သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အခြေအနေတိုးတက်လာရေး ဘင်္ဂလားဒေ့ရ်ှတိုက်တွန်း


ရခိုင်ပြည်နယ်အတွင်းတိုးတက်ကောင်းမွန်ရေး မြန်မာအာဏာပိုင်တွေက သက်ဆိုင်သူတွေနဲ့ဆွေးနွေးဖို့ ကုလဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A. K. Abdul Momen
ရခိုင်ပြည်နယ်အတွင်းတိုးတက်ကောင်းမွန်ရေး မြန်မာအာဏာပိုင်တွေက သက်ဆိုင်သူတွေနဲ့ဆွေးနွေးဖို့ ကုလဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A. K. Abdul Momen

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေးအတွက် မြန်မာ အာဏာပိုင်တွေ၊ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းလိုက်ပါတယ်။

ဒါမှလည်း ရိုဟင်ဂျာတွေ နေရပ်ရင်းကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြန်နိုင်မှာဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ A K Abdul Momen က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ကို အင်္ဂါနေ့က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း အထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း ကတိပြုပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့်ရှ်ဒုက္ခသည် စခန်းတွေကနေ ရိုဟင်ဂျာ ၁,၀၀၀ လောက်ကို နေရပ်ရင်းမှာ ပြန်လည်လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေချိန်မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်တို့ ရိုဟင်ဂျာပြဿနာအတွက် ရေရှည် ဖြေရှင်းချက်နဲ့ပတ်သက်ပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အမှန်တကယ် တာဝန်ယူလိုစိတ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ခိုင်မာစည်းလုံးစွာဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းဆောင်ရွက်ဖို့ သူက အဓိက ထောက်ပြခဲ့တာပါ။ စားနပ်ရိက္ခာနဲ့ ခိုလှုံရေး စခန်းတို့လို ရိုဟင်ဂျာတွေရဲ့အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာရန်ပုံငွေ အလုံအလောက် ရရှိရေး စည်းရုံးဆောင်ရွက်ပေးဖို့လည်း ဘင်္ဂလားဒေရှ့်ဘက်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}






XS
SM
MD
LG