ေတာင္ကိုရီးယား တရားေရးဝန္ႀကီးေဟာင္းလည္းျဖစ္၊ အရင္သမၼတ မြန္ေဂ်အင္း (Moon Jae-in) လက္ထက္ အႀကီးတန္း အၾကံေပးတဦးလည္းျဖစ္တဲ့ Cho Kuk ကို လိမ္လည္မႈ၊ အက်င့္ပ်က္ျခစားမႈေတြနဲ႔ ေတာင္ကိုရီးယားတရားရံုးက ဒီကေန႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္လိုက္ပါတယ္။ သူ႔သားနဲ႔ သမီးကို နာမည္ႀကီးေက်ာင္းေတြမွာ ၀င္ခြင့္ရဖို႔ စာရြက္စာတမ္းအတု ျပဳလုပ္ခဲ့တာအျပင္ သမၼတေဟာင္းမြန္ေဂ်အင္းရဲ႕ အႀကီးတန္းအၾကံေပး တာ၀န္ယူခဲ့ခ်ိန္ကလည္း တာ၀န္အလြဲ သံုးစားလုပ္ခဲ့တဲ့ ျပစ္မႈေတြနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်လိုက္တာပါ။ ခုလို ေထာင္ခ်လိုက္ေပမဲ့ ထြက္ေျပးမယ့္သူ မဟုတ္တာေၾကာင့္ ခ်က္ခ်င္း ဖမ္းဆီးဖို႔ေတာ့ တရား႐ံုးက အမိန္႔ မထုတ္ထားပါဘူး။ အမႈအတြက္ သူ႔ဘက္က အယူခံ ၀င္သြားမယ္လို႔ Cho က ေျပာပါတယ္။
Cho ရဲ႕ ဇနီးျဖစ္သူ Chung Kyung-shim ကိုေတာ့ သားသမီးေတြ ေက်ာင္း၀င္ခြင့္ ရဖို႔ လိမ္လည္ခဲ့တဲ့ အမႈေတြနဲ႔ အေစာပိုင္းကတည္းက ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ထားၿပီး ဒီကေန႔မွာ တရားရံုးက ေနာက္ထပ္ ေထာင္ဒဏ္ တႏွစ္တိုး ခ်မွတ္လိုက္ပါတယ္။ သားသမီးေတြ ေက်ာင္းေကာင္းေကာင္း တက္ခြင့္ရဖို႔ ခုလို လုပ္ေဆာင္ခဲ့တဲ့အတြက္ Cho က ေတာင္းပန္ ေပမဲ့၊ သူလုပ္ခဲ့တာေတြက မမွားဘူးလို႔ပဲ အႀကိမ္ႀကိမ္ ျငင္းဆိုထားပါတယ္။
[Unicode]
သားသမီးအတွက် လိမ်လည်ခဲ့တဲ့ တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်း
တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ အရင်သမ္မတ မွန်ဂျေအင်း (Moon Jae-in) လက်ထက် အကြီးတန်း အကြံပေးတဦးလည်းဖြစ်တဲ့ Cho Kuk ကို လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တောင်ကိုရီးယားတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ သူ့သားနဲ့ သမီးကို နာမည်ကြီးကျောင်းတွေမှာ ဝင်ခွင့်ရဖို့ စာရွက်စာတမ်းအတု ပြုလုပ်ခဲ့တာအပြင် သမ္မတဟောင်းမွန်ဂျေအင်းရဲ့ အကြီးတန်းအကြံပေး တာဝန်ယူခဲ့ချိန်ကလည်း တာဝန်အလွဲ သုံးစားလုပ်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်တာပါ။ ခုလို ထောင်ချလိုက်ပေမဲ့ ထွက်ပြေးမယ့်သူ မဟုတ်တာကြောင့် ချက်ချင်း ဖမ်းဆီးဖို့တော့ တရားရုံးက အမိန့် မထုတ်ထားပါဘူး။ အမှုအတွက် သူ့ဘက်က အယူခံ ဝင်သွားမယ်လို့ Cho က ပြောပါတယ်။
Cho ရဲ့ ဇနီးဖြစ်သူ Chung Kyung-shim ကိုတော့ သားသမီးတွေ ကျောင်းဝင်ခွင့် ရဖို့ လိမ်လည်ခဲ့တဲ့ အမှုတွေနဲ့ အစောပိုင်းကတည်းက ထောင်ဒဏ် ၄ နှစ် ချမှတ်ထားပြီး ဒီကနေ့မှာ တရားရုံးက နောက်ထပ် ထောင်ဒဏ် တနှစ်တိုး ချမှတ်လိုက်ပါတယ်။ သားသမီးတွေ ကျောင်းကောင်းကောင်း တက်ခွင့်ရဖို့ ခုလို လုပ်ဆောင်ခဲ့တဲ့အတွက် Cho က တောင်းပန် ပေမဲ့၊ သူလုပ်ခဲ့တာတွေက မမှားဘူးလို့ပဲ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။