သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှုပြင်ဆင်ချက်တချို့ စစ်ကောင်စီတရားလွှတ်တော်ချုပ် ဆုံးဖြတ်မည်


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ အမှု (၇) မှုနဲ့ပတ်သတ်တဲ့ အမိန့်တွေအတွက် ပြင်ဆင်မှုတက်တဲ့အပေါ် လာမယ့် ဧပြီလကုန် ပိုင်းလောက်မှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ဧပြီ ၁၉ ရက်မှာ နေပြည်တော် တရားလွှတ်တော်ချုပ်မှာ အမှု (၇) မှုနဲ့ ပတ်သတ်တဲ့ ပြင်ဆင်မှုတက်တာကို ကြားနာ စစ်ဆေးအပြီးမှာ ပလပ်တာမလုပ်ဘဲ တင်ပြချက်ကိုလက်ခံပြီး အမိန့်ချဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ တင်ပြထားတဲ့ အမှုတွေကတော့ ရဟတ်ယာဉ်ငှားရမ်း ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အမှု (၅) မှု၊ နိုင်ငံတော်လျို့ဝှက်အက် နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မ ၁၃၀ နဲ့ စွဲဆိုထားတဲ့အမှု စုစုပေါင်း (၇) မှုဘဲ ဖြစ်ပါတယ်။

ဒီအမှုတွေရဲ့ ပြင်ဆင်ချက်ကို တရားရုံးဘက်က လက်ခံမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုတွေကနေ ကွင်းလုံးကျွတ် လွတ်မြောက်မှာဖြစ်ပြီး၊ တရားရုံးဘက်က ပယ်ချခဲ့တယ်ဆိုရင်တော့ အရင် အမိန့်ချမှတ်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာဖြစ်ပါတယ်။

နေပြည်တော်အချုပ်ထောင်မှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို သင်္ကြန်ပိတ်ရက်ရှည်အပြီး မနေ့ ဧပြီ ၁၈ ရက်နေ့က ရိက္ခာပို့ခွင့် ရခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG