သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလီဖိုးနီးယားပြည်နယ် ရာသီဥတုဆိုးရွားမှုကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံး


မုန်တိုင်းတိုက်ခတ်လို့ ကာလီဖိုးနီးယားပြည်နယ် ဆက်ခရယ်မန်တိုမြို့က အိမ်တအိမ်အပေါ် သစ်ပင်တပင်လဲကျနေတာကို တွေ့ရစဉ် (ဇန်နဝါရီ ၈၊ ၂၀၂၃)
မုန်တိုင်းတိုက်ခတ်လို့ ကာလီဖိုးနီးယားပြည်နယ် ဆက်ခရယ်မန်တိုမြို့က အိမ်တအိမ်အပေါ် သစ်ပင်တပင်လဲကျနေတာကို တွေ့ရစဉ် (ဇန်နဝါရီ ၈၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တဝန်း မိုးသည်းထန်စွာရွားသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နေတာမှာ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ အသက် ၅ နှစ်အရွယ် ကလေးငယ်လေးတဦး အပါအဝင် သေဆုံးသူ ၁၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ပြည်နယ်အလယ်ပိုင်းက ကမ်းခြေမြို့မှာ သားအမိ ၂ ယောက်မောင်းလာတဲ့ကား ရေထဲမျောပါသွားရာက မိခင်ကိုဘဲ ကယ်တင်လိုက်နိုင်ပြီး အသက် ၅ နှစ်အရွယ် သားငယ်လေးကတော့ အချိန်မီမကယ်လိုက်နိုင်ဘဲ ရေထဲမျောပါသွားတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကာလီဖိုးနီးယားပြည်နယ်မှာ ပုံမှန်ထက် အဆပေါင်း ၄၀၀% ကနေ ၆၀၀% များတဲ့ မိုးရွာသွန်းခဲ့တယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

ပြည်နယ်အထက် မြောက်ပိုင်းဒေသမှာ နှင်းတွေကျပြီး အလယ်ပိုင်းနဲ့ အောက်ဘက် တောင်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် လူပေါင်း ၃၄ သန်းလောက်အတွက် ပြည်နယ်အစိုးရက ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားပါတယ်။ မိုးများ ရေကြီးမှုရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်မယ့်အရေးအတွက်လည်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အခုချိန်ထိ ပြည်နယ်တဝန်း ၁၀ သန်းထက်မနည်းဟာ လျှပ်စစ်မီးပြတ်တောက်မှုအပြင် လမ်ပန်း ဆက်သွယ်ရေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာလည်း လော့စ်အိန်ဂျယ်လိစ် (Los Angeles) အပါအဝင် ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်နိုင်ခြေရှိတယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

================================

[Unicode]







XS
SM
MD
LG