သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန် နေတိုးအဖွဲ့ဝင်လက်ခံသင့်မသင့် တူရကီလွှတ်တော်မဲခွဲမည်


Finland Sweden NATO
Finland Sweden NATO

=== [[ ZAWGYI ]] ===

ဖင်လန် နေတိုးအဖွဲ့ဝင်လက်ခံသင့်မသင့် တူရကီလွှတ်တော်မဲခွဲမည်


NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် ဖင်လန်ကို လက်ခံရေး မခံရေး ကြာသပတေးနေ့ တူရကီလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ တကယ်လို့ လက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ရင် အမေရိကန်ဦးဆောင်တဲ့ အနောက်မဟာမိတ် အုပ်စုရဲ့ နယ်နိမိတ်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၀၀ ကျော် ထပ်တိုးလာတော့မှာ ဖြစ်ပါတယ်။

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဘက်မလိုက်ပဲ လွတ်လပ်စွာ သီးခြားရပ်တည်လာခဲ့တဲ့ နိုင်ငံတွေဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ထဲ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်ခဲ့တဲ့နောက်မှာတော့ စစ်မဟာမိတ်အဖွဲ့ NATO မှာ ပါဝင်ဖို့ ဆုံးဖြတ်ပြီး အဖွဲ့ဝင်အဖြစ် လက်ခံဖို့ လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ၂ နိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံရေး မခံရေးကို လာမယ့် ဇူလိုင်လ NATO ထိပ်သီးအစည်းဝေးမှာ ဆုံးဖြတ်ကြမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက လက်ခံမှသာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဖင်လန်ကို အဖွဲ့ဝင်အဖြစ် လက်ခံမှာဖြစ်ကြောင်း ဟန်ဂေရီက တနင်္လာနေ့မှာ ပြောကြားခဲ့တာကြောင့် NATO အဖွဲ့ဝင်တွေထဲက တူရကီတနိုင်ငံရဲ့ ထောက်ခံမှုကိုပဲ ရဖို့ လိုနေတာ ဖြစ်ပါတယ်။

တူရကီက အကြမ်းဖက်အဖွဲ့စည်းတွေအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တွေအပေါ် ဖင်လန်နဲ့ ဆွီဒင်တို့က ပျော့ပြောင်းတဲ့ဆက်ဆံမှု ရှိနေတာကြောင့် တူရကီက စိုးရိမ်နေတာ ဖြစ်ပါတယ်။

NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ကတော့ သူတို့ ၂ နိုင်ငံစလုံး အဖွဲ့ဝင် ဖြစ်လာမယ်လို့ သူမျှော်လင့်ကြောင်း ထပ်တလဲလဲ ပြောကြားနေတာပါ။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===









XS
SM
MD
LG