သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာစာနာကူညီမှု အိမ်ရှင်ဘင်္ဂလားဒေ့ရှ်ကို ကန်ကျေးဇူးတင် 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ အဖွဲ့ကဝါရှင်တန်ဒီစီကိုရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ၊ အဘ္ဘဒူ မိုမဲန် နဲ့အဖွဲ့ကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံစဉ်။ (ဧပြီ ၁၀၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ အဖွဲ့ကဝါရှင်တန်ဒီစီကိုရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ၊ အဘ္ဘဒူ မိုမဲန် နဲ့အဖွဲ့ကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံစဉ်။ (ဧပြီ ၁၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

ဧပြီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလွန်တရာကျေးဇူးတင်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Momen ဟာ ဝါရှင်တန်ဒီစီကိုရောက်ရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး အစည်းအဝေးမတိုင်ခင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုနဲ့ ပြည်သူချင်းဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရှောင်ပြေးလာကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတာနဲ့ပတ်သက်လို့ ဒုက္ခသည်တွေအတွက်ရော လက်ခံတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံအသိုက်အဝန်းအတွက်ပါ အမေရိကန်ပြည်ထောင်စုက အကူအညီတွေ တိုးမြှင့်ပေးထားပါတယ်။ မတ်လဆန်းပိုင်းက ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ၂၀၂၃ ခုနှစ် နိုင်ငံတကာအလှုရှင်များအစည်းအဝေးမှာပဲ ရိုဟင်ဂျာအရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်လာ ၂၆ သန်း ထပ်မံကူညီပံ့ပိုးမယ်လို့ ဂတိကဝတ်ပြုခဲ့ပါတယ်။ ဒီအကူအညီဟာ ရိုဟင်ဂျာတသန်းနီးပါးအပြင် ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ သိန်းခွဲနီးပါးအတွက်ပါ အကူအညီတွေပေးမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသ Ned Price က ပြောခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}






XS
SM
MD
LG