ကမာၻတဝန္း ႏိုင္ငံေတြနဲ႔ ပိုင္နက္ေတြ စုစုေပါင္း ၁၈၀ မွာ အစိုးရရံုးေတြရဲ႕ အဂတိလိုက္စားမႈ အဆိုးဆံုးအဆင့္မွာ ျမန္မာႏိ္ုင္ငံပါဝင္ေနၿပီး အဆင့္ ၁၅၇ မွာ ရွိေနတယ္လို႔ ႏိုင္ငံတကာ ပြင့္လင္းျမင္သာမႈရွိေစေရးအဖြဲ႕ Transparency International ကေျပာၾကားလိုက္ပါတယ္။ ကမာၻတဝန္း ႏိုင္ငံေတြရဲ႕ ၂၀၂၂ ခုႏွစ္အတြင္း အဂတိလိုက္စားမႈအေျခအေနေတြကို ေလ့လာသံုးသပ္ ထုတ္ျပန္တဲ့ အစီရင္ခံစာအရ လာဒ္စားမႈ မရွိဆံုးႏိုင္ငံကို အမွတ္ ၁၀၀ ေပးတာမွာ ျမန္မာက ၂၃ မွတ္ပဲရပါတယ္။ ၂၀၂၁ ခုႏွစ္ကထက္ကို ၅ မွတ္ေလ်ာ့သြားတာျဖစ္ပါတယ္။ NLD အစိုးရလက္ထက္ ၂၀၁၇ ခုႏွစ္မွာ အမွတ္အမ်ားဆုံးအျဖစ္ အမွတ္ က ၃၀ ရခဲ့ဖူးပါတယ္။
၂၀၂၂ ခုႏွစ္အတြက္ အက်င့္ပ်က္ျခစားမႈ အၫႊန္းကိန္းကို ထုတ္ျပန္တဲ့ထဲမွာ အသန႔္ရွင္းဆုံး ႏိုင္ငံအျဖစ္ ဒိန္းမတ္ႏိုင္ငံက အမွတ္ ၁၀၀ သတ္မွတ္ထားတဲ့အထဲက ၉၀ နဲ႔ ပထမ ရပါတယ္။ အာရွမွာ အသန႔္ရွင္းဆုံး ႏိုင္ငံေတြကေတာ့ စကၤာပူ၊ ေဟာင္ေကာင္၊ ဂ်ပန္၊ ဘူတန္ နဲ႔ ထိုင္ဝမ္တို႔ ျဖစ္ၾကပါတယ္။
အာရွမွာ ျမန္မာရဲ႕ ေအာက္မွာ Turkmenistan, ေျမာက္ကိုရီးယား၊ ယီမင္ နဲ႔ ဆီရီးယားႏိုင္ငံတို႔ပဲ ရွိေတာ့တာပါ။ အိမ္နီးခ်င္း ႏိုင္ငံေတြအားလုံးက အဂတိလိုက္စားမႈမွာ ျမန္မာေလာက္ မဆိုးၾကတာကို ေတြ႕ရပါတယ္။ အာရွ ႏိုင္ငံေတြရဲ႕ ၇၀ ရာႏႈန္းေက်ာ္က အမွတ္ ၅၀ ေအာက္မွာပဲ ရွိၾကတာပါ။
“အာရွက ကမာၻ႔လူဦးေရ အမ်ားဆုံး တိုင္းျပည္တခ်ိဳ႕မွာ အက်င့္ပ်က္ျခစားတာေတြက ပို ဆိုးရြားလာေနပါတယ္။ အစိုးရေတြက အာဏာရွိသူေတြ တာဝန္ခံမႈ ရွိလာေအာင္ ေတာင္းဆိုႏိုင္တဲ့ အေျခခံ အခြင့္အေရးေတြနဲ႔ လြတ္လပ္ခြင့္ေတြကို ကန႔္သတ္ လာပါတယ္။” လို႔ TI ရဲ႕ အာရွေဒသ အႀကံေပး Ilham Mohamed က ေျပာပါတယ္။ အာရွတလႊားမွာ ေ႐ြးေကာက္ပြဲေတြကို ၂၀၂၃ မွာ လုပ္ၾကေတာ့မွာ ျဖစ္တဲ့အတိုင္း၊ ျပည္သူလူထုရဲ႕ အသံေတြကို နားေထာင္ရမယ့္ အခ်ိန္ကို ေရာက္ေနပါၿပီလို႔ သူက ဆိုပါတယ္။
[Unicode]
မြန်မာနိုင်ငံ အဂတိလိုက်စားမှု အခြေအနေပိုဆိုး
ကမ္ဘာတဝန်း နိုင်ငံတွေနဲ့ ပိုင်နက်တွေ စုစုပေါင်း ၁၈၀ မှာ အစိုးရရုံးတွေရဲ့ အဂတိလိုက်စားမှု အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံပါဝင်နေပြီး အဆင့် ၁၅၇ မှာ ရှိနေတယ်လို့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိစေရေးအဖွဲ့ Transparency International ကပြောကြားလိုက်ပါတယ်။ ကမ္ဘာတဝန်း နိုင်ငံတွေရဲ့ ၂၀၂၂ ခုနှစ်အတွင်း အဂတိလိုက်စားမှုအခြေအနေတွေကို လေ့လာသုံးသပ် ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လာဒ်စားမှု မရှိဆုံးနိုင်ငံကို အမှတ် ၁၀၀ ပေးတာမှာ မြန်မာက ၂၃ မှတ်ပဲရပါတယ်။ ၂၀၂၁ ခုနှစ်ကထက်ကို ၅ မှတ်လျော့သွားတာဖြစ်ပါတယ်။ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ အမှတ်အများဆုံးအဖြစ် အမှတ် က ၃၀ ရခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းကို ထုတ်ပြန်တဲ့ထဲမှာ အသန့်ရှင်းဆုံး နိုင်ငံအဖြစ် ဒိန်းမတ်နိုင်ငံက အမှတ် ၁၀၀ သတ်မှတ်ထားတဲ့အထဲက ၉၀ နဲ့ ပထမ ရပါတယ်။ အာရှမှာ အသန့်ရှင်းဆုံး နိုင်ငံတွေကတော့ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်၊ ဘူတန် နဲ့ ထိုင်ဝမ်တို့ ဖြစ်ကြပါတယ်။
အာရှမှာ မြန်မာရဲ့ အောက်မှာ Turkmenistan, မြောက်ကိုရီးယား၊ ယီမင် နဲ့ ဆီရီးယားနိုင်ငံတို့ပဲ ရှိတော့တာပါ။ အိမ်နီးချင်း နိုင်ငံတွေအားလုံးက အဂတိလိုက်စားမှုမှာ မြန်မာလောက် မဆိုးကြတာကို တွေ့ရပါတယ်။ အာရှ နိုင်ငံတွေရဲ့ ၇၀ ရာနှုန်းကျော်က အမှတ် ၅၀ အောက်မှာပဲ ရှိကြတာပါ။
“အာရှက ကမ္ဘာ့လူဦးရေ အများဆုံး တိုင်းပြည်တချို့မှာ အကျင့်ပျက်ခြစားတာတွေက ပို ဆိုးရွားလာနေပါတယ်။ အစိုးရတွေက အာဏာရှိသူတွေ တာဝန်ခံမှု ရှိလာအောင် တောင်းဆိုနိုင်တဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ် လာပါတယ်။” လို့ TI ရဲ့ အာရှဒေသ အကြံပေး Ilham Mohamed က ပြောပါတယ်။ အာရှတလွှားမှာ ရွေးကောက်ပွဲတွေကို ၂၀၂၃ မှာ လုပ်ကြတော့မှာ ဖြစ်တဲ့အတိုင်း၊ ပြည်သူလူထုရဲ့ အသံတွေကို နားထောင်ရမယ့် အချိန်ကို ရောက်နေပါပြီလို့ သူက ဆိုပါတယ်။