သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပပုိ႔တဲ့ ျမန္မာ့ဆန္ တ႐ုတ္က အမ်ားဆုံး၀ယ္ယူ


Myanmar Rice Farmers

ဇန္နဝါရီ တလထဲမွာတင္ ျမန္မာနိုင္ငံဟာ ျပည္ပကို ဆန္၊ ဆန္ကြဲ တန္ခ်ိန္ (၂၆၀,၀၀၀)ေက်ာ္ တင္ပို႔ခဲ့ၿပီး ၿပီးခဲ့တဲ့ ဆယ္လအတြင္းမွာ အမ်ားဆုံးျဖစ္ပါတယ္။ ထက္ဝက္ေက်ာ္ကို တ႐ုတ္က ဝယ္ယူခဲ့တာပါ။ တ႐ုတ္ကုန္သည္ေတြက ဆန္ ၾကမ္းခင္းေစ်းကို ယခင္ကထက္ပိုေပးၿပီး ဝယ္ယူေနတာက ဆန္ေစ်း တက္ေနရတဲ့ အေၾကာင္းရင္းထဲက တခုလည္း ျဖစ္ပါတယ္။

=== [[ ZAWGYI ]] ===

ျပည္ပပုိ႔တဲ့ ျမန္မာ့ဆန္ တ႐ုတ္က အမ်ားဆုံး၀ယ္ယူ

အခုႏွစ္ ဇန္နဝါရီ တလထဲမွာတင္ ျမန္မာနိုင္ငံဟာ ျပည္ပကို ဆန္၊ ဆန္ကြဲ တန္ခ်ိန္ (၂၆၀,၀၀၀)ေက်ာ္ တင္ပို႔ခဲ့ၿပီး ဒါက ၿပီးခဲ့တဲ့ ဆယ္လအတြင္းမွာ အမ်ားဆုံး တင္ပို႔မႈျဖစ္ပါတယ္။ အဲဒီအထဲမွာ ထက္ဝက္ေက်ာ္ကို တ႐ုတ္က ဝယ္ယူခဲ့တာပါ။ တ႐ုတ္ကုန္သည္ေတြက ဆန္ ၾကမ္းခင္းေစ်းကို ယခင္ကထက္ပိုေပးၿပီး ဝယ္ယူေနတာဟာ ျပည္တြင္း ဆန္၊ စပါးေစ်းေတြ တက္ေနရတဲ့ အေၾကာင္းရင္းထဲက တခုလည္း ျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို မသိဂၤီထိုက္က ေျပာျပမွာပါ။

ဇန္နဝါရီလထဲမွာ ျပည္ပကို ဆန္နဲ႔ ဆန္ကြဲတန္ခ်ိန္ (၂၆၈,၈၃၅) တင္ပို႔ထားၿပီး ျမန္မာဘက္က အေမရိကန္ေဒၚလာ ၁၀၇ သန္း ရရွိခဲ့တယ္လို႔ ျမန္မာနိုင္ငံဆန္ကုန္သည္အသင္းက ေျပာပါတယ္။ ဒီပမာဏဟာ ၿပီးခဲ့တဲ့ ဆယ္လအတြင္းမွာ အမ်ားဆုံး ပမာဏျဖစ္တယ္လို႔လည္း ဆိုပါတယ္။ တ႐ုတ္က အခုႏွစ္ထဲမွာ ျမန္မာ့ဆန္ကို ေစ်းေကာင္းေပး ဝယ္ယူလာသလို အမ်ားဆုံးဝယ္တဲ့ နိုင္ငံလည္း ျဖစ္လာပါတယ္။ ဇန္နဝါရီလထဲ ျပည္ပတင္ပို႔ခဲ့တဲ့ ပမာဏရဲ့ ထက္ဝက္ေလာက္က တ႐ုတ္ကို တင္ပို႔ခဲ့တာ ျဖစ္ပါတယ္။ အခုေဖေဖာ္ဝါရီလ တ႐ုတ္ႏွစ္သစ္ကူး ၿပီးသြားခ်ိန္မွာ တ႐ုတ္ ဝယ္လိုအားက ပိုမ်ားလာေၾကာင္း ဆန္ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။

ျပည္တြင္းမွာ ဆန္ လက္က်န္ရွားေနခ်ိန္ တ႐ုတ္ကိုစာခ်ဳပ္နဲ႔ ဆန္ႀကိဳပြိဳင့္ ေရာင္းထားသူေတြကလည္း သူ႔ထက္ငါဦးေအာင္၊ စာခ်ဳပ္အေရအတြက္ ျပည့္မီေအာင္ ေစ်းေကာင္းေပးၿပီး ဝယ္ယူေနတဲ့အတြက္ ဆန္ေစ်း၊ စပါးေစ်းက ဒီႏွစ္မွာ အဆမတန္ တက္လာပါတယ္။ ဒီအေျခအေနကို ဆန္ကုန္သည္အသင္း တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

" oversea ကေနသြားၿပီး စာခ်ဳပ္ခ်ဳပ္ထားတာ၊ စာခ်ဳပ္က လြန္ခဲ့တဲ့ ၂ လ ေလာက္ကတည္းက ခ်ဳပ္ထားတာ၊ FOC လို႔ေခၚတယ္။ လြန္ခဲ့တဲ့ ရက္ေပါင္း ၆၀ ကတည္းက ခ်ဳပ္ထားတဲ့ စာခ်ဳပ္ေတြက မၿပီးဘူး၊ ေဖေဖာ္ဝါရီလ အပ္ရမဲ့အသုတ္ေတြ။ ဇန္နဝါရီမွာ တန္ဘယ္ေလာက္ အပ္ရမယ္၊ ေဖေဖာ္ဝါရီမွာ တန္ဘယ္ေလာက္ အပ္ရမယ္၊ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ အၿပီးအပ္ရမယ္ဆိုၿပီး oversea ေရာင္းထားတဲ့သူေတြရွိတယ္။ သူတို႔က စာခ်ဳပ္ေတြရွိေတာ့ ေစ်းေတြကလည္း (ျပည္တြင္းမွာ) တအားေျမာက္သြားေတာ့ သူ႔ထက္ငါ အလုအယက္ ဝယ္ၾကရတာ။ စာခ်ဳပ္ျပည့္ေအာင္ ဝယ္ၾကရေတာ့ အခုလို ေစ်းေျမာက္သြားတဲ့သေဘာ ပါတယ္။"

စပါးေစ်းက အခုအခ်ိန္မွာ ဆန္အမ်ိဳးအစားကိုလိုက္ၿပီး တင္းတရာကို ၁၆ သိန္းကေန ၁၈ သိန္းဝန္းက်င္အထိ ေပါက္ေစ်းရွိေနေၾကာင္း စပါးဝယ္ေရာင္း သမားေတြက ဗြီအိုေအကို ေျပာပါတယ္။ ဒီႏွစ္ မိုးစပါးစိုက္ဧက ေလ်ာ့နည္းသြားသလို၊ ေျမဩဇာကိုလည္း အလုံအေလာက္ မသုံးနိုင္တာေၾကာင့္ အထြက္ႏႈန္းလည္း နည္းသြားပါတယ္။ ျပည္ပပို႔ဖို႔၊ ျပည္တြင္းမွာေရာင္းခ်ဖို႔ ဒီလို ရည္ရြယ္ခ်က္ေတြနဲ႔ အလုအယက္ ဝယ္ေလွာင္ရင္ ေစ်းကြက္မွာ စပါးရွားလာသလို ျပည္တြင္းစားတဲ့ ဆန္ေခ်ာေစ်းလည္း အဆမတန္ တက္လာတာပါ။ စပါးကုန္သည္တဦးက အခုလိုေျပာပါတယ္။

" အထြက္ႏွုန္းေလ်ာ့တယ္၊ သြင္းအားစုျမင့္တယ္၊ ေငြေၾကး ေဖာင္းပြတယ္ေပါ့။ ျပည္ပ ဝယ္လိုအားေတြကလည္း ျမင့္တက္ေနတယ္ေပါ့ေနာ္။ မတက္ဘူးလို႔ အျပတ္ မေျပာရဲပါဘူး၊ ဒါေပမဲ့ က်ေနာ္တို႔ လက္ရွိ ဝယ္ေနတဲ့ေစ်းကြက္ကေတာ့ ၁၈ သိန္းေစ်းပါ။ ေအာက္မွာ ကုန္ပစၥည္းရွားတဲ့ အေနအထားေတြေၾကာင့္ မရရတဲ့ေစ်းနဲ႔ လုဝယ္ေနရတဲ့ အေနအထားေတြ ျဖစ္လာတာေပါ့။ ဆန္စပါးက ေအာက္မွာနည္းနည္း ခါးျပတ္သလို ျဖစ္ေနတယ္။"

အခုဆိုရင္ ဘဂၤလားေဒ့ရွ္နိုင္ငံက ျမန္မာ့ဆန္ကို ဒုတိယေျမာက္ အမ်ားဆုံးဝယ္ယူတဲ့ နိုင္ငံျဖစ္ပါတယ္။ ဖိလစ္ပိုင္၊ စပိန္နဲ႔ ဘူေဂးရီးယား နိုင္ငံေတြကလည္း ဇန္နဝါရီလထဲမွာ စုစုေပါင္း တန္ခ်ိန္ ၅ ေသာင္းေလာက္ ဝယ္ယူခဲ့တာပါ။ ဆန္ကြဲ ဝယ္ယူတာမွာလည္း တ႐ုတ္က အမ်ားဆုံးျဖစ္ၿပီး ဘယ္ဂ်ီယံ၊ အဂၤလန္၊ နယ္သာလန္နဲ႔ စပိန္တို႔ကလည္း အသီးသီး ဝယ္ယူထားပါတယ္။

ျမန္မာ့ဆန္ကို တ႐ုတ္က အရင္ကတည္းက အမ်ားဆုံး ဝယ္ယူေနတာျဖစ္ေပမယ့္ အခုႏွစ္စမွာေတာ့ တ႐ုတ္ကုန္သည္ေတြက ၾကမ္းခင္းေစ်းကို ပုံမွန္ထက္ပိုေပးၿပီး ဝယ္ယူေနတာပါ။ ဒါေၾကာင့္ ပို႔ကုန္သမားေတြကလည္း ဒီၾကမ္းခင္းေစ်းအတိုင္း ျပည္တြင္းမွာ ေစ်းပိုေပးၿပီး ဝယ္ေနၾကတာပါ။ တ႐ုတ္ရဲ့ ဝယ္လိုအား မ်ားလာတာဟာ ျပည္တြင္းက စပါးအထြက္ႏႈန္းေပၚ အဓိက မူတည္လိမ့္မယ္လို႔ ကုန္သည္ေတြက ခန႔္မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ပြည်ပပို့တဲ့ မြန်မာ့ဆန် တရုတ်က အများဆုံးဝယ်ယူ

အခုနှစ် ဇန်နဝါရီ တလထဲမှာတင် မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်၊ ဆန်ကွဲ တန်ချိန် (၂၆၀,၀၀၀)ကျော် တင်ပို့ခဲ့ပြီး ဒါက ပြီးခဲ့တဲ့ ဆယ်လအတွင်းမှာ အများဆုံး တင်ပို့မှုဖြစ်ပါတယ်။ အဲဒီအထဲမှာ ထက်ဝက်ကျော်ကို တရုတ်က ဝယ်ယူခဲ့တာပါ။ တရုတ်ကုန်သည်တွေက ဆန် ကြမ်းခင်းစျေးကို ယခင်ကထက်ပိုပေးပြီး ဝယ်ယူနေတာဟာ ပြည်တွင်း ဆန်၊ စပါးစျေးတွေ တက်နေရတဲ့ အကြောင်းရင်းထဲက တခုလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က ပြောပြမှာပါ။

ဇန်နဝါရီလထဲမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် (၂၆၈,၈၃၅) တင်ပို့ထားပြီး မြန်မာဘက်က အမေရိကန်ဒေါ်လာ ၁၀၇ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်အသင်းက ပြောပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ဆယ်လအတွင်းမှာ အများဆုံး ပမာဏဖြစ်တယ်လို့လည်း ဆိုပါတယ်။ တရုတ်က အခုနှစ်ထဲမှာ မြန်မာ့ဆန်ကို စျေးကောင်းပေး ဝယ်ယူလာသလို အများဆုံးဝယ်တဲ့ နိုင်ငံလည်း ဖြစ်လာပါတယ်။ ဇန်နဝါရီလထဲ ပြည်ပတင်ပို့ခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်လောက်က တရုတ်ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ အခုဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူး ပြီးသွားချိန်မှာ တရုတ် ဝယ်လိုအားက ပိုများလာကြောင်း ဆန်ကုန်သည်တချို့က ပြောပါတယ်။

ပြည်တွင်းမှာ ဆန် လက်ကျန်ရှားနေချိန် တရုတ်ကိုစာချုပ်နဲ့ ဆန်ကြိုပွိုင့် ရောင်းထားသူတွေကလည်း သူ့ထက်ငါဦးအောင်၊ စာချုပ်အရေအတွက် ပြည့်မီအောင် စျေးကောင်းပေးပြီး ဝယ်ယူနေတဲ့အတွက် ဆန်စျေး၊ စပါးစျေးက ဒီနှစ်မှာ အဆမတန် တက်လာပါတယ်။ ဒီအခြေအနေကို ဆန်ကုန်သည်အသင်း တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" oversea ကနေသွားပြီး စာချုပ်ချုပ်ထားတာ၊ စာချုပ်က လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက ချုပ်ထားတာ၊ FOC လို့ခေါ်တယ်။ လွန်ခဲ့တဲ့ ရက်ပေါင်း ၆၀ ကတည်းက ချုပ်ထားတဲ့ စာချုပ်တွေက မပြီးဘူး၊ ဖေဖော်ဝါရီလ အပ်ရမဲ့အသုတ်တွေ။ ဇန်နဝါရီမှာ တန်ဘယ်လောက် အပ်ရမယ်၊ ဖေဖော်ဝါရီမှာ တန်ဘယ်လောက် အပ်ရမယ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြီးအပ်ရမယ်ဆိုပြီး oversea ရောင်းထားတဲ့သူတွေရှိတယ်။ သူတို့က စာချုပ်တွေရှိတော့ စျေးတွေကလည်း (ပြည်တွင်းမှာ) တအားမြောက်သွားတော့ သူ့ထက်ငါ အလုအယက် ဝယ်ကြရတာ။ စာချုပ်ပြည့်အောင် ဝယ်ကြရတော့ အခုလို စျေးမြောက်သွားတဲ့သဘော ပါတယ်။"

စပါးစျေးက အခုအချိန်မှာ ဆန်အမျိုးအစားကိုလိုက်ပြီး တင်းတရာကို ၁၆ သိန်းကနေ ၁၈ သိန်းဝန်းကျင်အထိ ပေါက်စျေးရှိနေကြောင်း စပါးဝယ်ရောင်း သမားတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီနှစ် မိုးစပါးစိုက်ဧက လျော့နည်းသွားသလို၊ မြေဩဇာကိုလည်း အလုံအလောက် မသုံးနိုင်တာကြောင့် အထွက်နှုန်းလည်း နည်းသွားပါတယ်။ ပြည်ပပို့ဖို့၊ ပြည်တွင်းမှာရောင်းချဖို့ ဒီလို ရည်ရွယ်ချက်တွေနဲ့ အလုအယက် ဝယ်လှောင်ရင် စျေးကွက်မှာ စပါးရှားလာသလို ပြည်တွင်းစားတဲ့ ဆန်ချောစျေးလည်း အဆမတန် တက်လာတာပါ။ စပါးကုန်သည်တဦးက အခုလိုပြောပါတယ်။

" အထွက်နှုန်းလျော့တယ်၊ သွင်းအားစုမြင့်တယ်၊ ငွေကြေး ဖောင်းပွတယ်ပေါ့။ ပြည်ပ ဝယ်လိုအားတွေကလည်း မြင့်တက်နေတယ်ပေါ့နော်။ မတက်ဘူးလို့ အပြတ် မပြောရဲပါဘူး၊ ဒါပေမဲ့ ကျနော်တို့ လက်ရှိ ဝယ်နေတဲ့စျေးကွက်ကတော့ ၁၈ သိန်းစျေးပါ။ အောက်မှာ ကုန်ပစ္စည်းရှားတဲ့ အနေအထားတွေကြောင့် မရရတဲ့စျေးနဲ့ လုဝယ်နေရတဲ့ အနေအထားတွေ ဖြစ်လာတာပေါ့။ ဆန်စပါးက အောက်မှာနည်းနည်း ခါးပြတ်သလို ဖြစ်နေတယ်။"

အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ဆန်ကို ဒုတိယမြောက် အများဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ စပိန်နဲ့ ဘူဂေးရီးယား နိုင်ငံတွေကလည်း ဇန်နဝါရီလထဲမှာ စုစုပေါင်း တန်ချိန် ၅ သောင်းလောက် ဝယ်ယူခဲ့တာပါ။ ဆန်ကွဲ ဝယ်ယူတာမှာလည်း တရုတ်က အများဆုံးဖြစ်ပြီး ဘယ်ဂျီယံ၊ အင်္ဂလန်၊ နယ်သာလန်နဲ့ စပိန်တို့ကလည်း အသီးသီး ဝယ်ယူထားပါတယ်။

မြန်မာ့ဆန်ကို တရုတ်က အရင်ကတည်းက အများဆုံး ဝယ်ယူနေတာဖြစ်ပေမယ့် အခုနှစ်စမှာတော့ တရုတ်ကုန်သည်တွေက ကြမ်းခင်းစျေးကို ပုံမှန်ထက်ပိုပေးပြီး ဝယ်ယူနေတာပါ။ ဒါကြောင့် ပို့ကုန်သမားတွေကလည်း ဒီကြမ်းခင်းစျေးအတိုင်း ပြည်တွင်းမှာ စျေးပိုပေးပြီး ဝယ်နေကြတာပါ။ တရုတ်ရဲ့ ဝယ်လိုအား များလာတာဟာ ပြည်တွင်းက စပါးအထွက်နှုန်းပေါ် အဓိက မူတည်လိမ့်မယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG