သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးကိုင်တွယ်ဖို့ ကုလ လုံခြုံရေးကောင်စီကို ဘင်္ဂလားဒေရ်ှတိုက်တွန်း


H.E. Mr. Muhammad Abdul Muhith, Ambassador and Permanent Representative of Bangladesh to the UN (Photo: UN Web ScreenShot)
H.E. Mr. Muhammad Abdul Muhith, Ambassador and Permanent Representative of Bangladesh to the UN (Photo: UN Web ScreenShot)

ရိုဟင်ဂျာအရေးကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေတာမို့ အခြေအနေတွေ ပိုပြီး ဆိုးဝါးလာစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှ အမြဲတမ်းကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ဖို့ကိုလည်း သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာအရေးကိုင်တွယ်ဖို့ ကုလ လုံခြုံရေးကောင်စီကို ဘင်္ဂလားဒေရ်ှတိုက်တွန်း

ရိုဟင်ဂျာအရေးကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေတာမို့ အခြေအနေတွေ ပိုပြီး ဆိုးဝါးလာစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှ အမြဲတမ်းကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖိုနဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေကို ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရ်ှ သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံလာတာ အခုဆို ၆ နှစ်လောက် ရှိနေပြီဖြစ်ပေမယ့် ဒီပြဿနာကို အသေအချာမြင်နေတဲ့ လုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု ဘာမှ မလုပ်တဲ့အပြင် နှုတ်ဆိတ်နေတယ်လို့ နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ အခြေအတင်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Muhammad Abdul Muhith က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကူအညီပိုပေးရေး လူ့အခွင့်လှုပ်ရှားသူတောင်းဆို
please wait

No media source currently available

0:00 0:13:12 0:00

လူမှုအသိုင်းအဝိုင်းတွေကြား ယုံကြည်မှုတည်ဆောက်ရာမှာ ငြိမ်းချမ်းရေး ထိန်းသူတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကို ထောက်ပြပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ပိုင်ခွင့် ခိုင်မာအောင် လုပ်ဆောင်ပေးဖို့လည်း ကုလအမြဲတမ်းကိုယ်စားလှယ် Muhith က ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တသန်းလောက် ခိုလှုံနေတာဖြစ်ပြီး မကြာသေးခင်ကလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူညီတွေ ပိုပေးကြဖို့ နိုင်ငံတကာ အသိုင်းဝိုင်းကို ပန်ကြားခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီကတော့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ကတိပေးထားပြီး၊ မကြာသေးခင်ကပဲ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို စေလွှတ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး သွားရောက်စီစစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG