သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္ထားမဲ့ ျမန္မာ ၃၀ ေက်ာ္ ထိုင္းရဲ ဖမ္းဆီး


Photo Credit- Thailand Police

(Zawgyi / Unicode)

ထိုင္းျမန္မာနယ္စပ္ ပရာကြ်တ္ခီရီကန္ ျပည္နယ္ ထပ္စကဲ ၿမိဳ႕နယ္ထဲက Huai Yang စစ္ေဆးေရးဂိတ္မွာ အေထာက္အထားမဲ့ ျမန္မာႏို္င္ငံသား ၃၀ ေက်ာ္ကို လူေမွာင္ခုိတင္လာတဲ့ ကားကို အဂၤါေန႔က ဖမ္းမိခဲ့ျပီး ဒီထဲက ျမန္မာေရႊ႕ေျပာင္း အလုပ္သမားတဦးဟာ ကာလတန္ဖိုး ဘတ္ေငြ ၂ သန္းေလာက္ တန္ဖိုးရွိတဲ့ Ice လို ့ေခၚတဲ့ မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာတာေၾကာင့္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈ၊ လူေမွာင္ခိုမႈ၊ မူးယစ္မႈနဲ႔ တရားစဲြဆိုဖို ့ျပင္ဆင္ေနတယ္လို႔ ထုိင္းအာဏာပို္င္က ဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

အခုဖမ္းဆီးရမိတဲ့ ျမန္မာနိုုင္ငံသားေတြဟာ ျမန္မာနိုုင္ငံ ရခိုုင္ ျပည္နယ္၊ တနသာၤရီတိုု္င္း၊ ရန္ကုန္တုိင္းေတြကေန လာၾကသူေတြျဖစ္ၿပီး သူတုိ႔ေတြဟာ ထိုုင္း လူကုုန္ကူးသူေတြနဲ ့ ဆက္သြယ္ၿပီး စူရဌာနီနဲ ့ မေလးရွားနိုုင္ငံမွာ အလုုပ္လုုပ္ၾကဖို ့ ထြက္လာခဲ့ၾကတဲ့သူေတြပါ။ သူတို႔ေတြကုိေတာ့ ပရာကြ်တ္ခီရီကန္ အပုိင္ ထပ္စကဲၿမိဳ႕နယ္ Huai Yang စစ္ေဆးေရးဂိတ္မွာ အထုူး စစ္ေဆးေရး ရဲတပ္ဖြဲ ့က ဖမ္းဆီးလိုုက္တာ ျဖစ္ပါတယ္။ လူ ၃၀ ေက်ာ္ထဲမွာ ျမန္မာႏို္င္ငံသား တဦးထံကေန Ice မူးယစ္ေဆးေတြပါ ဖမ္းမိခဲ့တာျဖစ္ေၾကာင္း ထုိင္းေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး အဖြဲ႔က အလုပ္သမားေရး တာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

“ ကားကို သူတို႔က မသကၤာလို ့လိုက္ဖမ္းတာ။ ဖမ္းရင္းနဲ႔ ပါလာတဲ့ အလုပ္သမားေတြထဲက တေယာက္မွာ ေရခဲလို႔ေခၚတဲ့ (အိုက္စ္) ၂ ကီလိုေတာင္ပါတယ္။ အခုေခတ္မွာ ဒီဘက္ျခမ္းမွာ ျမန္မာေတြ အေတာ္မ်ားမ်ားက ေမွာင္ခိုေရာင္း၀ယ္ေနတယ္။ ပထမေတာ့ သံုးရာကေန ေရာင္း၀ယ္တာေတြျဖစ္လာတယ္။ ”

ဒီထဲက မူးယစ္ေဆး၀ါး လက္၀ယ္ေတြ ့ရွိထားသူကိုေတာ့ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈ၊ လူေမွာင္ခိုမႈေတြ သာမက မူူးယစ္ေမွာင္ခိုမႈေတြနဲ႔ တရားစဲြဆိုခံရမွာျဖစ္လို ့အမႈ ပုိႀကီးႏိုင္တယ္လို႔လည္း ဦးမင္းဦးက ဆုိပါတယ္။

“ သူကႏွစ္မႈ ျဖစ္ၿပီေလ။ ဒီတေယာက္ကေတာ့ ထုိင္းထဲမွာေနလို ့သတင္းရလို႔ လာစစ္ရင္း မူးယစ္ေဆး၀ါးကုိ သံုးရင္းနဲ႔ မိတာက တမ်ိဳးေလ။ အခုက အမႈကပုိႀကီးတယ္။ မူးယစ္ေဆး၀ါးကို နယ္စပ္ျဖတ္ေက်ာ္ၿပီး ၀င္လာတယ္ဆိုရင္ မူးယစ္ေမွာင္ခိုမႈ ျဖစ္သြားတယ္။ ဒီအမႈ ကေတာ့ အမႈကိုင္တဲ့ ရဲရယ္၊ အစုိးရေရွ႕ေနေတြရဲ႕ စြပ္စြဲခ်က္ အေပၚ မူတည္တယ္။ ”

ဒီထဲက ျမန္မာႏို္င္ငံသား ၃၅ ဦးကုိ လူေမွာင္ခိုကူးလာတဲ့ ထိုင္းႏို္င္ငံသား ၄ aယာက္ကိုလည္း ဖမ္းဆီးထားပါတယ္။
ဖမ္းမိ ျမန္မာနိုု္ငံသား ၃၅ ဦးဟာ ျမန္မာနိုုင္ငံ ရခိုုင္၊ ရန္ကုုန္၊ ထား၀ယ္စတဲ့ ေဒသေတြကေန လာခဲ့ၾကတာပါ။ အဲဒီထဲက ျမန္မာနိုုင္ငံသား တဦးျဖစ္တဲ့ စိုုးလင္းရဲ ့ ခရီးေဆာင္အိတ္ကို ဖြင့္ၿပီး စစ္ေဆးစဥ္မွာ ကာလတန္ဖိုး ဘတ္ေငြ ႏွစ္သန္းေလာက္ တန္ဖိုးရွိတဲ့ Ice မူးယစ္ေဆး ၂ ကီလို ကုိ ရဲတပ္ဖြဲ႔က ေတြ႔ရွိသြားခဲ့တာျဖစ္ပါတယ္။

ျမန္မာနိုုင္ငံသားေတြဟာ ထိုုင္းနိုုင္အတြင္း ၀င္ေရာက္ျပီး သူတို႔ခ်ိတ္ဆက္ထားတဲ့ ေနရာေတြကို ေရာက္ဖုိ႔အတြက္ တဦးကိုု ဘတ္ေငြ ၂၀၀၀၀ ေပးလာခဲ့ၾကတာလိုု ့ ဆိုုပါတယ္။
ထိုင္းနိုုင္ငံရဲ ့မူးယစ္ေဆး၀ါး ဥပေဒအရ အခုလို မူးယစ္ေဆး၀ါးမႈနဲ႔ ျပစ္မႈ ထင္ရွားတယ္ဆိုုရင္ ေထာင္ဒဏ္ ၁၅ ႏွစ္အထက္နဲ ့ အျမင့္ဆံုး ေသဒဏ္အထိ အျပစ္က်ခံရမွာျဖစ္တယ္လို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ေျပာဆုိႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အထောက်ထားမဲ့ မြန်မာ ၃၀ ကျော် ထိုင်းရဲ ဖမ်းဆီး

ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ် ထပ်စကဲ မြို့နယ်ထဲက Huai Yang စစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို လူမှောင်ခိုတင်လာတဲ့ ကားကို အင်္ဂါနေ့က ဖမ်းမိခဲ့ပြီး ဒီထဲက မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးဟာ ကာလတန်ဖိုး ဘတ်ငွေ ၂ သန်းလောက် တန်ဖိုးရှိတဲ့ Ice လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူမှောင်ခိုမှု၊ မူးယစ်မှုနဲ့ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ထိုင်းအာဏာပိုင်က ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခုဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ ရခိုင် ပြည်နယ်၊ တနသာၤရီတိုင်း၊ ရန်ကုန်တိုင်းတွေကနေ လာကြသူတွေဖြစ်ပြီး သူတို့တွေဟာ ထိုင်း လူကုန်ကူးသူတွေနဲ့ ဆက်သွယ်ပြီး စူရဌာနီနဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကြဖို့ ထွက်လာခဲ့ကြတဲ့သူတွေပါ။ သူတို့တွေကိုတော့ ပရာကျွတ်ခီရီကန် အပိုင် ထပ်စကဲမြို့နယ် Huai Yang စစ်ဆေးရေးဂိတ်မှာ အထုူး စစ်ဆေးရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ လူ ၃၀ ကျော်ထဲမှာ မြန်မာနိုင်ငံသား တဦးထံကနေ Ice မူးယစ်ဆေးတွေပါ ဖမ်းမိခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“ ကားကို သူတို့က မသင်္ကာလို့လိုက်ဖမ်းတာ။ ဖမ်းရင်းနဲ့ ပါလာတဲ့ အလုပ်သမားတွေထဲက တယောက်မှာ ရေခဲလို့ခေါ်တဲ့ (အိုက်စ်) ၂ ကီလိုတောင်ပါတယ်။ အခုခေတ်မှာ ဒီဘက်ခြမ်းမှာ မြန်မာတွေ အတော်များများက မှောင်ခိုရောင်းဝယ်နေတယ်။ ပထမတော့ သုံးရာကနေ ရောင်းဝယ်တာတွေဖြစ်လာတယ်။ ”

ဒီထဲက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိထားသူကိုတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ လူမှောင်ခိုမှုတွေ သာမက မူူးယစ်မှောင်ခိုမှုတွေနဲ့ တရားစွဲဆိုခံရမှာဖြစ်လို့အမှု ပိုကြီးနိုင်တယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။

“ သူကနှစ်မှု ဖြစ်ပြီလေ။ ဒီတယောက်ကတော့ ထိုင်းထဲမှာနေလို့သတင်းရလို့ လာစစ်ရင်း မူးယစ်ဆေးဝါးကို သုံးရင်းနဲ့ မိတာက တမျိုးလေ။ အခုက အမှုကပိုကြီးတယ်။ မူးယစ်ဆေးဝါးကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာတယ်ဆိုရင် မူးယစ်မှောင်ခိုမှု ဖြစ်သွားတယ်။ ဒီအမှု ကတော့ အမှုကိုင်တဲ့ ရဲရယ်၊ အစိုးရရှေ့နေတွေရဲ့ စွပ်စွဲချက် အပေါ် မူတည်တယ်။ ”

ဒီထဲက မြန်မာနိုင်ငံသား ၃၅ ဦးကို လူမှောင်ခိုကူးလာတဲ့ ထိုင်းနိုင်ငံသား ၄ aယာက်ကိုလည်း ဖမ်းဆီးထားပါတယ်။ ဖမ်းမိ မြန်မာနိုငံသား ၃၅ ဦးဟာ မြန်မာနိုင်ငံ ရခိုင်၊ ရန်ကုန်၊ ထားဝယ်စတဲ့ ဒေသတွေကနေ လာခဲ့ကြတာပါ။ အဲဒီထဲက မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ စိုးလင်းရဲ့ ခရီးဆောင်အိတ်ကို ဖွင့်ပြီး စစ်ဆေးစဉ်မှာ ကာလတန်ဖိုး ဘတ်ငွေ နှစ်သန်းလောက် တန်ဖိုးရှိတဲ့ Ice မူးယစ်ဆေး ၂ ကီလို ကို ရဲတပ်ဖွဲ့က တွေ့ရှိသွားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်အတွင်း ဝင်ရောက်ပြီး သူတို့ချိတ်ဆက်ထားတဲ့ နေရာတွေကို ရောက်ဖို့အတွက် တဦးကို ဘတ်ငွေ ၂၀၀၀၀ ပေးလာခဲ့ကြတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့မူးယစ်ဆေးဝါး ဥပဒေအရ အခုလို မူးယစ်ဆေးဝါးမှုနဲ့ ပြစ်မှု ထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထက်နဲ့ အမြင့်ဆုံး သေဒဏ်အထိ အပြစ်ကျခံရမှာဖြစ်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG