သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ပတ်သက်တဲ့ ကိုရီယားနဲ့ အိန္ဒိယကုမ္ပဏီတွေ နော်ဝေးအရေးယူ

Norges Bank's Head Office, Oslo (photo: Official Website)
Norges Bank's Head Office, Oslo (photo: Official Website)

မြန်မာနဲ့ပတ်သက်တဲ့ ကိုရီယားနဲ့ အိန္ဒိယကုမ္ပဏီတွေ နော်ဝေးအရေးယူ
= ဧပြီလ ၂၇ ရက်၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ) =

နော်ဝေ ဗဟိုဘဏ်ဟာ သူထိန်းချုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး အရန်ငွေကြေး ရန်ပုံငွေ ဒေါ်လာ ၁.၄ ထရီလီယံ ကနေ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးရှိတဲ့ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှစ်ခုကို ကြာသပတေးနေ့က ဖယ်ထုတ်လိုက်ပါတယ်။

တောင်ကိုရီးယားအစိုးရပိုင် ကိုရီးယားသဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (KOGAS) နဲ့ အိန္ဒိယအစိုးရပိုင် ဓာတ်ငွေ့ကုမ္ပဏီ GAIL အိန္ဒိယ လီမိတက်တွေကို ရန်ပုံငွေထဲကနေ ဖယ်ထုတ်ထားကြောင်း နော်ဝေဗဟိုဘဏ် Norges ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ပွဲ ဒါမှမဟုတ် ပဋိပက္ခ အခြေအနေတွေမှာ လူသား တဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာတွေကို ဒီကုမ္ပဏီတွေက ပါဝင်ပတ်သက်နေပြီး လက်သင့်ခံနိုင်ဖွယ်မရှိတဲ့ အန္တရာယ်တွေ ပေးနေတယ်လို့ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောပါတယ်။

ဒီလို လုပ်ရတဲ့ “နောက်ခံအကြောင်းအရင်းကတော့ မြန်မာနိုင်ငံက စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတခုနဲ့ ဒီကုမ္ပဏီတွေက စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုပါပဲ” လို့ Norges ဗဟိုဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဒီလို အရေးယူခံရမှုနဲ့ ပတ်သက်ပြီး GAIL အိန္ဒိယ ကုမ္ပဏီဘက်က မှတ်ချက်ပေးဖို့ Reuters သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ခြင်း မရှိသလို ကိုရီးယား သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်းကလည်း အခုလောလောဆယ် ဆက်သွယ်လို့ မရပါဘူး။

နော်ဝေနိုင်ငံရဲ့ ဓနရန်ပုံငွေဟာ ပါလီမန်က သတ်မှတ်ထားတဲ့ ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်တွေ အောက်မှာ လည်ပတ်နေပြီး လမ်းညွှန်ချက်တွေကို မလေးစားတဲ့ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖယ်ထုတ်လေ့ရှိပါတယ်။။

မနှစ်က နှစ်ကုန်အထိ ဒီ ရန်ပုံငွေက ကိုရီးယား သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ ဒေါ်လာ ၅.၅ သန်းတန်ဖိုးရှိ အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး ဒါဟာ ကျန်ရှိတဲ့ ရှယ်ယာရဲ့ ဝ.၂၁ % ကို ကိုယ်စားပြုပါတယ်။ အလားတူပဲ
GAIL အိန္ဒိယကုမ္ပဏီရဲ့ ဒေါ်လာ ၇၀.၂ သန်း တန် ရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး ဒါဟာ ကုမ္ပဏီရဲ့ စုစုပေါင်းရှယ်ယာတွေရဲ့ ဝ.၉၂% ကို ကိုယ်စားပြုပါတယ်။

တရားဝင်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အစိုးရ ပင်စင်ရန်ပုံငွေလို့ ခေါ်တဲ့ နော်ဝေနိုင်ငံ ရန်ပုံငွေဟာ ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အနာဂတ်မျိုးဆက်အတွက် ရေနံလုပ်ငန်းကရတဲ့ ဝင်ငွေကို သိမ်းဆည်းထားပြီး ကမ္ဘာတဝန်းက အစုစာရင်းဝင်တွေရဲ့ ရှယ်ယာ ၁.၅ % လောက်ကို ပိုင်ဆိုင်ထားပါတယ်။

ဒီရန်ပုံငွေကနေ နော်ဝေဗဟိုဘက် Norges က ကမ္ဘာတဝန်း ကုမ္ပဏီပေါင်း ၉,၂၀၀ ကျော်မှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။

မြန်မာနဲ့ပတ်သက်တဲ့ ကိုရီယားနဲ့ အိန္ဒိယကုမ္ပဏီတွေ နော်ဝေးအရေးယူ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG