ထိုင္းျမန္မာနယ္စပ္တာခ့္ျပည္နယ္၀မ္ေက်ာက္ ျမိဳနယ္ထဲမွာ လသားကေလးတဦးအပါအ၀င္ထုိင္းႏို္င္ငံသားမိသားစုသတ္ျဖတ္ခံရတဲ့ကိစနဲ့ပတ္သက္ျပီးပတ္သက္ျပီး ျမန္မာအလုပ္သမား၃ဦးကိုဖမ္း၀ရမ္းထုတ္ျပီးတာခ့္ျပည္နယ္ရဲတပ္ဖဲြက လိုက္လံရွာေဖြေနပါတယ္။ဒါအျပင္ျမန္မာလူမ်ိဳး၂၀ထက္မနည္းစစ္ေဆးခံေနရပါတယ္ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္၊
ထုိင္းျမန္မာနယ္စပ္တာ့ခ္ျပည္နယ္ ၀မ္ေက်ာက္ျမိဳ ့နယ္ထဲမွာထိုင္းႏို္င္ငံသား အလုပ္ရွင္နဲ့ အမ်ိဳးသမီးျဖစ္သူအပါအ၀င္ သူတို့ရဲ သားသမီးေတြျဖစ္တဲ့(၃)လသားအ႐ြယ္ကေလးေလးတစ္ဦး၊ (၇)ႏွစ္သားအ႐ြယ္ကေလးတစ္ဦးနဲ႔ (၁၀) အ႐ြယ္ကေလးတစ္ဦးတို႔ ဟာေဖေဖၚ၀ါရီလ ၈ရက္ေန႔က သတ္ျဖတ္ခံခဲ့ရပါတယ္။ သူတို ့ေတြကိုသတ္ျဖတ္သြားသူေတြဟာ သူတို ့ရဲ အလုပ္သမားေတြျဖစ္တဲ့ ျမန္မာႏိုင္ငံသား၃ေယာက္ျဖစ္မယ္လို့သံသယျဖစ္ေနတာပါ။ ဒီအတြက္ ထြက္ေျပးသြားတဲ့ျမန္မာ၃ဦးကို တာ့ခ္ျပည္နယ္ရဲတပ္ဖဲြကလိုက္လံရွာေဖြေနတာပါ။ အခင္းမျဖစ္ခင္မွာေတာ့ အလုပ္ရွင္နဲ့အလုပ္သမား သားအဖ ၃ဦးဟာ လုပ္အားခေတာင္းတဲ့ျပသနာေတြျဖစ္ခဲ့ႀကတယ္လို႔ဆိုပါတယ္။
ဒီေနာက္ အလုပ္ရွင္မိသားစု၀င္၅ဦးသတ္ျဖတ္ခံရျပီးတဲ့ေနာက္ ထြက္ေျပးသြားတဲ့ျမန္မာ၃ဦးကို ရဲတပ္ဖဲြ ့ကဖမ္း၀ရမ္းထုတ္ျပီးလိုက္လံရွာေဖြေနသလိုအနီးနားက ျမန္မာႏိုင္ငံသား၂၀ဦးထက္မနည္းလည္းစစ္ေဆးခံရတယ္လို႔ ျမန္မာျပည္သားမ်ားအေရးပူးတဲြလွဳပ္ရွားမူ ့ေကာ္မတီရဲ ့ဥကၠ႒ ဦးမိုးႀကိဳးကအခုလိုေျပာပါတယ္။
"ထုိင္းျမန္မာနယ္စပ္ တာခ့္ျပည္နယ္ ၀မ္ေက်ာက္ျမိဳ ့နယ္ဂ်င္းစိုက္ခင္းထဲမွာ လုပ္အားခမေပးပဲ ထုိင္းလူမ်ိဳး မုန္းလူးမ်ိဳးမိသားစု မိခင္ ဖခင္ ကေလး ၃ေယာက္က ရက္ရက္စက္စက္အသတ္ခံရတယ္၊ အဲဒါနဲ႔ပတ္သက္ျပီး ျမန္မာလုပ္သား ေတြအေယာက္ ၂၀ေက်ာ္ကို လည္း တာခ့္ျပည္နယ္ရဲတပ္ဖဲြက ေမးျမန္းႀကည့္တဲ့အခါမွာ အဲဒီျမန္မာအလုပ္သမား ၃ေယာက္ကပဲလူသတ္တယ္ဆိုတဲ့သံသယပိုျပီးႀကီးထြားသြားတယ္။ အဲဒီမွာ ၈ရက္ေန့ကေနသူတို ့ကတိမ္းေရွာင္သြားးတယ္ ၀မ္းေက်ာက္ကေန ဖြတ္ဖရထဲကိုတိမ္းေရွာင္တယ္မယ္လေမာင္းလမ္းအတုိင္းဖြတ္ဖရျမိဳ ့နယ္ထဲမွာတိမ္းေရွာင္တယ္၊ ဖြတ္ဖရျမိဳ ့နယ္တ၀ိုက္ ေ၀ါေလဘက္မွာရွိေနတယ္လို ့သံသယရွိေတာ့အဲဒီဘက္မွာ ျမန္မာမွန္ရင္အစစ္ေဆးခံရတယ္"
အလုပ္ရွင္နဲ ့အလုပ္သမား၃ဦးဟာ လုပ္အားခလစာ ေတာင္းရမ္းတာကို မေပးတာေႀကာင့္ျပသနာျဖစ္ခဲ့ျပီးတဲ့ေနာက္ ျမန္မာအလုပ္သမားေတြဟာ အလုပ္ရွင္မိသားစုအားလံုးကိုသတ္ျဖတ္ျပီး အမွိဳက္အိတ္ေတြနဲ့ ထုတ္ကာ ျခံအနီးမွာပဲစြန့္ပစ္ထားခဲ့တယ္လို ့ရဲတပ္ဖဲြ႔သံသယရွိေနႀကပါတယ္၊
လက္ရွိမွာေတာ့ ဖမ္း၀ရမ္းထုတ္ခံထားရတဲ့ျမန္မာသံုးဦးဟာ ၀မ္ေက်ာက္ျမိဳ နယ္ကေန တဆင့္ဖြတ္ဖရျမိဳ ့နယ္ထဲကိုထြက္ေျပးတာေတြလုပ္ခဲ့ျပီး ျမန္မာႏို္င္ငံျမ၀တီဘက္ကို ထြက္ေျပးသြားတယ္လို႔ယူဆရေႀကာင္းတာခ္ျပည္နယ္ ရဲအရာရွိကေျပာသြားပါတယ္။ အာဏာပိုင္ေတြရဲ႕စစ္ေဆးခ်က္အရေတာ့ အဲဒီအလုပ္ရွင္ဟာအရင္က မူးယစ္ေဆးဝါးေရာင္း၀ယ္မူ့နဲ့အမႈဖြင့္ခံထားရသူတစ္ဦးျဖစ္ၿပီး အခုျဖစ္ရပ္မွာလည္းမူးယစ္ေဆး၀ါးနဲ႔ပတ္သက္တာေတြလည္းရွိႏုိင္တယ္လို႔ရဲတပ္ဖဲြ႕က ယူဆေနႀကပါတယ္။
၀ရမ္းထုတ္ခံထားရတဲ့ျမန္မာ ၃ဦးထဲကလည္း ၂ဦးဟာ မူးယစ္ေဆး၀ါးသံုးစဲြတာေတြရွိတယ္လို့ ေဒသခံေတြကေျပာေႀကာင္းထုိင္းရဲတပ္ဖဲြ႕ကေျပာပါတယ္။ လတ္တေလာမွာေတာ့ ထုိင္းအာဏာပိုင္ေတြက အဲဒီေဒသမွာဖမ္း၀ရမ္းထုတ္ထားသူေတြကိုရွာေဖြေနသလို ျမန္မာေတြကို ပုိက္စိပ္တုိက္လိုက္လံစစ္ေဆးဖမ္းဆီးေနပါတယ္။ လူသတ္မူ့ နဲပတ္သက္ျပီးသံသယရွိသူျမန္မာ၃ေယာက္ကိုလည္း ဖမ္းမိႏို္င္ဖို ့ျမန္မာအာဏာပုိင္ေတြနဲ႔ခ်ိတ္ဆက္ျပီး ေဆာင္ရြက္ေနတယ္လို႔လည္းေျပာပါတယ္။
[Unicode]
ထိုင်းမိသားစု သတ်ဖြတ်မှုအတွက် သံသယရှိသူ မြန်မာအလုပ်သမား ၃ ဦးကို လိုက်လံရှာဖွေနေ
ထိုင်းမြန်မာနယ်စပ်တာခ့်ပြည်နယ်ဝမ်ကျောက် မြိုနယ်ထဲမှာ လသားကလေးတဦးအပါအဝင်ထိုင်းနိုင်ငံသားမိသားစုသတ်ဖြတ်ခံရတဲ့ကိစနဲ့ပတ်သက်ပြီးပတ်သက်ပြီး မြန်မာအလုပ်သမား၃ဦးကိုဖမ်းဝရမ်းထုတ်ပြီးတာခ့်ပြည်နယ်ရဲတပ်ဖွဲက လိုက်လံရှာဖွေနေပါတယ်။ဒါအပြင်မြန်မာလူမျိုး၂၀ထက်မနည်းစစ်ဆေးခံနေရပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်၊
ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ် ဝမ်ကျောက်မြို့နယ်ထဲမှာထိုင်းနိုင်ငံသား အလုပ်ရှင်နဲ့ အမျိုးသမီးဖြစ်သူအပါအဝင် သူတို့ရဲ သားသမီးတွေဖြစ်တဲ့(၃)လသားအရွယ်ကလေးလေးတစ်ဦး၊ (၇)နှစ်သားအရွယ်ကလေးတစ်ဦးနဲ့ (၁၀) အရွယ်ကလေးတစ်ဦးတို့ ဟာဖေဖေါ်ဝါရီလ ၈ရက်နေ့က သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့တွေကိုသတ်ဖြတ်သွားသူတွေဟာ သူတို့ရဲ အလုပ်သမားတွေဖြစ်တဲ့ မြန်မာနိုင်ငံသား၃ယောက်ဖြစ်မယ်လို့သံသယဖြစ်နေတာပါ။ ဒီအတွက် ထွက်ပြေးသွားတဲ့မြန်မာ၃ဦးကို တာ့ခ်ပြည်နယ်ရဲတပ်ဖွဲကလိုက်လံရှာဖွေနေတာပါ။ အခင်းမဖြစ်ခင်မှာတော့ အလုပ်ရှင်နဲ့အလုပ်သမား သားအဖ ၃ဦးဟာ လုပ်အားခတောင်းတဲ့ပြသနာတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။
ဒီနောက် အလုပ်ရှင်မိသားစုဝင်၅ဦးသတ်ဖြတ်ခံရပြီးတဲ့နောက် ထွက်ပြေးသွားတဲ့မြန်မာ၃ဦးကို ရဲတပ်ဖွဲ့ကဖမ်းဝရမ်းထုတ်ပြီးလိုက်လံရှာဖွေနေသလိုအနီးနားက မြန်မာနိုင်ငံသား၂၀ဦးထက်မနည်းလည်းစစ်ဆေးခံရတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။
"ထိုင်းမြန်မာနယ်စပ် တာခ့်ပြည်နယ် ဝမ်ကျောက်မြို့နယ်ဂျင်းစိုက်ခင်းထဲမှာ လုပ်အားခမပေးပဲ ထိုင်းလူမျိုး မုန်းလူးမျိုးမိသားစု မိခင် ဖခင် ကလေး ၃ယောက်က ရက်ရက်စက်စက်အသတ်ခံရတယ်၊ အဲဒါနဲ့ပတ်သက်ပြီး မြန်မာလုပ်သား တွေအယောက် ၂၀ကျော်ကို လည်း တာခ့်ပြည်နယ်ရဲတပ်ဖွဲက မေးမြန်းကြည့်တဲ့အခါမှာ အဲဒီမြန်မာအလုပ်သမား ၃ယောက်ကပဲလူသတ်တယ်ဆိုတဲ့သံသယပိုပြီးကြီးထွားသွားတယ်။ အဲဒီမှာ ၈ရက်နေ့ကနေသူတို့ကတိမ်းရှောင်သွားးတယ် ဝမ်းကျောက်ကနေ ဖွတ်ဖရထဲကိုတိမ်းရှောင်တယ်မယ်လမောင်းလမ်းအတိုင်းဖွတ်ဖရမြို့နယ်ထဲမှာတိမ်းရှောင်တယ်၊ ဖွတ်ဖရမြို့နယ်တဝိုက် ဝေါလေဘက်မှာရှိနေတယ်လို့သံသယရှိတော့အဲဒီဘက်မှာ မြန်မာမှန်ရင်အစစ်ဆေးခံရတယ်"
အလုပ်ရှင်နဲ့အလုပ်သမား၃ဦးဟာ လုပ်အားခလစာ တောင်းရမ်းတာကို မပေးတာကြောင့်ပြသနာဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်မိသားစုအားလုံးကိုသတ်ဖြတ်ပြီး အမှိုက်အိတ်တွေနဲ့ ထုတ်ကာ ခြံအနီးမှာပဲစွန့်ပစ်ထားခဲ့တယ်လို့ရဲတပ်ဖွဲ့သံသယရှိနေကြပါတယ်၊
လက်ရှိမှာတော့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့မြန်မာသုံးဦးဟာ ဝမ်ကျောက်မြို နယ်ကနေ တဆင့်ဖွတ်ဖရမြို့နယ်ထဲကိုထွက်ပြေးတာတွေလုပ်ခဲ့ပြီး မြန်မာနိုင်ငံမြဝတီဘက်ကို ထွက်ပြေးသွားတယ်လို့ယူဆရကြောင်းတာခ်ပြည်နယ် ရဲအရာရှိကပြောသွားပါတယ်။ အာဏာပိုင်တွေရဲ့စစ်ဆေးချက်အရတော့ အဲဒီအလုပ်ရှင်ဟာအရင်က မူးယစ်ဆေးဝါးရောင်းဝယ်မူ့နဲ့အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်ပြီး အခုဖြစ်ရပ်မှာလည်းမူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေလည်းရှိနိုင်တယ်လို့ရဲတပ်ဖွဲ့က ယူဆနေကြပါတယ်။
ဝရမ်းထုတ်ခံထားရတဲ့မြန်မာ ၃ဦးထဲကလည်း ၂ဦးဟာ မူးယစ်ဆေးဝါးသုံးစွဲတာတွေရှိတယ်လို့ ဒေသခံတွေကပြောကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ လတ်တလောမှာတော့ ထိုင်းအာဏာပိုင်တွေက အဲဒီဒေသမှာဖမ်းဝရမ်းထုတ်ထားသူတွေကိုရှာဖွေနေသလို မြန်မာတွေကို ပိုက်စိပ်တိုက်လိုက်လံစစ်ဆေးဖမ်းဆီးနေပါတယ်။ လူသတ်မူ့ နဲပတ်သက်ပြီးသံသယရှိသူမြန်မာ၃ယောက်ကိုလည်း ဖမ်းမိနိုင်ဖို့မြန်မာအာဏာပိုင်တွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။