သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနေပြန်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ လက်မခံ


မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)
မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)

ဌာနေပြန်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ လက်မခံ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီဖက်က မောင်တောမြောက်ပိုင်းမှာ ပြင်ဆင်ထားတာတွေကို သောကြာနေ့မှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြန်ဖို့ ငြင်းဆိုကြတယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် တာဝန်ခံအရာရှိ အများအပြားနဲ့အတူ ရိုဟင်ဂျာဒုက္ခသည် ၂၀ လောက် လိုက်ပါလာတာ ဖြစ်ပြီး ဒီဒုက္ခသည်တွေကို နေရာချထားပေးမယ့် စခန်းတွေရှိရာ စံပြရွာ ၂ ရွာကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ စခန်းတွေ စီစဉ်ထားတာ တွေ့ခဲ့ရကြောင်း ဒါပေမဲ့ သူတို့တောင်းဆိုတဲ့ နိုင်ငံသားဖြစ်ခွင့် မပေးသေးတဲ့အတွက် မပြန်ချင်ကြောင်း ဒီအဖွဲ့ထဲက ရိုဟင်ဂျာဒုက္ခသည် တဦးက AFP ကို ပြောပါတယ်။ သွားရောက်ကြည့်ရှုခဲ့တဲ့ ဒုက္ခသည် အမျိုးသမီးတဦးကလည်း စခန်းတွေမှာ သူတို့ကို လက်ခံမယ့်နေရာ၊ ဆေးရုံနဲ့ ဈေးတွေ ပါပေမယ့် လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေဖက်က နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး၊ သူတို့ရဲ့ မူလနေရပ်မှာ ပြန်လည် နေရာချထားပေးဖို့နဲ့ လုံခြုံရေး အာမခံချက်ပေးဖို့တို့အတွက် တောင်းဆိုထားပေမယ့် မြန်မာနိုင်ငံက စခန်းတွေကို သွားရောက်ကြည့်ရှုရာမှာ လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Mizanur Rahman ကတော့ ဘာပဲပြောပြော ဒီဒုက္ခသည်တွေကို စီစဉ်ထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်ပို့ချင်ကြောင်း ပြောပါတယ်။နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံကို တိုက်တွန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း ရိုဟင်ဂျာ ၇ သိန်းကျော်လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အခုအခါမှာတော့ ရိုဟင်ဂျာဒုက္ခသည် တသန်းလောက်ကို လက်ခံထားရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG