သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ပါတီ ၁၄ ခု မှတ်ပုံတင် အတည်ပြု*


စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်UEC မှာ လာလျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အနက် ပါတီ ၁၄ ခုကို မှတ်ပုံတင်ချပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ဝံ့သာနုပါတီကိုတော့ မှတ်ပုံတင်ခွင့်ငြင်းပယ်လိုက်ပါတယ်။ မှတ်ပုံတင်ခွင့်ရအပြီး လုပ်ငန်းတွေဘယ်လိုဆက်လုပ်နေပါသလဲ။ ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ပါတီ ၁၄ ခု မှတ်ပုံတင် အတည်ပြု

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်UEC မှာ လာလျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အနက် ပါတီ ၁၄ ခုကို မှတ်ပုံတင်ချပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ဝံ့သာနုပါတီကိုတော့ မှတ်ပုံတင်ခွင့်ငြင်းပယ်လိုက်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်ရအပြီး လုပ်ငန်းတွေ ဘယ်လိုဆက်လုပ်နေပါသလဲ။ ကိုခင်မောင်စိုးမင်း ကပြောပြမှာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်UEC ဟာ နိုင်ငံရေးပါတီ ဥပဒေသစ်ကိုပြဌာန်းပြီးအရင်ကရှိနေ တဲ့ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။ ဥပဒေသစ် ပြဌာန်းပြီး ၂လအတွင်း မှတ်ပုံပြန်လည် တင်ခိုင်းခဲ့တာမှာ နိုင်ငံရေးပါတီ ၆၃ ပါတီ ပြန်လည်မှတ်ပုံတင်ခဲ့တာဖြစ်ပြီး အဲဒီထဲကနေ ပါတီ ၁၄ခုကို မှတ်ပုံတင်ခွင့်ပြုထားပြီလို့ထုတ်ပြန်ထားပါတယ်။

ပါတီမှတ်ပုံတင်ခွင့်ရတဲ့ ပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင်ခွင့်ရအပြီး ပါတီလုပ်ငန်းတွေ ဘယ်လိုဆက် လက်လုပ်ကိုင်နေပါသလဲ မှတ်ပုံတင်ခွင့်ရတဲ့ပါတီတွေထဲက ရခိုင်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကတော့ ခုလိုပြောပြပါတယ်။

(ပါတီဝင်အင်အားစုဆောင်းတာ၊ ကျနော်တို့ကပြည်နယ်အခြေပြုမို့ ၁၀၀၀ဆိုတဲ့ အင်အားကိုစုရ တယ်လေ။ ပါတီအဟောင်းမို့ ကျနော်တို့ မှာရှိပြီးသားဖြစ်ပါတယ်။ ပကတိပါတီဝင်အသစ်စုဆောင်း တာတို့ ပါတီတွင်းမှာရှိတဲ့သူတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့မလျှော်ညီတဲ့ဥစ္စာတွေပေါ့ ဥပမာ မှတ်ပုံတင်မပါတာတို့ မှတ်ပုံတင်လိုတာတို့ မွေးသက္ကရာဇ်တို့ အဲဒါတွေပြန်စိစစ်ပြီးထပ်တင် ရမှာပေါ့။ ရက်ပေါင်း ၉၀အတွင်းထပ်တင်ရမှာပေါ့။ နောက်ရုံးအနည်းဆုံး ၅ရုံးထပ်ဖွင့်ရမှာပေါ့ ခုတော့အဲဒါလေးတွေကျနော်တို့လုပ်နေပါတယ်။)

မှတ်ပုံတင်လျှောက်ထားတဲ့ ၆၃ပါတီထဲမှာ ပါတီသစ်တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီ ဟာ ၁၃ခုရှိ တယ် လို့ ကော်မရှင်ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီပါတီသစ်တည်ထောင်ခွင့်လျှောက် ထားတဲ့ ပါတီ ၁၃ခုထဲမှာ ဝံသာနု ပါတီလည်းပါဝင်ပါတယ်။ အဲဒီပါတီရဲ့ တည်ထောင်ခွင့်ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဘက်က ငြင်းပယ်လိုက်ပါတယ်။ပါတီမှတ်ပုံတင် ဥပဒေ သစ် အောက်မှာ ပထမဆုံး တည်ထောင်ခွင့် ငြင်းပယ်ခံရတာ ဖြစ်ပါတယ်။

ကော်မရှင်ဘက်ကနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်း မရှိလို့ ငြင်းလိုက်တာလို့ ထုတ်ပြန် ထားပါတယ်။ ဝံသာနု ပါတီ ခေါင်းဆောင်ဦးအောင်ကြည်မြိုင်က အငြင်းခံလိုက်ရတဲ့အခြေအနေနေနဲ့ပတ်သတ်လို့ ဗီအိုအေကို ခုလိုပြောပြလာပါတယ်။

( ၁၈ဦးနဲ့ကျနော်တို့က ဖွဲ့စည်းပုံတင်လိုက်တာပေါ့နော်။ အဲထဲမှာ တယောက်က အခွန်ထမ်းမကျေ ဘူးပေါ့ အဲတော့အခွန်ဦးစီးဌာနရဲ့ကန့်ကွက်မှုပေါ့။ ဝန်ကြီးဌာနကန့်ကွက်မှုနဲ့ ကျနော်တို့ပယ်ခံလိုက်ရ တာပေါ့၊ ဘယ်လိုဆက်လုပ်မလဲဆိုတာ ရွေးကောက်ပွဲကော်မရှင် ကိုမေးထားတယ်။ အဲတယောက် ကိုထုတ်လိုက်ရင်ရလား ဒါမှမဟုတ်အသစ်ပြန်တင်ရမလား မေးထားတယ်။ အကြောင်းပြန်မယ် ပြောထားပါတယ်။ )

ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေကို စိစစ်မှုတွေ လုပ်ဆောင်ရာမှာလည်း NUG PDF နဲ့ မပတ်သက်ရဘူး ဆိုတဲ့ ခံဝန်ကတိတွေ ထိုးခိုင်းတယ်လို့ ပါတီတွေဘက်က ပြောကြားပါတယ်။ ဒါ့အပြင် ပါတီတွေကို စိစစ်မှုတွေ လုပ်ဆောင်ရာမှာလည်း အချိန်ကြာမြင့်တဲ့ အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်မှာ တင်းကျပ်တဲ့ဥပဒေတွေပါဝင်တယ်လို့ ပါတီတွေတော်တော်များများကဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၆၃ ပါတီထဲကမှ ကြံ့ခိုင်ရေး ပါတီကို ပထမဆုံး မှတ်ပုံတင်ချပေးခဲ့ပါတယ်။ လာရောက်လျှောက်ထားတဲ့ ပါတီ ၆၃ပါတီထဲမှယ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့်ပါတီ ၁၂ ပါတီနဲ့တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမယ့်ပါတီ ၅၁ ပါတီရှိတယ်လို့ UEC ၏ ထုတ်ပြန်ထားပါတယ်

XS
SM
MD
LG