သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 အက်ဥ္းသားေတြ လႊတ္ေပးတဲ့အေပၚ ႏိုင္ငံတကာ သတိနဲ႔ႀကိဳဆို 


Myanmar Prisoners Release

ျမန္မာ စစ္ေကာင္စီက အက်ဥ္းသား ေထာင္ခ်ီ လႊတ္ေပးခဲ႔တာမွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ ႀကိဳဆိုလိုက္ၾကေပမဲ့ လုံေလာက္မႈ မရွိဘူးလို႔လည္း ေျပာၾကပါတယ္။ Phil Mercer ေပးပို႔တဲ႔ သတင္းေဆာင္းပါးကို အေျခခံၿပီး မသိဂႌထိုက္ စုစည္းတင္ျပထားပါတယ္။

အက်ဥ္းသားေတြ လႊတ္ေပးတဲ့အေပၚ ႏိုင္ငံတကာ သတိနဲ႔ႀကိဳဆို

{{Zawgyi/Unicode}}

ျမန္မာ စစ္ေကာင္စီက ၾကာသပေတးေန႔မွာ အက်ဥ္းသား ေထာင္ခ်ီ လႊတ္ေပးခဲ႔တာမွာ ႏိုင္ငံျခားသား ၄ ဦးနဲ႔ ႏိုင္ငံေရး လႈပ္ရွားသူ တခ်ဳိ႕ ပါ၀င္လာတဲ့အတြက္ ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ ႀကိဳဆိုလိုက္ၾကေပမဲ့ လုံေလာက္မႈ မရွိဘူးလို႔လည္း ေျပာၾကပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိ္ုငငံေရး အက်ပ္အတည္းေတြ ၾကံဳေနရခ်ိန္မွာ ေထာင္နဲ႔ခ်ီတဲ့ အက်ဥ္းသားေတြ လႊတ္ေပးတာဟာ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို ေက်နပ္ေအာင္ ႀကိဳးပမ္းမႈတခု အျဖစ္ ကြ်မ္းက်င္သူေတြနဲ႔ ေလ႔လာသံုးသပ္သူေတြက ေျပာပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ ကေန Phil Mercer ေပးပို႔တဲ႔ သတင္းေဆာင္းပါးကို အေျခခံၿပီး မသိဂႌထိုက္ စုစည္းတင္ျပထားပါတယ္။

ျမန္မာတႏိုင္ငံလံုးက အက်ဥ္းေထာင္ေတြကေန အက်ဥ္းသား ၅,၇၇၄ ဦးကို စစ္ေကာင္စီက လြတ္ၿငိမ္းခြင့္ေပးလိုက္တဲ႔ အထဲမွာ ၿဗိတိန္ သံအမတ္ႀကီးေဟာင္း Vicky Bowman , အေမရိကန္ ႏိုင္ငံသား ကိုေက်ာ္ေဌးဦး , မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ ဂ်ပန္ ႏိုင္ငံသား Toru Kubota နဲ႔ ၾသစေၾတးလ် ႏိုင္ငံသား စီးပြားေရး အၾကံေပး Sean Turnell တို႔လည္း ပါ၀င္ခဲ႔တာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ အာရွ ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ APEC ညီလာခံမွာ လုပ္တဲ႔ ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken ကေတာ့ အက်ဥ္းသားေတြ ျပန္လည္ လြတ္ေျမာက္လာတဲ႔ အေပၚ အခုလို ေျပာပါတယ္။

"အေျခအေနေတြ ဆိုးသထက္ ဆိုးလာေနတာကို ေတြ႕ေနရတဲ႔ ျမန္မာႏိုင္ငံတြင္း ပိန္းပိတ္ေအာင္ ေမွာင္မိုက္ေနခ်ိန္မွာ ေတြ႕ရတဲ႔ အလင္းေရာင္ အစက္အေပ်ာက္ေလး တခု ျဖစ္တယ္လို"႔ ေျပာခ်င္ပါတယ္။

ႏိုင္ငံေတြၾကား ခ်စ္ၾကည္ေရး အတြက္ ေဆာင္ရြက္မႈ အေနနဲ႔ ပါေမာကၡ Sean Turnell နဲ႔ တျခားေသာ ႏိုင္ငံျခားသား သံုးဦးတို႔ကို ျပန္လႊတ္တာ ျဖစ္ေၾကာင္း စစ္တပ္ရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။ လက္ရွိ ဖမ္းဆီး ေထာင္ခ် ခံထားရတဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရး အၾကံေပးအျဖစ္ ေဆာင္ရြက္ခဲ႔သူ ၾသစေၾတးလ် ႏိုင္ငံသား ပါေမာကၡ Sean Turnell ျပန္လည္ လြတ္ေျမာက္လာတဲ႔ အေပၚ ႀကိဳဆိုေၾကာင္း၊ ဒါေပမယ့္ တျခားေသာ ႏိုင္ငံေရး အက်ဥ္းသားေတြကိုလည္း ကမ ၻာႀကီးက ေမ႔ေပ်ာက္မပစ္ၾကဖို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔ HRW ရဲ႕ အာရွ ဆိုင္ရာ ၫႊန္ၾကားေရးမွဴး Elaine Pearson က ဗြီအိုေအကို ေျပာပါတယ္။

" Sean Turnell ဟာ ေထာင္ထဲမွာ တစကၠန္႔ေတာင္ ေနစရာ မလိုခဲ႔ပါဘူး။ အခု လြတ္ၿငိမ္းခြင့္ ေပးတဲ႔ သတင္းက သူ႔မိသားစု အတြက္ေတာ့ အႀကီးအက်ယ္ စိတ္သက္သာရာ ရေစတယ္ဆိုတာက ရွင္းပါတယ္။ ဒါေပမယ့္ ဆိုးရြားလွတဲ႔ အေျခအေနေတြနဲ႔ ဖမ္းဆီးခံထားရတဲ႔ ျမန္မာႏိုင္ငံသား ေထာင္ခ်ီ ရွိေနေသးၿပီး ႏိုင္ငံတကာရဲ႕ ခိုင္ခိုင္မာမာ စည္းရံုးေဆာင္ရြက္မႈ မရွိဘူးဆိုတာကိုလည္း အသိေပးရာ ေရာက္ပါတယ္။ ဒါေၾကာင့္လည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းခံထားရတဲ႔ ႏိုင္ငံေရး အက်ဥ္းသား အားလံုးကို ျမန္မာ စစ္တပ္ဘက္က ျပန္လႊတ္ေပးဖို႔ အတြက္ ၾသစေၾတးလ် အစိုးရ၊ ၿဗိတိန္၊ အေမရိကန္နဲ႔ တျခားေသာ အစိုးရေတြက ေတာင္းဆိုေပးၾကဖို႔ က်မ ေမွ်ာ္လင့္ပါတယ္"

ၿဗိတိန္ သံအမတ္ႀကီးေဟာင္း Vicky Bowman , အေမရိကန္ ႏိုင္ငံသား ကိုေက်ာ္ေဌးဦး , မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ ဂ်ပန္ ႏိုင္ငံသား Toru Kubota နဲ႔ ၾသစေၾတးလ် ႏိုင္ငံသား စီးပြားေရး အၾကံေပး Sean Turnell တို႔ကို အစကတည္းက ေထာင္ခ်စရာ မလိုခဲ႔ဘူးလို႔လည္း သူမက ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ ၿမိဳ႕ေတာ္မွာ အာရွ- ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ညီလာခံမွာ က်င္းပတဲ႔ ညေနပိုင္းမွာဘဲ ျမန္မာ စစ္ေကာင္စီက အက်ဥ္းသား လြတ္ၿငိမ္းခြင့္ ေၾကညာခ်က္ ထုတ္ျပန္တာ ျဖစ္ပါတယ္။ ပါေမာကၡ Sean Turnell ကို ျပန္လႊတ္ေပးေရး အတြက္ ၾသစေၾတးလ် ႏိုင္ငံျခားေရး ၀န္ႀကီး Penny Wong က ေတာင္းဆိုခဲ႔တာ ျဖစ္ၿပီး သူ႔ကို ဖမ္းဆီးမႈဟာ တရားသျဖင့္ ဖမ္းဆီးမႈ အျဖစ္ ၾသစေၾတးလ်ရဲ႕ အရင္ အစိုးရက ေျပာဆိုခဲ႔တာပါ။ ပါေမာကၡ Sean Turnell ကိုေတာ့ မိသားစု ရွိရာ ၾသစေၾတးလ်ကို ျပန္ပို႔မယ္လို႔လည္း ခန္႔မွန္းရပါတယ္။

ၿဗိတိန္ သံအမတ္ႀကီးေဟာင္း Vicky Bowman၊ ကိုထိန္လင္း၊ ေနာက္ ဦးျမေအး အပါအ၀င္ ႏိုင္ငံေရး အက်ဥ္းသားေတြ ျပန္လြတ္လာတဲ႔ အတြက္ အႀကီးအက်ယ္ စိတ္သက္သာရာ ရေစေၾကာင္း ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ႀကီး Amnesty International UK အဖြဲ႔ႀကီးရဲ႕ ႏိုင္ငံျခားေရး မူဝါဒဆိုင္ရာ ၫႊန္ၾကားေရးမွဴး Polly Truscott က ေျပာပါတယ္။

ေထာင္မခ်သင့္သူေတြ ေထာင္ထဲမွာ အမ်ားအျပား က်န္ရွိေနေသးသူေတြကိုလည္း ျပန္လႊတ္ေပးဖို႔ လိုအပ္ေၾကာင္းလည္း သူက ေထာက္ျပပါတယ္။ ႏိုင္ငံေရး အခြင့္အလမ္း ရွိခ်ိန္မွာ ျမန္မာဘက္က အက်ဥ္းသား လြတ္ၿငိမ္းခြင့္ေပးေလ႔ ရွိေၾကာင္း၊ ၾကာသပေတးေန႔က အက်ဥ္းသား လြတ္ၿငိမ္းခြင့္ဟာဆိုရင္ စစ္ေကာင္စီဘက္က စိတ္သေဘာထား ေျပာင္းလာတာထက္ ဒီသီတင္းပတ္ အတြင္း ထိုင္းႏိုင္ငံမွာ အာရွ ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ညီလာခံနဲ႔က ပိုၿပီး သက္ဆိုင္ ပတ္သက္ႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

အကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် နိုင်ငံတကာ သတိနဲ့ကြိုဆို

{{Zawgyi/Unicode}}

မြန်မာ စစ်ကောင်စီက ကြာသပတေးနေ့မှာ အကျဉ်းသား ထောင်ချီ လွှတ်ပေးခဲ့တာမှာ နိုင်ငံခြားသား ၄ ဦးနဲ့ နိုင်ငံရေး လှုပ်ရှားသူ တချို့ ပါဝင်လာတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြိုဆိုလိုက်ကြပေမဲ့ လုံလောက်မှု မရှိဘူးလို့လည်း ပြောကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုငငံရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေ လွှတ်ပေးတာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျေနပ်အောင် ကြိုးပမ်းမှုတခု အဖြစ် ကျွမ်းကျင်သူတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ကနေ Phil Mercer ပေးပို့တဲ့ သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ အကျဉ်းသား ၅,၇၇၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အထဲမှာ ဗြိတိန် သံအမတ်ကြီးဟောင်း Vicky Bowman , အမေရိကန် နိုင်ငံသား ကိုကျော်ဌေးဦး , မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန် နိုင်ငံသား Toru Kubota နဲ့ သြစတြေးလျ နိုင်ငံသား စီးပွားရေး အကြံပေး Sean Turnell တို့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံမှာ လုပ်တဲ့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကတော့ အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတဲ့ အပေါ် အခုလို ပြောပါတယ်။

"အခြေအနေတွေ ဆိုးသထက် ဆိုးလာနေတာကို တွေ့နေရတဲ့ မြန်မာနိုင်ငံတွင်း ပိန်းပိတ်အောင် မှောင်မိုက်နေချိန်မှာ တွေ့ရတဲ့ အလင်းရောင် အစက်အပျောက်လေး တခု ဖြစ်တယ်လို"့ ပြောချင်ပါတယ်။

နိုင်ငံတွေကြား ချစ်ကြည်ရေး အတွက် ဆောင်ရွက်မှု အနေနဲ့ ပါမောက္ခ Sean Turnell နဲ့ တခြားသော နိုင်ငံခြားသား သုံးဦးတို့ကို ပြန်လွှတ်တာ ဖြစ်ကြောင်း စစ်တပ်ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ လက်ရှိ ဖမ်းဆီး ထောင်ချ ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ သြစတြေးလျ နိုင်ငံသား ပါမောက္ခ Sean Turnell ပြန်လည် လွတ်မြောက်လာတဲ့ အပေါ် ကြိုဆိုကြောင်း၊ ဒါပေမယ့် တခြားသော နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ကမ ္ဘာကြီးက မေ့ပျောက်မပစ်ကြဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ဗွီအိုအေကို ပြောပါတယ်။

" Sean Turnell ဟာ ထောင်ထဲမှာ တစက္ကန့်တောင် နေစရာ မလိုခဲ့ပါဘူး။ အခု လွတ်ငြိမ်းခွင့် ပေးတဲ့ သတင်းက သူ့မိသားစု အတွက်တော့ အကြီးအကျယ် စိတ်သက်သာရာ ရစေတယ်ဆိုတာက ရှင်းပါတယ်။ ဒါပေမယ့် ဆိုးရွားလှတဲ့ အခြေအနေတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ထောင်ချီ ရှိနေသေးပြီး နိုင်ငံတကာရဲ့ ခိုင်ခိုင်မာမာ စည်းရုံးဆောင်ရွက်မှု မရှိဘူးဆိုတာကိုလည်း အသိပေးရာ ရောက်ပါတယ်။ ဒါကြောင့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို မြန်မာ စစ်တပ်ဘက်က ပြန်လွှတ်ပေးဖို့ အတွက် သြစတြေးလျ အစိုးရ၊ ဗြိတိန်၊ အမေရိကန်နဲ့ တခြားသော အစိုးရတွေက တောင်းဆိုပေးကြဖို့ ကျမ မျှော်လင့်ပါတယ်"

ဗြိတိန် သံအမတ်ကြီးဟောင်း Vicky Bowman , အမေရိကန် နိုင်ငံသား ကိုကျော်ဌေးဦး , မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန် နိုင်ငံသား Toru Kubota နဲ့ သြစတြေးလျ နိုင်ငံသား စီးပွားရေး အကြံပေး Sean Turnell တို့ကို အစကတည်းက ထောင်ချစရာ မလိုခဲ့ဘူးလို့လည်း သူမက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံမှာ ကျင်းပတဲ့ ညနေပိုင်းမှာဘဲ မြန်မာ စစ်ကောင်စီက အကျဉ်းသား လွတ်ငြိမ်းခွင့် ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။ ပါမောက္ခ Sean Turnell ကို ပြန်လွှတ်ပေးရေး အတွက် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Penny Wong က တောင်းဆိုခဲ့တာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမှုဟာ တရားသဖြင့် ဖမ်းဆီးမှု အဖြစ် သြစတြေးလျရဲ့ အရင် အစိုးရက ပြောဆိုခဲ့တာပါ။ ပါမောက္ခ Sean Turnell ကိုတော့ မိသားစု ရှိရာ သြစတြေးလျကို ပြန်ပို့မယ်လို့လည်း ခန့်မှန်းရပါတယ်။

ဗြိတိန် သံအမတ်ကြီးဟောင်း Vicky Bowman၊ ကိုထိန်လင်း၊ နောက် ဦးမြအေး အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတဲ့ အတွက် အကြီးအကျယ် စိတ်သက်သာရာ ရစေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International UK အဖွဲ့ကြီးရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး Polly Truscott က ပြောပါတယ်။

ထောင်မချသင့်သူတွေ ထောင်ထဲမှာ အများအပြား ကျန်ရှိနေသေးသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်းလည်း သူက ထောက်ပြပါတယ်။ နိုင်ငံရေး အခွင့်အလမ်း ရှိချိန်မှာ မြန်မာဘက်က အကျဉ်းသား လွတ်ငြိမ်းခွင့်ပေးလေ့ ရှိကြောင်း၊ ကြာသပတေးနေ့က အကျဉ်းသား လွတ်ငြိမ်းခွင့်ဟာဆိုရင် စစ်ကောင်စီဘက်က စိတ်သဘောထား ပြောင်းလာတာထက် ဒီသီတင်းပတ် အတွင်း ထိုင်းနိုင်ငံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံနဲ့က ပိုပြီး သက်ဆိုင် ပတ်သက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG