သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တင္းၾကပ္တဲ့ ပါတီဥပေဒသစ္ စစ္ေကာင္စီျပဌာန္း


စစ္ေကာင္စီ ဖြဲ႔စည္းထားတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ားေတြ႔ဆုံ (ယခင္မွတ္တမ္း႐ုပ္ပံု)

အာဏာသိမ္းထားတာ ၂ ႏွစ္ျပည္ခါနီးခ်ိန္မွာ ေ႐ြးေကာက္ပြဲလုပ္ဖို႔ ျပင္ဆင္ေနတဲ့ စစ္ေကာင္စီက ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒအသစ္ကို ျပဌာန္းလိုက္ပါတယ္။ ဥပေဒသစ္အရ ၂ လ အတြင္း ႏိုင္ငံေရးပါတီအားလုံး ျပန္လည္မွတ္ပုံတင္ၾကရမွာျဖစ္ပါတယ္။ ပါတီအဖြဲ႕ဝင္အင္အားနဲ႔ ရန္ပုံေတြသတ္မွတ္ခ်က္ေတြ ျပည့္မွီႏိုင္ဖို႔ ပါတီေတြအတြက္ အခက္အခဲရွိႏိုင္တဲ့ ဥပေဒသစ္အေပၚ ႏိုင္ငံေရးပါတီေတြ ဘယ္လို သေဘာထားရွိေနၾကပါသလဲ၊ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုသိန္းထိုက္ဦး တင္ျပပါမယ္။

ဇန္နဝါရီလ ၂၆ ရက္ေန႔ မေန႔က ႏိုင္ငံေရးပါတီ မွတ္ပုံတင္ျခင္း ဥပေဒအသစ္ကို စစ္ေကာင္စီဘက္က ထုတ္ျပန္လိုက္တာပါ။ ၂ လ အတြင္း ႏိုင္ငံေရးပါတီအားလုံး ျပန္လည္မွတ္ပုံတင္ၾကရမယ့္ ဥပေဒသစ္အရ တႏိုင္ငံလုံးမွာ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီေတြအေနနဲ႔ ပါတီရန္ပုံေငြကို က်ပ္သိန္း ၁ ေထာင္ တင္ျပႏိုင္မွသာ မွတ္ပုံတင္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ အရင္က NLD အစိုးရလက္ထက္က ပါတီရန္ပုံေငြ က်ပ္ ၅ သိန္း သတ္မွတ္ထားတာကို က်ပ္သိန္း ၁ ေထာင္အထိ တိုးလိုက္တာျဖစ္ပါတယ္။ ျပည္နယ္/တိုင္းမွာသာ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီေတြဆိုရင္လည္း ရန္ပုံေငြ က်ပ္သိန္း ၁၀၀ ျပႏိုင္မွသာ ပါတီမွတ္ပုံတင္ႏိုင္ေတာ့မွာပါ။ အရင္က က်န္ ၃ သိန္းသာ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ တႏိုင္ငံလုံးမွာ စည္း႐ုံးမယ့္ပါတီဆိုရင္ ပါတီဝင္အင္အားကိုလည္း ပါတီမွတ္ပုံတင္ၿပီး ရက္ ၉၀ အတြင္း ပါတီဝင္ ၁ သိန္း စည္း႐ုံးႏိုင္ဖို႔လိုသလို ျပည္နဲ႔ တိုင္းမွာပဲ စည္း႐ုံးမယ့္ပါတီဆိုရင္ ပါတီဝင္ ၁ ေထာင္ စည္း႐ုံးႏိုင္ရမယ္လို႔ သတ္မွတ္ထားပါတယ္။ ဥပေဒသစ္က လူနည္းစုတိုင္းရင္းသားပါတီေတြ ရပ္တည္ႏိုင္ေရး အခက္အခဲေတြ႕ႏိုင္မယ့္ ဥပေဒတခုျဖစ္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ အေထြေထြအတြင္းေရးမႉး စိုင္းလိတ္က ဗြီအိုေအကိုေျပာပါတယ္။

"အလြယ္ဆုံးေျပာရရင္ေတာ့တိုင္းရင္းသားပါတီေတြကို သက္ဆိုင္ရာျပည္နယ္ေတြကို တြန္း ပို႔ၿပီး ျပည္ေထာင္စုအဆင့္မွာ ဝင္ေရာက္ၿပီး ေနရာမယူဖို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳေအာင္လို႔ တြန္းပို႔ တဲ့သေဘာလို႔ယူဆလို႔ရပါတယ္။ ျပည္ေထာင္စုအဆင့္မွာဘယ္လိုမွဝင္ပါလို႔မရတဲ့ အေနအထားမ်ိဳး ေရာက္သြားတာပါ။ တိုင္းရင္းသားေတြက သူ႔ျပည္နယ္ကိုယ့္ျပည္နယ္ဘဲေနၾကတာမဟုတ္ဘူးေလ။ တႏိုင္ငံလုံးေနၾကတယ္။ အနည္းဆုံးတိုင္းနဲ႔ျပည္နယ္ ၂ခုမွာေနၾကတယ္။ ကိုယ့္ပါတီက ျပည္ေထာင္စု တခုလုံးကိုလႊမ္းၿခဳံႏိုင္တာမရွိဘူး။ သူတို႔သတ္မွတ္တဲ့ေငြေၾကးနဲ႔လူအေရအတြက္ မစည္း႐ုံးႏိုင္ရင္ ကိုယ္နဲ႔ဆက္စပ္တဲ့တိုင္းျပည္နယ္ကိုဆင္း ၿပီးေတာင္မွ ေ႐ြးေကာက္ပြဲဝင္ႏိုင္တဲ့အေနအထားမရွိေအာင္ လုပ္ထားတယ္ဆိုေတာ့မွ တဖက္မွာ ပီအာနဲ႔တိုင္းရင္းသားအခြင့္အေရးေတြေပးမယ္ဆိုတာမ်ိဳးအေရာင္ျပၿပီး အျခားတဖက္မွာေတာ့ ျပည္ေထာင္စုအဆင့္မွာပါ ပါဝင္ခြင့္မရေအာင္တမင္ျပန္ကန႔္သတ္တာက ေရွ႕ေနာက္မညီတဲ့ ဥပေဒျဖစ္တယ္လို႔ယူဆလို႔ရတယ္။"

SNLD ပါတီအေနနဲ႔ ျပန္လည္ မွတ္ပုံတင္ မတင္ဆိုတာ ေလာေလာဆယ္ မဆုံးျဖတ္ႏိုင္ေသးဘူးလို႔ ေျပာပါတယ္။ ရခိုင္ျပည္နယ္အေျခစိုက္ မြတ္ဆလင္ဘာသာဝင္ အမ်ားစုနဲ႔ ဖြဲ႕စည္းထားတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ အတြင္းေရးမႉး ဦးေက်ာ္စိုးေအာင္ကလည္း ဥပေဒသစ္က လူနည္းစုတိုင္းရင္းသားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ပါတီေတြ ရပ္တည္ဖို႔ အခက္အခဲတခုျဖစ္လာႏိုင္တယ္လို႔ ခုလိုသုံးသပ္ပါတယ္။

"က်ေနာ္တို႔ႏိုင္ငံေရးပါတီတည္ေထာင္တယ္ဆိုတာက လူနည္းစုအသံ ျပည္သူေတြအသံကို ျပည္ေထာင္စုအစိုးရနဲ႔ ေပါင္းကူးေပးၿပီးျပည္သူ႔အသံနားေထာင္ေပးရေအာင္ ရည္႐ြယ္ခ်က္နဲ႔ လုပ္ထားတဲ့ ႏိုင္ငံေရးပါတီေတြျဖစ္တယ္။ မေန႔ကထုတ္ျပန္တဲ့ဥပေဒအရဆိုရင္ တႏိုင္ငံလုံးလူဦးေရ ၁ သိန္း ဘ႑ာေငြဆို သိန္း ၁၀၀၀ ဆိုတာက က်ေနာ္တို႔လူနည္းစုေတြအေနနဲ႔ ရွာလို႔မရႏိုင္ဘူး ျဖစ္ေနတယ္။ လူနည္းစုေတြရွာေဖြလို႔မရရင္လူနည္းစုေတြအသံက လႊတ္ေတာ္ကို ဘယ္လိုလုပ္ေရာက္မလဲ ႏိုင္ငံေတာ္အစိုးရဆီဘယ္လိုေရာက္မလဲဆိုတဲ့ေသာကေတာ့ရွိတယ္။ အဲေတာ့ လူနည္းစုအေနအထားသိၿပီးမွ ႏိုင္ငံေရးပါတီေတြကိုဒီလိုလုပ္မယ္ဆိုရင္ လူနည္းစုဆိုၿပီးခြဲျခားဆက္ဆံတဲ့ ပုံစံျဖစ္သြားတယ္လို႔ က်ေနာ္တို႔ခံစားရတယ္။"

ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒအသစ္အရ တႏိုင္ငံလုံး ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီေတြဆိုရင္ ၆ လအတြင္းမွာ ႏိုင္ငံတဝန္း ၿမိဳ႕နယ္ေပါင္းထက္ဝက္ျဖစ္တဲ့ ၿမိဳ႕နယ္ ၁၅၀ မွာ ႐ုံးခန္းေတြဖြင့္ရမွာျဖစ္သလို၊ တိုင္းနဲ႔ျပည္နယ္အဆင့္မွာသာ ေ႐ြးေကာက္ပြဲဝင္မယ္ဆိုရင္ အနည္းဆုံး ၅ ၿမိဳ႕နယ္မွာ ပါတီ႐ုံးခန္းေတြ ဖြင့္လွစ္ဖို႔လည္း သတ္မွတ္ထားပါတယ္။ သူတို႔သတ္ မွတ္ခ်က္ ေတြကို မလိုက္နာႏိုင္တဲ့ပါတီေတြကို ဖ်က္သိမ္းသြားမယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ ဥပေဒျပဌာန္းလိုက္တဲ့ ေန႔ကစလို႔ ၂ လ အတြင္း လက္ရွိရွိေနတဲ့ ႏိုင္ငံေရးပါတီေတြအားလုံး ျပန္လည္ မွတ္ပုံတင္ ၾကရမွာျဖစ္ပါတယ္။ အဲဒီလို မွတ္ပုံမတင္ရင္ ပါတီ အလိုအေလ်ာက္ ဖ်က္သိမ္းၿပီးသား ျဖစ္မယ္လို႔လည္း ဆိုထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ျပန္ၿပီး ပါတီမွတ္ပုံတင္ မတင္ ဆိုတာသိရေအာင္ ပါတီတာဝန္ရွိသူေတြကို ဆက္သြယ္ေပမဲ့ အဆက္အသြယ္ မရခဲ့ပါဘူး။ တကယ္လို႔သာ မွတ္ပုံ ျပန္မတင္ရင္ေတာ့ အခုဥပေဒအရ ပါတီဆက္လက္ ရပ္တည္ခြင့္မရွိေတာ့ဘဲ အလိုအေလ်ာက္ ပ်က္ျပယ္သြားမယ့္အေျခအေန ရွိေနပါတယ္။ ျပည္သူ႔ပါတီ ဥကၠဌ ဦးကိုကိုႀကီးကေတာ့ အခုလို ႏိုင္ငံေရးပါတီေတြလိုက္နာဖို႔ ဥပေဒထုတ္ေပမယ့္ မတည္မၿငိမ္ျဖစ္ေနတဲ့ အခုအေျခအေနမွာ ႏိုင္ငံေရး ပါတီေတြအေနနဲ႔ ရပ္တည္ႏိုင္ဖို႔ေတာင္ခက္ခဲေနတာမို႔ ဥပေဒအတိုင္း လိုက္နာလုပ္ေဆာင္ဖို႔ ခက္ခဲတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ျပည္သူ႔ပါတီအေနနဲ႔လည္း ျပန္လည္ မွတ္ပုံတင္ မတင္ဆိုတာ မေျပာႏိုင္ေသးဘူးလို႔ ဦးကိုကိုႀကီးက ဗြီအိုေအကိုတုံ႔ျပန္ခဲ့ပါတယ္။

" ႏိုင္ငံေရးပါတီတရပ္ဆိုတာက ျပည္သူနဲ႔ကင္းကြာလို႔မရဘူး။ ျပည္သူ႔ရဲ႕စိတ္ခံစားခ်က္ ျပည္သူရဲ႕ အျမင္ သေဘာထားေတြနဲ႔ ပါတီတခုကရပ္တည္ေနတာ ဆက္ဆံေနတာ ဒီေ႐ြးေကာက္ပြဲဘဲလုပ္လုပ္ ဘာဘဲလုပ္လုပ္ ဒီအၾကပ္အတည္းကိုေက်ာ္လႊားဖို႔အတြက္ အသြင္ကူးေျပာင္းေရးကာလသေဘာတူညီ ခ်က္တရပ္ ရဖို႔လိုတယ္လို႔ က်ေနာ္ေတာက္ေလွ်ာက္ေျပာခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံေရးပတ္ဝန္းက်င္ အေျခအေနေကာင္းရင္ ပါတီေတြလဲစည္း႐ုံးလႈပ္ရွားရတာအဆင္ေျပမယ္ အခုအတိုင္းက လက္ရွိအစိုး ရအဖြဲ႕ တာဝန္ရွိသူေတြရဲ႕ လုံၿခဳံေရးေတာင္မွ တာဝန္မယူႏိုင္တဲ့ အခ်ိန္မွာ ႏိုင္ငံေရးပါတီေတြအေနနဲ႔ ျပည္ သူၾကားထဲစည္း႐ုံးလႈပ္ရွားဖို႔ေတာ္ေတာ္ခက္ခဲပါတယ္။ ဆိုလိုခ်င္တာေျမႀကီးမရွိဘဲအပင္စိုက္မရဘူး။ ႏိုင္ငံေရးပတ္ဝန္းက်င္ေကာင္းေကာင္းရွိမွဘဲ ႏိုင္ငံေရးပါတီေတြရပ္တည္ေရးဆိုတာက ေဆာင္႐ြက္ႏိုင္မယ္လို႔က်ေနာ္ေတာ့ျမင္ပါတယ္ "

အသစ္ျပဌာန္းလိုက္တဲ့ ဥပေဒမွာ မတရားအသင္းေၾကညာခံထားရတဲ့သူေတြ၊ ဘာသာေရးကို ႏိုင္ငံေရးအတြက္ အလြဲသုံးစားလုပ္ေနတဲ့ အဖြဲ႕အစည္းေတြ ပါတီတည္ေထာင္ခြင့္ မရွိဘူးလို႔လည္း ေဖာ္ျပထားပါတယ္။ ၂၀၂၃ ၾသဂုတ္လမွာ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ စစ္ေကာင္စီအႀကီးအကဲက အရင္ေျပာထားဖူးသလို အခုလို ႏိုင္ငံေရးပါတီ မွတ္ပုံတင္ဥပေဒသစ္ေတြကို ျပဌာန္းလိုက္ေပမဲ့ ေ႐ြးေကာက္ပြဲလုပ္မယ္ မလုပ္ဘူးဆိုတာကိုေတာ့ စစ္ေကာင္စီက အတိအက် ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ ဒီႏွစ္ထဲမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ဆိုတာက အေျခအေနေတြေပၚ မူတည္ၿပီး က်င္းပႏိုင္မယ္လို႔ တပ္အပ္မေျပာႏိုင္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ဗြီအိုေအျမန္မာပိုင္းကို ေျပာၾကားထားပါတယ္။

တင္းၾကပ္တဲ့ ပါတီဥပေဒသစ္ စစ္ေကာင္စီျပဌာန္း
please wait

No media source currently available

0:00 0:06:33 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

တင်းကြပ်တဲ့ ပါတီဥပဒေသစ် စစ်ကောင်စီပြဌာန်း

အာဏာသိမ်းထားတာ ၂ နှစ်ပြည်ခါနီးချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဌာန်းလိုက်ပါတယ်။ ဥပဒေသစ်အရ ၂ လ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။ ပါတီအဖွဲ့ဝင်အင်အားနဲ့ ရန်ပုံတွေသတ်မှတ်ချက်တွေ ပြည့်မှီနိုင်ဖို့ ပါတီတွေအတွက် အခက်အခဲရှိနိုင်တဲ့ ဥပဒေသစ်အပေါ် နိုင်ငံရေးပါတီတွေ ဘယ်လို သဘောထားရှိနေကြပါသလဲ၊ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မနေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာပါ။ ၂ လ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ကြရမယ့် ဥပဒေသစ်အရ တနိုင်ငံလုံးမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ပါတီရန်ပုံငွေကို ကျပ်သိန်း ၁ ထောင် တင်ပြနိုင်မှသာ မှတ်ပုံတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အရင်က NLD အစိုးရလက်ထက်က ပါတီရန်ပုံငွေ ကျပ် ၅ သိန်း သတ်မှတ်ထားတာကို ကျပ်သိန်း ၁ ထောင်အထိ တိုးလိုက်တာဖြစ်ပါတယ်။ ပြည်နယ်/တိုင်းမှာသာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဆိုရင်လည်း ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ပြနိုင်မှသာ ပါတီမှတ်ပုံတင်နိုင်တော့မှာပါ။ အရင်က ကျန် ၃ သိန်းသာ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်အင်အားကိုလည်း ပါတီမှတ်ပုံတင်ပြီး ရက် ၉၀ အတွင်း ပါတီဝင် ၁ သိန်း စည်းရုံးနိုင်ဖို့လိုသလို ပြည်နဲ့ တိုင်းမှာပဲ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင် ၁ ထောင် စည်းရုံးနိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဥပဒေသစ်က လူနည်းစုတိုင်းရင်းသားပါတီတွေ ရပ်တည်နိုင်ရေး အခက်အခဲတွေ့နိုင်မယ့် ဥပဒေတခုဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဗွီအိုအေကိုပြောပါတယ်။

"အလွယ်ဆုံးပြောရရင်တော့တိုင်းရင်းသားပါတီတွေကို သက်ဆိုင်ရာပြည်နယ်တွေကို တွန်း ပို့ပြီး ပြည်ထောင်စုအဆင့်မှာ ဝင်ရောက်ပြီး နေရာမယူဖို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုအောင်လို့ တွန်းပို့ တဲ့သဘောလို့ယူဆလို့ရပါတယ်။ ပြည်ထောင်စုအဆင့်မှာဘယ်လိုမှဝင်ပါလို့မရတဲ့ အနေအထားမျိုး ရောက်သွားတာပါ။ တိုင်းရင်းသားတွေက သူ့ပြည်နယ်ကိုယ့်ပြည်နယ်ဘဲနေကြတာမဟုတ်ဘူးလေ။ တနိုင်ငံလုံးနေကြတယ်။ အနည်းဆုံးတိုင်းနဲ့ပြည်နယ် ၂ခုမှာနေကြတယ်။ ကိုယ့်ပါတီက ပြည်ထောင်စု တခုလုံးကိုလွှမ်းခြုံနိုင်တာမရှိဘူး။ သူတို့သတ်မှတ်တဲ့ငွေကြေးနဲ့လူအရေအတွက် မစည်းရုံးနိုင်ရင် ကိုယ်နဲ့ဆက်စပ်တဲ့တိုင်းပြည်နယ်ကိုဆင်း ပြီးတောင်မှ ရွေးကောက်ပွဲဝင်နိုင်တဲ့အနေအထားမရှိအောင် လုပ်ထားတယ်ဆိုတော့မှ တဖက်မှာ ပီအာနဲ့တိုင်းရင်းသားအခွင့်အရေးတွေပေးမယ်ဆိုတာမျိုးအရောင်ပြပြီး အခြားတဖက်မှာတော့ ပြည်ထောင်စုအဆင့်မှာပါ ပါဝင်ခွင့်မရအောင်တမင်ပြန်ကန့်သတ်တာက ရှေ့နောက်မညီတဲ့ ဥပဒေဖြစ်တယ်လို့ယူဆလို့ရတယ်။"

SNLD ပါတီအနေနဲ့ ပြန်လည် မှတ်ပုံ တင် မတင်ဆိုတာ လောလောဆယ် မဆုံးဖြတ်နိုင်သေးဘူးလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် မွတ်ဆလင်ဘာသာဝင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကလည်း ဥပဒေသစ်က လူနည်းစုတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေ ရပ်တည်ဖို့ အခက်အခဲတခုဖြစ်လာနိုင်တယ်လို့ ခုလိုသုံးသပ်ပါတယ်။

"ကျနော်တို့နိုင်ငံရေးပါတီတည်ထောင်တယ်ဆိုတာက လူနည်းစုအသံ ပြည်သူတွေအသံကို ပြည်ထောင်စုအစိုးရနဲ့ ပေါင်းကူးပေးပြီးပြည်သူ့အသံနားထောင်ပေးရအောင် ရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ နိုင်ငံရေးပါတီတွေဖြစ်တယ်။ မနေ့ကထုတ်ပြန်တဲ့ဥပဒေအရဆိုရင် တနိုင်ငံလုံးလူဦးရေ ၁ သိန်း ဘဏ္ဍာငွေဆို သိန်း ၁၀၀၀ ဆိုတာက ကျနော်တို့လူနည်းစုတွေအနေနဲ့ ရှာလို့မရနိုင်ဘူး ဖြစ်နေတယ်။ လူနည်းစုတွေရှာဖွေလို့မရရင်လူနည်းစုတွေအသံက လွှတ်တော်ကို ဘယ်လိုလုပ်ရောက်မလဲ နိုင်ငံတော်အစိုးရဆီဘယ်လိုရောက်မလဲဆိုတဲ့သောကတော့ရှိတယ်။ အဲတော့ လူနည်းစုအနေအထားသိပြီးမှ နိုင်ငံရေးပါတီတွေကိုဒီလိုလုပ်မယ်ဆိုရင် လူနည်းစုဆိုပြီးခွဲခြားဆက်ဆံတဲ့ ပုံစံဖြစ်သွားတယ်လို့ ကျနော်တို့ခံစားရတယ်။"

