သံုးရလြယ္ကူေစသည့္ Link မ်ား

ကလေးလုပ္သား ငွားရမ္းခိုင္းေစမႈ ကန္ကုမၸဏီကို ဒဏ္ေငြ ၁ သန္းခဲြ႐ိုက္


=== [[ ZAWGYI ]] ===

ကလေးလုပ္သား ငွားရမ္းခိုင္းေစမႈ ကန္ကုမၸဏီကို ဒဏ္ေငြ ၁ သန္းခဲြ႐ိုက္

အသားထုတ္လုပ္တဲ့ စက္႐ုံေတြက "အႏၲရာယ္ႀကီးတဲ့ လုပ္ငန္း" ေတြမွာ ကေလးလုပ္သား ၁၀၀ ေက်ာ္ကို ငွားရမ္း အလုပ္လုပ္ခိုင္းခဲ့မႈနဲ႔ အေမရိကန္ကုမၸဏီ တခုကို ေဒၚလာ ၁.၅ သန္း ဒဏ္ေၾကးတပ္ခဲ့ေၾကာင္း အလုပ္သမားေရးဌာနက ေသာၾကာေန႔မွာ ေျပာလိုက္ပါတယ္။

စားေသာက္ကုန္ လုပ္ငန္းအတြက္ သန႔္ရွင္းေရးလုပ္ေပးတဲ့ ကုမၸဏီ Packers Sanitation Services ဟာ အသက္ ၁၃ ႏွစ္ ကေန ၁၇ ႏွစ္ၾကား ကေလး ၁၀၂ ေယာက္ ထက္မနည္းကို အလုပ္ခန႔္ထားၿပီး သူတို႔ကို ျပည္နယ္ ၈ ခု က စက္႐ုံ ၁၃ ႐ုံမွာ ညဆိုင္းအလုပ္ ဆင္းခိုင္းခဲ့ေၾကာင္း တာဝန္ရွိသူေတြကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ကေလးေတြဟာ အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းေတြ ထိေတြ႕ကိုင္တြယ္ရသလို အသားေတြကို သန႔္ရွင္းေရးလုပ္ရာမွာ သုံးတဲ့ 'လႊ'လို အႀကီးစား ကိရိယာေတြကို သုံးၿပီးလည္း အလုပ္လုပ္ခဲ့ရပါတယ္။ အဲဒီလို အလုပ္ လုပ္ေနရင္း အ႐ြယ္မေရာက္ေသးသူ ၃ ဦးထက္မနည္းဟာ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

သူတို႔ကို အလုပ္ခိုင္းခဲ့တဲ့ ကန္ထ႐ိုက္တာက Tyson ၊ JBS Foods နဲ႔ Cargill လို႔ အဓိက အသားထုတ္လုပ္တဲ့ ကုမၸဏီေတြအတြက္ အလုပ္ လုပ္ေပးေနတာကို စုံစမ္းစစ္ေဆး ေတြ႕ရွိရေပမယ့္ အဲဒီ ကုမၸဏီႀကီးေတြကိုေတာ့ ဒဏ္ေၾကး မတပ္ခဲ့ပါဘူး။ ၂၀၁၈ ခုႏွစ္က စၿပီး ကေလးအလုပ္သမား ခိုင္းေစမႈေတြဟာ ၅၀ ရာခိုင္ႏႈန္းေလာက္ တိုးလာေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

အလုပ္သမား ရွားပါးမႈ ျပႆနာကို ေျဖရွင္းဖို႔အတြက္ ကေလးအလုပ္သမား ကာကြယ္ေရးဆိုင္ရာ ဥပေဒေတြကို ေျဖေလွ်ာ့ေပးတဲ့ ဥပေဒေတြ အိုင္အိုဝါ Iowa နဲ႔ မင္နီဆိုတာ Minnesota ျပည္နယ္ေတြမွာ ျပဌာန္းခဲ့ၿပီး အျခားျပည္နယ္ေတြမွာလည္း အလားတူ အစီအစဥ္ေတြကို စဥ္းစားေနတုန္းမွာပဲ အခုလို ကေလး အလုပ္သမားေတြကို မဆင္မျခင္ခိုင္းလို႔ ဒဏ္ေၾကးတပ္တဲ့ ျဖစ္ရပ္ ေပၚ‌ေပါက္ခဲ့တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ကလေးလုပ်သား ငှားရမ်းခိုင်းစေမှု ကန်ကုမ္ပဏီကို ဒဏ်ငွေ ၁ သန်းခွဲရိုက်

အသားထုတ်လုပ်တဲ့ စက်ရုံတွေက "အန္တရာယ်ကြီးတဲ့ လုပ်ငန်း" တွေမှာ ကလေးလုပ်သား ၁၀၀ ကျော်ကို ငှားရမ်း အလုပ်လုပ်ခိုင်းခဲ့မှုနဲ့ အမေရိကန်ကုမ္ပဏီ တခုကို ဒေါ်လာ ၁.၅ သန်း ဒဏ်ကြေးတပ်ခဲ့ကြောင်း အလုပ်သမားရေးဌာနက သောကြာနေ့မှာ ပြောလိုက်ပါတယ်။

စားသောက်ကုန် လုပ်ငန်းအတွက် သန့်ရှင်းရေးလုပ်ပေးတဲ့ ကုမ္ပဏီ Packers Sanitation Services ဟာ အသက် ၁၃ နှစ် ကနေ ၁၇ နှစ်ကြား ကလေး ၁၀၂ ယောက် ထက်မနည်းကို အလုပ်ခန့်ထားပြီး သူတို့ကို ပြည်နယ် ၈ ခု က စက်ရုံ ၁၃ ရုံမှာ ညဆိုင်းအလုပ် ဆင်းခိုင်းခဲ့ကြောင်း တာဝန်ရှိသူတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကလေးတွေဟာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထိတွေ့ကိုင်တွယ်ရသလို အသားတွေကို သန့်ရှင်းရေးလုပ်ရာမှာ သုံးတဲ့ 'လွှ'လို အကြီးစား ကိရိယာတွေကို သုံးပြီးလည်း အလုပ်လုပ်ခဲ့ရပါတယ်။ အဲဒီလို အလုပ် လုပ်နေရင်း အရွယ်မရောက်သေးသူ ၃ ဦးထက်မနည်းဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို အလုပ်ခိုင်းခဲ့တဲ့ ကန်ထရိုက်တာက Tyson ၊ JBS Foods နဲ့ Cargill လို့ အဓိက အသားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် အလုပ် လုပ်ပေးနေတာကို စုံစမ်းစစ်ဆေး တွေ့ရှိရပေမယ့် အဲဒီ ကုမ္ပဏီကြီးတွေကိုတော့ ဒဏ်ကြေး မတပ်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်က စပြီး ကလေးအလုပ်သမား ခိုင်းစေမှုတွေဟာ ၅၀ ရာခိုင်နှုန်းလောက် တိုးလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ကလေးအလုပ်သမား ကာကွယ်ရေးဆိုင်ရာ ဥပဒေတွေကို ဖြေလျှော့ပေးတဲ့ ဥပဒေတွေ အိုင်အိုဝါ Iowa နဲ့ မင်နီဆိုတာ Minnesota ပြည်နယ်တွေမှာ ပြဌာန်းခဲ့ပြီး အခြားပြည်နယ်တွေမှာလည်း အလားတူ အစီအစဉ်တွေကို စဉ်းစားနေတုန်းမှာပဲ အခုလို ကလေး အလုပ်သမားတွေကို မဆင်မခြင်ခိုင်းလို့ ဒဏ်ကြေးတပ်တဲ့ ဖြစ်ရပ် ပေါ်‌ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG