သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Imran Khan အဖမ်းခံရမှု ဆန္ဒပြသူ ၄၀ သေဆုံး (ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Khan)


Security officers escort Pakistan's former Prime Minister Imran Khan as he appeared in Islamabad High Court
Security officers escort Pakistan's former Prime Minister Imran Khan as he appeared in Islamabad High Court

Imran Khan အဖမ်းခံရမှု ဆန္ဒပြသူ ၄၀ သေဆုံး (ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Khan)

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Imran Khan က သူ့ကို အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ဖမ်းဆီးခဲ့တာရဲ့ နောက်ကွယ်မှာ စစ်တပ်က ပါဝင်နေတယ်လို့ သောကြာနေ့က စွပ်စွဲခဲ့ပြီး သူအဖမ်းခံရလို့ ဖြစ်လာတဲ့ နိုင်ငံတစ်ဝန်းက ပြင်းထန်သော ဆန္ဒပြမှုတွေမှာ လူပေါင်း ၄၀ သေဆုံး ခဲ့ရတယ်လို့ ပြောပါတယ်။

ကြားနာမှုအပြီး တရားခွင်အတွင်းမှာပဲ သူ့ကြောင့်ဖြစ်တဲ့ ဆန္ဒပြပွဲတွေမှာ အခုလို လူသေဆုံးမှုကို အနောက်တိုင်းမီဒီယာတွေရှေ့မှာ 'ခန်း'က ပြောခဲ့တာပါ။ စစ်တပ်က ရက်ရက်စက်စက် လုပ်တာပဲလို့ ပါကစ္စတန်ရဲ့ လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာဆင်မ်မူနီယာကို 'ခန်'းက တိုက်ရိုက် စွပ်စွဲခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အသက် ၇၀ နှစ်အရွယ် 'ခန်း'ဟာ မြို့တော် အစ္စလာမာဘတ်မှာ ကြားနာပွဲတက်ဖို့ စောင့်ဆိုင်းနေတုန်းက အရံတပ်သားတွေက သူ့ကို သံချပ်ကာယာဉ်ပေါ် အတင်းတွန်းတင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးတခုက သူ့ကို နောက်နေ့ မနက်မှာပဲ စွဲချက်တင်ခဲ့ပြီး၊ ၈ ရက်ကြာ ချုပ်နှောင်ထားခဲ့ပါတယ်။

ဒါပေမဲ့ ကြာသပတေးနေ့မှာတော့ တရားရုံးချုပ်က 'ခန်း'ကို ဖမ်းတာဟာ တရားမဝင်ကြောင်း ကြေညာခဲ့ပြီး ချက်ချင်း ပြန်လွှတ်ပေးဖို့ အမိန့်ပေးခဲ့ကာ ၊ သူ့ရဲ့အမှုကို တရားမျှတမှု ရရှိစေဖို့နဲ့ အမှုကို အမြန်ပြန်လည်ခေါ်ယူဖို့ကိုလည်း ပြည်ထောင်စုတရားရုံးကို ညွှန်ကြားခဲ့ပါတယ်။

ခရစ်ကတ် အားကစားသမားအဖြစ် နာမည်ကျော်ခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ ဖမ်းဆီးခံရမှုကြောင့် သူ့ရဲ့ PTI ပါတီကို ထောက်ခံသူတွေက တစ်နိုင်ငံလုံးအနှံ့မှာ ဆန္ဒပြခဲ့ပြီး၊ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေလည်းဖြစ်ခဲ့တာပါ။

အစ္စလာမာဘတ်မြို့ နေရာတချို့မှာ ထိပ်တိုက် တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီး အဓိက လမ်းမကြီးတွေကို ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ပါတယ်။ ပန်ဂျပ်မြို့တော် လာဟိုးမှာလည်း အာဏာပိုင်တွေက တမြို့လုံးနီးပါးကို ပိတ်ဆို့ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း "အီမရန်ခန်း"ဟာ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော်သစ္စာဖောက်မှု အပါအဝင် တခြား ရာဇဝတ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီစွဲချက်တွေကို 'ခန်း'က ငြင်းဆိုထားပြီး နိုင်ငံရေးအရ လုပ်ကြံတာလို့ ပြောပါတယ်။ သောကြာနေ့မှာတော့ ခန်းဟာ အထက်တရားရုံးရှေ့မှာ ထပ် အဖမ်းခံခဲ့ရပြီး နှစ်ပတ်ကြာ အာမခံရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG