သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ၁၉ - အရေးပေါ်အခြေနေက ကျော်လွန်ပြီ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO)


Tedros Ad Ghebreyesus - WHO
Tedros Ad Ghebreyesus - WHO

ကိုဗစ် ၁၉ - အရေးပေါ်အခြေနေက ကျော်လွန်ပြီ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO)

ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး “အရေးပေါ်အခြေအနေ” ကနေ ကျော်လွန်သွားပြီလို့ သောကြာနေ့တုန်းက WHO ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အကြီးအကဲ Tedros Ghebreyesus ကပြောကြား လိုက်ပါတယ်။

“ အရေးပေါ်အခြေအနေ ကျော်လွန်သွားပြီ ဆိုပေမယ့်လည်း၊ ကိုဗစ် ၁၉ ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်မာရေး အန္တရာယ်ကြီးကနေ လွန်မြောက်သွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီရောဂါပိုးဟာ ဆက်လက် ရှိနေပါသေးတယ်။ ဒီရောဂါပိုးဟာ ဆက်လက် ပြောင်းလဲနေပြီး၊ လူတွေသေဆုံးမှု ရှိနေပါသေးတယ်။ ရောဂါပိုး မျိုးကွဲသစ်တွေ ထပ်ပေါ်ပြီး၊ ကူးစက်မှုနဲ့ သေဆုံးမှု အန္တရာယ်ဟာ ဆက်ရှိနေပါသေးတယ်။” လို့ WHO အကြီးအကဲ Tedros က ပြောဆိုသွားပါတယ်။

ကိုဗစ် အရေးပေါ်ကာလ WHO ရုတ်သိမ်းတော့မည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

ကိုဗစ် ၁၉ ဟာ ၂၀၁၉ ခုနှစ် တရုတ်ပြည် ဝူဟန်မှာ လူကိုစတင်ကူးစက် ခဲ့တာဖြစ်ပြီး၊ ကူးစက်ခံရသူ ၁၀၀ မပြည့်ခင် ၂၀၂၀ ဇန္နဝါရီလ ၃၀ ရက်နေ့မှာ WHO ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာခဲ့တာဖြစ်ပါတယ်။

ကိုဗစ် ၁၉ တကမ္ဘာလုံး ပြန့်နှံ့ ဖြစ်ပွားခဲ့တဲ့ ၃ နှစ်အတွင်း WHO ထံ ရောက်ရှိလာတဲ့ စာရင်းတွေအရ သေဆုံးသူ ၇ သန်း လောက်ရှိပေမယ့်၊ တကယ် သေဆုံးသူ အရေအတွက်ဟာ ဒီထက် အဆပေါင်းများစွာရှိပြီး သန်း ၂၀ လောက်အထိ ရှိတယ်လို့လည်း Tedros ကပြောဆိုခဲ့ပါတယ်။

ကိုဗစ် ၁၉ ကြောင့် တကမ္ဘာလုံး ဗြောင်းဆန်သွားခဲ့ပြီး ကျန်းမာရေးစနစ်တွေလည်း ပျက်စီးကုန်ကာ၊ စီးပွားရေးလူမှုရေး ကဏ္ဍတွေမှာလည်း ကသောင်းကနင်း ဖြစ်ကုန်ပါတယ်။ လူသန်းပေါင်း များစွာကိုလည်း ဆင်းရဲမွဲတေ သွားစေခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်အတွင်း ကပ်ရောဂါဟာ အရှိန်လျော့ကျလာခဲ့ပြီး၊ ကာကွယ်ဆေးတွေကြောင့် လူတွေရဲ့ ကိုယ်ခံစွမ်းအား ပြန်တက်လာတဲ့အတွက် သေဆုံးသူ အရေအတွက်လည်း လျော့ကျလာခဲ့တယ်လို့ WHO အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

ကိုဗစ် ၁၉ - အရေးပေါ်အခြေနေက ကျော်လွန်ပြီ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO)
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG