သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္ဂိတ္ျပန္ဖြင့္ေပမယ့္ ျမန္မာဘက္ကလာသူနည္း 


မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတားအမွတ္ (၁) ဖြင့္လွစ္မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတားအမွတ္ (၁) ျပန္လည္ဖြင့္လွစ္ (ဇန္နဝါရီ ၁၂၊ ၂၀၂၃)

COVID-19 ကပ္ေရာဂါ ျပန႔္ပြားမႈေတြကိုကာကြယ္ထိန္းခ်ဳပ္ဖို ့အတြက္ေကာ နယ္စပ္မတည္ျငိမ္မူေတြေၾကာင့္ပါ ၃ ႏွစ္နီးပါၾကာ ပိတ္ထားခဲ့ရတဲ့ ထိုင္း-ျမန္မာ မဲေဆာက္ျမ၀တီ ခ်စ္ၾကည္ေရး တံတားအမွတ္(၁) ကုိ ဇန္န၀ါရီလ ၁၂ရက္ေန႔မွာ ျပန္ဖြင့္ခဲ့ေပမယ့္ ျမန္မာဘက္က စစ္ေဆးမႈေတြ တင္းၾကပ္ေနတာေၾကာင့္ တပတ္ၾကာတဲ့အထိ ထိုင္းဘက္ကို လာေရာက္သူေတြဟာ ေန႔စဥ္ရာဂဏန္းေလာက္သာရွိေနပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက အျပည့္အစံုဆက္ၿပီးတင္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါ ျပန႔္ပြားမႈ႔ေတြကိုကာကြယ္ထိမ္းခ်ဳပ္ဖို ့အတြက္ေကာ နယ္စပ္မတည္ျငိမ္မူေတြေႀကာင့္ပါ ၃ ႏွစ္နီးပါးႀကာတဲ့အထိ ပိတ္ထားခဲ့ရတဲ့ ထိုင္း-ျမန္မာ မဲေဆာက္ျမ၀တီ ခ်စ္ၾကည္ေရး တံတားအမွတ္(၁)ကုိ ဇန္န၀ါရီလ ၁၂ရက္ေန႔မွာ ထုိင္းျမန္မာ ႏွစ္ဖက္အာဏာပိုင္ေတြက ဖြင့္လွစ္ခဲ့တာပါ၊ ႏွစ္ႏို္င္ငံစီးပြားေရး၊ နယ္စပ္ကုန္သြယ္ေရးနဲ႔ ခရီးသြားလုပ္ငန္းေတြ ျပန္လည္အသက္၀င္လာဖို ့ေမွ်ာ္လင့္ခ်က္ရဲ ့ ပထမ ေျခလွမ္း အျဖစ္ ဒီတံတားကိုု ဖြင့္လိုုက္တာလည္းျဖစ္ေပမယ့္ ဖြင့္ၿပီး တပတ္ၾကာတဲ့အထိ ျမန္မာဘက္က လာေရာက္သူေတြ နည္းပါးေနတာေတြ ့ရပါတယ္။ ဒါဟာျမန္မာဘက္ျခမ္းက လံုျခံဳေရးတင္းၾကပ္မူ မွတ္ပံုတင္နဲ႔ ပံုစံ(၁၀)လို႔ေခၚတဲ့သန္းေခါင္းစာရင္းေတြ ေတြျပရေတြေၾကာင့္ ထိုင္းဘက္ျခမ္းမဲေဆာက္ဘက္ကို ျမန္မာႏိ္ုင္ငံသားေတြ သိတ္ၿပီးမလာၾကဘူးလို႔လည္း နယ္စပ္ေနျပည္သူတဦးကအခုလိုေျပာျပပါတယ္။

"မလာၾကဘူးဆိုတာက ဂိတ္မွာကစစ္ေဆးမူ့ေတြမ်ားတယ္ ထုိင္းဘက္ကို၀င္မယ္ဆုိရင္ ျမန္မာဘက္က သန္းေခါင္းစာရင္းမိတၱဴတို႔ မွတ္ပံုတင္တို ့ လက္ေဗြႏွိပ္ရတာတို ့လုပ္ရတယ္ အခ်က္အလက္ေတြျဖည့္ရတယ္ သန္းေခါင္းစာရင္းနဲ့ တိုက္စစ္တယ္ အစစ္နဲ့ မိတၱဴနဲ့ စစ္တယ္ မနက္ဖက္တံုးထုၿပီး၀င္လာတယ္ ညေနက်ေတာ့ေစ်း၀ယ္ၿပီးျပန္ၾကတယ္ ျမ၀တီတို ့ေကာ့ကရိတ္တို႔က ရိွတဲ့သူေတြလာၾကၿပီးေစ်း၀ယ္ၿပီးျပန္ၾကတယ္"

အရင္တုန္းကေတာ့ ဒီတံတားအမွတ္(၁)ကေန ေနသြားညျပန္ လာေရာက္လည္ပတ္သူ ေထာင္နဲ႔ခ်ီ ၿပီးရွိၾကျပီး အျမဲစည္ကားေနေပမယ့္ အခုတံတားျပန္ဖြင့္တာ တပတ္ျပည့္တဲ့အထိ လူစည္ကားတာမရိွေတာ့ဘဲ တခ်ိဳ ့ေနေတြမွာ လူ၁၀၀ ၀န္းက်င္နဲ့ တခ်ိဳ ့ေန႔ေတြမွာေတာ့ လူရာဂဏန္းေလာက္သာ ထုိင္းဘက္ကိုကူးသြားတာေတြသာရွိေနပါတယ္၊ ဒါဟာ ျမန္မာဘက္က စစ္ေဆးမႈေၾကာင့္လည္း ထုိင္းဘက္ကိုကူးတဲ့သူ နည္းပါးတာျဖစ္ႏိုင္တယ္လို႔လည္းဆိုပါတယ္။

"စစ္အခံရသူေတြကေတာ့ ျမ၀တီမွာဆိုရင္ ရန္ကုန္တို ့မႏၱေလးတို ့စတဲ့လူေတြရွိတယ္ သူတို႔ဆိုရင္ေတာ့ လက္ေဗြႏွိပ္ရတယ္ ။မဲေဆာက္ကိုလာမယ္ဆုိရင္ ဘယ္သြားမွာလဲ ဘာသြားလုပ္မွာလဲစသျဖင့္စစ္ေဆးတယ္ လ၀ကတို ့ရဲတို ့စစ္တပ္တို႔ကစစ္တယ္"

ကိုဗစ္ကပ္ေရာဂါကူးစက္မူ့ေတြျဖစ္ျပီးတဲ့ေနာက္ မဲေဆာက္ျမ၀တီအမွတ္(၁) ခ်စ္ၾကည္ေရးတံတားကိုပိ္တ္ထားျပီး အမွတ္(၂) ခ်စ္ၾကည္ေရးတံတားကုိ ဖြင့္ျပီးကုန္စည္စီးဆင္းမူေတြ လုပ္ေနရတာပါ။ အခုအခါမွာေတာ့ တံတား(၁) ကုိျပန္ဖြင့္ခဲ့ျပီး ၂ ႏိုုင္ငံျပည္သူေတြ သြားလာလည္ပတ္ႏိုင္ေအာင္ စီစဥ္ေဆာင္ရြက္ခဲ့ေပမယ့္ ျမန္မာႏို္င္ငံကႏိုင္ငံေရးပဋိပကၡေတြေႀကာင့္္ စစ္ေဆးမူေတြမ်ားျပီး ထုိင္းဘက္ကို လာေရာက္သူေတြနည္းပါးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ထိုင်းနယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် မြန်မာဘက်ကလာသူနည်း
COVID-19 ကပ်ရောဂါ ပြန့်ပွားမှုတွေကိုကာကွယ်ထိန်းချုပ်ဖို့အတွက်ကော နယ်စပ်မတည်ငြိမ်မူတွေကြောင့်ပါ ၃ နှစ်နီးပါကြာ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားအမှတ်(၁) ကို ဇန်နဝါရီလ ၁၂ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာဘက်က စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် တပတ်ကြာတဲ့အထိ ထိုင်းဘက်ကို လာရောက်သူတွေဟာ နေ့စဉ်ရာဂဏန်းလောက်သာရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံဆက်ပြီးတင်ပြထားပါတယ်။

COVID-19 ကပ်ရောဂါ ပြန့်ပွားမှု့တွေကိုကာကွယ်ထိမ်းချုပ်ဖို့အတွက်ကော နယ်စပ်မတည်ငြိမ်မူတွေကြောင့်ပါ ၃ နှစ်နီးပါးကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားအမှတ်(၁)ကို ဇန်နဝါရီလ ၁၂ရက်နေ့မှာ ထိုင်းမြန်မာ နှစ်ဖက်အာဏာပိုင်တွေက ဖွင့်လှစ်ခဲ့တာပါ၊ နှစ်နိုင်ငံစီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာဖို့မျှော်လင့်ချက်ရဲ့ ပထမ ခြေလှမ်း အဖြစ် ဒီတံတားကို ဖွင့်လိုက်တာလည်းဖြစ်ပေမယ့် ဖွင့်ပြီး တပတ်ကြာတဲ့အထိ မြန်မာဘက်က လာရောက်သူတွေ နည်းပါးနေတာတွေ့ရပါတယ်။ ဒါဟာမြန်မာဘက်ခြမ်းက လုံခြုံရေးတင်းကြပ်မူ မှတ်ပုံတင်နဲ့ ပုံစံ(၁၀)လို့ခေါ်တဲ့သန်းခေါင်းစာရင်းတွေ တွေပြရတွေကြောင့် ထိုင်းဘက်ခြမ်းမဲဆောက်ဘက်ကို မြန်မာနိုင်ငံသားတွေ သိတ်ပြီးမလာကြဘူးလို့လည်း နယ်စပ်နေပြည်သူတဦးကအခုလိုပြောပြပါတယ်။

"မလာကြဘူးဆိုတာက ဂိတ်မှာကစစ်ဆေးမူ့တွေများတယ် ထိုင်းဘက်ကိုဝင်မယ်ဆိုရင် မြန်မာဘက်က သန်းခေါင်းစာရင်းမိတ္တူတို့ မှတ်ပုံတင်တို့ လက်ဗွေနှိပ်ရတာတို့လုပ်ရတယ် အချက်အလက်တွေဖြည့်ရတယ် သန်းခေါင်းစာရင်းနဲ့ တိုက်စစ်တယ် အစစ်နဲ့ မိတ္တူနဲ့ စစ်တယ် မနက်ဖက်တုံးထုပြီးဝင်လာတယ် ညနေကျတော့ဈေးဝယ်ပြီးပြန်ကြတယ် မြဝတီတို့ကော့ကရိတ်တို့က ရှိတဲ့သူတွေလာကြပြီးဈေးဝယ်ပြီးပြန်ကြတယ်"

အရင်တုန်းကတော့ ဒီတံတားအမှတ်(၁)ကနေ နေသွားညပြန် လာရောက်လည်ပတ်သူ ထောင်နဲ့ချီ ပြီးရှိကြပြီး အမြဲစည်ကားနေပေမယ့် အခုတံတားပြန်ဖွင့်တာ တပတ်ပြည့်တဲ့အထိ လူစည်ကားတာမရှိတော့ဘဲ တချို့နေတွေမှာ လူ၁၀၀ ဝန်းကျင်နဲ့ တချို့နေ့တွေမှာတော့ လူရာဂဏန်းလောက်သာ ထိုင်းဘက်ကိုကူးသွားတာတွေသာရှိနေပါတယ်၊ ဒါဟာ မြန်မာဘက်က စစ်ဆေးမှုကြောင့်လည်း ထိုင်းဘက်ကိုကူးတဲ့သူ နည်းပါးတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။

"စစ်အခံရသူတွေကတော့ မြဝတီမှာဆိုရင် ရန်ကုန်တို ့မန္တလေးတို့စတဲ့လူတွေရှိတယ် သူတို့ဆိုရင်တော့ လက်ဗွေနှိပ်ရတယ် ။မဲဆောက်ကိုလာမယ်ဆိုရင် ဘယ်သွားမှာလဲ ဘာသွားလုပ်မှာလဲစသဖြင့်စစ်ဆေးတယ် လဝကတို့ရဲတို့စစ်တပ်တို့ကစစ်တယ်"

ကိုဗစ်ကပ်ရောဂါကူးစက်မူ့တွေဖြစ်ပြီးတဲ့နောက် မဲဆောက်မြဝတီအမှတ်(၁) ချစ်ကြည်ရေးတံတားကိုပိတ်ထားပြီး အမှတ်(၂) ချစ်ကြည်ရေးတံတားကို ဖွင့်ပြီးကုန်စည်စီးဆင်းမူတွေ လုပ်နေရတာပါ။ အခုအခါမှာတော့ တံတား(၁) ကိုပြန်ဖွင့်ခဲ့ပြီး ၂ နိုင်ငံပြည်သူတွေ သွားလာလည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် မြန်မာနိုင်ငံကနိုင်ငံရေးပဋိပက္ခတွေကြောင့် စစ်ဆေးမူတွေများပြီး ထိုင်းဘက်ကို လာရောက်သူတွေနည်းပါးနေပါတယ်။

XS
SM
MD
LG