သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၁) ပြန်လည်ဖွင့်လှစ်


မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၁) ဖွင့်လှစ်မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၁) ပြန်လည်ဖွင့်လှစ် (ဇန်နဝါရီ ၁၂၊ ၂၀၂၃)
မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၁) ဖွင့်လှစ်မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၁) ပြန်လည်ဖွင့်လှစ် (ဇန်နဝါရီ ၁၂၊ ၂၀၂၃)

COVID-19 ကပ်ရောဂါ ပြန့်ပွားမှု့တွေကိုကာကွယ်ထိမ်းချုပ်ဖို့အတွက်ကော နယ်စပ်မတည်ငြိမ်မူတွေကြောင့်ပါ ၃ နှစ်နီးပါကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားအမှတ်(၁)ကို ဇန်နဝါရီလ ၁၂ရက်နေ့မှာ ထိုင်းမြန်မာ နှစ်ဖက်အာဏာပိုင်တွေက ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ တာခ့်ပြည်နယ်နဲ့ကရင်ပြည်နယ်မြဝတီအာဏာပိုင်တွေ တက်ရောက်ပြီး ပူးပေါင်းဖွင့်လှစ်ခဲ့တာပါ။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

COVID-19 ကပ်ရောဂါ ပြန့်ပွားမှုတွေကိုကာကွယ်ထိမ်းချုပ်ဖို့အတွက်ကော နယ်စပ်မတည်ငြိမ်မူတွေကြောင့်ပါ ၃ နှစ်နီးပါကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားအမှတ်(၁)ကို ဇန်နဝါရီလ ၁၂ရက်နေ့မှာ ထိုင်းမြန်မာ နှစ်ဖက်အာဏာပိုင်တွေက ဖွင့်လှစ်ခဲ့ပါတယ်။ နှစ်နိုင်ငံစီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာဖို့မျှော်လင့်ချက်ရဲ့ ပထမ ခြေလှမ်း အဖြစ် ဒီတံတားကို ဖွင့်လိုက်တာလည်းဖြစ်ပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပွဲက နှစ်နိုင်ငံရဲ့အရေးကြီးတဲ့အထိမ်းအမှတ်တခုဖြစ်ပြီး အဲဒီကနေ နှစ်နိုင်ငံကုန်သွယ်ရေးကိုအဆင့်တိုးမြှင့်ပြီး ဆောင်ရွက်သွားမယ်လို့ တာခ့်ပြည်နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ် ။

မနက်ပိုင်းမှာ တံတားဖွင့်ပြီးတာနဲ့ တံတားအနီးက တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ထိုင်းမြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းဘက်က တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးတက်ရောက်သလို မြန်မာဘက်ကလည်းမြဝတီခရိုင်အုပ်ချုပ်ရေးမူးတက်ရောက်ခဲ့ပါတယ်။

ဒီထဲမှာတော့ နယ်စပ်ဂိတ်‌တွေ ပုံမှန်အတိုင်း ဖွင့်လှစ်ဖို့နဲ့ ဒီကနေ့ကစပြီး ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် ဆွေးနွေးနေကြပါတယ်။ ခရီးသွားလာမှုတွေ ကုန်သွယ်မှုတွေအပြင် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ပိုမိုခိုင်မာစေဖို့လည်းရည်ရွယ်တယ်လို့ ထိုင်းဘက်ဆိုပါတယ်။ တာခ့်ပြည်နယ်အုပ်ချုပ်ရေးမှူးMr. Somchai Kitcharoenrungroj ကထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ထိုင်းမြန်မာနယ်စပ် တာ့ခ်နဲ့မြဝတီကို ဆက်သွယ်ဖွင့်လှစ်ထားတဲ့ တံတား၂စင်းရှိပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေဖြစ်ပြီးတဲ့နောက် မဲဆောက်မြဝတီအမှတ်(၁) ချစ်ကြည်ရေးတံတားကို ပိတ်ထားပြီး အမှတ်(၂)ချစ်ကြည်ရေးတံတားကို ဖွင့်ပြီး ကုန်စည်စီးဆင်းမှုတွေလုပ်နေရတာပါ၊ အခုအခါမှာတော့ နှစ်ဖက်တာခ့်ပြည်နယ်အုပ်ချုပ်ရေမှူးနဲ့မြဝတီအုပ်ချုပ်ရေးမှူးတို့အလွတ်သဘောအကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့နောက်တံတား(၁)ကိုပြန်ဖွင်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်"

အခုအခါမှာကျနော်ရည်ရွယ်ချက်က အမှတ်(၁)ချစ်ကြည်ရေးတံတားဖွင့်ရင်ဒေသခံတွေသွားလာရလွယ်ကူမယ်နောက်တချက်ကတဖက်က ဆွေမျိုးတွေဆီလည်ပတ်နိုင်မယ့် အခွင်ရေးတွေရမယ် ပုံမှန်အားဖြင့်ဆိုရင်နှစ်နိုင်ငံအိမ်နီးချင်းနိုင်ငံအနေနဲ့ရိုးရာယဉ်ကျေးမူ ဝါးတွင်းဝါထွက်ကာလ သင်္ကြန်ကာလတွေမှာ ဒေသ ယဉ်ကျေးမူးဓလေ့တွေကို အတူကျင်းပတာတွေ လုပ်လေ့ရှိပါတယ်၊ အခုတော့မကြာခင်မှာဒါတွေပြန်ဖြစ်ပေါ်တော့မယ်ဆိုတာယုံကြည်ပါတယ်၊ ကျနော်အနေနဲ့မဲဆောက်ဆေးရုံကြီးကတာဝန်ရှိသူတွေကိုလည်းအကူညီတောင်းထားတယ်။ နှစ်နိုင်ငံပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့တွေကို ပူးပေါင်းကာကွယ်ပေးဖို့မေတာရပ်ခံထားပါတယ် " ဆိုပြီးပြောသွားပါတယ်။

နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့သွားလာရတဲ့တံတားအမှတ်(၁) ပိတ်ထားခဲ့တာကြောင့် နှစ်နိုင်ငံခရီးသွားတွေဟာ တရားမဝင်တဲ့နည်းတွေနဲ့ကူးသန်းသွားလာမူတွေလုပ်ခဲ့ကြပြီး တံတားပိတ်ထားတဲ့ ၃ နှစ်နီးပါးအတွင်းမှာ လူကုန်ကူးမူတွေလည်းအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ တံတား(၁)ပိတ်ထားတဲ့အတွက် ထိုင်းနိုင်ငံကိုတရားဝင် MOU နဲ့လာလုပ်တဲ့လုပ်သားတွေစေလွှတ်မူတွေ ကြန့်ကြာခဲ့ပြီး ထိုင်းနိုင်ငံအတွင်းအလုပ်သမားပြတ်လပ်မှုတွေကြုံခဲ့ရပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့်ကော မြန်မာနိုင်ငံရဲ့၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်နိုင်ငံရေးလှုပ်ရှားမှုကြောင့် နယ်စပ်မတည်မငြိမ်တွေဖြစ်နေရတာတွေ နယ်စပ်ချစ်ကြည်ရေးတံတားအနီးမှာပေါက်ကွဲတွေဖြစ်တာတွေကြောင့် ဒီတံတား(၁)ကိုပြန်ဖွင့်ဖို့အတွက် နှစ်နိုငံအာဏာပိုင်တွေက အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရပါတယ်။

လောလောဆယ်မှာတော့ မဲဆောက်မြဝတီ အမှတ်(၁)တံတားကနေ အိမ်စီးကားတွေကို စတင်ခွင့်ပြုပေးနေပြီဖြစ်သလိုနှစ်နိုင်ငံ ခရီးသွားတွေလည်း ဝင်ထွက်သွားလာလည်ပတ်နေကြပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG