သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နာဇီဂ်ာမနီကုိ ေအာင္ပဲြရသလုိ ယူကရိန္းကုိအႏုိင္ယူဖုိ႔ ႐ုရွားသမၼတေၾကြးေၾကာ္


Russian President Vladimir Putin speaks during a concert marking the 80th anniversary of the Battle of Stalingrad in the World War Two, in Volgograd, Russia, Feb. 2, 2023. (Sputnik/Dmitry Azarov/Pool via Reuters)

=== [[ ZAWGYI ]] ===

နာဇီဂ်ာမနီကုိ ေအာင္ပဲြရသလုိ ယူကရိန္းကုိအႏုိင္ယူဖုိ႔ ႐ုရွားသမၼတေၾကြးေၾကာ္

နာဇီဝါဒသစ္ကို ကိုင္စြဲဖို႔လုပ္ေနတယ္လုိ႔ ႐ုရွားသမၼတက စြပ္စဲြေနတဲ့ ယူကရိန္းကို တခ်ိန္က နာဇီဂ်ာမနီကုိ ေအာင္ႏုိင္သလုိ ေအာင္ပဲြခံႏုိင္မွာျဖစ္ေၾကာင္း ႐ုရွားသမၼတက ေျပာလုိက္ပါတယ္။

" ဒါက မယံုႏိုင္စရာပါပဲ... ဒါေပမဲ့ လက္ေတြ႕မွာ ဂ်ာမနီရဲ႕ Leopard တင့္ကားေတြက ယူကရိန္းေျမကို ျဖတ္လာၿပီး ၿခိမ္းေျခာက္မႈကို က်ေနာ္တို႔ ထပ္ၿပီး ခံစားလာရတာပါ။" လုိ႔ ဆိုဗီယက္တပ္ေတြက နာဇီဂ်ာမနီတပ္ေတြကို ေအာင္ႏိုင္ခဲ့တဲ့ အႏွစ္ ၈၀ ျပည့္အခန္းအနားက်င္းပရာ Stalingrad မွာ ၾကာသပေတးေန႔က ႐ုရွားသမၼတ Vladimir Putin က ေျပာၾကားသြားတာပါ။

၁၉၆၁ ခုႏွစ္ အထိ Stalingrad လို႔ ေခၚၾကတဲ့ ႐ုရွားႏိုင္ငံ Volgograd မွာ ႐ုရွားသမၼတက ခုလိုေျပာဆိုလိုက္တာပါ။ ယူကရိန္းအတြက္ ဂ်ာမန္လက္နက္ကူညီမႈေၾကာင့္ ႐ုရွားသမၼတ Putin က ဂ်ာမနီကို တိုက္ခိုက္ေျပာဆိုေနတာ ျဖစ္ၿပီး အရင္ကလည္း ႏ်ဴကလီယားလက္နက္ အပါအဝင္ ႐ုရွားရဲ႕လက္နက္အားလံုး ထုတ္သံုးဖို႔ အသင့္ရွိေၾကာင္းပါ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

နာဇီဝါဒကို ပံုစံသစ္တမ်ိဳးနဲ႔ အေကာင္ထည္ေဖၚဖို႔ ႀကိဳးစားေနတာေတြ႕ေနရၿပီး ဒါဟာ ႐ုရွားႏိုင္ငံရဲ႕ လံုျခံဳေရးကို တိုက္႐ိုက္ၿခိမ္းေျခာက္ေနေၾကာင္း ႐ုရွားစစ္တပ္အရာရွိေတြနဲ႔ ေဒသတြင္းက မ်ိဳးခ်စ္ေတြနဲ႔ လူငယ္ေတြကို သမၼတ Putin က မိန္႔ခြန္းေျပာခဲ့တာပါ။ ဒါ့အျပင္ အေနာက္ႏိုင္ငံေတြရဲ႕ စုေပါင္းရန္လိုမႈကို ႐ုရွားက တုန္႔ျပန္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

႐ုရွားတပ္ေတြ ယူကရိန္းကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့ လြန္ခဲ့တဲ့ တႏွစ္ေလာက္ကတည္းက ႐ုရွားတာဝန္ရွိသူေတြက ဒါဟာ နာဇီေတြကို တြန္းလွန္ဖို႔ တိုက္ခိုက္ရတာ ျဖစ္ေၾကာင္း ေျပာၾကားေနတာ ျဖစ္ပါတယ္။ ယူကရိန္းေတြ ဘက္ကေတာ့ သူတို႔ဟာလည္း အဲဒီအခ်ိန္က ဆိုဗီယက္ယူနီယံရဲ႕ အစိတ္အပိုင္းတခုအျဖစ္ နာဇီဟစ္တလာ့တပ္ေတြ လက္ေအာက္မွာ ခံစားခဲ့ရတာေၾကာင့္ ႐ုရွားေတြရဲ႕ အခုလို ႏိႈင္းယွဥ္မႈကို လက္မခံပါဘူး။

႐ုရွားတပ္သား ၁ သန္းေက်ာ္ ထိခိုက္ေသဆံုးခဲ့ရတဲ့ ဒုတိယကမာၻစစ္အတြင္းက ဒီ Stalingrad မွာ တိုက္ပြဲဟာ အျပင္းထန္ဆံုး ျဖစ္ပြါးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

နာဇီဂျာမနီကို အောင်ပွဲရသလို ယူကရိန်းကိုအနိုင်ယူဖို့ ရုရှားသမ္မတကြွေးကြော်

နာဇီဝါဒသစ်ကို ကိုင်စွဲဖို့လုပ်နေတယ်လို့ ရုရှားသမ္မတက စွပ်စွဲနေတဲ့ ယူကရိန်းကို တချိန်က နာဇီဂျာမနီကို အောင်နိုင်သလို အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း ရုရှားသမ္မတက ပြောလိုက်ပါတယ်။

" ဒါက မယုံနိုင်စရာပါပဲ... ဒါပေမဲ့ လက်တွေ့မှာ ဂျာမနီရဲ့ Leopard တင့်ကားတွေက ယူကရိန်းမြေကို ဖြတ်လာပြီး ခြိမ်းခြောက်မှုကို ကျနော်တို့ ထပ်ပြီး ခံစားလာရတာပါ။" လို့ ဆိုဗီယက်တပ်တွေက နာဇီဂျာမနီတပ်တွေကို အောင်နိုင်ခဲ့တဲ့ အနှစ် ၈၀ ပြည့်အခန်းအနားကျင်းပရာ Stalingrad မှာ ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin က ပြောကြားသွားတာပါ။

၁၉၆၁ ခုနှစ် အထိ Stalingrad လို့ ခေါ်ကြတဲ့ ရုရှားနိုင်ငံ Volgograd မှာ ရုရှားသမ္မတက ခုလိုပြောဆိုလိုက်တာပါ။ ယူကရိန်းအတွက် ဂျာမန်လက်နက်ကူညီမှုကြောင့် ရုရှားသမ္မတ Putin က ဂျာမနီကို တိုက်ခိုက်ပြောဆိုနေတာ ဖြစ်ပြီး အရင်ကလည်း နျူကလီယားလက်နက် အပါအဝင် ရုရှားရဲ့လက်နက်အားလုံး ထုတ်သုံးဖို့ အသင့်ရှိကြောင်းပါ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နာဇီဝါဒကို ပုံစံသစ်တမျိုးနဲ့ အကောင်ထည်ဖေါ်ဖို့ ကြိုးစားနေတာတွေ့နေရပြီး ဒါဟာ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း ရုရှားစစ်တပ်အရာရှိတွေနဲ့ ဒေသတွင်းက မျိုးချစ်တွေနဲ့ လူငယ်တွေကို သမ္မတ Putin က မိန့်ခွန်းပြောခဲ့တာပါ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ စုပေါင်းရန်လိုမှုကို ရုရှားက တုန့်ပြန်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ရုရှားတာဝန်ရှိသူတွေက ဒါဟာ နာဇီတွေကို တွန်းလှန်ဖို့ တိုက်ခိုက်ရတာ ဖြစ်ကြောင်း ပြောကြားနေတာ ဖြစ်ပါတယ်။ ယူကရိန်းတွေ ဘက်ကတော့ သူတို့ဟာလည်း အဲဒီအချိန်က ဆိုဗီယက်ယူနီယံရဲ့ အစိတ်အပိုင်းတခုအဖြစ် နာဇီဟစ်တလာ့တပ်တွေ လက်အောက်မှာ ခံစားခဲ့ရတာကြောင့် ရုရှားတွေရဲ့ အခုလို နှိုင်းယှဉ်မှုကို လက်မခံပါဘူး။

ရုရှားတပ်သား ၁ သန်းကျော် ထိခိုက်သေဆုံးခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဒီ Stalingrad မှာ တိုက်ပွဲဟာ အပြင်းထန်ဆုံး ဖြစ်ပွါးခဲ့တာပါ။

XS
SM
MD
LG