သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုသိမ္အက်ဥ္းေထာင္ ဆူပူမႈ အက်ဥ္းသား တဦးေသဆုံး


ပုသိမ္အက်ဥ္းေထာင္ (Photo: CJ)

ပုသိမ္အက်ဥ္းေထာင္ အဓိက႐ုဏ္းအတြင္း အက်ဥ္းသားတဦးေသဆုံးၿပီး ေနာက္ထပ္လူ(၆၀)ေက်ာ္ ဒဏ္ရာေတြ ရရွိသြားတယ္လို႔ စစ္ေကာင္စီရဲ႕သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။ အဲဒီ အဓိက႐ုဏ္းအတြင္း ႏိုင္ငံေရးအက်ဥ္းသားေတြ ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရၿပီး ႏိုင္ငံေရးအက်ဥ္းသား ဝင္းမင္းထက္(ေခၚ)မဲႀကီး ေသဆုံးခဲ့ရတယ္လို႔ AAPP ကေျပာပါတယ္။

[[ ZAWGYI ]]

ပုသိမ္အက်ဥ္းေထာင္ ဆူပူမႈ အက်ဥ္းသား တဦးေသဆုံး

ဧရာဝတီတိုင္း ပုသိမ္အက်ဥ္းေထာင္တြင္း ျဖစ္ပြါးတဲ့ အဓိက႐ုဏ္းအတြင္း အက်ဥ္းသားတဦး ေသဆုံးၿပီး ေနာက္ထပ္ လူ(၆၀)ေက်ာ္ ဒဏ္ရာေတြ ရရွိသြားတယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။

ပုသိမ္အက်ဥ္းေထာင္ ျဖစ္ရပ္မွာ အက်ဥ္းသား တဦးဆီက မိုဘိုင္းဖုန္းတလုံး သိမ္းဆည္းရမိခဲ့တဲ့အတြက္ ေထာင္တြင္း စစ္ေဆးမႈေတြလုပ္ခဲ့ၿပီး ၊ ေနာက္တရက္ျဖစ္တဲ့ ေသာၾကာမနက္မွာ အက်ဥ္းသား(၇၀)ေလာက္ ေထာင္တံခါးေတြကို ခ်ိဳးဖ်က္ၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့သလို လုံၿခဳံေရးေတြကို ဒုတ္ေတြ၊ ခဲေတြနဲ႔ ပစ္ေပါက္တိုက္ခိုက္ခဲ့တဲ့အတြက္ ေသနတ္ပစ္ေဖါက္ အင္အားသုံး ၿဖိဳခြင္းခဲ့ရေၾကာင္းနဲ႔ ဒီ အဓိက႐ုဏ္းျဖစ္စဥ္မွာ အက်ဥ္းသားတဦး ေသဆုံးၿပီး (၆၃)ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီထဲမွာ ရဲလုံၿခဳံေရး(၂)ဦးနဲ႔ ေထာင္ဝန္ထမ္း (၉)ဦးတို႔ ဒဏ္ရာရရွိခဲ့ေၾကာင္းနဲ႔ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးမႈေတြ စလုပ္ေနၿပီလို႔လည္း ေျပာပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကေတာာ့ - ဇန္နဝါရီလ ၅ ရက္ ၾကာသပေတးညက ပုသိမ္အက်ဥ္းေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသားေတြ ျပင္းထန္စြာ ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရၿပီး ႏိုင္ငံေရးအက်ဥ္းသား ဝင္းမင္းထက္(ေခၚ) မဲႀကီး ေသဆုံးခဲ့ရသလို ဒဏ္ရာျပင္းထန္တဲ့ အက်ဥ္းသား ၈ ဦးကေတာ့ ပုသိမ္ေဆး႐ုံသစ္မွာ ကုသမႈခံေန ေၾကာင္းနဲ႔ ဒီလို ေထာင္တြင္း ညႇဥ္းပန္းႏွိပ္စက္မႈဟာ အလြန္ျပင္းထန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ AAPP က ျပစ္တင္ ရႈတ္ခ် လိုက္ပါတယ္။

၂၀၂၁ ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း အာဏာပိုင္ေတြ ဖမ္းထားစဥ္ ေသဆုံးရတဲ့ ဒီမိုကေရစီေရးလႈပ္ရွားသူ (၂၇၀၀)ေက်ာ္ နဲ႔ အဖမ္းဆီးခံခဲ့ရသူ ၁ ေသာင္း ၃ ေထာင္ေက်ာ္ရွိ သလို ေသဒဏ္ခ်မွတ္ခံထားရသူက (၁၀၀) ေက်ာ္ရွိတယ္လို႔လည္း AAPP က ေျပာပါတယ္။ စစ္ေကာင္စီကေတာ့ AAPP ရဲ႕သတင္းေတြဟာ ခ်ဲ႕ကားေဖၚျပတာသာ ျဖစ္ေၾကာင္း တုန႔္ျပန္ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ပုသိမ်အကျဉ်းထောင် ဆူပူမှု အကျဉ်းသား တဦးသေဆုံး

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်တွင်း ဖြစ်ပွါးတဲ့ အဓိကရုဏ်းအတွင်း အကျဉ်းသားတဦး သေဆုံးပြီး နောက်ထပ် လူ(၆၀)ကျော် ဒဏ်ရာတွေ ရရှိသွားတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ပုသိမ်အကျဉ်းထောင် ဖြစ်ရပ်မှာ အကျဉ်းသား တဦးဆီက မိုဘိုင်းဖုန်းတလုံး သိမ်းဆည်းရမိခဲ့တဲ့အတွက် ထောင်တွင်း စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ၊ နောက်တရက်ဖြစ်တဲ့ သောကြာမနက်မှာ အကျဉ်းသား(၇၀)လောက် ထောင်တံခါးတွေကို ချိုးဖျက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့သလို လုံခြုံရေးတွေကို ဒုတ်တွေ၊ ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တဲ့အတွက် သေနတ်ပစ်ဖေါက် အင်အားသုံး ဖြိုခွင်းခဲ့ရကြောင်းနဲ့ ဒီ အဓိကရုဏ်းဖြစ်စဉ်မှာ အကျဉ်းသားတဦး သေဆုံးပြီး (၆၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ရဲလုံခြုံရေး(၂)ဦးနဲ့ ထောင်ဝန်ထမ်း (၉)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီလို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတောာ့ - ဇန်နဝါရီလ ၅ ရက် ကြာသပတေးညက ပုသိမ်အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ဝင်းမင်းထက်(ခေါ်) မဲကြီး သေဆုံးခဲ့ရသလို ဒဏ်ရာပြင်းထန်တဲ့ အကျဉ်းသား ၈ ဦးကတော့ ပုသိမ်ဆေးရုံသစ်မှာ ကုသမှုခံနေ ကြောင်းနဲ့ ဒီလို ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုဟာ အလွန်ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ AAPP က ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဏာပိုင်တွေ ဖမ်းထားစဉ် သေဆုံးရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ (၂၇၀၀)ကျော် နဲ့ အဖမ်းဆီးခံခဲ့ရသူ ၁ သောင်း ၃ ထောင်ကျော်ရှိ သလို သေဒဏ်ချမှတ်ခံထားရသူက (၁၀၀) ကျော်ရှိတယ်လို့လည်း AAPP က ပြောပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့သတင်းတွေဟာ ချဲ့ကားဖေါ်ပြတာသာ ဖြစ်ကြောင်း တုန့်ပြန်လေ့ရှိပါတယ်။

XS
SM
MD
LG