သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေပြန်ပို့ရေး ဆိုင်းထားဖို့ ဘင်္ဂလားဒေရှ့်ကို HRW တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့အတွက် ဒုက္ခသည်ပြန်ပို့ရေး အစပျိုးအစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀၀ ကို နေရပ်ပြန်လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ၂ နိုင်ငံ သဘောတူညီချက်အရ ပထမအသုတ်အဖြစ် ပြန်လက်ခံမယ့် လူစာရင်းကို စိစစ်နေတယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုတွေအရ အဖွဲ့ဝင် ၁၇ ယောက်ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ မတ်လတတိယပတ်ထဲမှာ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အတင်းအကြပ်တွေ့ဆုံခိုင်းတာ၊ ခြိမ်းခြောက်တာ၊ လိမ်ညာလှည့်ဖျားတာတွေ ရှိခဲ့တဲ့အကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပြောတာကို HRW လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။

မြန်မာစစ်တပ်က တနိုင်ငံလုံးနေရာအနှံ့ လူတွေ အစုလိုက်သတ်ဖြတ်တာတွေ ကျုးလွန်နေတဲ့အချိန်၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ခွဲခြားမှုတွေ ရှိနေတဲ့အချိန်၊ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒအရ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအစီအစဉ်တွေ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်တဲ့အကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ တောင်အာရှရေးရာ ဒါရိုက်တာ Meenakshi Ganguly က ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေပြန်ပို့ရေး ဆိုင်းထားဖို့ ဘင်္ဂလားဒေရှ့်ကို HRW တောင်းဆို
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG