သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲအတြက္ ထိုင္း၀န္ႀကီးခ်ဳပ္ စတင္မဲဆြယ္စည္း႐ုံး


ထိုင္းဝန္ႀကီးခ်ဳပ္ပရာရြတ္ခ်န္အိုခ်ာနဲ႔ ညီၫြတ္ေသာထိုင္းအမ်ိဳးသားပါတီဝင္ေတြကို ဘန္ေကာက္ၿမိဳ႕ သီရိေခတ္ေနရွင္နယ္ကြန္ဗန္းရွင္းစင္တာမွာ ေတြ႔ရစဥ္ (ဇန္နဝါရီ ၉ ၊ ၂၀၂၃)

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အိုခ်ာ (Prayut Chan-o-cha) က ေနာက္တႀကိမ္ ေ႐ြးေကာက္ပြဲအတြက္ ဘန္ေကာက္ၿမိဳ႕မွာ မေန႔က မဲဆြယ္စည္း႐ုံးမႈေတြ စတင္ၿပီး ထိုင္းႏိုင္ငံရင္ဆိုင္ေနရတဲ့ ျပသနာေတြကို ေျဖရွင္းသြားမယ့္အေၾကာင္း မဲဆႏၵရွင္ေတြကို မဲဆႏၵရွင္တြကို ကတိေပးေျပာဆိုပါတယ္။
ဘာသာတရား၊ ထိုင္း ဘုရင္စနစ္နဲ႔ ထိုင္းျပည္သူေတြအတြက္ အေကာင္းဆုံး ႀကိဳးစားသြားမယ့္အေၾကာင္း ထိုင္းလူ႔အဖြဲ႕အစည္းရဲ႕ ေဒါက္တိုင္ႀကီးသုံးခုအျဖစ္ ဝန္ႀကီးခ်ဳပ္ပရာရြတ္ ကိုးကားေျပာဆိုသြားပါတယ္။ ထိုင္းႏိုင္ငံမွာ စီးပြားေရး ျပသနာအပါအဝင္ ျပသနာေပါင္းစုံ ရင္ဆိုင္ေနရဆဲျဖစ္တဲ့အေၾကာင္းနဲ႔ သူသာ အုပ္ခ်ဳပ္ခြင့္ဆက္ရမယ္ဆိုရင္ က်န္ေနေသးတဲ့ ျပသနာေတြကို ေျဖရွင္းေပးသြားမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ပရာရြတ္ကေျပာဆိုပါတယ္။ ဘက္ေပါင္းစုံ ေဝဖန္မႈေတြခံေနရတဲ့ ဝန္ႀကီးခ်ဳပ္ပရာရြတ္ဟာ ၂၀၁၄ ခုႏွစ္ ထိုင္းႏိုင္ငံကို အာဏာသိမ္းခဲ့တဲ့ စစ္ေခါင္းေဆာင္ျဖစ္ၿပီး အျငင္းပြားၾကတဲ့ ၂၀၁၉ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ပါတယ္။ လက္ရွိ စစ္တပ္ဦးေဆာင္ဖြဲ႕စည္းထားတဲ့ ဖြဲစည္းပုံအရ ေနာက္ထပ္ ၂ ႏွစ္ပဲ တိုင္းျပည္ကို အုပ္ခ်ဳပ္ခြင့္ရွိၿပီး မၾကာေသးခင္ကပဲ ညီၫြတ္ေသာ ထိုင္းအမ်ိဳးသားပါတီ (Ruam Thai Sang Chart) ပါတီကို ဝင္လိုက္တာပါ။ ေ႐ြးေကာက္ပြဲမွာ သူ႔ရဲ႕ပါတီေဟာင္း ပလမ္ပရာခ်ပ္ပါတီ (Palang Pracharath Party, PPRP) နဲ႔ ယွဥ္ၿပိင္ရမွာျဖစ္ပါတယ္။ ထိုင္းျပည္သူေတြအၾကား အတိုက္အခံ ပ်ဳထိုင္း (Pheu Thai) ပါတီကို လူႀကိဳက္မ်ားေပမဲ့လည္း ပရာရြတ္အုပ္ခ်ဳပ္တဲ့ကာလ ေရးဆြဲခဲ့တဲ့ ဖြဲ႕စည္းပုံအရ စစ္တပ္နဲ႔ဆက္ႏြယ္တဲ့ ႏိုင္ငံေရးပါတီေတြပဲ အသားစီးရေစမယ့္ စနစ္ကို ျပဌာန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============================

[Unicode]

ရွေးကောက်ပွဲအတွက် ထိုင်းဝန်ကြီးချုပ် စတင်မဲဆွယ်စည်းရုံး

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-o-cha) က နောက်တကြိမ် ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့မှာ မနေ့က မဲဆွယ်စည်းရုံးမှုတွေ စတင်ပြီး ထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့ ပြသနာတွေကို ဖြေရှင်းသွားမယ့်အကြောင်း မဲဆန္ဒရှင်တွေကို မဲဆန္ဒရှင်တွကို ကတိပေးပြောဆိုပါတယ်။
ဘာသာတရား၊ ထိုင်း ဘုရင်စနစ်နဲ့ ထိုင်းပြည်သူတွေအတွက် အကောင်းဆုံး ကြိုးစားသွားမယ့်အကြောင်း ထိုင်းလူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်ကြီးသုံးခုအဖြစ် ဝန်ကြီးချုပ်ပရာရွတ် ကိုးကားပြောဆိုသွားပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေး ပြသနာအပါအဝင် ပြသနာပေါင်းစုံ ရင်ဆိုင်နေရဆဲဖြစ်တဲ့အကြောင်းနဲ့ သူသာ အုပ်ချုပ်ခွင့်ဆက်ရမယ်ဆိုရင် ကျန်နေသေးတဲ့ ပြသနာတွေကို ဖြေရှင်းပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်ပရာရွတ်ကပြောဆိုပါတယ်။ ဘက်ပေါင်းစုံ ဝေဖန်မှုတွေခံနေရတဲ့ ဝန်ကြီးချုပ်ပရာရွတ်ဟာ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံကို အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဖြစ်ပြီး အငြင်းပွားကြတဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ လက်ရှိ စစ်တပ်ဦးဆောင်ဖွဲ့စည်းထားတဲ့ ဖွဲစည်းပုံအရ နောက်ထပ် ၂ နှစ်ပဲ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိပြီး မကြာသေးခင်ကပဲ ညီညွတ်သော ထိုင်းအမျိုးသားပါတီ (Ruam Thai Sang Chart) ပါတီကို ဝင်လိုက်တာပါ။ ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီဟောင်း ပလမ်ပရာချပ်ပါတီ (Palang Pracharath Party, PPRP) နဲ့ ယှဉ်ပြိင်ရမှာဖြစ်ပါတယ်။ ထိုင်းပြည်သူတွေအကြား အတိုက်အခံ ပျုထိုင်း (Pheu Thai) ပါတီကို လူကြိုက်များပေမဲ့လည်း ပရာရွတ်အုပ်ချုပ်တဲ့ကာလ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအရ စစ်တပ်နဲ့ဆက်နွယ်တဲ့ နိုင်ငံရေးပါတီတွေပဲ အသားစီးရစေမယ့် စနစ်ကို ပြဌာန်းထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG