သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရွာင္တာနယ္ကိုခံဝန္ကတိနဲ႔ လႊတ္ေပးခဲ့တဲ့ လြတ္ၿငိမ္းခြင့္ စစ္ေကာင္စီျပန္႐ုပ္သိမ္း


ပါေမာကၡေရွာင္တာနယ္ႏွင့္ ဇနီး ေဒါက္တာဟဗူးကို ၾသစေတးလ်ႏိုင္ငံ ကမ္ဘဲရာၿမိဳ႕ေတာ္ရွိ ၾသစေတးလ်ပါလီမန္မွာ ဒီဇင္ဘာ ၁ရက္၊ ၂၀၂၂ခုႏွစ္ကေတြ႔ရစဥ္

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ၾသစေတးလ်ႏိုင္ငံသား ေရွာင္တာနယ္ (Sean Turnell)ကို ႁခြင္းခ်က္ ခံဝန္ကတိနဲ႔ အက်ဥ္းေထာင္က ျပန္လႊတ္ေပးခဲ့တဲ့ လြတ္ၿငိမ္းခြင့္ကို ျပန္လည္ ႐ုတ္သိမ္းေၾကာင္း စစ္ေကာင္စီက ဒီဇင္ဘာ ၆ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

သူ႔အေနနဲ႔ ေနာက္တႀကိမ္ ျပစ္ဒဏ္က်ဴးလြန္ပါက လႊတ္ေပးစဥ္က ႂကြင္းက်န္ခဲ့တဲ့ ျပစ္ဒဏ္မ်ားပါ တေပါင္းတစည္းတည္း က်ခံရမယ္လို႔ ခံဝန္ကတိနဲ႔ လႊတ္ေပးခဲ့ေပမယ့္ မစၥတာေရွာင္တာနယ္ဟာ အခုအခါမွာ Facebook လူမႈကြန္ယက္နဲ႔ သတင္းမီဒီယာေတြမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး မမွန္မကန္ ေျပာၾကားေနတဲ့အတြက္ အဲဒီလို ႐ုပ္သိမ္းရတာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္လို႔ ဗြီအိုေအက စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့၊ အေၾကာင္းျပန္ၾကားတာ မရွိေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္လို႔ စီးပြါးေရးပညာရွင္ေရွာင္တာနယ္ကေတာ့ “စိတ္ပ်က္စရာပဲ ဒီသတင္းဟာ အတု မဟုတ္ပါဘူး” လို႔ ဗြီအိုေအရဲ႕အေမးကို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၊ သမၼတဦးဝင္းျမင့္ အပါအဝင္ NLD အစိုးရအဖြဲ႕ဝင္ေတြနဲ႔ အတူ စီးပြားေရးပညာရွင္ ေရွာင္တာနယ္ကိုလည္း ဖမ္းဆီး ေထာင္ခ်ခဲ့ပါတယ္။ သူကို ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ လူဝင္မႈဥပေဒ ခ်ိဳးေဖာက္မႈ ေတြနဲ႔ စြပ္စြဲၿပီး ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္လိုက္ေပမဲ့ ၂ ႏွစ္နီးပါး က်ခံခဲ့ၿပီးေနာက္ မႏွစ္ ၂ဝ၂၂ ႏိုဝင္ဘာလ ၁၇ ရက္ေန႔ ျပန္လြတ္ေျမာက္လာခဲ့ပါတယ္။

သူဟာ ႏိုင္ငံရင္း ၾသစေတးလ်ႏိုင္ငံကို ျပန္သြားၿပီးေနာက္ Facebook လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ အသိမ္ေမြ႕ဆုံး ျမန္မာျပည္သူေတြကို ယုတ္မာ႐ူးသြပ္သူေတြက အုပ္ခ်ဳပ္ေနတဲ့အတြက္ ယူႀကဳံးမရျဖစ္ရတယ္လို႔ ေရးသားခဲ့ပါတယ္။ ဒါ့အျပင္ သူအေနနဲ႔ မိသားစုနဲ႔ ျပန္ဆုံခြင့္ရလို႔ ဝမ္းသာရေပမယ့္ ျမန္မာျပည္သူ ၅၃ သန္းကေတာ့ သူတို႔ကို ကိုယ္စားမျပဳတဲ့ အုပ္ခ်ဳပ္သူေတြ လက္ထဲမွာ ဒုကၡဆက္လက္ခံေနၾကရတယ္လို႔လည္း ေရးသားခဲ့တာပါ။

ဒါ့အျပင္ ၾသစေတးလ်ႏိုင္ငံအေနနဲ႔ ျမန္မာစစ္ေကာင္စီ တာဝန္ရွိသူေတြကို အေရးယူဒဏ္ခတ္ဖို႔ပါ ပထမဆုံးျပဳလုပ္တဲ့ ေတြ႕ဆုံေမးျမန္းခန္းမွာ ၾသစေတးလ်သတင္းဌာနကို ေျပာၾကားးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============================================

ရှောင်တာနယ်ကို ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တဲ့ လွတ်ငြိမ်းခွင့် စစ်ကောင်စီ ပြန်ရုပ်သိမ်း

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား ရှောင်တာနယ် (Sean Turnell)ကို ခြွင်းချက် ခံဝန်ကတိနဲ့ အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့တဲ့ လွတ်ငြိမ်းခွင့်ကို ပြန်လည် ရုတ်သိမ်းကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

သူ့အနေနဲ့ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက လွှတ်ပေးစဉ်က ကြွင်းကျန်ခဲ့တဲ့ ပြစ်ဒဏ်များပါ တပေါင်းတစည်းတည်း ကျခံရမယ်လို့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့ပေမယ့် မစ္စတာရှောင်တာနယ်ဟာ အခုအခါမှာ Facebook လူမှုကွန်ယက်နဲ့ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မမှန်မကန် ပြောကြားနေတဲ့အတွက် အဲဒီလို ရုပ်သိမ်းရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့၊ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စီးပွါးရေးပညာရှင်ရှောင်တာနယ်ကတော့ “စိတ်ပျက်စရာပဲ ဒီသတင်းဟာ အတု မဟုတ်ပါဘူး” လို့ ဗွီအိုအေရဲ့အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေနဲ့ အတူ စီးပွားရေးပညာရှင် ရှောင်တာနယ်ကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ သူကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ လူဝင်မှုဥပဒေ ချိုးဖောက်မှု တွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပေမဲ့ ၂ နှစ်နီးပါး ကျခံခဲ့ပြီးနောက် မနှစ် ၂ဝ၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

သူဟာ နိုင်ငံရင်း သြစတေးလျနိုင်ငံကို ပြန်သွားပြီးနောက် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အသိမ်မွေ့ဆုံး မြန်မာပြည်သူတွေကို ယုတ်မာရူးသွပ်သူတွေက အုပ်ချုပ်နေတဲ့အတွက် ယူကြုံးမရဖြစ်ရတယ်လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် သူအနေနဲ့ မိသားစုနဲ့ ပြန်ဆုံခွင့်ရလို့ ဝမ်းသာရပေမယ့် မြန်မာပြည်သူ ၅၃ သန်းကတော့ သူတို့ကို ကိုယ်စားမပြုတဲ့ အုပ်ချုပ်သူတွေ လက်ထဲမှာ ဒုက္ခဆက်လက်ခံနေကြရတယ်လို့လည်း ရေးသားခဲ့တာပါ။

ဒါ့အပြင် သြစတေးလျနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်ဖို့ပါ ပထမဆုံးပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သြစတေးလျသတင်းဌာနကို ပြောကြားးခဲ့ပါတယ်။

XS
SM
MD
LG