕ရတယ္။ ဘာလို႔လဲဆိုေတာ့ က်မတို႔မွာ တရားစီရင္တဲ့ ယႏၲရားေတြလည္း မရွိသလို၊ တရားစီရင္ႏိုင္ေရး အတြက္က ဘယ္မွာတိုင္ၾကားရမလဲ ဘယ္သူ႔ကို ေျပာရမလဲဆိုတဲ့ အခက္အခဲ စိန္ေခၚမႈေတြက လက္ရွိ ျမန္မာႏိုင္ငံမွာ ရွိေနတယ္။ ေနာက္တခုက က်ေတာ့ အထူးသျဖင့္ ဒီအၾကမ္းဖက္စစ္တပ္က က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြက ျပည္တြင္းမွာ ေျဖရွင္းလို႔မရတဲ့ ရာဇဝတ္မႈေတြ ျဖစ္တယ္ေပါ့ေနာ္။ ႏိုင္ငံတကာ ဥပေဒေတြအရ ခ်ိဳးေဖာက္တဲ့ ရာဇဝတ္မႈေတြ ျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔ကေတာ ဒီႏိုင္ငံတကာခုံ႐ုံး ႏိုင္ငံတကာ တရားစီရင္ေရးမွာ ေရာက္မွသာလ်င္ ဒီခ်ိဳးေဖာက္မႈေတြက ရပ္တန႔္သြားမယ္။ ၿပီးလို႔ရွိရင္ သူတို႔က်ဴးလြန္ေနတဲ့ ျပစ္မႈေတြက ျပစ္ဒဏ္ကင္းလြတ္ခြင့္ေတြ ရပ္သြားမယ္။ တကယ္လို႔ ႏိုင္ငံတကာခုံ႐ုံး၊ ႏိုင္ငံတကာ တရားစီရင္ေရး ယႏၲရားမွာ မေရာက္ဘူးဆိုရင္ ဒီ အၾကမ္းဖက္စစ္တပ္က သူ ဆက္လုပ္ေနမွာပဲ။ ဘာအျပစ္မွ အေရးယူ ေဆာင္႐ြက္မႈ မခံရဘူးဆိုရင္ေတာ့ သူတို႔အျပစ္ေတြက ဆက္လြတ္ေနဦးမွာျဖစ္တယ္။ ခ်ိဳးေဖာက္မႈေတြက ဆက္ျဖစ္ေနဦးမွာပဲ။ အၾကမ္းဖက္မႈေတြက ဆက္ျဖစ္ေနဦးမွာပဲ။ အဲ့ဒါေၾကာင့္ က်မတို႔က တရားမွ်တမႈ၊ တာဝန္ခံမႈ ေတြကို လုပ္ေဆာင္သြားမယ္ဆိုရင္ ျပစ္ဒဏ္ကင္းလြတ္ခြင့္ေတြ အဆုံးသတ္ႏိုင္မွာ ျဖစ္တယ္ေပါ့။”

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြ အပါအဝင္ ျမန္မာျပည္သူေတြ ႀကဳံေနရတဲ့ အၾကမ္းဖက္မႈေတြကို ရပ္တန႔္ဖို႔မွာ အျပစ္က်ဴးလြန္သူေတြကို ထိထိေရာက္ေရာက္ ေဖာ္ထုတ္ အေရးယူဖို႔ လိုတာေၾကာင့္ ဒီႏွစ္က်ေရာက္တဲ့ အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ကမာၻလုံးဆိုင္ရာေန႔နဲ႔ ၁၆ ရက္တာ လႈပ္ရွားမႈေတြကို ျပစ္ဒဏ္ကင္းလြတ္ခြင့္ အဆုံးသတ္ေရး ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အဓိက လႈပ္ရွား ေဆာင္႐ြက္တာ ျဖစ္တယ္လို႔လည္း ျမန္မာ အမ်ိဳးသမီးအဖြဲ႕ေတြက ေျပာဆိုၾကပါတယ္။

ႏိုဝင္ဘာလ ၂၅ ရက္ေန႔မွာ က်ေရာက္တဲ့ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ကမာၻလုံးဆိုင္ရာေန႔ကေန ဒီဇင္ဘာလ ၁၀ ရက္ေန႔အထိ ၁၆ ရက္တာ လႈပ္ရွားမႈေတြကို ကမာၻတဝန္းက အမ်ိဳးသမီးေတြနည္းတူ ျမန္မာႏိုင္ငံက အမ်ိဳးသမီးအဖြဲ႕ေတြ လႈပ္ရွားေဆာင္႐ြက္ေနၾကတာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

XS
SM
MD
LG