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ တနိုင်ငံလုံး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဆိုရင် ၆ လအတွင်းမှာ နိုင်ငံတဝန်း မြို့နယ်ပေါင်းထက်ဝက်ဖြစ်တဲ့ မြို့နယ် ၁၅၀ မှာ ရုံးခန်းတွေဖွင့်ရမှာဖြစ်သလို၊ တိုင်းနဲ့ပြည်နယ်အဆင့်မှာသာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့လည်း သတ်မှတ်ထားပါတယ်။ သူတို့သတ် မှတ်ချက် တွေကို မလိုက်နာနိုင်တဲ့ပါတီတွေကို ဖျက်သိမ်းသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဥပဒေပြဌာန်းလိုက်တဲ့ နေ့ကစလို့ ၂ လ အတွင်း လက်ရှိရှိနေတဲ့ နိုင်ငံရေးပါတီတွေအားလုံး ပြန်လည် မှတ်ပုံတင် ကြရမှာဖြစ်ပါတယ်။ အဲဒီလို မှတ်ပုံမတင်ရင် ပါတီ အလိုအလျောက် ဖျက်သိမ်းပြီးသား ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြန်ပြီး ပါတီမှတ်ပုံတင် မတင် ဆိုတာသိရအောင် ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ တကယ်လို့သာ မှတ်ပုံ ပြန်မတင်ရင်တော့ အခုဥပဒေအရ ပါတီဆက်လက် ရပ်တည်ခွင့်မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကတော့ အခုလို နိုင်ငံရေးပါတီတွေလိုက်နာဖို့ ဥပဒေထုတ်ပေမယ့် မတည်မငြိမ်ဖြစ်နေတဲ့ အခုအခြေအနေမှာ နိုင်ငံရေး ပါတီတွေအနေနဲ့ ရပ်တည်နိုင်ဖို့တောင်ခက်ခဲနေတာမို့ ဥပဒေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြည်သူ့ပါတီအနေနဲ့လည်း ပြန်လည် မှတ်ပုံတင် မတင်ဆိုတာ မပြောနိုင်သေးဘူးလို့ ဦးကိုကိုကြီးက ဗွီအိုအေကိုတုံ့ပြန်ခဲ့ပါတယ်။

" နိုင်ငံရေးပါတီတရပ်ဆိုတာက ပြည်သူနဲ့ကင်းကွာလို့မရဘူး။ ပြည်သူ့ရဲ့စိတ်ခံစားချက် ပြည်သူရဲ့ အမြင် သဘောထားတွေနဲ့ ပါတီတခုကရပ်တည်နေတာ ဆက်ဆံနေတာ ဒီရွေးကောက်ပွဲဘဲလုပ်လုပ် ဘာဘဲလုပ်လုပ် ဒီအကြပ်အတည်းကိုကျော်လွှားဖို့အတွက် အသွင်ကူးပြောင်းရေးကာလသဘောတူညီ ချက်တရပ် ရဖို့လိုတယ်လို့ ကျနော်တောက်လျှောက်ပြောခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပတ်ဝန်းကျင် အခြေအနေကောင်းရင် ပါတီတွေလဲစည်းရုံးလှုပ်ရှားရတာအဆင်ပြေမယ် အခုအတိုင်းက လက်ရှိအစိုး ရအဖွဲ့ တာဝန်ရှိသူတွေရဲ့ လုံခြုံရေးတောင်မှ တာဝန်မယူနိုင်တဲ့ အချိန်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည် သူကြားထဲစည်းရုံးလှုပ်ရှားဖို့တော်တော်ခက်ခဲပါတယ်။ ဆိုလိုချင်တာမြေကြီးမရှိဘဲအပင်စိုက်မရဘူး။ နိုင်ငံရေးပတ်ဝန်းကျင်ကောင်းကောင်းရှိမှဘဲ နိုင်ငံရေးပါတီတွေရပ်တည်ရေးဆိုတာက ဆောင်ရွက်နိုင် မယ်လို့ကျနော်တော့မြင်ပါတယ် "

အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာ မတရားအသင်းကြေညာခံထားရတဲ့သူတွေ၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်နေတဲ့ အဖွဲ့အစည်းတွေ ပါတီတည်ထောင်ခွင့် မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီအကြီးအကဲက အရင်ပြောထားဖူးသလို အခုလို နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်တွေကို ပြဌာန်းလိုက်ပေမဲ့ ရွေးကောက်ပွဲလုပ်မယ် မလုပ်ဘူးဆိုတာကိုတော့ စစ်ကောင်စီက အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာက အခြေအနေတွေပေါ် မူတည်ပြီး ကျင်းပနိုင်မယ်လို့ တပ်အပ်မပြောနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဗွီအိုအေမြန်မာပိုင်းကို ပြောကြားထားပါတယ်။

XS
SM
MD
LG