သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ ေတာင္ကိုရီးယားအၾကား နစ္ျမဳပ္သြားတဲ့သေဘၤာက ျမန္မာအပါအဝင္ ၈ ဦး ေပ်ာက္ဆုံးေနဆဲ


ေတာင္ကိုရီးယားကမ္းေျခေစာင့္တပ္ဖြဲ႔ေတြ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားၾကားက ပင္လယ္ျပင္မွာ ရွာေဖြကယ္ဆယ္ေရးလုပ္ေဆာင္ေနၾကစဥ္ (ဇန္နဝါရီ ၂၅၊ ၂၀၂၃)

ဂ်ပန္နဲ႔ေတာင္ကိုရီယားႏိုင္ငံအၾကား၊ ေတာင္ကိုရီးယားႏိုင္ငံ ဂ်ဲဂ်ဴကြၽန္း၊ ေဆာဂြီဖိုၿမိဳ႕ရဲ႕အေရွ႕ေတာင္ပိုင္း ပင္လယ္ကမ္းေျခနဲ႔ ကီလိုမီတာ (၁၄၈) အကြာ ပင္လယ္ျပင္မွာ ျမန္မာနဲ႔တ႐ုတ္ သေဘၤာသား ၂၂ဦး ပါတဲ့ေဟာင္ေကာင္ပိုင္ Jin Tian အမည္ေပါက္ ကုန္တင္သေဘၤာတစ္စီး နစ္ျမဳပ္သြားတာေၾကာင့္ လက္ရွိ ၁၄ဦးကိုကယ္ဆယ္ႏိုင္ခဲ့ၿပီး ၈ ဦးကေတာ့ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ ဂ်ဲဂ်ဴကြၽန္း၊ ေဆာဂြီဖိုၿမိဳ႕ရဲ႕အေရွ႕ေတာင္ပိုင္း ပင္လယ္ ကမ္းေျခ (၁၄၈) ကီလိုမီတာအကြာ ဂ်ပန္နဲ႔ကိုရီယားၾကားက ပင္လယ္ျပင္မွာ ျမန္မာနဲ႔တ႐ုတ္ သေဘၤာသား ၂၂ဦး ပါတဲ့ေဟာင္ေကာင္ပိုင္သေဘၤာတစီးဟာ ဇန္နဝါရီလ ၂၅ရက္ေန႔မနက္ ၁နာရီ ၄၅မိနစ္ေလာက္အခ်ိန္မွာ နစ္ျမႇဳပ္သြားခဲ့တာပါ ။

ဂ်ဲဂ်ဴပင္လယ္ကမ္းေျခေစာင့္ ရဲတပ္ဖြဲ႕နဲ႔ မနက္ (၂) နာရီ (၄၁) မိနစ္ အခ်ိန္အထိ အေရးေပၚ ဖုန္းအဆက္အသြယ္ ရရွိၿပီးေနာက္ ျပတ္ေတာက္သြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ သေဘၤာသား ၁၄ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး ၈ ဦးကေတာ့ ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ကယ္ဆယ္ထားရတဲ့ သေဘၤာသားတခ်ိဳ႕ကေတာ့ အခုခ်ိန္ထိသတိျပန္မရေသးတာေတြလည္းရွိတယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ေတာင္ကိုရီးယားသမတႏိုင္ငံဆိုင္ရာကိုယ္စားလွယ္ ဦးရန္ႏိုင္ထြန္းက အခုလိုေျပာျပပါတယ္။

"တ႐ုတ္ႏိုင္ငံသား၄ဦးနဲ႔ ျမန္မာႏိုင္ငံသားတဦးကေတာ့ သူတို႔ကေတာ့သတိျပန္ရလာပါၿပီ။ စိုးရိမ္စရာမရွိေတာ့ဘူး။ က်န္တဲ့ သေဘၤာသား၉ဦးကေတာ့ သတိမလည္ေသးဘူး။ သူတို႔ကိုေတာ့ ေဆးဝါးကုသဖို႔အတြက္ ဂ်ပန္ႏိုင္ငံဘက္ကို ရဟတ္ယာဥ္နဲ႔သယ္သြားတယ္လို႔သိရွိပါတယ္။ ေလာေလာဆယ္ကိုရီးယားႏိုင္ငံရာသီဥတုအေနအထားအရ ရာသီဥတုက အႏုတ္ေအာက္ဖက္ကိုေရာက္ေနတယ္။ ေရခဲအမွတ္ေအာက္ေရာက္ေနတယ္။ ပင္လယ္ျပင္မွာ ကံေကာင္းဖို႔ကေတာ့ ဝိုင္းဆုေတာင္းရမွာပဲ။ အခုကေပ်ာက္ဆုံးေနတဲ့သူ ၈ ဦးရွိေနပါတယ္။"

ေလာေလာဆယ္ကိုရီးယားႏိုင္ငံရာသီဥတုအေနအထားအရ ရာသီဥတုက အႏုတ္ေအာက္ဖက္ကိုေရာက္ေနတယ္။

တန္ခ်ိန္ (၆၅၅၁) ရွိတဲ့သေဘၤာမွာေတာ့ တ႐ုတ္ႏိုင္ငံသားနဲ႔ ျမန္မာႏိုင္ငံသား၂၂ ဦး လိုက္ပါလာခဲ့ၿပီး ျမန္မာကေတာ့ ၈ ဦးပါတယ္လို႔ဆိုပါတယ္။

"အားလုံးေပါင္းသတင္းအရကေတာ့ ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံသားကေတာ့ ၂၂ ဦးလို႔သိရပါတယ္။ တ႐ုတ္ႏိုင္ငံသားကေတာ့ ၁၄ဦး၊ ျမန္မာကေတာ့ ၈ဦးလို႔သိထားရပါတယ္"

လက္ရွိမွာေတာ့ ဂ်ဲဂ်ဴပင္လယ္ကမ္းေျခေစာင့္ ရဲေတြနဲ႔ ဂ်ပန္ပင္လယ္ကမ္းေျခေစာင့္ တပ္ဖြဲ႕ေတြက ေပ်ာက္ဆုံးသြားတဲ့ သေဘၤာသားေတြကို စုေပါင္း ရွာေဖြေနၾကပါတယ္။ သေဘၤာနစ္ျမဳပ္တဲ့ အခ်ိန္မွာက ေလတိုက္ႏႈန္း တစ္စကၠန႔္ကို ၁၆ မီတာႏႈန္း (၁နာရီ ၃၆မိုင္ႏႈန္း) တိုက္ေနၿပီး ေဟာင္ေကာင္ကုန္တင္သေဘၤာကေတာ့ လုံးဝနစ္ျမဳပ္သြားခဲ့ၿပီျဖစ္ေၾကာင္း ကိုရီးယားႏိုင္ငံက သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂျပန်နဲ့ တောင်ကိုရီးယားအကြား နစ်မြုပ်သွားတဲ့သင်္ဘောက မြန်မာအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲ

ဂျပန်နဲ့တောင်ကိုရီယားနိုင်ငံအကြား၊ တောင်ကိုရီးယားနိုင်ငံ ဂျဲဂျူကျွန်း၊ ဆောဂွီဖိုမြို့ရဲ့အရှေ့တောင်ပိုင်း ပင်လယ်ကမ်းခြေနဲ့ ကီလိုမီတာ (၁၄၈) အကွာ ပင်လယ်ပြင်မှာ မြန်မာနဲ့တရုတ် သင်္ဘောသား ၂၂ဦး ပါတဲ့ဟောင်ကောင်ပိုင် Jin Tian အမည်ပေါက် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားတာကြောင့် လက်ရှိ ၁၄ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ၈ ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂျဲဂျူကျွန်း၊ ဆောဂွီဖိုမြို့ရဲ့အရှေ့တောင်ပိုင်း ပင်လယ် ကမ်းခြေ (၁၄၈) ကီလိုမီတာအကွာ ဂျပန်နဲ့ကိုရီယားကြားက ပင်လယ်ပြင်မှာ မြန်မာနဲ့တရုတ် သင်္ဘောသား ၂၂ဦး ပါတဲ့ဟောင်ကောင်ပိုင်သင်္ဘောတစီးဟာ ဇန်နဝါရီလ ၂၅ရက်နေ့မနက် ၁နာရီ ၄၅မိနစ်လောက်အချိန်မှာ နစ်မြှုပ်သွားခဲ့တာပါ ။

ဂျဲဂျူပင်လယ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့နဲ့ မနက် (၂) နာရီ (၄၁) မိနစ် အချိန်အထိ အရေးပေါ် ဖုန်းအဆက်အသွယ် ရရှိပြီးနောက် ပြတ်တောက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ သင်္ဘောသား ၁၄ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၈ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ထားရတဲ့ သင်္ဘောသားတချို့ကတော့ အခုချိန်ထိသတိပြန်မရသေးတာတွေလည်းရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တောင်ကိုရီးယားသမတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အခုလိုပြောပြပါတယ်။

"တရုတ်နိုင်ငံသား၄ဦးနဲ့ မြန်မာနိုင်ငံသားတဦးကတော့ သူတို့ကတော့သတိပြန်ရလာပါပြီ။ စိုးရိမ်စရာမရှိတော့ဘူး။ ကျန်တဲ့ သင်္ဘောသား၉ဦးကတော့ သတိမလည်သေးဘူး။ သူတို့ကိုတော့ ဆေးဝါးကုသဖို့အတွက် ဂျပန်နိုင်ငံဘက်ကို ရဟတ်ယာဉ်နဲ့သယ်သွားတယ်လို့သိရှိပါတယ်။ လောလောဆယ်ကိုရီးယားနိုင်ငံရာသီဥတုအနေအထားအရ ရာသီဥတုက အနုတ်အောက်ဖက်ကိုရောက်နေတယ်။ ရေခဲအမှတ်အောက်ရောက်နေတယ်။ ပင်လယ်ပြင်မှာ ကံကောင်းဖို့ကတော့ ဝိုင်းဆုတောင်းရမှာပဲ။ အခုကပျောက်ဆုံးနေတဲ့သူ ၈ ဦးရှိနေပါတယ်။"

တန်ချိန် (၆၅၅၁) ရှိတဲ့သင်္ဘောမှာတော့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား၂၂ ဦး လိုက်ပါလာခဲ့ပြီး မြန်မာကတော့ ၈ ဦးပါတယ်လို့ဆိုပါတယ်။

"အားလုံးပေါင်းသတင်းအရကတော့ မြန်မာနဲ့ တရုတ်နိုင်ငံသားကတော့ ၂၂ ဦးလို့သိရပါတယ်။ တရုတ်နိုင်ငံသားကတော့ ၁၄ဦး၊ မြန်မာကတော့ ၈ဦးလို့သိထားရပါတယ်"

လက်ရှိမှာတော့ ဂျဲဂျူပင်လယ်ကမ်းခြေစောင့် ရဲတွေနဲ့ ဂျပန်ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ သင်္ဘောသားတွေကို စုပေါင်း ရှာဖွေနေကြပါတယ်။ သင်္ဘောနစ်မြုပ်တဲ့ အချိန်မှာက လေတိုက်နှုန်း တစ်စက္ကန့်ကို ၁၆ မီတာနှုန်း (၁နာရီ ၃၆မိုင်နှုန်း) တိုက်နေပြီး ဟောင်ကောင်ကုန်တင်သင်္ဘောကတော့ လုံးဝနစ်မြုပ်သွားခဲ့ပြီဖြစ်ကြောင်း ကိုရီးယားနိုင်ငံက သတင်းတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG