သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*ရခိုင်ပြည်နယ်က နေရပ်ပြန်ဒုက္ခသည်တွေ စားဝတ်နေရေး အခက်တွေ့*


*ရခိုင်ပြည်နယ်က နေရပ်ပြန်ဒုက္ခသည်တွေ စားဝတ်နေရေး အခက်တွေ့*
please wait

No media source currently available

0:00 0:03:54 0:00

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ ထောက်ပံ့မှုတွေလည်း မရှိတော့သလို အကူအညီပေးရေးအဖွဲ့တွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ကိုစံကျော်က တင်ပြပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ ထောက်ပံ့မှုတွေလည်း မရှိတော့သလို အကူအညီပေးရေးအဖွဲ့တွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာလည်း မိမိနေရပ်မှာ ပြန်လည် လုပ်ကိုင်စားသောက်ဖို့ အခက်ကြုံနေရတယ်လို့ နေရပ်ပြန်သွားသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက စားနပ်ရိက္ခာထောက်ပံ့မှု မရှိတော့သလို တခြားလူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မရှိတော့တာကြောင့် ဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်းဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာက ရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းကတော့ WFP တခုတည်းကသာ လူတယောက်ကို တနေ့အတွက် ငွေကျပ် ၇၀၀ ထောက်ပံ့ပေးတာရှိပေမယ့်လည်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတာကြောင့် လုံလောက်မှုမရှိဘူးလို့ စစ်ဘေးဒုက္ခသည် ဦးကျော်သန်းက ပြောပါတယ်။

“စားနပ်ရိက္ခာ တကယ်ကို အခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အဖွဲ့အစည်းကမှ စားနပ်ရိက္ခာ လာရောက် ထောက်ပံ့တာမရှိဘူး။ WFP ကပေးတဲ့ ငွေနဲ့ပဲ ကျနော်တို့ လောက်ငှအောင် စားသုံးနေရတယ်။ အဲဒီငွေကလည်း ကျနော်တို့ကို လုံလောက်အောင် ပေးတာမဟုတ်ဘူး။ လူတယောက်ကို တရက်မှာ ၇၀၀ကျပ် ပေးတယ်။ အခုက ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ အဲဒီငွေက လုံလောက်မှုမရှိဘူး။ မရှိတော့ နောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကျနော်တို့စခန်းကို မရောက်၊ ဘယ်အဖွဲ့မှလည်း မရောက်။ ဆိုတော့ ကျနော်တို့ကယ် ဆယ်ရေးစခန်းမှာ တကယ်ကို အခက်အခဲရှိနေပါတယ်။”

ရခိုင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက တချို့ကို အပစ်ရပ်ထားတဲ့နောက်ပိုင်း စစ်ကောင်စီက ငွေကျပ် ၆သိန်းနဲ့ ပစ္စည်းတချို့ထောက်ပံ့ကာ နေရပ်ပြန်ပို့ပြီးတော့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန်သွားတဲ့ စစ်ဘေးဒုက္ခသည် ထောင်နဲ့ချီ ရှိနေပါတယ်။

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျော်ရွှီပြင် ကျေးရွာက ဒေသခံတွေဟာလည်း စစ်ဘေးဒုက္ခသည်စခန်းမှာ ၃နှစ်ကျော်လောက် နေထိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီအစဉ်အစဉ်နဲ့ ပြီးခဲ့တဲ့ မတ်လကတည်းက နေရပ်ပြန် နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က နေရပ်ပြန်ဒုက္ခသည်တွေ စားဝတ်နေရေး အခက်တွေ့ (voanews.com)

XS
SM
MD
LG