သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရာချိ ရဲဌာနချုပ်ကို TPP တာလီဘန်အဖွဲ့ တိုက်ခိုက်


ပါကစ္စတန်-တာလီဘန် Tehrik-i-Taliban Pakistan (TTP) အဖွဲ့ဝင်များ။ ( မှတ်တမ်း ပုံဟောင်း )
ပါကစ္စတန်-တာလီဘန် Tehrik-i-Taliban Pakistan (TTP) အဖွဲ့ဝင်များ။ ( မှတ်တမ်း ပုံဟောင်း )

=== [[ ZAWGYI ]] ===

ကရာချိ ရဲဌာနချုပ်ကို TPP တာလီဘန်အဖွဲ့ တိုက်ခိုက်

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိက ရဲဌာနချုပ်ကို မောင်းပြန် သေနတ်တွေ၊ ဗုံးတွေ ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွအုပ်စုက သောကြာနေ့ညနေပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးဒါဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး၊ အနည်းဆုံး ၁၉ ဦး ဒါဏ်ရာရခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိ သူ Murtaza Wahab Siddiqui က တွစ်တာကနေတဆင့် ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေထဲကလည်း အနည်းဆုံး ၃ ဦးသေဆုံးခဲ့တယ်လို့ ကနဦး သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပါကစ္စတန်-တာလီဘန်အဖွဲ့Tehrik-i-Taliban Pakistan (TTP) အဖွဲ့က အသေခံ တိုက်ခိုက်ခဲ့တာလို့ ထုတ်ဖေါ်ဝန်ခံပါတယ်။ ရဲယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်သမား ၈ ယောက်ကနေ ၁၀ ယောက်ကြားလောက်ဟာ မော်တော်ယာဉ်တစီးနဲ့ ရောက်လာပြီး ရဲစခန်းကို ဝင်စီးနင်းခဲ့ကြောင်း၊ လုံခြုံရေး တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ တိုက်ခိုက်သူတွေထဲမှာ အသေခံ ဗုံးခွဲသူတွေလည်း ပါဝင်ပြီး အနည်းဆုံးတဦးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ကလည်း ပါကစ္စတန်-တာလီဘန် TTP အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး၊ မကြာသေးမီ သီတင်းပတ်တွေအတွင်း နေ့စဉ်နီးပါး ဗုံးခွဲတိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက် ရာနဲ့ချီတဲ့သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အထဲ အများစုက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ပါကစ္စတန်ကတော့ TTP အဖွဲ့ဟာ အာဖဂန်ဘက်မှာ အခြေကုတ်ယူ ထားတယ်လို့စွပ်စွဲထားပါတယ်။

ကရာချိ ရဲဌာနချုပ်ကို TPP တာလီဘန်အဖွဲ့ တိုက်ခိုက်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===





XS
SM
MD
LG