သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အက္စတိုးနီးယားသံအမတ္ႀကီးကို ျပည္ေတာ္ျပန္ဖို႔ ႐ုရွား ရာဇသံေပး


႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္က အက္စတိုးနီးယားသံ႐ံုးမွာ လႊင့္တင္ထားတဲ့ အက္စတိုးနီယားအလံနဲ႔ ဥေရာပသမဂၢအလံ

အက္စတိုးနီးယားႏိုင္ငံဟာ ႐ုရွားမုန္းတီးေရး ေရာဂါရေနတယ္လို႔ စြပ္စြဲလိုက္ၿပီး၊ အက္စတိုးနီးယားသံအမတ္ႀကီးကို ထြက္သြားဖို႔ ႐ုရွားအစိုးရက တနလၤာေန႔မွာ အမိန႔္ထုတ္လိုက္ပါတယ္။ ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္ၿပီးကတည္းက ဥေရာပသမဂၢအဖြဲ႕ဝင္ ႏိုင္ငံက သံအမတ္ႀကီးတစ္ေယာက္ကို ႐ုရွားက ႏွင္ထုတ္တာ ဒါဟာ ပထမဆုံး အႀကိမ္ ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံ သံတမန္ ဆက္ဆံေရးကို သံ႐ုံး ယာယီတာဝန္ခံအဆင့္ကို ေလွ်ာ့ခ်ဖို႔ ႐ုရွားဘက္က ဆုံးျဖတ္လိုက္တယ္လို႔ ႐ုရွား ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။ အက္စတိုးနီးယားသံအမတ္ႀကီးဟာ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာ ေနာက္ဆုံးထား ထြက္ရမွာ ျဖစ္တယ္လို႔ ႐ုရွား ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

အက္စတိုးနီးယား သံအမတ္ႀကီး Margus Laidre ကို ႏိုင္ငံျခားေရး႐ုံးကို ဆင့္ေခၚၿပီး ႐ုရွားရဲ႕ ဆုံးျဖတ္ခ်က္ကို အသိေပးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ဆိုပါတယ္။

အက္စ္တိုးနီးယား ၿမိဳ႕ေတာ္ တာလန္ (Tallinn) မွာရွိတဲ့ ႐ုရွား သံ႐ုံးက ဝန္ထမ္းအေရအတြက္ကို အက္တိုးနီးယားက ေလွ်ာ့ခ်လိုက္ၿပီးတဲ့ေနာက္ ႐ုရွားဘက္က အခုလို ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ အက္စ္တိုးနီးယားဟာ ႐ုရွားနဲ႔ ဆက္ဆံေရးကို ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ဆီးလိုက္တာ ျဖစ္တယ္လို႔ ႐ုရွားက စြပ္စြဲလိုက္ပါတယ္။

တနလၤာေန႔မွာပဲ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလက္ဗေရာ့ဗ္ (Sergei Lavrov) ဟာ ေတာင္အာဖရိက ႏိုင္ငံကို ေရာက္ရွိသြားပါတယ္။ ဒီ ခရီးစဥ္ဟာ ႏွစ္ႏိုင္ငံအၾကား ေကာင္းၿပီးသား ဆက္ဆံေရးကို ပိုခိုင္မာေစလိမ့္မယ္လို႔ ေတာင္အာဖရိက ႏိုင္ငံျခားေရးဝန္ႀကီး နေလဒီ ပန္ေဒါ (Naledi Pandor) က ဆာေဂးလက္ဗေရာ့ဗ္ ေရာက္မလာမီ အႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေတာင္အာဖရိကႏိုင္ငံ ဆိပ္ကမ္းၿမိဳ႕ ဒါဘန္ (Durban) ၿမိဳ႕ ရဲ႕ ပင္လယ္ျပင္မွာ ႐ုရွားနဲ႔ တ႐ုတ္ ေရတပ္က ေဖေဖာ္ဝါရီလအတြင္း ဆယ္ရက္ၾကာ စစ္ေရးေလ့က်င့္ၾကမွာကို ေတာင္အာဖရိက က အိမ္ရွင္ အျဖစ္လက္ခံလိုက္ေၾကာင္း ၿပီးခဲ့တဲ့ အပတ္က ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

အက်စတိုးနီးယားသံအမတ်ကြီးကို ပြည်တော်ပြန်ဖို့ ရုရှား ရာဇသံပေး

အက်စတိုးနီးယားနိုင်ငံဟာ ရုရှားမုန်းတီးရေး ရောဂါရနေတယ်လို့ စွပ်စွဲလိုက်ပြီး၊ အက်စတိုးနီးယားသံအမတ်ကြီးကို ထွက်သွားဖို့ ရုရှားအစိုးရက တနင်္လာနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံက သံအမတ်ကြီးတစ်ယောက်ကို ရုရှားက နှင်ထုတ်တာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို သံရုံး ယာယီတာဝန်ခံအဆင့်ကို လျှော့ချဖို့ ရုရှားဘက်က ဆုံးဖြတ်လိုက်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အက်စတိုးနီးယားသံအမတ်ကြီးဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နောက်ဆုံးထား ထွက်ရမှာ ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အက်စတိုးနီးယား သံအမတ်ကြီး Margus Laidre ကို နိုင်ငံခြားရေးရုံးကို ဆင့်ခေါ်ပြီး ရုရှားရဲ့ ဆုံးဖြတ်ချက်ကို အသိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။

အက်စ်တိုးနီးယား မြို့တော် တာလန် (Tallinn) မှာရှိတဲ့ ရုရှား သံရုံးက ဝန်ထမ်းအရေအတွက်ကို အက်တိုးနီးယားက လျှော့ချလိုက်ပြီးတဲ့နောက် ရုရှားဘက်က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အက်စ်တိုးနီးယားဟာ ရုရှားနဲ့ ဆက်ဆံရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ရုရှားက စွပ်စွဲလိုက်ပါတယ်။

တနင်္လာနေ့မှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် (Sergei Lavrov) ဟာ တောင်အာဖရိက နိုင်ငံကို ရောက်ရှိသွားပါတယ်။ ဒီ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ကောင်းပြီးသား ဆက်ဆံရေးကို ပိုခိုင်မာစေလိမ့်မယ်လို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နလေဒီ ပန်ဒေါ (Naledi Pandor) က ဆာဂေးလက်ဗရော့ဗ် ရောက်မလာမီ အကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောင်အာဖရိကနိုင်ငံ ဆိပ်ကမ်းမြို့ ဒါဘန် (Durban) မြို့ ရဲ့ ပင်လယ်ပြင်မှာ ရုရှားနဲ့ တရုတ် ရေတပ်က ဖေဖော်ဝါရီလအတွင်း ဆယ်ရက်ကြာ စစ်ရေးလေ့ကျင့်ကြမှာကို တောင်အာဖရိက က အိမ်ရှင် အဖြစ်လက်ခံလိုက်ကြောင်း ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG