သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ကမ္းလြန္သေဘၤာနစ္မႈ တ႐ုတ္ ၆ ဦးေသဆံုး 


ဂ်ပန္နဲ႔ ကိုရီးယားေရပိုင္နယ္ၾကား ကယ္ဆယ္ေရးေလွတစင္းကို ဇန္နဝါရီ ၂၅ရက္ေန႔က ေတြ႔ရတာျဖစ္ပါတယ္။ (ဓါတ္ပံု - ဂ်ပန္ကမ္းေျခေစာင့္ကယ္ဆယ္ေရးဌာနခ်ဳပ္)

ဂ်ပန္နဲ႔ ေတာင္ကိုရီးယားအၾကားက ပင္လယ္ျပင္မွာ ဇန္နဝါရီလ ၂၅ ရက္ေန႔ကျဖစ္သြားတဲ့ သေဘၤာနစ္ျမဳပ္မႈေၾကာင့္ လူ ၈ ဦး ေသဆုံးသြားတယ္လို႔ တ႐ုတ္အရာရွိေတြက ေျပာပါတယ္။ ေသဆုံးသြားတဲ့ ၈ ဦးထဲက ၆ ဦးဟာ တ႐ုတ္ႏိုင္ငံသားေတြျဖစ္တယ္လို႔ ဂ်ပန္ႏိုင္ငံအေနာက္ပိုင္း ဖူကူအိုကာ (Fukuoka) မွာရွိတဲ့ တ႐ုတ္ေကာင္စစ္၀န္ Lyu Guijun က တ႐ုတ္အစိုးရပိုင္သတင္းဌာနတခုျဖစ္တဲ့ CGTN ကို ေျပာတာကို ကိုးကားၿပီး ေအပီသတင္းမွာ ေရးပါတယ္။

ဂ်ပန္အေနာက္ေတာင္ပိုင္း ကမ္းလြန္ပင္လယ္ျပင္မွာ ဗုဒၶဟူးေန႔ ညသန္းေခါင္ဝန္းက်င္မွာ နစ္ျမဳပ္သြားတဲ့ တန္ခ်ိန္ ၆,၅၅၁ တန္ရွိတဲ့ Jin Tian လို႔ အမည္ေပးထားတဲ့ အဲဒီ သေဘာၤေပၚမွာ သေဘၤာသား ၂၂ ဦး ပါသြားတာမွာ တ႐ုတ္ႏိုင္ငံသား ၁၄ ေယာက္နဲ႔ ျမန္မာႏိုင္ငံသား ၈ ေယာက္တို႔ျဖစ္တယ္လို႔ ေျပာပါတယ္။ မေန႔ ဇန္နဝါရီလ ၂၅ ရက္ေန႔အထိေတာ့ ၁၄ ဦးကို ကယ္တင္ႏိုင္ခဲ့ၿပီးျဖစ္တယ္လို႔ ေဒသတြင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

က်န္တဲ့ ေသဆုံး ၂ ဦးဟာ ဘယ္ႏိုင္ငံသားေတြဆိုတာ တ႐ုတ္ေကာင္စစ္၀န္က အတည္ျပဳ ေျပာဆိုတာမရွိေပမယ့္ သူ႔ေျပာပုံအရ တျခား ေသဆုံးသြားသူ ၂ ဦးဟာ ျမန္မာေတြျဖစ္မယ့္သေဘာ သက္ေရာက္ေနပါတယ္။ ေရေၾကာင္းပို႔ေဆာင္ေရးဆိုင္ရာ အင္တာနက္ ၀က္ဆိုက္ရဲ႕အဆိုအရ ေဟာင္ေကာင္ကၽြန္းမွာ မွတ္ပုံတင္ထားတဲ့ ဒီ သေဘၤာဟာ မေလးရွားဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Port Klang ကေန ဒီဇင္ဘာ ၃ ရက္ေန႔က ေတာင္ကိုရီးယားႏိုင္ငံ အင္ခၽြန္း (Incheon) ဆိပ္ကမ္းကို ထြက္ခြာခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဂ်ပန္ကမ္းလြန္သေဘၤာနစ္မႈ တ႐ုတ္ ၆ ဦးေသဆံုး
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂျပန်ကမ်းလွန်သင်္ဘောနစ်မှု တရုတ် ၆ ဦးသေဆုံး

ဂျပန်နဲ့ တောင်ကိုရီးယားအကြားက ပင်လယ်ပြင်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကဖြစ်သွားတဲ့ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၈ ဦး သေဆုံးသွားတယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။ သေဆုံးသွားတဲ့ ၈ ဦးထဲက ၆ ဦးဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ဂျပန်နိုင်ငံအနောက်ပိုင်း ဖူကူအိုကာ (Fukuoka) မှာရှိတဲ့ တရုတ်ကောင်စစ်ဝန် Lyu Guijun က တရုတ်အစိုးရပိုင်သတင်းဌာနတခုဖြစ်တဲ့ CGTN ကို ပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။

ဂျပန်အနောက်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ဝန်းကျင်မှာ နစ်မြုပ်သွားတဲ့ တန်ချိန် ၆,၅၅၁ တန်ရှိတဲ့ Jin Tian လို့ အမည်ပေးထားတဲ့ အဲဒီ သဘောၤပေါ်မှာ သင်္ဘောသား ၂၂ ဦး ပါသွားတာမှာ တရုတ်နိုင်ငံသား ၁၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၈ ယောက်တို့ဖြစ်တယ်လို့ ပြောပါတယ်။ မနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိတော့ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကျန်တဲ့ သေဆုံး ၂ ဦးဟာ ဘယ်နိုင်ငံသားတွေဆိုတာ တရုတ်ကောင်စစ်ဝန်က အတည်ပြု ပြောဆိုတာမရှိပေမယ့် သူ့ပြောပုံအရ တခြား သေဆုံးသွားသူ ၂ ဦးဟာ မြန်မာတွေဖြစ်မယ့်သဘော သက်ရောက်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ အင်တာနက် ဝက်ဆိုက်ရဲ့အဆိုအရ ဟောင်ကောင်ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ဒီ သင်္ဘောဟာ မလေးရှားဆိပ်ကမ်းမြို့ဖြစ်တဲ့ Port Klang ကနေ ဒီဇင်ဘာ ၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွန်း (Incheon) ဆိပ်ကမ်းကို ထွက်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG