သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှစီးပွားရေး


အာရှစီးပွားရေး
please wait

No media source currently available

0:00 0:04:08 0:00

တရုတ် ပိုးခါးပတ်လမ်းစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ထိုင်းနိုင်ငံထဲက အမြန်ရထားလမ်း စီမံကိန်းအပိုင်း နှောင့်နှေးနေတဲ့အကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်ဖို့ ဟွန်ဒိုင်းကုမ္ပဏီက ဒေါ်လာဘီလျံ(၂၀)နီးပါးရင်းနှီးမြှုပ်နှံမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ - တရုတ် ပိုးခါးပတ်လမ်း စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ထိုင်းနိုင်ငံထဲက အမြန်ရထားလမ်း စီမံကိန်းအပိုင်း နှောင့်နှေးနေတဲ့အကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်ဖို့ (ဟွန်ဒိုင်း)ကုမ္ပဏီက ဒေါ်လာဘီလျံ(၂၀)နီးပါးရင်းနှီးမြှုပ်နှံမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။ 3

================================
(1)- Thailand's China-built high-speed rail, on track but delayed
ရာစုနှစ် တခုကျော် သက်တမ်းရှိလာခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံး ရထားဘူတာတွေထဲက တခုကတော့ (နခုန် ရပ်ချာစီမား)ဘူတာပဲဖြစ်ပါတယ်။ (အိဆန်)လို့ခေါ်တဲ့ နိုင်ငံရဲ့ အရှေ့မြောက်ဖက်ဒေသမှာရှိတာပါ။ တရုတ် ပိုးခါးပတ်လမ်း စီမံကိန်းအရ တရုတ်အကူအညီနဲ့ တည်ဆောက်မယ့် မြန်နှုန်းမြင့် ရထားလမ်းသစ်ကြီးက ဒီဘူတာနား ဖြတ်ဖေါက်ဖို့ ရှိတာမို့ ဒီဘူတာဟောင်းကို ဖြိုချပစ်ရမယ့်ကိန်း ဆိုက်နေပါတယ်။ ဒီဘူတာကိုသာ ဖြိုချလိုက်ရင် ရှေးဟောင်း အမွေအနှစ်လက်ရာတွေ ပျောက်ကွယ်သွားနိုင်သလို၊ တရုတ်စီမံကိန်းကို ဆန့်ကျင်နေပြန်ရင်လည်း တရုတ်အစိုးရနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပျက်သွားမှာကိုလည်း စိုးရိမ်နေရတာကြောင့် ဒေသခံတွေအတွက် စိတ်မသက်မသာ ဖြစ်နေကြတာပါ။ 6.3
7. SOUNDBITE 1 - Werapol Chongjareonjai , ဥက္ကဌ - ထိုင်းအရှေ့မြောက်ဒေသ ဗိဿုကာပညာရှင်များအသင်း (male):
" ဒီဘူတာက ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံး ဘူတာတွေထဲက တခုပါ။ လွန်ခဲ့တဲ့(၁၂၃)နှစ် လောက်ကတည်းက ဆောက်ခဲ့လို့ပါ။ ဒီဘူတာမှာ ထူးခြားတဲ့ ဗိဿုကာ လက်ရာတွေ ရှိသလို၊ ထိုင်းရဲ့ (အိ-ဆန်)ဒေသထဲမှာ ခေတ်မှီတဲ့ လက်ရာတခု ဖြစ်ပါတယ်။ ကျနော်တို့က တရုတ်စီမံကိန်းကြီးကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှိပြီးသား ရထားဘူတာအဟောင်းနဲ့ နောက်ပေါ်လာမယ့် ရထားလမ်းအသစ်အတူယှဉ်တွဲ ရှိနေတာကို မြင်ချင်တာပါ။" 10.3
တရုတ်နိုင်ငံ ကူမင်းမြို့ကနေ လာအိုကိုဖြတ်ပြီး ဘန်ကောက်မြို့အထိ ပြေးဆွဲနိုင်မယ့် အမြန်ရထားလမ်းအတွက် ဒေါ်လာ(၅.၄)ဘီကျံလောက် ကုန်ကျမှာဖြစ်ပြီး ၂၀၂၈ ထဲ အပြီး တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ 12
29. SOUNDBITE 6 - Name , ရထားစီး ခရီးသွားဧည့်သည် (female):
" ဒီ ဘူတာဟောင်းကိုသာ ဖျက်ပစ်လိုက်မယ်ဆိုရင် ဒီဘူတာကို မှီခိုပြီး ဈေးရောင်းနေသူတွေရော ၊ ကုန်ကျစရိတ် သက်သာဖို့ ဒီဘူတာကနေ အခြားဒေသတွေကို ခရီးသွားလိုသူတွေ အတွက်ပါ အခက်အခဲ အများကြီး ကြုံရမယ် ထင်ပါတယ်။ " 14
ဘူတာဟောင်း ပျောက်ကွယ်သွားမှာကို မလိုလားပဲဖြစ်နေချိန်မှာ ၊ ၃၇၃ မိုင်လောက်ရှည်လျားတဲ့ ဒီ အမြန်ရထားလမ်းကြီး ပြီးသွားခဲ့ရင် ၂နိုင်ငံကုန်သွယ်မှုကတဆင့် ထိုင်းရဲ့စီးပွားရေး ပြန်အားကောင်းလာနိုင်မယ့် မျှော်လင့်ချက်တွေလည်း ရှိနေတာမို့ ရထားလမ်းစီမံကိန်းက ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချမ်အိုချာအတွက် ခုလာမယ့် ထိုင်းရွေးကောက်ပွဲမှာ စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။ 17.5
ထိုင်း တနိုင်ငံလုံးမှာ ရထားလမ်းဟောင်းအရှည်က မိုင်(၃၁၀၀)ကျော်ရှိပါတယ်။ တရုတ်အကူညီနဲ့ တည်ဆောက်မယ့် ရထားလမ်းသစ်သာ ပီးသွားခဲ့ရင် ဘန်ကောက်ကနေ လာအိုနယ်စပ် Nong Khai နောင်ခိုင်အထိ တနာရီကို မိုင်(၁၅၀)နှုန်းလောက်နဲ့ အမြန်ရထား ပြေးဆွဲမှာဖြစ်ပါတယ်။ 20
================================
(2)- Hyundai to invest $18 bln in EVs in South Korea
တောင်ကိုရီးယားနိုင်ငံတွင်းမှာ လျှပ်စစ်ကားတွေ ထုတ်လုပ်သွားနိုင်ဖို့ ၂၀၃၀ ပြည့်နှစ်အထိ ဒေါ်လာ(၁၈)ဘီလျံကျော် ရင်းနှီးမြှုပ်နှံ သွားမယ်လို့ (ဟွန်ဒိုင်း) မော်တော်ကားထုတ် ကုမ္ပဏီက ဒီလအစောပိုင်း ကြေညာလိုက်ပါတယ်။ ဒီကုမ္ပဏီကနေ Hyundai နဲ့ Kia ကားတွေကို အဓိက ထုတ်နေတာပါ။ ၂၀၃၀ ပြည့်ကျရင် ကိုရီးယားနိုင်ငံတွင်း လျှပ်စစ်ကား (၁ သန်းခွဲ)ထုတ်သွားဖို့ လျာထားသလို ၊ အဲဒီကာလရောက်ရင် တကမ္ဘာလုံး အတိုင်းအတာအရ ဟွန်ဒိုင်းထုတ် လျှပ်စစ်ကား အစီးရေ (၃.၇)သန်းနီးပါး ထုတ်နိုင်ဖို့ မှန်းထားပါတယ်။ Kia ကလည်း လျှပ်စစ်ကားတွေ ထုတ်နိုင်ဖို့ ပထမခြေလှမ်းအဖြစ် ဒေါ်လာသန်း(၇၅၀)ကျော် စတင် ရင်းနှီးမြှုုပ်နှံလိုက်ပြီး တနှစ်ပြည့်တဲ့အခါ လျှပ်စစ်ကား ၁သိန်းခွဲ ထုတ်နိုင်ဖို့ လျာထားပါတယ်။ (ဟွန်ဒိုင်း)ကုမ္ပဏီဟာ တောင်ကိုရီးယားမှာတင် မကပဲ၊ အမေရိကန်နိုင်ငံထဲမှာပါ လျှပ်စစ်ကားတွေ ထုတ်နိုင်ဖို့ ၂၀၂၅ ခုနှစ်မတိုင်ခင် ဒေါ်လာ(၁၀)ဘီလျံ ရင်းနှီးမြှုုပ်နှံမယ်လို့ ဆိုထားပါတယ်။ ရည်ရွယ်ချက်ကတော့ အဆင့်မြင့် နည်းပညာအပိုင်းမှာ အမေရိကန်ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်သွားနိုင်ရေးကို တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ပတ်သက်လို့ (ဟွန်ဒိုင်း)ကုမ္ပဏီက အခုလို ကြေညာလိုက်ပြီးနောက် ဟွန်ဒိုင်းရဲ့ စတော့ အစုရှယ်ယာဈေးတွေ တက်သွားခဲ့ပေမဲ့ Kia ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးကတော့ ထင်သလောက် တက်မလာဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG