သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ ေ႐ြးေကာက္ပြဲအတြက္ စာရင္းေကာက္ယူမႈစတင္


ရခိုင္ျပည္နယ္စစ္ေတြေဒသခံတစ္ဦး အေထြေထြေ႐ြးေကာက္ပြဲ မဲေပးေနစဥ္ (၂၀၁၅ ႏိုဝင္ဘာလ ၈ ရက္)

ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းေတြကို ဒီကေန႔ ကစၿပီးေတာ့ ကြင္းဆင္းေကာက္ယူတယ္လို႔ ျပည္နယ္ေကာင္စီ ကေျပာပါတယ္။ ဒီစာရင္းဟာ ေ႐ြးေကာက္ပြဲအတြက္တင္မကပဲ၊ တျခား ေဒသတြင္း လူမႈဖြံၿဖိဳးတိုးတက္ေရးအတြက္လည္း အသုံးဝင္ပါလိမ့္မယ္လို႔ ရခိုင္စစ္ေကာင္စီ ေျပာခြင့္ရသူက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ ကိုစည္သူ ေျပာျပမွာပါ။

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ စာရင္းမွားေတြရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အာဏာသိမ္းလိုက္တဲ့ စစ္ေကာင္စီဟာ အခုႏွစ္ ဩဂုတ္လမွာ ေ႐ြးေကာက္ပြဲတရပ္က်င္းပဖို႔ ျပင္ဆင္ေနတာပါ။ အဲဒီေ႐ြးေကာက္ပြဲအတြက္ ရခိုင္ျပည္နယ္တြင္း လူဦးေရစာရင္းေကာက္ယူမႈေတြ ဒီကေန႔ ဇန္နဝါရီလ ၉ရက္ေန႔မွာ စတင္လုပ္ေဆာင္တယ္လို႔ ရခိုင္ျပည္နယ္ စစ္ေကာင္စီ ေျပာခြင့္ရ ဦးလွသိန္းကေျပာပါတယ္။

“ လူဦးေရစာရင္းဆိုတာကေတာ့ ႏိုင္ငံတႏိုင္ငံမွာေတာ့ အေရးႀကီးတယ္၊ ငါတို႔အဲလိုေကာက္ လိုက္တဲ့အခါ စာမတတ္တဲ့ သူက ဘယ္ေလာက္ရွိတယ္၊ စာတတ္တဲ့သူက ဘယ္ေလာက္ ရွိတယ္၊အဲလို ပညာေရးပိုင္းေတြမွာ ဘာလုပ္ရမလဲ အ၃လုံး စီမံခ်က္လုပ္ရေတာ့မွာလား၊ ၿပီး ေတာ့ အသက္အ႐ြယ္ အားျဖင့္ အသက္ႀကီးတဲ့ သူေတြမ်ားတယ္၊ ႏိုင္ငံျခားကို ထြက္တာ မ်ား တယ္။ ဒီစာရင္းေတြလဲ တိုင္းျပည္အတြက္ အေရးႀကီးတာပဲေလေနာ္၊ ဆိုေတာ့ အဲတာက တပိုင္းေပါ့ေနာ္ ေနာက္တပိုင္းကေတာ့ လုပ္တည္းက ရည္႐ြယ္ခ်က္ကေတာ့ မဲစာရင္းအတြက္ ရည္႐ြယ္ၿပီးေတာ့ လုပ္တာ ေသခ်ာတယ္၊ မဲစာရင္းအတြက္လည္းပါတယ္။ တိုင္းျပည္အ တြက္ လုပ္အပ္တဲ့ လူဦးေရစာရင္းလည္းပါတာေပါ့ေနာ္။”

ရခိုင္ေျမာက္ပိုင္း ေဒသခံတခ်ိဳ႕ကို AA ရခိုင္တပ္ဖြဲ႕နဲ႔ဆက္ႏြယ္တယ္ဆိုၿပီး ဖမ္းဆီးခဲ့တာမ်ိဳးေတြရွိခဲ့တာေၾကာင့္ တခ်ိဳ႕ေဒသခံေတြ စိုးရိမ္ၿပီးထြက္ေျပးတိမ္းေရွာင္ေနရဆဲရွိတဲ့အတြက္၊ အခုလို အိမ္ေထာင္စုစာရင္းေကာက္ခံမႈေတြမွာ တျခားမလိုလားအပ္တဲ့ အဖမ္းအဆီးေတြ ထပ္ျဖစ္လာမွာကိုလည္း စိုးရိမ္ၾကတဲ့ ေဒသခံေတြရွိပါတယ္။

လြတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတဦးျဖစ္တဲ့ ရခိုင္အေရးေလ့လာသုံးသပ္သူဦးေဖသန္းကေတာ့ စစ္ေကာင္စီက မဲစာရင္းအတြက္ စာရင္းေကာက္ယူေနမႈကို စိုးရိမ္စရာတခုလို႔ မျမင္ပါဘူး။

“ ဘယ္လိုပဲျဖစ္ျဖစ္ေလ ဒီေ႐ြးေကာက္ပြဲမွာေတာ့ သူတို႔က အရင္အစိုးရကိုလည္း ဒီလူဦးေရ မဲစာရင္းမွာ မမွန္မကန္လုပ္တယ္ဆိုၿပီးေတာ့ စြပ္စြဲခဲ့တာေတြရွိတယ္၊ အဲဒီအေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းခဲ့တာေတြရွိတယ္၊ ဒီတေခါက္မွာေတာ့ သူတို႔ မဲစာရင္းေတြကိုမွန္မွန္ကန္ ကန္ရွိေအာင္ မဲစာရင္းေတြကိုတည္ေဆာက္ ျဖစ္တယ္ဆိုတဲ့ျပယုဒ္မ်ိဳးေတြသူတို႔ လုပ္လိမ့္မယ္၊ ဆိုေတာ့ ေ႐ြးေကာက္ပြဲအတြက္ အေၾကာင္းျပၿပီး လူဦးစာေရးစာရင္းေကာက္တာကေတာ့ သိပ္ၿပီးျပႆနာမရွိေလာက္ဘူးထင္တယ္။”

ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ရခိုင္ျပည္နယ္က တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ လုံၿခဳံေရးအရ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့ပါဘူး။ အခု လတ္တေလာအားျဖင့္ AA ရခိုင္တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီၾကား ႏႈတ္အားျဖင့္ အပစ္အခတ္ရပ္စဲေရးယူထားပါတယ္။ AA အပါအဝင္ ညီေနာင္သုံးဖြဲ႕ရဲ႕ ႏွစ္သစ္ကူးထုတ္ျပန္ခ်က္ထဲမွာေတာ့ အျခား ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ စစ္အာဏာရွင္စနစ္ကို တြန္းလွန္တိုက္ဖ်က္သြားမယ္လို႔ သႏၷိဌာန္ျပဳေဖာ္ျပထားေပမဲ့ စစ္ေကာင္စီကလုပ္မယ့္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ တစုံတရာ ေျပာဆိုထားတာမရွိပါဘူး။

ေႏြဦးေတာ္လွန္ေရးေနာက္ပိုင္းေပၚလာတဲ့ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္အပါအဝင္ အဓိက တိုင္းရင္းသားလက္နက္ကိုင္အမ်ားစုကေတာ့ ဒီေ႐ြးေကာက္ပြဲဟာ တရားဝင္မႈမရွိဘူးလို႔ တုံ႔ျပန္ေနၾကပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ တခုမျဖစ္ႏိုင္တဲ့ အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕အၾကပ္အတည္းကို ပိုရွည္ၾကာေစၿပီး တိုင္းျပည္ရဲ႕ ဒီမိုကေရစီ အသြင္ကူး ေျပာင္းေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းသာယာေရးကို ေႏွာင့္ေႏွးၾကန႔္ၾကာ ေစမယ့္အေၾကာင္း ေၾကာညာခ်က္ထုတ္ျပန္ထားတာေတြလည္းရွိပါတယ္။

ျမန္မာႏိုင္ငံတြင္း ေဒသအာဏာပိုင္တခ်ိဳ႕က ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေျပာဆို မႈေတြရွိေနေပမဲ့လည္း ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္နဲ႔ပတ္သက္လို႔ လူထုကို တိတိက်က် ေၾကညာေျပာဆိုတာေတာ့ မရွိေသးပါဘူး။

{Unicode}

ရခိုင်မှာ ရွေးကောက်ပွဲအတွက် စာရင်းကောက်ယူမှုစတင်
ဇန်နဝါရီ ၉၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေကို ဒီကနေ့ ကစပြီးတော့ ကွင်းဆင်းကောက်ယူတယ်လို့ ပြည်နယ်ကောင်စီ ကပြောပါတယ်။ ဒီစာရင်းဟာ ရွေးကောက်ပွဲအတွက်တင်မကပဲ၊ တခြား ဒေသတွင်း လူမှုဖွံဖြိုးတိုးတက်ရေးအတွက်လည်း အသုံးဝင်ပါလိမ့်မယ်လို့ ရခိုင်စစ်ကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုစည်သူ ပြောပြမှာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ စာရင်းမှားတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ အခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ပြင်ဆင်နေတာပါ။ အဲဒီရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်း လူဦးရေစာရင်းကောက်ယူမှုတွေ ဒီကနေ့ ဇန်နဝါရီလ ၉ရက်နေ့မှာ စတင်လုပ်ဆောင်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“ လူဦးရေစာရင်းဆိုတာကတော့ နိုင်ငံတနိုင်ငံမှာတော့ အရေးကြီးတယ်၊ ငါတို့အဲလိုကောက် လိုက်တဲ့အခါ စာမတတ်တဲ့ သူက ဘယ်လောက်ရှိတယ်၊ စာတတ်တဲ့သူက ဘယ်လောက် ရှိတယ်၊အဲလို ပညာရေးပိုင်းတွေမှာ ဘာလုပ်ရမလဲ အ၃လုံး စီမံချက်လုပ်ရတော့မှာလား၊ ပြီး တော့ အသက်အရွယ် အားဖြင့် အသက်ကြီးတဲ့ သူတွေများတယ်၊ နိုင်ငံခြားကို ထွက်တာ များ တယ်။ ဒီစာရင်းတွေလဲ တိုင်းပြည်အတွက် အရေးကြီးတာပဲလေနော်၊ ဆိုတော့ အဲတာက တပိုင်းပေါ့နော် နောက်တပိုင်းကတော့ လုပ်တည်းက ရည်ရွယ်ချက်ကတော့ မဲစာရင်းအတွက် ရည်ရွယ်ပြီးတော့ လုပ်တာ သေချာတယ်၊ မဲစာရင်းအတွက်လည်းပါတယ်။ တိုင်းပြည်အ တွက် လုပ်အပ်တဲ့ လူဦးရေစာရင်းလည်းပါတာပေါ့နော်။”

ရခိုင်မြောက်ပိုင်း ဒေသခံတချို့ကို AA ရခိုင်တပ်ဖွဲ့နဲ့ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာမျိုးတွေရှိခဲ့တာကြောင့် တချို့ဒေသခံတွေ စိုးရိမ်ပြီးထွက်ပြေးတိမ်းရှောင်နေရဆဲရှိတဲ့အတွက်၊ အခုလို အိမ်ထောင်စုစာရင်းကောက်ခံမှုတွေမှာ တခြားမလိုလားအပ်တဲ့ အဖမ်းအဆီးတွေ ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်ကြတဲ့ ဒေသခံတွေရှိပါတယ်။

လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ရခိုင်အရေးလေ့လာသုံးသပ်သူဦးဖေသန်းကတော့ စစ်ကောင်စီက မဲစာရင်းအတွက် စာရင်းကောက်ယူနေမှုကို စိုးရိမ်စရာတခုလို့ မမြင်ပါဘူး။

“ ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီရွေးကောက်ပွဲမှာတော့ သူတို့က အရင်အစိုးရကိုလည်း ဒီလူဦးရေ မဲစာရင်းမှာ မမှန်မကန်လုပ်တယ်ဆိုပြီးတော့ စွပ်စွဲခဲ့တာတွေရှိတယ်၊ အဲဒီအကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာတွေရှိတယ်၊ ဒီတခေါက်မှာတော့ သူတို့ မဲစာရင်းတွေကိုမှန်မှန်ကန် ကန်ရှိအောင် မဲစာရင်းတွေကိုတည်ဆောက် ဖြစ်တယ်ဆိုတဲ့ပြယုဒ်မျိုးတွေသူတို့ လုပ်လိမ့်မယ်၊ ဆိုတော့ ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး လူဦးစာရေးစာရင်းကောက်တာကတော့ သိပ်ပြီးပြဿနာမရှိလောက်ဘူးထင်တယ်။”

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခု လတ်တလောအားဖြင့် AA ရခိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပါတယ်။ AA အပါအဝင် ညီနောင်သုံးဖွဲ့ရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲမှာတော့ အခြား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်သွားမယ်လို့ သန္နိဌာန်ပြုဖော်ပြထားပေမဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုထားတာမရှိပါဘူး။

နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ KIA ကချင်လွတ်လပ်ရေးတပ်အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အများစုကတော့ ဒီရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ တုံ့ပြန်နေကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ တခုမဖြစ်နိုင်တဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ပိုရှည်ကြာစေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာ စေမယ့်အကြောင်း ကြောညာချက်ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံတွင်း ဒေသအာဏာပိုင်တချို့က ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြောဆို မှုတွေရှိနေပေမဲ့လည်း မြန်မာစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်နဲ့ပတ်သက်လို့ လူထုကို တိတိကျကျ ကြေညာပြောဆိုတာတော့ မရှိသေးပါဘူး။

XS
SM
MD
LG