သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ၁၀၀၀ စစ်ကောင်စီပြန်လက်ခံမည်


ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မြို့ Teknaf မှာ မြန်မာကိုယ်စားလှယ်အဖွဲ့လာရောက်စဉ်အတွင်းတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၁၅၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မြို့ Teknaf မှာ မြန်မာကိုယ်စားလှယ်အဖွဲ့လာရောက်စဉ်အတွင်းတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၁၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေထဲက ၁၀၀၀ လောက်ကို နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ် တစိတ်တပိုင်းအဖြစ် လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြတာပါ။

ဧပြီလလယ်လောက်မှာ စတင်မယ့် နေရပ်ပြန်ရေး အစီအစဉ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူညီချက်အရ ပထမအသုတ်အဖြစ် လူ ၁၀၀၀ လောက်ကို ပြန်လက်ခံမှာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ပြန်လက်ခံမယ့် လူစာရင်းကိုတော့ လတ်တလော မြန်မာဖက်က စိစစ်နေတယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုတွေအရ အဖွဲ့ဝင် ၁၇ ယောက်ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ဒီကနေ့ ဗုဒ္ဓဟူးနေ့ အဆုံးသတ်ချိန်မှာပဲ ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် သတင်းထွက်လာတာပါ။ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ဒုက္ခသည် ၄၈၀ လောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ၂ နိုင်ငံကြား အရင်ကတည်းက သဘောတူထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကြောင့်ရော၊ အခြေခံအခွင့်အရေး ရရှိပိုင်ခွင့်နဲ့ လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှုတွေကြောင့်ပါ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG