သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်နီညိုကြောင့် ကမ္ဘာ့အပူချိန် တိုးလာမည်


23 Oktober 2015. (Foto: Ilustrasi/Reuters)
23 Oktober 2015. (Foto: Ilustrasi/Reuters)

အယ်နီညိုကြောင့် ကမ္ဘာ့အပူချိန် တိုးလာမည်

ကမ္ဘာမြေပူနွေးလာတာနဲ့ ဆက်စပ်တဲ့ သဘာဝဖြစ်စဉ် တခုဖြစ်တဲ့ အယ်နီညို စတင်မှုကြောင့် ဒီနှစ်ထဲမှာ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင် မြင့်တက်တာတွေဖြစ်ပြီး အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ဖွယ် ရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က သတိပေးလိုက်ပါတယ်။

၂၀၂၀ က စတင်ခဲ့ပြီး ထုံးစံမဟုတ်ဘဲ ကာလကြာမြင့်ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုရဲ့ ပြောင်းပြန် လာနီညာဖြစ်စဉ် ပစိဖိတ်သမုဒ္ဒရာ အေးခဲမှုက အခု လုံးဝ ပြီးဆုံးသွားပြီ ဆိုပါတယ်။

“လာမယ့် မေလကနေ ဇူလိုင်လအထိ လအနည်းငယ်အတွင်းမှာ အယ်နီညိုအဆင့်ကိုဝင်ဖို့ ၆၀ ရာခိုင်နှုန်းလောက် အခွင့်အရေးရှိနေတယ်” လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က ဆိုပြီး ဒီဖြစ်နိုင်ခြေက ဇူလိုင်လကနေ သြဂုတ်လအတွင်း ၇၀ ရာခိုင်နှုန်းအထိ တိုးလာပြီး ဩဂုတ်လကုန်ရင် ၈၀ ရာခိုင်နှုန်းအထိ တိုးလာမယ်” ပြောပါတယ်။ ဒါကြောင့် လာမယ့် ၂ နှစ်အတွင်း ကမ္ဘာ့အပူချိန် ပြင်းပြင်းထန်ထန် တိုးလာဖို့ ရှိနေပါတယ်။ ဒီနှစ်ထဲမှာ အပူချိန် စတင်သက်ရောက်ပြီး ရှေ့နှစ် ၂၀၂၄ ကျရင် ပိုပြီး သိသိသာသာ တိုးလာဖွယ် ရှိပါတယ်။

ဒါကြောင့် ကမ္ဘာကြီးဟာ မကြာခဏ အပူချိန်မြင့်တာ၊ မိုးခေါင်တာ ဒါမှမဟုတ် မိုးကြီးတာတွေ ဖြစ်စေတဲ့ အယ်နီညို ဖြစ်စဉ်အတွက် ပြင်ဆင်ထားသင့်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။

အကျိုးဆက်အနေနဲ့ တောင်အမေရိကတောင်ပိုင်း၊ အမေရိကန်တောင်ပိုင်း၊ အာဖရိတိုက် အရှေ့ဖျား၊ အာရှအလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိပြီး ဆန့်ကျင်ဘက်အနေနဲ့ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ အာရှတောင်ပိုင်းဒေသတွေမှာတော့ ပြင်းထန်တဲ့ မိုးခေါင်မှုတွေ ကြုံရနိုင်ပါတယ်။

အယ်နီညို ဖြစ်ပေါ်တဲ့ နှစ်တွေမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်စေတဲ့ အဓိက ဖန်လုံအိမ်ဓာတ်ငွေ့နှစ်ခုဖြစ်တဲ့ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေရဲ့ ပြင်းအားက သိသိသာသာ တက်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အယ်လ်နီညိုက ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ဘက်အပူပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း သမုဒ္ဒရာမျက်နှာပြင်အပူချိန် မြင့်တက်လာတာနဲ့ ဆက်စပ်နေတဲ့ သဘာဝ ရာသီဥတုပုံစံ ဖြစ်ပါတယ်။ ဒါနဲ့ ပြောင်းပြန် လာနီညာကတော့ သမုဒ္ဒရာ မျက်နှာပြင်အပူချိန်က အချိန်ကာလတခုအတွင်း အအေးခံတာကို ဆိုလိုတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG