သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲၿမိဳ႕မွာ စစ္ေကာင္စီလက္နက္ႀကီးက်ည္က်လို႔ အရပ္သားတဦး ေသဆုံး


မိုးၿဗဲၿမိဳ႕က စစ္ေျပးဒုကၡသည္မ်ား (ဓါတ္ပံု- မိုးၿဗဲ PDF, ယခင္မွတ္တမ္း႐ုပ္ပံု)

ရွမ္းျပည္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕၊ ပြဲကုန္း(၁)ရပ္ကြက္မွာ မေန႔ညက လက္နက္ႀကီးက်လို႔ အရပ္သားတစ္ဦး ေသဆုံးသြားတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။ ေညာင္ဝိုင္ရပ္ကြက္မွာ တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ပစ္ခတ္လာတာမို႔ အရပ္သားထိခိုက္ေသဆုံးရတာလို႔ ဆိုပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ မဆုမြန္က ေျပာျပမွာပါ။

ဇန္နဝါရီလ ၈ရက္ေန႔ ညပိုင္းက မိုးၿဗဲၿမိဳ႕ ပြဲကုန္း(၁)ရပ္ကြက္ လူေနအိမ္ေပၚမွာ လက္နက္ႀကီးက်လို႔ အျပစ္မဲ့ အရပ္သားျပည္သူတစ္ဦး ေသဆုံးသြားတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။ မေန႔က ည ၈နာရီေလာက္ မိုးၿဗဲၿမိဳ႕ ေညာင္ဝိုင္ရပ္ကြက္မွာ တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြနဲ႔ ဦးတည္ရာမရွိ အလြန္အကြၽံပစ္ခတ္ေနတာလို႔ မိုးၿဗဲၿမိဳ႕ခံက ဗီြအိုေအကို ေျပာျပတာပါ။

“အဲ့မွာ စစ္ေကာင္စီတပ္စြဲထားတာက ၃ လ ဝန္းက်င္ေလာက္ရွိၿပီးေပါ့ အဲ့ဒီရပ္ကြက္ထဲကို၊ အခုမွ ဒီထိေတြ႕တိုက္ပြဲေတြ ျဖစ္တာေပါ့ေနာ္၊ အဲ့ဒီနားမွာ ျဖစ္ၿပီးဆိုေတာ့ ဒီစစ္ေကာင္စီက သိတဲ့အတိုင္းပဲ အနီးအနားတဝိုက္မွာ လက္နက္ႀကီးေတြခ်တာေပါ့ေနာ္ အခု ဆုံးပါးသြားတာ ေညာင္ဝိုင္ရပ္ကြက္နဲ႔ ၅ ဖာလုံေလာက္ေဝးမွာေပါ့ ဒီပြဲကုန္း (၁) ရပ္ကြက္ေပါ့ေနာ္ အဲ့အနားတဝိုက္ကို လက္နက္ႀကီးက်တာ ေတာက္ေလွ်ာက္ကိုက်တာ အဲ့ေၾကာင့္ ဒီဖက္ကိုထိတာေပါ့ေနာ္ ျပည္သူတစ္ဦးထိတာ အဲ့ဒါ ထိရင္းနဲ႔လည္း မၾကာပါဘူး အဲ့ဒါ ဆုံးသြားတာေပါ့။”

မႏွစ္ကတိုက္ပြဲေတြႀကီးႀကီးမားမားျဖစ္ၿပီးေနာက္ ေဒသတည္ၿငိမ္လာျပဆိုၿပီး ေဒသခံတခ်ိဳ႕ေနရပ္ျပန္လာၾကတာ မၾကာေသးခင္ပဲ၊ ခုတႀကိမ္ထပ္ၿပီး မိုးၿဗဲၿမိဳ႕ေပၚ လက္နက္ႀကီးက်လာတာပါ။ ဒီေန႔ကေတာ့ မြန္လြဲပိုင္း ၂ နာရီအထိ ပစ္ခတ္သံေတြ တည္ၿငိမ္ေနေပမယ့္ ၿမိဳ႕ေပၚမွာ အျပင္ထြက္သြားလာတဲ့လူေတြ မရွိသေလာက္ နည္းပါးၿပီး ေဈးဆိုင္ေတြလည္း ပိတ္သိမ္း ပစၥည္းေ႐ႊ႕ေနၾကတယ္လို႔ ဆိုပါတယ္။

“ဒီရက္အေနအထားအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ဒီၿမိဳ႕ေပၚေတာင္မွ သြားလာတာေတြ သိပ္မေတြ႕ရဘူး၊ ဆိုင္ေတြက ပိတ္တာေတြ မ်ားတာေပါ့ေနာ္ ပစၥည္းေ႐ႊ႕တာေတြ က်ေနာ္တို႔ ေတြ႕ေနရတယ္။”

အခုလိုအျဖစ္အပ်က္မတိုင္ခင္ရက္ပိုင္းကတည္းက အနီးအနား လက္နက္ႀကီးပစ္ခတ္သံေတြကို မိုးၿဗဲၿမိဳ႕တြင္းကေန ခပ္စိတ္စိတ္ၾကားေနခဲ့တာလို႔လည္း ေဒသခံက ေျပာပါတယ္။

“ဒီရက္သတၱပတ္အတြင္းမွာ ဒီဖယ္ခုံတပ္ရင္းကေန လက္နက္ႀကီးခ်တာေတာ့ ၃၊၄ရက္ ဆက္တိုက္ေတာ့ က်ေနာ္တို႔ ၾကားေနရတာေပါ့ေနာ္ ဒီဝါရီဆူးပလိုင္ဖက္မွာေတာ့ သူတို႔ခ်တယ္ ဝါရီဆူးပလိုင္အေက်ာ္တို႔ ဒီကယားျပည္နယ္ထဲေရာက္တဲ့အဖက္ေတြေပါ့ေနာ္ သူတို႔ခ်တာ ေနာက္ ဒီမေန႔ညမွပဲ ဒီမိုးၿဗဲၿမိဳ႕ေပၚကို ျပန္ျဖစ္တာေပါ့။ အေျခအေနက်ေတာ့ ျပည္သူေတြ အေျခအေနက်ေတာ့ စစ္ဧရိယာျဖစ္ခဲ့တဲ့ေနရာေတြခါက်ေတာ့ ေတာ္ေတာ္ေလးကို ထြက္ခြာသြားၾကတာေပါ့။”

အခုျဖစ္တဲ့ တိုက္ပြဲနဲ႔ပတ္သက္လို႔ ႏွစ္ဖက္အဖြဲ႕က ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။ မိုးၿဗဲၿမိဳ႕နယ္တြင္း မႏွစ္ကျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္မျပန္ရဲေသးတဲ့ ေဒသခံေတြအဖို႔မွာလည္း၊ စားေရးေသာက္ေရးနဲ႔ ေဆးဝါး အကူအညီေတြလည္း လိုအပ္ေနတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========================================

[Unicode]

မိုးဗြဲမြို့မှာ စစ်ကောင်စီလက်နက်ကြီးကျည်ကျလို့ အရပ်သားတဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ပွဲကုန်း(၁)ရပ်ကွက်မှာ မနေ့ညက လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ညောင်ဝိုင်ရပ်ကွက်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်လာတာမို့ အရပ်သားထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် မဆုမွန်က ပြောပြမှာပါ။

ဇန်နဝါရီလ ၈ရက်နေ့ ညပိုင်းက မိုးဗြဲမြို့ ပွဲကုန်း(၁)ရပ်ကွက် လူနေအိမ်ပေါ်မှာ လက်နက်ကြီးကျလို့ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ မနေ့က ည ၈နာရီလောက် မိုးဗြဲမြို့ ညောင်ဝိုင်ရပ်ကွက်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ အလွန်အကျွံပစ်ခတ်နေတာလို့ မိုးဗြဲမြို့ခံက ဗွီအိုအေကို ပြောပြတာပါ။

“အဲ့မှာ စစ်ကောင်စီတပ်စွဲထားတာက ၃ လ ဝန်းကျင်လောက်ရှိပြီးပေါ့ အဲ့ဒီရပ်ကွက်ထဲကို၊ အခုမှ ဒီထိတွေ့တိုက်ပွဲတွေ ဖြစ်တာပေါ့နော်၊ အဲ့ဒီနားမှာ ဖြစ်ပြီးဆိုတော့ ဒီစစ်ကောင်စီက သိတဲ့အတိုင်းပဲ အနီးအနားတဝိုက်မှာ လက်နက်ကြီးတွေချတာပေါ့နော် အခု ဆုံးပါးသွားတာ ညောင်ဝိုင်ရပ်ကွက်နဲ့ ၅ ဖာလုံလောက်ဝေးမှာပေါ့ ဒီပွဲကုန်း (၁) ရပ်ကွက်ပေါ့နော် အဲ့အနားတဝိုက်ကို လက်နက်ကြီးကျတာ တောက်လျှောက်ကိုကျတာ အဲ့ကြောင့် ဒီဖက်ကိုထိတာပေါ့နော် ပြည်သူတစ်ဦးထိတာ အဲ့ဒါ ထိရင်းနဲ့လည်း မကြာပါဘူး အဲ့ဒါ ဆုံးသွားတာပေါ့။”

မနှစ်ကတိုက်ပွဲတွေကြီးကြီးမားမားဖြစ်ပြီးနောက် ဒေသတည်ငြိမ်လာပြဆိုပြီး ဒေသခံတချို့နေရပ်ပြန်လာကြတာ မကြာသေးခင်ပဲ၊ ခုတကြိမ်ထပ်ပြီး မိုးဗြဲမြို့ပေါ် လက်နက်ကြီးကျလာတာပါ။ ဒီနေ့ကတော့ မွန်လွဲပိုင်း ၂ နာရီအထိ ပစ်ခတ်သံတွေ တည်ငြိမ်နေပေမယ့် မြို့ပေါ်မှာ အပြင်ထွက်သွားလာတဲ့လူတွေ မရှိသလောက် နည်းပါးပြီး ဈေးဆိုင်တွေလည်း ပိတ်သိမ်း ပစ္စည်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

“ဒီရက်အနေအထားအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီမြို့ပေါ်တောင်မှ သွားလာတာတွေ သိပ်မတွေ့ရဘူး၊ ဆိုင်တွေက ပိတ်တာတွေ များတာပေါ့နော် ပစ္စည်းရွှေ့တာတွေ ကျနော်တို့ တွေ့နေရတယ်။”

အခုလိုအဖြစ်အပျက်မတိုင်ခင်ရက်ပိုင်းကတည်းက အနီးအနား လက်နက်ကြီးပစ်ခတ်သံတွေကို မိုးဗြဲမြို့တွင်းကနေ ခပ်စိတ်စိတ်ကြားနေခဲ့တာလို့လည်း ဒေသခံက ပြောပါတယ်။

“ဒီရက်သတ္တပတ်အတွင်းမှာ ဒီဖယ်ခုံတပ်ရင်းကနေ လက်နက်ကြီးချတာတော့ ၃၊၄ရက် ဆက်တိုက်တော့ ကျနော်တို့ ကြားနေရတာပေါ့နော် ဒီဝါရီဆူးပလိုင်ဖက်မှာတော့ သူတို့ချတယ် ဝါရီဆူးပလိုင်အကျော်တို့ ဒီကယားပြည်နယ်ထဲရောက်တဲ့အဖက်တွေပေါ့နော် သူတို့ချတာ နောက် ဒီမနေ့ညမှပဲ ဒီမိုးဗြဲမြို့ပေါ်ကို ပြန်ဖြစ်တာပေါ့။ အခြေအနေကျတော့ ပြည်သူတွေ အခြေအနေကျတော့ စစ်ဧရိယာဖြစ်ခဲ့တဲ့နေရာတွေခါကျတော့ တော်တော်လေးကို ထွက်ခွာသွားကြတာပေါ့။”

အခုဖြစ်တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက်အဖွဲ့က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ မိုးဗြဲမြို့နယ်တွင်း မနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်မပြန်ရဲသေးတဲ့ ဒေသခံတွေအဖို့မှာလည်း၊ စားရေးသောက်ရေးနဲ့ ဆေးဝါး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

XS
SM
MD
LG